وَقَالَ الَّذِينَ أَشْرَكُوا لَوْ شَاءَ اللَّهُ مَا عَبَدْنَا مِن دُونِهِ مِن شَيْءٍ نَّحْنُ وَلَا آبَاؤُنَا وَلَا حَرَّمْنَا مِن دُونِهِ مِن شَيْءٍ ۚ كَذَٰلِكَ فَعَلَ الَّذِينَ مِن قَبْلِهِمْ ۚ فَهَلْ عَلَى الرُّسُلِ إِلَّا الْبَلَاغُ الْمُبِينُ ٣٥
🔤 Transliteration
Wa qaalal lazeena ashrakoo law shaaa`al laahu ma `abadnaa min doonihee min shai`in nahnu wa laaa aabaaa`unaa wa laa harramnaa min doonihee min shai`; kazaalika fa`alal lazeena min qablihim fahal `alar Rusuli illal balaaghul mubeen
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
စင်စစ် (အခြားအရာများကိုအလ္လာဟ်အရှင်မြတ်နှင့်)တွဲဖက်နှိုင်းယှဉ်ကိုးကွယ်သူတို့က အကယ်၍သာအလ္လာဟ်အရှင်မြတ်သည် အလိုရှိတော်မူခဲ့ပါလျှင် ကျွန်ုပ်တို့သည်လည်းကောင်း၊ ကျွန်ုပ်တို့အဖ၊ ဘိုး၊ ဘေးတို့သည်လည်းကောင်း၊ ထိုအရှင်မြတ်မှတစ်ပါး အခြားတစ်စုံတစ်ရာကိုမျှကိုးကွယ်ခဲ့ကြမည်မဟုတ်ပေ။ ထိုမှတစ်ပါး ထိုအရှင်မြတ်၏အမိန့်မရဘဲ မည်သည့်တစ်စုံတစ်ရာကိုမျှပင် ဟရာမ်ဟူ၍ မြစ်တားခဲ့ကြမည်လည်းမဟုတ်ပေဟု ပြောဆိုကြကုန်၏။ (အမှန်သော်ကား) ၎င်းတို့အလျင် ရှိခဲ့ဘူးကြသော (ရှေးသူဟောင်း)တို့သည်လည်း ဤအတိုင်းပင်ပြုခဲ့ကြကုန်၏။ ရစူလ်တမန်တော်များအပေါ်၌ကား(အလ္လာဟ်အရှင်မြတ်၏အမိန့်တော်များကိုလူတို့ထံ)ပို့ဆောင်ဟောကြားရန်သာလျှင် တာဝန်ရှိပေသတည်း။
🌐 Additional reference in ภาษาไทย
၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ အရှ်ရကူ (أَشْرَكُوا ) — အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်ကိုးကွယ်သူများ၊ ရုပ်တုများ၊ ရုပ်ပွားများကို အလ္လာဟ်နှင့် တန်းတူထားကိုးကွယ်သူများ။လောင်ရှာအလ္လာဟ် (لَوْ شَاءَ اللَّهُ ) — အကယ်၍ အလ္လာဟ်အရှင်မြတ် အလိုရှိတော်မူခဲ့လျှင်။ဘလာဂုလ်မုဘီးန် (الْبَلَاغُ الْمُبِينُ ) — ထင်ရှားရှင်းလင်းသော တရားဟောပြောခြင်း၊ သတင်းပို့ခြင်း။၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက် ဤအာယသ်တော်သည် အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်ကိုးကွယ်သူများ၏ မှားယွင်းသော အကြောင်းပြချက်တစ်ခုကို ဖော်ပြထားပါသည်။ သူတို့က “အကယ်၍ အလ္လာဟ်အရှင်မြတ်သည် အလိုရှိတော်မူခဲ့လျှင် ကျွန်ုပ်တို့နှင့် ကျွန်ုပ်တို့၏ ဘိုးဘေးများသည် အရှင်မြတ်မှလွဲ၍ မည်သည့်အရာကိုမျှ ကိုးကွယ်ခဲ့ကြမည် မဟုတ်ပါ။ ထို့အပြင် အရှင်မြတ် ခွင့်ပြုတော်မမူဘဲ မည်သည့်အရာကိုမျှ ဟရာမ် (တားမြစ်) သတ်မှတ်ခဲ့ကြမည် မဟုတ်ပါ” ဟု ပြောဆိုကြသည်။ ဤသည်မှာ သူတို့၏ ကိုးကွယ်မှုနှင့် တားမြစ်မှုများအတွက် အလ္လာဟ်အရှင်မြတ်၏ အလိုတော်ကို အကြောင်းပြရန် ကြိုးစားခြင်းဖြစ်သည်။
သို့သော် ဤအကြောင်းပြချက်သည် လုံးဝမှားယွင်းသည်။ အကြောင်းမှာ အလ္လာဟ်အရှင်မြတ်သည် လူသားများအား ရွေးချယ်နိုင်သော ဆန္ဒနှင့် စွမ်းရည်ကို ပေးအပ်ထားတော်မူပြီး၊ ရစူလ်တမန်တော်များကို စေလွှတ်၍ အမိန့်နှင့် တားမြစ်ချက်များကို ရှင်းလင်းစွာ ပို့ချစေခဲ့သည်။ လူသားများသည် မိမိတို့၏ ဆန္ဒဖြင့် ကောင်းမှုကို ရွေးချယ်နိုင်သလို မကောင်းမှုကိုလည်း ရွေးချယ်နိုင်သည်။ ထို့ကြောင့် အလ္လာဟ်အရှင်မြတ်၏ အလိုတော်ကို အကြောင်းပြ၍ မိမိတို့၏ မှားယွင်းသော လုပ်ရပ်များကို ခွင့်လွှတ်ရန် တောင်းဆိုခြင်းသည် အခြေအမြစ်မရှိသော အကြောင်းပြချက်ဖြစ်သည်။
ရှေးခေတ်ကာလက ကာဖိရ်များသည်လည်း ဤကဲ့သို့သော အကြောင်းပြချက်မျိုးကို အသုံးပြု၍ ရစူလ်တမန်တော်များကို ငြင်းပယ်ခဲ့ကြသည်။ သို့သော် ရစူလ်တမန်တော်များ၏ တာဝန်မှာ တရားတော်ကို ရှင်းလင်းပြတ်သားစွာ ပို့ချပေးရန်သာဖြစ်သည်။ လူသားများကို လမ်းမှန်သို့ ပို့ဆောင်ပေးရန်မှာ အလ္လာဟ်အရှင်မြတ်၏ လက်တော်တွင်သာရှိသည်။ ရစူလ်တမန်တော်များသည် မိမိတို့
وَقَالَ ٱلَّذِينَ أَشۡرَكُواْ لَوۡ شَآءَ ٱللَّهُ مَا عَبَدۡنَا مِن دُونِهِۦ مِن شَيۡءٍ نَّحۡنُ وَلَآ ءَابَآؤُنَا وَلَا حَرَّمۡنَا مِن دُونِهِۦ مِن شَيۡءٍۚ كَذَٰلِكَ فَعَلَ ٱلَّذِينَ مِن قَبۡلِهِمۡۚ فَهَلۡ عَلَى ٱلرُّسُلِ إِلَّا ٱلۡبَلَٰغُ ٱلۡمُبِينُ ٣٥
စင်စစ် (အခြားအရာများကိုအလ္လာဟ်အရှင်မြတ်နှင့်)တွဲဖက်နှိုင်းယှဉ်ကိုးကွယ်သူတို့က အကယ်၍သာအလ္လာဟ်အရှင်မြတ်သည် အလိုရှိတော်မူခဲ့ပါလျှင် ကျွန်ုပ်တို့သည်လည်းကောင်း၊ ကျွန်ုပ်တို့အဖ၊ ဘိုး၊ ဘေးတို့သည်လည်းကောင်း၊ ထိုအရှင်မြတ်မှတစ်ပါး အခြားတစ်စုံတစ်ရာကိုမျှကိုးကွယ်ခဲ့ကြမည်မဟုတ်ပေ။ ထိုမှတစ်ပါး ထိုအရှင်မြတ်၏အမိန့်မရဘဲ မည်သည့်တစ်စုံတစ်ရာကိုမျှပင် ဟရာမ်ဟူ၍ မြစ်တားခဲ့ကြမည်လည်းမဟုတ်ပေဟု ပြောဆိုကြကုန်၏။ (အမှန်သော်ကား) ၎င်းတို့အလျင် ရှိခဲ့ဘူးကြသော (ရှေးသူဟောင်း)တို့သည်လည်း ဤအတိုင်းပင်ပြုခဲ့ကြကုန်၏။ ရစူလ်တမန်တော်များအပေါ်၌ကား(အလ္လာဟ်အရှင်မြတ်၏အမိန့်တော်များကိုလူတို့ထံ)ပို့ဆောင်ဟောကြားရန်သာလျှင် တာဝန်ရှိပေသတည်း။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 33-37 — စူရာ အန်-နဟ်လ်
33 هَلْ يَنظُرُونَ إِلَّا أَن تَأْتِيَهُمُ الْمَلَائِكَةُ أَوْ يَأْتِيَ أَمْرُ رَبِّكَ ۚ كَذَٰلِكَ فَعَلَ الَّذِينَ مِن قَبْلِهِمْ ۚ وَمَا ظَلَمَهُمُ اللَّهُ وَلَٰكِن كَانُوا أَنفُسَهُمْ يَظْلِمُونَ
၎င်း(သွေဖည်ငြင်းပယ်သောသူ)တို့သည် မိမိ ထံမလာအိကဟ် ကောင်းကင်တမန်များ ရောက်ရှိ လာကြခြင်းမှတစ်ပါး၊ သို့တည်းမဟုတ် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၏အမိန့်တော် ရောက်ရှိလာခြင်းမှတစ်ပါးအခြားတစ်စုံတစ်ရာကို စောင့်မျှော်၍ နေကြသည်မဟုတ်ပေ။၎င်းတို့အလျင် ရှိခဲ့ဘူးကြသော(ရှေးလူဟောင်းတို့) ကလည်းဤနည်းအတိုင်းပင် ပြုလုပ်ခဲ့ကြပေသည်။ အမှန်သော်ကားအလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား နှိပ်စက်တော်မူခဲ့သည်မဟုတ်ပေ။ သို့ရာတွင် စင်စစ်မှာမူကား ၎င်းတို့ကိုယ်တိုင် မိမိတို့ကိုယ်ကို နှိပ်စက်ကြကုန်၏။
34 فَأَصَابَهُمْ سَيِّئَاتُ مَا عَمِلُوا وَحَاقَ بِهِم مَّا كَانُوا بِهِ يَسْتَهْزِئُونَ
သို့ဖြစ်ပေရာ ၎င်းတို့၌ ၎င်းတို့ ကျင့်မူခဲ့ကြကုန်သော မကောင်းမှု၏အန္တရာယ်များသည် သက်ရောက်ခဲ့လေသည်။ ထိုမှတစ်ပါး ၎င်းတို့ ပြက်ရယ်သမှု ပြုခဲ့ကြသည့်အရာ(ဝါ)ပြစ်ဒဏ်သည် ၎င်းတို့အား ဝန်းရံခဲ့လေသတည်း။
35 وَقَالَ الَّذِينَ أَشْرَكُوا لَوْ شَاءَ اللَّهُ مَا عَبَدْنَا مِن دُونِهِ مِن شَيْءٍ نَّحْنُ وَلَا آبَاؤُنَا وَلَا حَرَّمْنَا مِن دُونِهِ مِن شَيْءٍ ۚ كَذَٰلِكَ فَعَلَ الَّذِينَ مِن قَبْلِهِمْ ۚ فَهَلْ عَلَى الرُّسُلِ إِلَّا الْبَلَاغُ الْمُبِينُ
စင်စစ် (အခြားအရာများကိုအလ္လာဟ်အရှင်မြတ်နှင့်)တွဲဖက်နှိုင်းယှဉ်ကိုးကွယ်သူတို့က အကယ်၍သာအလ္လာဟ်အရှင်မြတ်သည် အလိုရှိတော်မူခဲ့ပါလျှင် ကျွန်ုပ်တို့သည်လည်းကောင်း၊ ကျွန်ုပ်တို့အဖ၊ ဘိုး၊ ဘေးတို့သည်လည်းကောင်း၊ ထိုအရှင်မြတ်မှတစ်ပါး အခြားတစ်စုံတစ်ရာကိုမျှကိုးကွယ်ခဲ့ကြမည်မဟုတ်ပေ။ ထိုမှတစ်ပါး ထိုအရှင်မြတ်၏အမိန့်မရဘဲ မည်သည့်တစ်စုံတစ်ရာကိုမျှပင် ဟရာမ်ဟူ၍ မြစ်တားခဲ့ကြမည်လည်းမဟုတ်ပေဟု ပြောဆိုကြကုန်၏။ (အမှန်သော်ကား) ၎င်းတို့အလျင် ရှိခဲ့ဘူးကြသော (ရှေးသူဟောင်း)တို့သည်လည်း ဤအတိုင်းပင်ပြုခဲ့ကြကုန်၏။ ရစူလ်တမန်တော်များအပေါ်၌ကား(အလ္လာဟ်အရှင်မြတ်၏အမိန့်တော်များကိုလူတို့ထံ)ပို့ဆောင်ဟောကြားရန်သာလျှင် တာဝန်ရှိပေသတည်း။
36 وَلَقَدْ بَعَثْنَا فِي كُلِّ أُمَّةٍ رَّسُولًا أَنِ اعْبُدُوا اللَّهَ وَاجْتَنِبُوا الطَّاغُوتَ ۖ فَمِنْهُم مَّنْ هَدَى اللَّهُ وَمِنْهُم مَّنْ حَقَّتْ عَلَيْهِ الضَّلَالَةُ ۚ فَسِيرُوا فِي الْأَرْضِ فَانظُرُوا كَيْفَ كَانَ عَاقِبَةُ الْمُكَذِّبِينَ
စင်စစ်သော်ကား ဧကန်မလွဲ ငါအရှင်မြတ်သည် လူမျိုးတိုင်းတွင် ရစူလ်တမန်တော်တစ်ပါးကို စေလွှတ်တော်မူပြီး အသင်တို့သည် အခြားကိုးကွယ်ရာ များကို စွန့်လွှတ်ပယ်ရှား၍(တစ်ဆူတည်းသော အလ္လာဟ်အရှင်မြတ်အားသာလျှင် ခဝပ်ကိုးကွယ်ကြလေကုန်ဟု (ဟောကြားစေတော်မူခဲ့လေသည်)။ သို့ရာတွင် ၎င်းတို့တွင် အလ္လာဟ်အရှင်မြတ်က တရားလမ်းမှန်ကို ပြတော်မူသောသူများလည်းရှိခဲ့ကြ၏။ ထိုနည်းတူစွာ ၎င်းတို့တွင် အကြင်သူများလည်းရှိခဲ့ကြ၏။ ထိုသူတို့အပေါ်၌ လမ်းမှားခြင်းသည် အတည်ဖြစ်ခဲ့၏။ သို့ဖြစ်ပေရာ အသင်တို့သည် ကမ္ဘာမြေဝယ်လှည့်လည်၍ မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်သူတို့၏ နောက်ဆုံးအခြေသည် မည်သို့ ဖြစ်ခဲ့သည်ကိုကြည့်ရှုလေ့လာကြလေကုန်။
37 إِن تَحْرِصْ عَلَىٰ هُدَاهُمْ فَإِنَّ اللَّهَ لَا يَهْدِي مَن يُضِلُّ ۖ وَمَا لَهُم مِّن نَّاصِرِينَ
(အို-နဗီတမန်တော်)အသင်သည် ၎င်းတို့တရားလမ်းမှန် ရရှိရေးအလို့ငှာ မည်မျှပင်အာသာရမ္မက် ပြင်းပြသော်လည်း ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မိမိလမ်းလွဲစေတော်မူသောသူအား လမ်းမှန်ကိုပြတော်မူသည် မဟုတ်ပေ။ထိုမှတပါး ၎င်းတို့၏ ကူညီစောင့်မမည့်သူများဟူ၍လည်းအလျှင်း ရှိကြလိမ့်မည်မဟုတ်ပေ။
ဘာသာပြန် — အန်-နဟ်လ် 35 စူရာ အန်-နဟ်လ် အာယာသ် 35 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : စင်စစ် (အခြားအရာများကိုအလ္လာဟ်အရှင်မြတ်နှင့်)တွဲဖက်နှိုင်းယှဉ်ကိုးကွယ်သူတို့က အကယ်၍သာအလ္လာဟ်အရှင်မြတ်သည် အလိုရှိတော်မူခဲ့ပါလျှင် ကျွန်ုပ်တို့သည်လည်းကောင်း၊ ကျွန်ုပ်တို့အဖ၊ ဘိုး၊ ဘေးတို့သည်လည်းကောင်း၊ ထိုအရှင်မြတ်မှတစ်ပါး အခြားတစ်စုံတစ်ရာကိုမျှကိုးကွယ်ခဲ့ကြမည်မဟုတ်ပေ။…
စူရာ အာယာသ် 35/128 — စူရာ အန်-နဟ်လ် النحل (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အန်-နဟ်လ် နားထောင်, စူရာ အန်-နဟ်လ် ဘာသာပြန်, စူရာ အန်-နဟ်လ် mp3, စူရာ အန်-နဟ်လ် pdf. အာယာသ် 33–37. မြန်မာဘာသာ: ภาษาไทย.