အလ်-အစ်ရာ · 60/111
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အစ်ရာ
وَإِذْ قُلْنَا لَكَ إِنَّ رَبَّكَ أَحَاطَ بِالنَّاسِ ۚ وَمَا جَعَلْنَا الرُّؤْيَا الَّتِي أَرَيْنَاكَ إِلَّا فِتْنَةً لِّلنَّاسِ وَالشَّجَرَةَ الْمَلْعُونَةَ فِي الْقُرْآنِ ۚ وَنُخَوِّفُهُمْ فَمَا يَزِيدُهُمْ إِلَّا طُغْيَانًا كَبِيرًا ۝٦٠
Wa iz qulnaa laka inna rabbaka ahaata binnaas; wa maa ja`alnar ru`yal lateee arainaaka illaa fitnatal linnaasi washshajaratal mal`oonata fil quraan; wa nukhaw wifuhum famaa yazeeduhum illa tughyaanan kabeeraa
📖 မြန်မာဘာသာ
(အို-နဗီတမန်တော် အသင်ပြန်လည် သတိရပါလေ။) အခါတစ်ပါး၌ ငါအရှင်မြတ်က ဧကန်မလွဲ အသင့်အားဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် လူခပ်သိမ်းတို့ကိုဝန်းဝိုင်း၍ထားတော်မူလေပြီဟု အသင့်အား မိန့်ကြားတော်မူခဲ့လေသည်။ ထို့ပြင် ငါအရှင်မြတ်သည် အသင့်အား ပြသ တော်မူခဲ့သော ရှုကွက်ကိုလည်းကောင်း၊ ကုရ်အာန် ကျမ်းတော်မြတ်၌ရှုတ်ချခြင်းခံရသော သစ်ပင်ကိုလည်းကောင်း၊ လူတို့အဖို့စမ်းသပ်မှုတစ်ရပ်သာလျှင် ပြုလုပ်တော်မူခဲ့လေသည်။ စင်စစ်ငါအရှင်မြတ်သည် လူတို့အား သတိပေး နှိုးဆော်တော်မူ၏။သို့ရာတွင် ယင်းသတိပေး နှိုးဆော်ချက်များသည် ၎င်းတို့အားကြီးကျယ်စွာသော မထီမဲ့မြင်ပြုမှုကိုသာ တိုးတက်ပွားများစေလေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ဤအာယသ်တော်တွင် ရှင်းလင်းရန်လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ:
  • أَحَاطَ بِالنَّاسِ: လူသားတို့ကို အသိပညာနှင့် တန်ခိုးအာဏာဖြင့် ဝန်းရံထားသည်။ ဆိုလိုသည်မှာ အလ္လာဟ်အရှင်မြတ်သည် လူသားတို့အား အသိပညာဖြင့်လည်းကောင်း၊ တန်ခိုးအာဏာဖြင့်လည်းကောင်း လုံးဝထိန်းချုပ်ထားသည်။
  • الرُّؤْيَا الَّتِي أَرَيْنَاكَ: အစ်ရာ (ညခရီး) နှင့် မိအ်ရာဂျ် (ကောင်းကင်တက်ခရီး) ညတွင် တမန်တော်မုဟမ္မဒ် (ဆွ) အား ပြသခဲ့သော အံ့ဖွယ်ရူပါရုံ။
  • فِتْنَةً: စမ်းသပ်မှု၊ စမ်းသပ်ခြင်း။
  • الشَّجَرَةَ الْمَلْعُونَةَ: ကျိန်ခြင်းခံရသော သစ်ပင်၊ ဆိုလိုသည်မှာ ဇက္ကూఙ်သစ်ပင်။ ၎င်းသည် ဂျဟန်နမ် (ငရဲ) ၏ အောက်ခြေတွင် ပေါက်ရောက်သော သစ်ပင်ဖြစ်သည်။
  • طُغْيَانًا كَبِيرًا: ကြီးမားသော ပုန်ကန်မှု၊ မောက်မာမှု၊ လမ်းလွဲမှု။
  1. ဤအာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်:

အို တမန်တော်၊ အသင်သည် အလ္လာဟ်အရှင်မြတ်က အသင်အား “အသင်၏ အရှင်သခင်သည် လူသားတို့အား အသိပညာနှင့် တန်ခိုးအာဏာဖြင့် ဝန်းရံထားသည်” ဟု မိန့်တော်မူခဲ့သည့် အချိန်ကို သတိရပါ။ ဆိုလိုသည်မှာ မက္ကာမြို့သူများ အသင်ကို သတ်ရန် ကြံစည်ကြသော်လည်း အလ္လာဟ်အရှင်မြတ်သည် အသင်အား သူတို့၏ အန္တရာယ်မှ ကာကွယ်တော်မူမည်ဖြစ်သည်။ ထို့ကြောင့် အသင်သည် အလ္လာဟ်အရှင်မြတ် မိန့်ကြားတော်မူသည့်အတိုင်း ရဲရဲဝံ့ဝံ့ ဟောပြောပို့ချပါ။ မည်သူ့ကိုမျှ မကြောက်ပါနှင့်။

ထို့နောက် အလ္လာဟ်အရှင်မြတ်က မိန့်တော်မူသည်။ အစ်ရာ (ညခရီး) ညတွင် အသင်အား ကျွန်ုပ်တို့ ပြသခဲ့သော အံ့ဖွယ်ရူပါရုံကို လူသားတို့အတွက် စမ်းသပ်မှုတစ်ခုအဖြစ်မှလွဲ၍ ကျွန်ုပ်တို့ မပြုလုပ်ခဲ့ပါ။ ထိုရူပါရုံကို မြင်တွေ့ရသောအခါ အချို့သော ယုံကြည်သူများသည် ယုံကြည်မှုမှ လွဲချော်သွားကြပြီး အချို့သောသူများသည် ယုံကြည်မှု တိုးပွားသွားကြသည်။ ထို့အပြင် ကုရ်အာန်တွင် ဖော်ပြထားသော ကျိန်ခြင်းခံရသည့် ဇက္ကూఙ်သစ်ပင်ကိုလည်း လူသားတို့အတွက် စမ်းသပ်မှုတစ်ခုအဖြစ်သာ ကျွန်ုပ်တို့ ပြုလုပ်ခဲ့သည်။ ထိုသစ်ပင်သည် ငရဲမီး၏ အောက်ခြေတွင် ပေါက်ရောက်သည်ဟု ကြားသိရသောအခါ အဘူဂျဟ်လ်နှင့် အခြားသော မယုံကြည်သူများက “မုဟမ္မဒ်သည်



📜 အာယာသ် 58-62 — စူရာ အလ်-အစ်ရာ

58وَإِن مِّن قَرْيَةٍ إِلَّا نَحْنُ مُهْلِكُوهَا قَبْلَ يَوْمِ الْقِيَامَةِ أَوْ مُعَذِّبُوهَا عَذَابًا شَدِيدًا ۚ كَانَ ذَٰلِكَ فِي الْكِتَابِ مَسْطُورًا
မည်သည့်မြို့ရွာမဆို ငါအရှင်မြတ်သည် ထိုမြို့(သူ)ရွာ(သားတို့)အား ကိယာမတ်မဖြစ်မီအလျင် ဖျက်ဆီးတော်မူမည့်အရှင်၊ သို့မဟုတ် ထိုမြို့(သူ) ရွာ(သားတို့)အား ပြင်းထန်စွာပြစ်ဒဏ်ခတ်တော်မူမည့် အရှင်မြတ်ပင် ဖြစ်တော်မူပေသည်။ဤသည်(လောင်ဟုမဟ်ဖူဇ်)သင်ပုန်းတွင် ရေးသားပြီးဖြစ်သတည်း။
59وَمَا مَنَعَنَا أَن نُّرْسِلَ بِالْآيَاتِ إِلَّا أَن كَذَّبَ بِهَا الْأَوَّلُونَ ۚ وَآتَيْنَا ثَمُودَ النَّاقَةَ مُبْصِرَةً فَظَلَمُوا بِهَا ۚ وَمَا نُرْسِلُ بِالْآيَاتِ إِلَّا تَخْوِيفًا
စင်စစ်သော်ကား ငါအရှင်မြတ်အား တန်ခိုးပြာဋိဟာများကို ချပေးတော်မမူရန် ယင်းတန်ခိုးပြာဋိဟာများမဟုတ်မမှန်ဟူ၍ ရှေးလူဟောင်းတို့၏ ငြင်းပယ်မှုမှတစ်ပါးအခြားမည်သည့် တစ်စုံတစ်ရာမျှ တားဆီးခဲ့သည်မဟုတ်ပေ။စင်စစ် ငါအရှင်မြတ်သည် ဆမူဒ် လူမျိုးတို့အား ကုလားအုတ်မကို (နဗီတမန်တော်ဆွာလစ်ဟ်သည် အလ္လာဟ်အရှင်မြတ်၏နဗီတမန်တော်ဖြစ်တော်မူကြောင်းကို) ထင်ရှားစေသောတန်ခိုးပြာဋိဟာအဖြစ် ချီးမြှင့်ပေးသနားတော်မူခဲ့လေသည်။သို့ရာတွင် ၎င်းတို့သည် ယင်းကုလားအုတ်မနှင့် ပတ်သက်၍(မိမိတို့ကိုယ်ကို)ကျူးကျော်စော်ကားခဲ့ကြကုန်၏။ အမှန်စင်စစ်သော်ကား ငါအရှင်မြတ်သည် တန်ခိုးပြာဋိဟာများကို သတိပေးနှိုးဆော်ချက်အဖြစ်သာလျှင် ချပေးတော်မူပေသတည်း။
60وَإِذْ قُلْنَا لَكَ إِنَّ رَبَّكَ أَحَاطَ بِالنَّاسِ ۚ وَمَا جَعَلْنَا الرُّؤْيَا الَّتِي أَرَيْنَاكَ إِلَّا فِتْنَةً لِّلنَّاسِ وَالشَّجَرَةَ الْمَلْعُونَةَ فِي الْقُرْآنِ ۚ وَنُخَوِّفُهُمْ فَمَا يَزِيدُهُمْ إِلَّا طُغْيَانًا كَبِيرًا
(အို-နဗီတမန်တော် အသင်ပြန်လည် သတိရပါလေ။) အခါတစ်ပါး၌ ငါအရှင်မြတ်က ဧကန်မလွဲ အသင့်အားဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် လူခပ်သိမ်းတို့ကိုဝန်းဝိုင်း၍ထားတော်မူလေပြီဟု အသင့်အား မိန့်ကြားတော်မူခဲ့လေသည်။ ထို့ပြင် ငါအရှင်မြတ်သည် အသင့်အား ပြသ တော်မူခဲ့သော ရှုကွက်ကိုလည်းကောင်း၊ ကုရ်အာန် ကျမ်းတော်မြတ်၌ရှုတ်ချခြင်းခံရသော သစ်ပင်ကိုလည်းကောင်း၊ လူတို့အဖို့စမ်းသပ်မှုတစ်ရပ်သာလျှင် ပြုလုပ်တော်မူခဲ့လေသည်။ စင်စစ်ငါအရှင်မြတ်သည် လူတို့အား သတိပေး နှိုးဆော်တော်မူ၏။သို့ရာတွင် ယင်းသတိပေး နှိုးဆော်ချက်များသည် ၎င်းတို့အားကြီးကျယ်စွာသော မထီမဲ့မြင်ပြုမှုကိုသာ တိုးတက်ပွားများစေလေသတည်း။
61وَإِذْ قُلْنَا لِلْمَلَائِكَةِ اسْجُدُوا لِآدَمَ فَسَجَدُوا إِلَّا إِبْلِيسَ قَالَ أَأَسْجُدُ لِمَنْ خَلَقْتَ طِينًا
တစ်ဖန်(ပြန်လည်၍သတိရကြလေကုန်)။ တစ်ရံရောအခါဝယ် ငါအရှင်မြတ်သည် မလာအိကဟ် ကောင်းကင်တမန်တို့အား အသင်တို့သည် အာဒမ်၏ရှေ့ဝယ် ဦးချကြလေကုန်ဟု မိန့်ကြားတော်မူခဲ့ရာ အစ်ဗ်လီစ်မှတစ်ပါး ထိုကောင်းကင်တမန်အပေါင်းတို့သည် ဦးချခဲ့ကြလေသည်။ ယင်းအစ်ဗ်လီစ်ကအရှင်မြတ်ရွှံ့စေးဖြင့်ဖန်ဆင်းတော်မူခဲ့သောသူအားကျွန်တော်မျိုးသည်ဦးချရပါမည်လော ဟုလျှောက်ထားခဲ့လေသည်။
62قَالَ أَرَأَيْتَكَ هَٰذَا الَّذِي كَرَّمْتَ عَلَيَّ لَئِنْ أَخَّرْتَنِ إِلَىٰ يَوْمِ الْقِيَامَةِ لَأَحْتَنِكَنَّ ذُرِّيَّتَهُ إِلَّا قَلِيلًا
ယင်းအစ်ဗ်လီစ်က (ဆက်လက်၍) အရှင် ရှုတော်မူပါ၊ အရှင်မြတ်သည် ကျွန်တော်မျိုးထက် ထူးကဲမြင့်မြတ်စေတော်မူခဲ့သော၊ ဤသူကား အကယ်၍သာ အရှင်မြတ်သည်ကျွန်တော်မျိုးအား ကိယာမတ်ကမ္ဘာပျက်မည့် နေ့တိုင်အောင်ရွှေ့ဆိုင်းထားတော်မူခဲ့ပါလျှင် မလွဲဧကန် ကျွန်တော်မျိုးသည်၎င်း၏သားမြေးတို့အနက် အနည်း ငယ်မျှသော သူတို့မှတစ်ပါးအားလုံးကို ဖမ်းယူ လွှမ်းမိုးပါမည်ဟု လျှောက်ထားခဲ့ပြန်၏။
အလ်-အစ်ရာကုရ်အာန် ညွှန်းကိန်း
111အာယာသ်
MeccanRevelation
60အာယာသ်

ဘာသာပြန် — အလ်-အစ်ရာ 60

စူရာ အလ်-အစ်ရာ အာယာသ် 60 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (အို-နဗီတမန်တော် အသင်ပြန်လည် သတိရပါလေ။) အခါတစ်ပါး၌ ငါအရှင်မြတ်က ဧကန်မလွဲ အသင့်အားဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် လူခပ်သိမ်းတို့ကိုဝန်းဝိုင်း၍ထားတော်မူလေပြီဟု အသင့်အား…

စူရာ အာယာသ် 60/111 — စူရာ အလ်-အစ်ရာ الإسراء (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အစ်ရာ နားထောင်, စူရာ အလ်-အစ်ရာ ဘာသာပြန်, စူရာ အလ်-အစ်ရာ mp3, စူရာ အလ်-အစ်ရာ pdf. အာယာသ် 58–62. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers