အန်-နဟ်လ် · 35/128
ဘာသာပြန် အသံနိုင်ငံ — စူရာ အန်-နဟ်လ်
وَقَالَ الَّذِينَ أَشْرَكُوا لَوْ شَاءَ اللَّهُ مَا عَبَدْنَا مِن دُونِهِ مِن شَيْءٍ نَّحْنُ وَلَا آبَاؤُنَا وَلَا حَرَّمْنَا مِن دُونِهِ مِن شَيْءٍ ۚ كَذَٰلِكَ فَعَلَ الَّذِينَ مِن قَبْلِهِمْ ۚ فَهَلْ عَلَى الرُّسُلِ إِلَّا الْبَلَاغُ الْمُبِينُ ۝٣٥
Wa qaalal lazeena ashrakoo law shaaa`al laahu ma `abadnaa min doonihee min shai`in nahnu wa laaa aabaaa`unaa wa laa harramnaa min doonihee min shai`; kazaalika fa`alal lazeena min qablihim fahal `alar Rusuli illal balaaghul mubeen
📖 မြန်မာဘာသာ
စင်စစ် (အခြားအရာများကိုအလ္လာဟ်အရှင်မြတ်နှင့်)တွဲဖက်နှိုင်းယှဉ်ကိုးကွယ်သူတို့က အကယ်၍သာအလ္လာဟ်အရှင်မြတ်သည် အလိုရှိတော်မူခဲ့ပါလျှင် ကျွန်ုပ်တို့သည်လည်းကောင်း၊ ကျွန်ုပ်တို့အဖ၊ ဘိုး၊ ဘေးတို့သည်လည်းကောင်း၊ ထိုအရှင်မြတ်မှတစ်ပါး အခြားတစ်စုံတစ်ရာကိုမျှကိုးကွယ်ခဲ့ကြမည်မဟုတ်ပေ။ ထိုမှတစ်ပါး ထိုအရှင်မြတ်၏အမိန့်မရဘဲ မည်သည့်တစ်စုံတစ်ရာကိုမျှပင် ဟရာမ်ဟူ၍ မြစ်တားခဲ့ကြမည်လည်းမဟုတ်ပေဟု ပြောဆိုကြကုန်၏။ (အမှန်သော်ကား) ၎င်းတို့အလျင် ရှိခဲ့ဘူးကြသော (ရှေးသူဟောင်း)တို့သည်လည်း ဤအတိုင်းပင်ပြုခဲ့ကြကုန်၏။ ရစူလ်တမန်တော်များအပေါ်၌ကား(အလ္လာဟ်အရှင်မြတ်၏အမိန့်တော်များကိုလူတို့ထံ)ပို့ဆောင်ဟောကြားရန်သာလျှင် တာဝန်ရှိပေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 33-37 — စူရာ အန်-နဟ်လ်

33هَلْ يَنظُرُونَ إِلَّا أَن تَأْتِيَهُمُ الْمَلَائِكَةُ أَوْ يَأْتِيَ أَمْرُ رَبِّكَ ۚ كَذَٰلِكَ فَعَلَ الَّذِينَ مِن قَبْلِهِمْ ۚ وَمَا ظَلَمَهُمُ اللَّهُ وَلَٰكِن كَانُوا أَنفُسَهُمْ يَظْلِمُونَ
၎င်း(သွေဖည်ငြင်းပယ်သောသူ)တို့သည် မိမိ ထံမလာအိကဟ် ကောင်းကင်တမန်များ ရောက်ရှိ လာကြခြင်းမှတစ်ပါး၊ သို့တည်းမဟုတ် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၏အမိန့်တော် ရောက်ရှိလာခြင်းမှတစ်ပါးအခြားတစ်စုံတစ်ရာကို စောင့်မျှော်၍ နေကြသည်မဟုတ်ပေ။၎င်းတို့အလျင် ရှိခဲ့ဘူးကြသော(ရှေးလူဟောင်းတို့) ကလည်းဤနည်းအတိုင်းပင် ပြုလုပ်ခဲ့ကြပေသည်။ အမှန်သော်ကားအလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား နှိပ်စက်တော်မူခဲ့သည်မဟုတ်ပေ။ သို့ရာတွင် စင်စစ်မှာမူကား ၎င်းတို့ကိုယ်တိုင် မိမိတို့ကိုယ်ကို နှိပ်စက်ကြကုန်၏။
34فَأَصَابَهُمْ سَيِّئَاتُ مَا عَمِلُوا وَحَاقَ بِهِم مَّا كَانُوا بِهِ يَسْتَهْزِئُونَ
သို့ဖြစ်ပေရာ ၎င်းတို့၌ ၎င်းတို့ ကျင့်မူခဲ့ကြကုန်သော မကောင်းမှု၏အန္တရာယ်များသည် သက်ရောက်ခဲ့လေသည်။ ထိုမှတစ်ပါး ၎င်းတို့ ပြက်ရယ်သမှု ပြုခဲ့ကြသည့်အရာ(ဝါ)ပြစ်ဒဏ်သည် ၎င်းတို့အား ဝန်းရံခဲ့လေသတည်း။
35وَقَالَ الَّذِينَ أَشْرَكُوا لَوْ شَاءَ اللَّهُ مَا عَبَدْنَا مِن دُونِهِ مِن شَيْءٍ نَّحْنُ وَلَا آبَاؤُنَا وَلَا حَرَّمْنَا مِن دُونِهِ مِن شَيْءٍ ۚ كَذَٰلِكَ فَعَلَ الَّذِينَ مِن قَبْلِهِمْ ۚ فَهَلْ عَلَى الرُّسُلِ إِلَّا الْبَلَاغُ الْمُبِينُ
စင်စစ် (အခြားအရာများကိုအလ္လာဟ်အရှင်မြတ်နှင့်)တွဲဖက်နှိုင်းယှဉ်ကိုးကွယ်သူတို့က အကယ်၍သာအလ္လာဟ်အရှင်မြတ်သည် အလိုရှိတော်မူခဲ့ပါလျှင် ကျွန်ုပ်တို့သည်လည်းကောင်း၊ ကျွန်ုပ်တို့အဖ၊ ဘိုး၊ ဘေးတို့သည်လည်းကောင်း၊ ထိုအရှင်မြတ်မှတစ်ပါး အခြားတစ်စုံတစ်ရာကိုမျှကိုးကွယ်ခဲ့ကြမည်မဟုတ်ပေ။ ထိုမှတစ်ပါး ထိုအရှင်မြတ်၏အမိန့်မရဘဲ မည်သည့်တစ်စုံတစ်ရာကိုမျှပင် ဟရာမ်ဟူ၍ မြစ်တားခဲ့ကြမည်လည်းမဟုတ်ပေဟု ပြောဆိုကြကုန်၏။ (အမှန်သော်ကား) ၎င်းတို့အလျင် ရှိခဲ့ဘူးကြသော (ရှေးသူဟောင်း)တို့သည်လည်း ဤအတိုင်းပင်ပြုခဲ့ကြကုန်၏။ ရစူလ်တမန်တော်များအပေါ်၌ကား(အလ္လာဟ်အရှင်မြတ်၏အမိန့်တော်များကိုလူတို့ထံ)ပို့ဆောင်ဟောကြားရန်သာလျှင် တာဝန်ရှိပေသတည်း။
36وَلَقَدْ بَعَثْنَا فِي كُلِّ أُمَّةٍ رَّسُولًا أَنِ اعْبُدُوا اللَّهَ وَاجْتَنِبُوا الطَّاغُوتَ ۖ فَمِنْهُم مَّنْ هَدَى اللَّهُ وَمِنْهُم مَّنْ حَقَّتْ عَلَيْهِ الضَّلَالَةُ ۚ فَسِيرُوا فِي الْأَرْضِ فَانظُرُوا كَيْفَ كَانَ عَاقِبَةُ الْمُكَذِّبِينَ
စင်စစ်သော်ကား ဧကန်မလွဲ ငါအရှင်မြတ်သည် လူမျိုးတိုင်းတွင် ရစူလ်တမန်တော်တစ်ပါးကို စေလွှတ်တော်မူပြီး အသင်တို့သည် အခြားကိုးကွယ်ရာ များကို စွန့်လွှတ်ပယ်ရှား၍(တစ်ဆူတည်းသော အလ္လာဟ်အရှင်မြတ်အားသာလျှင် ခဝပ်ကိုးကွယ်ကြလေကုန်ဟု (ဟောကြားစေတော်မူခဲ့လေသည်)။ သို့ရာတွင် ၎င်းတို့တွင် အလ္လာဟ်အရှင်မြတ်က တရားလမ်းမှန်ကို ပြတော်မူသောသူများလည်းရှိခဲ့ကြ၏။ ထိုနည်းတူစွာ ၎င်းတို့တွင် အကြင်သူများလည်းရှိခဲ့ကြ၏။ ထိုသူတို့အပေါ်၌ လမ်းမှားခြင်းသည် အတည်ဖြစ်ခဲ့၏။ သို့ဖြစ်ပေရာ အသင်တို့သည် ကမ္ဘာမြေဝယ်လှည့်လည်၍ မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်သူတို့၏ နောက်ဆုံးအခြေသည် မည်သို့ ဖြစ်ခဲ့သည်ကိုကြည့်ရှုလေ့လာကြလေကုန်။
37إِن تَحْرِصْ عَلَىٰ هُدَاهُمْ فَإِنَّ اللَّهَ لَا يَهْدِي مَن يُضِلُّ ۖ وَمَا لَهُم مِّن نَّاصِرِينَ
(အို-နဗီတမန်တော်)အသင်သည် ၎င်းတို့တရားလမ်းမှန် ရရှိရေးအလို့ငှာ မည်မျှပင်အာသာရမ္မက် ပြင်းပြသော်လည်း ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မိမိလမ်းလွဲစေတော်မူသောသူအား လမ်းမှန်ကိုပြတော်မူသည် မဟုတ်ပေ။ထိုမှတပါး ၎င်းတို့၏ ကူညီစောင့်မမည့်သူများဟူ၍လည်းအလျှင်း ရှိကြလိမ့်မည်မဟုတ်ပေ။
အန်-နဟ်လ်ကုရ်အာန် ညွှန်းကိန်း
128အာယာသ်
MeccanRevelation
35အာယာသ်

ဘာသာပြန် — အန်-နဟ်လ် 35

စူရာ အန်-နဟ်လ် အာယာသ် 35 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : စင်စစ် (အခြားအရာများကိုအလ္လာဟ်အရှင်မြတ်နှင့်)တွဲဖက်နှိုင်းယှဉ်ကိုးကွယ်သူတို့က အကယ်၍သာအလ္လာဟ်အရှင်မြတ်သည် အလိုရှိတော်မူခဲ့ပါလျှင် ကျွန်ုပ်တို့သည်လည်းကောင်း၊ ကျွန်ုပ်တို့အဖ၊ ဘိုး၊ ဘေးတို့သည်လည်းကောင်း၊ ထိုအရှင်မြတ်မှတစ်ပါး အခြားတစ်စုံတစ်ရာကိုမျှကိုးကွယ်ခဲ့ကြမည်မဟုတ်ပေ။…

စူရာ အာယာသ် 35/128 — စူရာ အန်-နဟ်လ် النحل (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အန်-နဟ်လ် နားထောင်, စူရာ အန်-နဟ်လ် ဘာသာပြန်, စူရာ အန်-နဟ်လ် mp3, စူရာ အန်-နဟ်လ် pdf. အာယာသ် 33–37. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Wednesday, September 30, 2026

Don't forget us in your sincere prayers