အန်-နဟ်လ် · 91/128
ဘာသာပြန် အသံနိုင်ငံ — စူရာ အန်-နဟ်လ်
وَأَوْفُوا بِعَهْدِ اللَّهِ إِذَا عَاهَدتُّمْ وَلَا تَنقُضُوا الْأَيْمَانَ بَعْدَ تَوْكِيدِهَا وَقَدْ جَعَلْتُمُ اللَّهَ عَلَيْكُمْ كَفِيلًا ۚ إِنَّ اللَّهَ يَعْلَمُ مَا تَفْعَلُونَ ۝٩١
Wa awfoo bi Ahdil laahi izaa `aahattum wa laa tanqudul aimaana ba`da tawkeedihaa wa qad ja`altumul laaha `alaikum kafeelaa; innal laaha ya`lamu maa taf`aloon
📖 မြန်မာဘာသာ
ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့်ထားရှိသော ပဋိညာဉ်ကို အသင်တို့ ပဋိညာဉ် ဖွဲ့ပြီးခဲ့ကြသောအခါ ကျေပွန်အောင်ဆောင်ရွက်ကြ လေကုန်။ ထိုမှတစ်ပါးအသင်တို့သည် ကျိန်ဆိုချက်များကို အခိုင်အမာပြုပြီးနောက်မဖောက်ဖျက်ကြကုန်လင့်။ အမှန်စင်စစ်သော်ကား အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား မိမိတို့အပေါ်၌ အာမခံသူပြုလုပ်ခဲ့ကြချေပြီ။ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် အသင်တို့ပြုလုပ်ခဲ့ကြသမျှတို့ကို (အကြွင်းမဲ့) သိရှိတော်မူပေသည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 89-93 — စူရာ အန်-နဟ်လ်

89وَيَوْمَ نَبْعَثُ فِي كُلِّ أُمَّةٍ شَهِيدًا عَلَيْهِم مِّنْ أَنفُسِهِمْ ۖ وَجِئْنَا بِكَ شَهِيدًا عَلَىٰ هَٰؤُلَاءِ ۚ وَنَزَّلْنَا عَلَيْكَ الْكِتَابَ تِبْيَانًا لِّكُلِّ شَيْءٍ وَهُدًى وَرَحْمَةً وَبُشْرَىٰ لِلْمُسْلِمِينَ
တစ်ဖန်(အို-နဗီတမန်တော် အသင်သည် မိမိ၏အမျိုးသားတို့အား) အကြင်နေ့(၏အကြောင်း)ကို (ပြော၍ပြပါလေ)။ ငါအရှင်မြတ်သည် သာသနာဝင် အုပ်စုတိုင်း၌ ၎င်းတို့နှင့်ဆန့်ကျင်၍ ၎င်းတို့အနက်မှပင် သက်သေတစ်ဦးကျစီ ထူတော်မူမည်။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် အသင့်အား ဤသူတို့နှင့်ဆန့်ကျင်၍ သက်သေအဖြစ်ရောက်စေတော် (ထူတော်)မူမည်။ စင်စစ်သော်ကား ငါအရှင်မြတ်သည်(ယင်းသက်သေထွက်ဆိုနိုင်ရေးအတွက်) အသင်၏အပေါ်၌ (ကုရ်အာန်)ကျမ်းတော်မြတ်ကို အကြောင်းအရာခပ်သိမ်းတို့၏ ရှင်းလင်းချက်အဖြစ်လည်းကောင်း၊ မုစ်လင်မ်အမိန့်တော်ကို လိုက်နာသူတို့အဖို့ တရားလမ်းညွှန်အဖြစ်လည်းကောင်း၊ ကရုဏာတရားအဖြစ်လည်းကောင်း၊ ဝမ်းမြောက်ဖွယ်သတင်းအဖြစ်လည်းကောင်း၊ ချပေးသနားတော်မူခဲ့လေသတည်း။
90۞ إِنَّ اللَّهَ يَأْمُرُ بِالْعَدْلِ وَالْإِحْسَانِ وَإِيتَاءِ ذِي الْقُرْبَىٰ وَيَنْهَىٰ عَنِ الْفَحْشَاءِ وَالْمُنكَرِ وَالْبَغْيِ ۚ يَعِظُكُمْ لَعَلَّكُمْ تَذَكَّرُونَ
ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် မျှတရန်လည်းကောင်း၊ ကောင်းမွန်စွာကျင့်မူဆက်ဆံရန်လည်း ကောင်း၊ဆွေမျိုးနီးစပ်တို့ကို ပေးကမ်းရန်လည်းကောင်း၊ အမိန့်ပေးတော်မူလေသည်။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် ထင်ရှားစွာသောစက်ဆုပ်ရွံ့ရှာဖွယ်များမှလည်းကောင်း၊ မကောင်းမှုများမှလည်းကောင်း၊ မတရားမှုများမှလည်းကောင်း၊ မြစ်တားတော်မူလေသည်။ ထိုအရှင်မြတ်သည် အသင်တို့အား အသင်တို့ သတိရကြအံ့သောငှာ သတိပေး နှိုးဆော်တော် မူပေသတည်း။
91وَأَوْفُوا بِعَهْدِ اللَّهِ إِذَا عَاهَدتُّمْ وَلَا تَنقُضُوا الْأَيْمَانَ بَعْدَ تَوْكِيدِهَا وَقَدْ جَعَلْتُمُ اللَّهَ عَلَيْكُمْ كَفِيلًا ۚ إِنَّ اللَّهَ يَعْلَمُ مَا تَفْعَلُونَ
ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့်ထားရှိသော ပဋိညာဉ်ကို အသင်တို့ ပဋိညာဉ် ဖွဲ့ပြီးခဲ့ကြသောအခါ ကျေပွန်အောင်ဆောင်ရွက်ကြ လေကုန်။ ထိုမှတစ်ပါးအသင်တို့သည် ကျိန်ဆိုချက်များကို အခိုင်အမာပြုပြီးနောက်မဖောက်ဖျက်ကြကုန်လင့်။ အမှန်စင်စစ်သော်ကား အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား မိမိတို့အပေါ်၌ အာမခံသူပြုလုပ်ခဲ့ကြချေပြီ။ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် အသင်တို့ပြုလုပ်ခဲ့ကြသမျှတို့ကို (အကြွင်းမဲ့) သိရှိတော်မူပေသည်။
92وَلَا تَكُونُوا كَالَّتِي نَقَضَتْ غَزْلَهَا مِن بَعْدِ قُوَّةٍ أَنكَاثًا تَتَّخِذُونَ أَيْمَانَكُمْ دَخَلًا بَيْنَكُمْ أَن تَكُونَ أُمَّةٌ هِيَ أَرْبَىٰ مِنْ أُمَّةٍ ۚ إِنَّمَا يَبْلُوكُمُ اللَّهُ بِهِ ۚ وَلَيُبَيِّنَنَّ لَكُمْ يَوْمَ الْقِيَامَةِ مَا كُنتُمْ فِيهِ تَخْتَلِفُونَ
ထိုမှတစ်ပါး အသင်တို့သည် အုပ်စုတစ်စုထက်အုပ်စုတစ်စုက ပိုမို၍တိုးတက်ကြီးပွားလာရန် မိမိတို့၏ ကျိန်ဆိုချက်များကို မိမိတို့အချင်းချင်းတွင် ပရိယာယ်ဝေဝုစ် ပြုလုပ်ခြင်းအားဖြင့် အသင်တို့သည် မိမိချည်မျှင်များကို ကောင်းမွန်ခိုင်ခံ့စွာငင်ပြီးနောက် အပိုင်းပိုင်း ဖျက်ဆီးခဲ့သော မိန်းမကဲ့သို့မဖြစ်ကြကုန်လင့်။ စင်စစ်မူကား အလ္လာဟ်အရှင်မြတ်သည်ဤအမိန့်တော်ဖြင့် အသင်တို့အား စမ်းသပ်တော်မူခြင်းမျှ ဖြစ်ပေသည်။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် အသင်တို့ သဘောကွဲလွဲလျက် ရှိကြသည်များကို ကိယာမတ် ရှင်ပြန်ထမည့်နေ့တွင်အသင်တို့ရှေ့မှောက်ဝယ် ထင်ရှားစွာပြတော်မူပေမည်ဖြစ်သည်။
93وَلَوْ شَاءَ اللَّهُ لَجَعَلَكُمْ أُمَّةً وَاحِدَةً وَلَٰكِن يُضِلُّ مَن يَشَاءُ وَيَهْدِي مَن يَشَاءُ ۚ وَلَتُسْأَلُنَّ عَمَّا كُنتُمْ تَعْمَلُونَ
ထို့အြုပင် အကယ်၍သာ အလ္လာဟ် အရှင်မြတ်သည် အလိုရှိတော်မူခဲ့ပါလျှင် အမှန်ပင် အသင်တို့အား သာသနာဝင် အုပ်စုတစ်စုတည်း ပြုလုပ်တော်မူခဲ့ပေမည်။ သို့ရာတွင်ထိုအရှင်မြတ်သည် မိမိအလိုမရှိတော်မူသောသူအား လမ်းမှား၌ထားရှိတော်မူ၍ မိမိအလိုရှိတော်မူသောသူအား တရားလမ်းမှန်သို့ ပို့တော်မူလေသည်။ ထိုမှတစ်ပါး အသင်တို့သည် မိမိတို့ကျင့်မူခဲ့သမျှသော အမှုများနှင့်စပ်လျဉ်း၍ အမှန်မုချ စစ်ဆေးမေးမြန်းခြင်းကို ခံကြရပေမည်။
အန်-နဟ်လ်ကုရ်အာန် ညွှန်းကိန်း
128အာယာသ်
MeccanRevelation
91အာယာသ်

ဘာသာပြန် — အန်-နဟ်လ် 91

စူရာ အန်-နဟ်လ် အာယာသ် 91 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့်ထားရှိသော ပဋိညာဉ်ကို အသင်တို့ ပဋိညာဉ် ဖွဲ့ပြီးခဲ့ကြသောအခါ ကျေပွန်အောင်ဆောင်ရွက်ကြ လေကုန်။ ထိုမှတစ်ပါးအသင်တို့သည်…

စူရာ အာယာသ် 91/128 — စူရာ အန်-နဟ်လ် النحل (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အန်-နဟ်လ် နားထောင်, စူရာ အန်-နဟ်လ် ဘာသာပြန်, စူရာ အန်-နဟ်လ် mp3, စူရာ အန်-နဟ်လ် pdf. အာယာသ် 89–93. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Wednesday, September 30, 2026

Don't forget us in your sincere prayers