سَيَقُولُونَ ثَلَاثَةٌ رَّابِعُهُمْ كَلْبُهُمْ وَيَقُولُونَ خَمْسَةٌ سَادِسُهُمْ كَلْبُهُمْ رَجْمًا بِالْغَيْبِ ۖ وَيَقُولُونَ سَبْعَةٌ وَثَامِنُهُمْ كَلْبُهُمْ ۚ قُل رَّبِّي أَعْلَمُ بِعِدَّتِهِم مَّا يَعْلَمُهُمْ إِلَّا قَلِيلٌ ۗ فَلَا تُمَارِ فِيهِمْ إِلَّا مِرَاءً ظَاهِرًا وَلَا تَسْتَفْتِ فِيهِم مِّنْهُمْ أَحَدًا ٢٢
🔤 Transliteration
Sa yaqooloona salaasatur raabi`uhum kalbuhum wa yaqooloona khamsatun saadisuhum kalbuhum rajmam bilghaib; wa yaqooloona sab`atunw wa saaminuhum kalbuhum; qur Rabbeee a`lamu bi`iddatihim maa ya`lamuhum illaa qaleel; falaa tumaari feehim illaa miraaa`an zaahiranw wa laa tastafti feehim minhum ahadaa
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
မကြာမြင့်မီပင် (အချို့သူတို့က ယင်းလုလင်တို့မှာ)သုံးဦးဖြစ်ခဲ့ကြသည်။ ၎င်းတို့အနက် စတုတ္ထမှာ ၎င်းတို့၏ခွေးဖြစ်သည်ဟု ပြောဆိုကြပေမည်။ ထို့အပြင် (အချို့တို့ကမူ)ငါးဦးဖြစ်ခဲ့ကြသည်။ ၎င်းတို့အနက် ဆဋ္ဌမမှာ ၎င်းတို့၏ခွေးဖြစ်ခဲ့သည်ဟုပြောဆိုကြမည်။ သို့ရာတွင်(အချို့သူတို့မှာမူကား)ခုနစ်ဦးဖြစ်ခဲ့ကြသည်။ ထို့ပြင် ၎င်းတို့အနက် အဋ္ဌမမှာ ၎င်းတို့၏ခွေး ဖြစ်ခဲ့ကြသည်ဟု ပြောဆိုကြ ပေမည်။ (အို-နဗီတမနီတမန်တော်) အသင်သည် (ဤသို့) ပြောကြားပါလေ။ (အချင်းတို့၊ စင်စစ်)ငါ့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည်သာလျှင် ၎င်းတို့၏အရေအတွက်ကို အသိဆုံးဖြစ်တော်မူ၏။အနည်းငယ်မျှသောသူတို့မှအပ၊ ၎င်း(တို့၏ အရေအတွက်)ကိုမည်သူမျှမသိပေ။ သို့ဖြစ်ပေရာ (အို-နဗီတမန်တော်) အသင်သည် ၎င်းတို့နှင့်ပတ်သက်၍ အပေါ်ယံအားဖြင့် ငြင်းခုံခြင်းမှတစ်ပါး(အကြီးအကျယ်) ငြင်းခုံ(ဆွေးနွေး)ခြင်းကိုမူကား မပြုပါလေနှင့်။ ထိုမှတစ်ပါး အသင်သည် ၎င်းတို့နှင့်ပက်သက်၍ထို(ကျမ်းဂန်ရရှိသူ)တို့အနက် မည်သူတစ်ဦး တစ်ယောက်ကိုမျှမေးမြန်းခြင်းကိုလည်း မပြုပါလေနှင့်။
🌐 Additional reference in ภาษาไทย
၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော စကားလုံးများ၏ အဓိပ္ပာယ် سَيَقُولُونَ (ဆယကူလူန) — မကြာမီ သူတို့ပြောကြလိမ့်မည်။رَجْمًا بِالْغَيْبِ (ရဂျ်မန် ဗိလ်ဂိုင်ဘ်) — မမြင်နိုင်သော အရာကို ထင်မြင်ချက်ဖြင့် ခန့်မှန်းပြောဆိုခြင်း၊ သေချာသော အထောက်အထားမရှိဘဲ ပြောခြင်း။مِرَاءً ظَاهِرًا (မိရာအန် သွာဟိရန်) — မျက်နှာပြင်ဆန်သော ငြင်းခုံခြင်း၊ နက်နဲသော ဆွေးနွေးငြင်းခုံမှုမျိုး မဟုတ်ဘဲ ရိုးရှင်းသော ပြောဆိုမှုမျိုး။وَلَا تَسْتَفْتِ (ဝလာ တက်စ်တဖ်သိ) — သူတို့ထံမှ အဖြေတောင်းခြင်း မပြုလုပ်ပါနှင့်။၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက် ဤအာယသ်တော်သည် အဟ်လုလ်ကဟ်ဖ် (ဂူအတွင်းရှိ လူငယ်များ) ၏ အရေအတွက်နှင့် ပတ်သက်၍ လူများ ကွဲပြားစွာ ပြောဆိုကြမည့်အကြောင်းကို ဖော်ပြထားပါသည်။
လူတစ်စုက “သူတို့သည် သုံးဦးဖြစ်သည်၊ စတုတ္ထမြောက်မှာ သူတို့၏ ခွေးဖြစ်သည်” ဟု ပြောကြမည်။ အခြားတစ်စုက “သူတို့သည် ငါးဦးဖြစ်သည်၊ ဆဋ္ဌမမြောက်မှာ သူတို့၏ ခွေးဖြစ်သည်” ဟု ပြောကြမည်။ ဤနှစ်စုလုံးသည် မမြင်နိုင်သော အရာကို ခန့်မှန်း၍ သေချာသော အထောက်အထားမရှိဘဲ ပြောဆိုနေကြခြင်း ဖြစ်သည်။ နောက်ထပ်တစ်စုကမူ “သူတို့သည် ခုနစ်ဦးဖြစ်သည်၊ သတ္တမမြောက် (အဋ္ဌမမြောက်) မှာ သူတို့၏ ခွေးဖြစ်သည်” ဟု ပြောကြမည်။
ထို့နောက် အလ္လာဟ်အရှင်မြတ်သည် တမန်တော်မုဟမ္မဒ် (ဆွ) အား “အို တမန်တော်၊ သင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် သူတို့၏ အရေအတွက်ကို အသိဆုံးဖြစ်တော်မူသည်။ အနည်းငယ်သော သူများမှလွဲ၍ မည်သူမျှ သူတို့၏ အရေအတွက်ကို မသိကြပါ” ဟု မိန့်တော်မူသည်။
ထို့ကြောင့် အဟ်လုလ်ကဟ်ဖ်၏ အရေအတွက်နှင့် ပတ်သက်၍ အဟ်လုလ်ကသာဗ် (ကျမ်းရပုဂ္ဂိုလ်များ) နှင့် ငြင်းခုံခြင်းကို မျက်နှာပြင်ဆန်သော ငြင်းခုံမှုမျိုးဖြင့်သာ ပြုလုပ်ပါ။ သင့်ထံ ဝဟီ (ဗျာဒိတ်တော်) ဖြင့် ရောက်ရှိလာသည့် အကြောင်းအရာများကိုသာ ပြောပြပါ။ သူတို့၏ အရေအတွက်နှင့် အခြေအနေများနှင့် ပတ်သက်၍ သူတို့ထံမှ အဖြေတောင်းခြင်းကို မပြုလုပ်ပါနှင့်။ အကြောင်းမှာ သူတို့သည် ထိုအကြောင်းအရာများကို မသိကြသောကြောင့် ဖြစ်သည်။
**၃။
سَيَقُولُونَ ثَلَٰثَةٌ رَّابِعُهُمۡ كَلۡبُهُمۡ وَيَقُولُونَ خَمۡسَةٌ سَادِسُهُمۡ كَلۡبُهُمۡ رَجۡمَۢا بِٱلۡغَيۡبِۖ وَيَقُولُونَ سَبۡعَةٌ وَثَامِنُهُمۡ كَلۡبُهُمۡۚ قُل رَّبِّيٓ أَعۡلَمُ بِعِدَّتِهِم مَّا يَعۡلَمُهُمۡ إِلَّا قَلِيلٌۗ فَلَا تُمَارِ فِيهِمۡ إِلَّا مِرَآءً ظَٰهِرًا وَلَا تَسۡتَفۡتِ فِيهِم مِّنۡهُمۡ أَحَدًا ٢٢
မကြာမြင့်မီပင် (အချို့သူတို့က ယင်းလုလင်တို့မှာ)သုံးဦးဖြစ်ခဲ့ကြသည်။ ၎င်းတို့အနက် စတုတ္ထမှာ ၎င်းတို့၏ခွေးဖြစ်သည်ဟု ပြောဆိုကြပေမည်။ ထို့အပြင် (အချို့တို့ကမူ)ငါးဦးဖြစ်ခဲ့ကြသည်။ ၎င်းတို့အနက် ဆဋ္ဌမမှာ ၎င်းတို့၏ခွေးဖြစ်ခဲ့သည်ဟုပြောဆိုကြမည်။ သို့ရာတွင်(အချို့သူတို့မှာမူကား)ခုနစ်ဦးဖြစ်ခဲ့ကြသည်။ ထို့ပြင် ၎င်းတို့အနက် အဋ္ဌမမှာ ၎င်းတို့၏ခွေး ဖြစ်ခဲ့ကြသည်ဟု ပြောဆိုကြ ပေမည်။ (အို-နဗီတမနီတမန်တော်) အသင်သည် (ဤသို့) ပြောကြားပါလေ။ (အချင်းတို့၊ စင်စစ်)ငါ့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည်သာလျှင် ၎င်းတို့၏အရေအတွက်ကို အသိဆုံးဖြစ်တော်မူ၏။အနည်းငယ်မျှသောသူတို့မှအပ၊ ၎င်း(တို့၏ အရေအတွက်)ကိုမည်သူမျှမသိပေ။ သို့ဖြစ်ပေရာ (အို-နဗီတမန်တော်) အသင်သည် ၎င်းတို့နှင့်ပတ်သက်၍ အပေါ်ယံအားဖြင့် ငြင်းခုံခြင်းမှတစ်ပါး(အကြီးအကျယ်) ငြင်းခုံ(ဆွေးနွေး)ခြင်းကိုမူကား မပြုပါလေနှင့်။ ထိုမှတစ်ပါး အသင်သည် ၎င်းတို့နှင့်ပက်သက်၍ထို(ကျမ်းဂန်ရရှိသူ)တို့အနက် မည်သူတစ်ဦး တစ်ယောက်ကိုမျှမေးမြန်းခြင်းကိုလည်း မပြုပါလေနှင့်။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 20-24 — စူရာ အလ်-ကဟ်ဖ်
20 إِنَّهُمْ إِن يَظْهَرُوا عَلَيْكُمْ يَرْجُمُوكُمْ أَوْ يُعِيدُوكُمْ فِي مِلَّتِهِمْ وَلَن تُفْلِحُوا إِذًا أَبَدًا
အဘယ်ကြောင့်ဆိုသော် အကယ်၍ ၎င်းတို့သည် အသင်တို့နှင့်ပတ်သက်၍ သိသွားခဲ့ကြပါလျှင် ထိုသူတို့သည် အသင်တို့အား ခဲဖြင့်ပစ်ပေါက်၍ သတ်ခြင်းကိုသော်လည်းကောင်း၊ မိမိတို့၏ဘာသာ၊ သာသနာတွင်းသို့ ပြန်လည်သိမ်းသွင်းခြင်းကိုသော် လည်းကောင်း၊ ပြုလုပ်ကြမည်ဖြစ်သောကြောင့်ပင်၊ စင်စစ်သော်ကား (အကယ်၍သာ ထိုကဲ့သို့ ဖြစ်ခဲ့ရပါလျှင်) အသင်တို့သည် မည်သည့်အခါမျှပင် အောင်မြင်ကြမည်မဟုတ်ပေ။
21 وَكَذَٰلِكَ أَعْثَرْنَا عَلَيْهِمْ لِيَعْلَمُوا أَنَّ وَعْدَ اللَّهِ حَقٌّ وَأَنَّ السَّاعَةَ لَا رَيْبَ فِيهَا إِذْ يَتَنَازَعُونَ بَيْنَهُمْ أَمْرَهُمْ ۖ فَقَالُوا ابْنُوا عَلَيْهِم بُنْيَانًا ۖ رَّبُّهُمْ أَعْلَمُ بِهِمْ ۚ قَالَ الَّذِينَ غَلَبُوا عَلَىٰ أَمْرِهِمْ لَنَتَّخِذَنَّ عَلَيْهِم مَّسْجِدًا
စင်စစ်သော်ကား ဤနည်းနှင်နှင် ငါအရှင်မြတ်သည် (ထိုခေတ်ရှိ လူသားတို့အား)၎င်းတို့နှင့်ပတ်သက်၍ သိစေတော်မူခဲ့လေ၏။ သို့မှသာလျှင် (လူတို့သည်) အလ္လာဟ်အရှင်မြတ်၏ကတိတော် မှန်ကန်ကြောင်းကိုလည်းကောင်း၊ ကိယာမတ်ရှင်ပြန်ထမည့်နေ့နှင့် စပ်လျဉ်း၍ ဒွိဟသံသယ အလျှင်းမရှိနိုင်ကြောင်းကိုလည်းကောင်း၊ သိရှိကြပေမည်။ ထိုအခါ မြို့နေလူထုသည် ယင်း (လုလင်) တို့၏အရေးကိစ္စနှင့်စပ်လျဉ်း၍အချင်းချင်း ငြင်းခုံနေကြကုန်၏။ ထိုအခါ အချို့သူတို့က ထို(လုလင်)တို့၏အနီးတွင် အဆောက်အအုံတစ်ခုကိုတည်ဆောက်ကြလေကုန်ဟု ပြောဆိုခဲ့ကြကုန်၏။ သို့ရာတွင် မိမိတို့၏အရေး အရေးကိစ္စ၌ အောင်မြင်ခဲ့ကြသော ( အာဏာပိုင် မုအ်မြင် သက်ဝင်ယုံကြည်)သူတို့က ကျွန်ုပ်တို့မူကား ယင်း(လုလင်)တို့၏အနီးတွင် ဝတ်ကျောင်းတစ်ခုကို မုချတည်ဆောက်ကြမည်ဟု ပြောဆိုခဲ့ကြကုန်သတည်း။
22 سَيَقُولُونَ ثَلَاثَةٌ رَّابِعُهُمْ كَلْبُهُمْ وَيَقُولُونَ خَمْسَةٌ سَادِسُهُمْ كَلْبُهُمْ رَجْمًا بِالْغَيْبِ ۖ وَيَقُولُونَ سَبْعَةٌ وَثَامِنُهُمْ كَلْبُهُمْ ۚ قُل رَّبِّي أَعْلَمُ بِعِدَّتِهِم مَّا يَعْلَمُهُمْ إِلَّا قَلِيلٌ ۗ فَلَا تُمَارِ فِيهِمْ إِلَّا مِرَاءً ظَاهِرًا وَلَا تَسْتَفْتِ فِيهِم مِّنْهُمْ أَحَدًا
မကြာမြင့်မီပင် (အချို့သူတို့က ယင်းလုလင်တို့မှာ)သုံးဦးဖြစ်ခဲ့ကြသည်။ ၎င်းတို့အနက် စတုတ္ထမှာ ၎င်းတို့၏ခွေးဖြစ်သည်ဟု ပြောဆိုကြပေမည်။ ထို့အပြင် (အချို့တို့ကမူ)ငါးဦးဖြစ်ခဲ့ကြသည်။ ၎င်းတို့အနက် ဆဋ္ဌမမှာ ၎င်းတို့၏ခွေးဖြစ်ခဲ့သည်ဟုပြောဆိုကြမည်။ သို့ရာတွင်(အချို့သူတို့မှာမူကား)ခုနစ်ဦးဖြစ်ခဲ့ကြသည်။ ထို့ပြင် ၎င်းတို့အနက် အဋ္ဌမမှာ ၎င်းတို့၏ခွေး ဖြစ်ခဲ့ကြသည်ဟု ပြောဆိုကြ ပေမည်။ (အို-နဗီတမနီတမန်တော်) အသင်သည် (ဤသို့) ပြောကြားပါလေ။ (အချင်းတို့၊ စင်စစ်)ငါ့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည်သာလျှင် ၎င်းတို့၏အရေအတွက်ကို အသိဆုံးဖြစ်တော်မူ၏။အနည်းငယ်မျှသောသူတို့မှအပ၊ ၎င်း(တို့၏ အရေအတွက်)ကိုမည်သူမျှမသိပေ။ သို့ဖြစ်ပေရာ (အို-နဗီတမန်တော်) အသင်သည် ၎င်းတို့နှင့်ပတ်သက်၍ အပေါ်ယံအားဖြင့် ငြင်းခုံခြင်းမှတစ်ပါး(အကြီးအကျယ်) ငြင်းခုံ(ဆွေးနွေး)ခြင်းကိုမူကား မပြုပါလေနှင့်။ ထိုမှတစ်ပါး အသင်သည် ၎င်းတို့နှင့်ပက်သက်၍ထို(ကျမ်းဂန်ရရှိသူ)တို့အနက် မည်သူတစ်ဦး တစ်ယောက်ကိုမျှမေးမြန်းခြင်းကိုလည်း မပြုပါလေနှင့်။
23 وَلَا تَقُولَنَّ لِشَيْءٍ إِنِّي فَاعِلٌ ذَٰلِكَ غَدًا
၎င်းပြင် (အို-နဗီတမန်တော်)အသင်သည် မည်သည့်တစ်စုံတစ်ရာနှင့်မျှ စပ်လျဉ်း၍ ဧကန်အမှန် ငါသည် ယင်းကိစ္စကို နက်ဖြန်ပြုလုပ်အံ့ ဟူ၍ အလျှင်း မပြောဆိုပါလေနှင့်။
24 إِلَّا أَن يَشَاءَ اللَّهُ ۚ وَاذْكُر رَّبَّكَ إِذَا نَسِيتَ وَقُلْ عَسَىٰ أَن يَهْدِيَنِ رَبِّي لِأَقْرَبَ مِنْ هَٰذَا رَشَدًا
သို့ရာတွင် အလ္လာဟ်အရှင်မြတ် အလိုရှိတော်မူပါလျှင်(ပြုလုပ်အံ့ဟုပြောပါလေ)။ ထိုမှတစ်ပါး အသင်သည်မေ့လျော့၍သွားခဲ့သော်(ပြန်လည်၍ သတိရလာသောအခါ ချက်ချင်း) မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ကိုအောက်မေ့တသ သတိရပါလေ။ ၎င်းပြင် အသင်သည် (၎င်းတို့အား အချင်းတို့၊)ငါ့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် တရားလမ်းညွှန်ရာ၌ ဤသည်ထက်ပိုမို၍ နီးစပ်သောအရာကို ညွှန်ပြတော်မူတန်ရာသည် ဟု ပြောကြားပါလေ။
ဘာသာပြန် — အလ်-ကဟ်ဖ် 22 စူရာ အလ်-ကဟ်ဖ် အာယာသ် 22 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : မကြာမြင့်မီပင် (အချို့သူတို့က ယင်းလုလင်တို့မှာ)သုံးဦးဖြစ်ခဲ့ကြသည်။ ၎င်းတို့အနက် စတုတ္ထမှာ ၎င်းတို့၏ခွေးဖြစ်သည်ဟု ပြောဆိုကြပေမည်။ ထို့အပြင် (အချို့တို့ကမူ)ငါးဦးဖြစ်ခဲ့ကြသည်။ ၎င်းတို့အနက်…
စူရာ အာယာသ် 22/110 — စူရာ အလ်-ကဟ်ဖ် الكهف (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ကဟ်ဖ် နားထောင်, စူရာ အလ်-ကဟ်ဖ် ဘာသာပြန်, စူရာ အလ်-ကဟ်ဖ် mp3, စူရာ အလ်-ကဟ်ဖ် pdf. အာယာသ် 20–24. မြန်မာဘာသာ: ภาษาไทย.