အလ်-အစ်ရာ · 61/111
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အစ်ရာ
وَإِذْ قُلْنَا لِلْمَلَائِكَةِ اسْجُدُوا لِآدَمَ فَسَجَدُوا إِلَّا إِبْلِيسَ قَالَ أَأَسْجُدُ لِمَنْ خَلَقْتَ طِينًا ۝٦١
Wa iz qulnaa lilma laaa`ikatis judoo li Aadama fasajadooo illaaa Ibleesa qaala `a-asjudu liman khalaqta teena
📖 မြန်မာဘာသာ
တစ်ဖန်(ပြန်လည်၍သတိရကြလေကုန်)။ တစ်ရံရောအခါဝယ် ငါအရှင်မြတ်သည် မလာအိကဟ် ကောင်းကင်တမန်တို့အား အသင်တို့သည် အာဒမ်၏ရှေ့ဝယ် ဦးချကြလေကုန်ဟု မိန့်ကြားတော်မူခဲ့ရာ အစ်ဗ်လီစ်မှတစ်ပါး ထိုကောင်းကင်တမန်အပေါင်းတို့သည် ဦးချခဲ့ကြလေသည်။ ယင်းအစ်ဗ်လီစ်ကအရှင်မြတ်ရွှံ့စေးဖြင့်ဖန်ဆင်းတော်မူခဲ့သောသူအားကျွန်တော်မျိုးသည်ဦးချရပါမည်လော ဟုလျှောက်ထားခဲ့လေသည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္ဘာဦးလူသား အာဒမ်အား မလာအိကဟ် (ကောင်းကင်တမန်) များ ပျပ်ဝပ်ဦးချရန် အမိန့်ပေးခဲ့သည့် အချိန်ကို အမှတ်ရပါ။ ဤနေရာတွင် ပျပ်ဝပ်ဦးချခြင်းသည် ဂုဏ်ပြုခြင်း၊ လေးစားခြင်း အဓိပ္ပာယ်ဖြစ်ပြီး၊ အလ္လာဟ်အရှင်မြတ်အား ကိုးကွယ်သည့် ပျပ်ဝပ်ဦးချခြင်းမဟုတ်ပါ။ အိဗ်လီးစ် (မိစ္ဆာမာရ်နတ်) သည် မာန်မာနထောင်လွှားပြီး ငြင်းပယ်ခဲ့သည်။
  2. အလ္လာဟ်အရှင်မြတ်သည် ကောင်းကင်တမန်များအား အာဒမ်ကို ဂုဏ်ပြုလေးစားသည့်အနေဖြင့် ပျပ်ဝပ်ဦးချရန် မိန့်တော်မူခဲ့သည့်အခါ ကောင်းကင်တမန်အားလုံး နာခံပျပ်ဝပ်ခဲ့ကြသည်။ သို့သော် အိဗ်လီးစ်သည် မာန်မာနထောင်လွှားပြီး ငြင်းပယ်ခဲ့သည်။ သူက "ရွှံ့မြေဖြင့် ဖန်ဆင်းထားသူကို ကျွန်ုပ် ပျပ်ဝပ်ဦးချရမည်လော" ဟု ပြောဆိုကာ မိမိသည် မီးဖြင့်ဖန်ဆင်းခံရသဖြင့် ရွှံ့မြေဖြင့်ဖန်ဆင်းခံရသူထက် သာလွန်မြင့်မြတ်သည်ဟု ထင်မြင်ခဲ့သည်။ ဤသည်မှာ မာန်မာနနှင့် မနာခံမှု၏ အစဖြစ်သည်။
  3. ဤဖြစ်ရပ်မှ ရရှိသည့် အကျိုးကျေးဇူးများမှာ မာန်မာနထောင်လွှားခြင်းသည် ကောင်းမှုများကို ဖျက်ဆီးနိုင်သည်ကို သိရှိရခြင်း၊ အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကို နာခံခြင်းသည် ဂုဏ်သိက္ခာနှင့် ကောင်းချီးမင်္ဂလာများကို ရရှိစေခြင်း၊ လူသားအားလုံး မူလဇစ်မြစ်အားဖြင့် တူညီကြပြီး ဖန်ဆင်းခံပစ္စည်းများဖြင့် ဂုဏ်သတင်းမခွဲခြားသင့်ခြင်း၊ အစ္စလာမ်သည် နာခံမှုနှင့် နှိမ့်ချမှုကို အလေးပေးသော ဘာသာတရားဖြစ်ကြောင်း နားလည်သဘောပေါက်စေခြင်း စသည်တို့ဖြစ်သည်။ ဤဖြစ်ရပ်သည် လူသားများအား မာန်မာနကို စွန့်လွှတ်ပြီး အလ္လာဟ်အရှင်မြတ်ကို နာခံရန် သွန်သင်ပေးသည်။


📜 အာယာသ် 59-63 — စူရာ အလ်-အစ်ရာ

59وَمَا مَنَعَنَا أَن نُّرْسِلَ بِالْآيَاتِ إِلَّا أَن كَذَّبَ بِهَا الْأَوَّلُونَ ۚ وَآتَيْنَا ثَمُودَ النَّاقَةَ مُبْصِرَةً فَظَلَمُوا بِهَا ۚ وَمَا نُرْسِلُ بِالْآيَاتِ إِلَّا تَخْوِيفًا
စင်စစ်သော်ကား ငါအရှင်မြတ်အား တန်ခိုးပြာဋိဟာများကို ချပေးတော်မမူရန် ယင်းတန်ခိုးပြာဋိဟာများမဟုတ်မမှန်ဟူ၍ ရှေးလူဟောင်းတို့၏ ငြင်းပယ်မှုမှတစ်ပါးအခြားမည်သည့် တစ်စုံတစ်ရာမျှ တားဆီးခဲ့သည်မဟုတ်ပေ။စင်စစ် ငါအရှင်မြတ်သည် ဆမူဒ် လူမျိုးတို့အား ကုလားအုတ်မကို (နဗီတမန်တော်ဆွာလစ်ဟ်သည် အလ္လာဟ်အရှင်မြတ်၏နဗီတမန်တော်ဖြစ်တော်မူကြောင်းကို) ထင်ရှားစေသောတန်ခိုးပြာဋိဟာအဖြစ် ချီးမြှင့်ပေးသနားတော်မူခဲ့လေသည်။သို့ရာတွင် ၎င်းတို့သည် ယင်းကုလားအုတ်မနှင့် ပတ်သက်၍(မိမိတို့ကိုယ်ကို)ကျူးကျော်စော်ကားခဲ့ကြကုန်၏။ အမှန်စင်စစ်သော်ကား ငါအရှင်မြတ်သည် တန်ခိုးပြာဋိဟာများကို သတိပေးနှိုးဆော်ချက်အဖြစ်သာလျှင် ချပေးတော်မူပေသတည်း။
60وَإِذْ قُلْنَا لَكَ إِنَّ رَبَّكَ أَحَاطَ بِالنَّاسِ ۚ وَمَا جَعَلْنَا الرُّؤْيَا الَّتِي أَرَيْنَاكَ إِلَّا فِتْنَةً لِّلنَّاسِ وَالشَّجَرَةَ الْمَلْعُونَةَ فِي الْقُرْآنِ ۚ وَنُخَوِّفُهُمْ فَمَا يَزِيدُهُمْ إِلَّا طُغْيَانًا كَبِيرًا
(အို-နဗီတမန်တော် အသင်ပြန်လည် သတိရပါလေ။) အခါတစ်ပါး၌ ငါအရှင်မြတ်က ဧကန်မလွဲ အသင့်အားဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် လူခပ်သိမ်းတို့ကိုဝန်းဝိုင်း၍ထားတော်မူလေပြီဟု အသင့်အား မိန့်ကြားတော်မူခဲ့လေသည်။ ထို့ပြင် ငါအရှင်မြတ်သည် အသင့်အား ပြသ တော်မူခဲ့သော ရှုကွက်ကိုလည်းကောင်း၊ ကုရ်အာန် ကျမ်းတော်မြတ်၌ရှုတ်ချခြင်းခံရသော သစ်ပင်ကိုလည်းကောင်း၊ လူတို့အဖို့စမ်းသပ်မှုတစ်ရပ်သာလျှင် ပြုလုပ်တော်မူခဲ့လေသည်။ စင်စစ်ငါအရှင်မြတ်သည် လူတို့အား သတိပေး နှိုးဆော်တော်မူ၏။သို့ရာတွင် ယင်းသတိပေး နှိုးဆော်ချက်များသည် ၎င်းတို့အားကြီးကျယ်စွာသော မထီမဲ့မြင်ပြုမှုကိုသာ တိုးတက်ပွားများစေလေသတည်း။
61وَإِذْ قُلْنَا لِلْمَلَائِكَةِ اسْجُدُوا لِآدَمَ فَسَجَدُوا إِلَّا إِبْلِيسَ قَالَ أَأَسْجُدُ لِمَنْ خَلَقْتَ طِينًا
တစ်ဖန်(ပြန်လည်၍သတိရကြလေကုန်)။ တစ်ရံရောအခါဝယ် ငါအရှင်မြတ်သည် မလာအိကဟ် ကောင်းကင်တမန်တို့အား အသင်တို့သည် အာဒမ်၏ရှေ့ဝယ် ဦးချကြလေကုန်ဟု မိန့်ကြားတော်မူခဲ့ရာ အစ်ဗ်လီစ်မှတစ်ပါး ထိုကောင်းကင်တမန်အပေါင်းတို့သည် ဦးချခဲ့ကြလေသည်။ ယင်းအစ်ဗ်လီစ်ကအရှင်မြတ်ရွှံ့စေးဖြင့်ဖန်ဆင်းတော်မူခဲ့သောသူအားကျွန်တော်မျိုးသည်ဦးချရပါမည်လော ဟုလျှောက်ထားခဲ့လေသည်။
62قَالَ أَرَأَيْتَكَ هَٰذَا الَّذِي كَرَّمْتَ عَلَيَّ لَئِنْ أَخَّرْتَنِ إِلَىٰ يَوْمِ الْقِيَامَةِ لَأَحْتَنِكَنَّ ذُرِّيَّتَهُ إِلَّا قَلِيلًا
ယင်းအစ်ဗ်လီစ်က (ဆက်လက်၍) အရှင် ရှုတော်မူပါ၊ အရှင်မြတ်သည် ကျွန်တော်မျိုးထက် ထူးကဲမြင့်မြတ်စေတော်မူခဲ့သော၊ ဤသူကား အကယ်၍သာ အရှင်မြတ်သည်ကျွန်တော်မျိုးအား ကိယာမတ်ကမ္ဘာပျက်မည့် နေ့တိုင်အောင်ရွှေ့ဆိုင်းထားတော်မူခဲ့ပါလျှင် မလွဲဧကန် ကျွန်တော်မျိုးသည်၎င်း၏သားမြေးတို့အနက် အနည်း ငယ်မျှသော သူတို့မှတစ်ပါးအားလုံးကို ဖမ်းယူ လွှမ်းမိုးပါမည်ဟု လျှောက်ထားခဲ့ပြန်၏။
63قَالَ اذْهَبْ فَمَن تَبِعَكَ مِنْهُمْ فَإِنَّ جَهَنَّمَ جَزَاؤُكُمْ جَزَاءً مَّوْفُورًا
ထိုအခါ အရှင်မြတ်က (အစ်ဗ်လီစ်) အသင်သွား၊(ကြိုက်ရာလုပ်)။ တစ်ဖန် မည်သူမဆို ယင်း(အာဒမ်၏သားမြေး)တို့အနက်မှ အသင်၏နောက်သို့ လိုက်ပါခဲ့လျှင် ဂျဟန္နမ်ငရဲဘုံသည် အသင်တို့၏ လုံလောက်စွာသော အကျိုးပင် ဖြစ်ပေသတည်း။
အလ်-အစ်ရာကုရ်အာန် ညွှန်းကိန်း
111အာယာသ်
MeccanRevelation
61အာယာသ်

ဘာသာပြန် — အလ်-အစ်ရာ 61

စူရာ အလ်-အစ်ရာ အာယာသ် 61 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : တစ်ဖန်(ပြန်လည်၍သတိရကြလေကုန်)။ တစ်ရံရောအခါဝယ် ငါအရှင်မြတ်သည် မလာအိကဟ် ကောင်းကင်တမန်တို့အား အသင်တို့သည် အာဒမ်၏ရှေ့ဝယ် ဦးချကြလေကုန်ဟု မိန့်ကြားတော်မူခဲ့ရာ အစ်ဗ်လီစ်မှတစ်ပါး…

စူရာ အာယာသ် 61/111 — စူရာ အလ်-အစ်ရာ الإسراء (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အစ်ရာ နားထောင်, စူရာ အလ်-အစ်ရာ ဘာသာပြန်, စူရာ အလ်-အစ်ရာ mp3, စူရာ အလ်-အစ်ရာ pdf. အာယာသ် 59–63. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Saturday, October 3, 2026

Don't forget us in your sincere prayers