အလ်-ကဟ်ဖ် · 23/110
ဘာသာပြန် အသံနိုင်ငံ — အလ်-ကဟ်ဖ်
وَلَا تَقُولَنَّ لِشَيْءٍ إِنِّي فَاعِلٌ ذَٰلِكَ غَدًا ٢٣
Transliteration
Wa laa taqoolanna lishai`in innee faa`ilun zaalika ghadaa
ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
၎င်းပြင် (အို-နဗီတမန်တော်)အသင်သည် မည်သည့်တစ်စုံတစ်ရာနှင့်မျှ စပ်လျဉ်း၍ ဧကန်အမှန် ငါသည် ယင်းကိစ္စကို နက်ဖြန်ပြုလုပ်အံ့ ဟူ၍ အလျှင်း မပြောဆိုပါလေနှင့်။
Additional reference in ภาษาไทย
🎧 နားထောင်
📜 အာယာသ် 21-25 — အလ်-ကဟ်ဖ်
21وَكَذَٰلِكَ أَعْثَرْنَا عَلَيْهِمْ لِيَعْلَمُوا أَنَّ وَعْدَ اللَّهِ حَقٌّ وَأَنَّ السَّاعَةَ لَا رَيْبَ فِيهَا إِذْ يَتَنَازَعُونَ بَيْنَهُمْ أَمْرَهُمْ ۖ فَقَالُوا ابْنُوا عَلَيْهِم بُنْيَانًا ۖ رَّبُّهُمْ أَعْلَمُ بِهِمْ ۚ قَالَ الَّذِينَ غَلَبُوا عَلَىٰ أَمْرِهِمْ لَنَتَّخِذَنَّ عَلَيْهِم مَّسْجِدًا
စင်စစ်သော်ကား ဤနည်းနှင်နှင် ငါအရှင်မြတ်သည် (ထိုခေတ်ရှိ လူသားတို့အား)၎င်းတို့နှင့်ပတ်သက်၍ သိစေတော်မူခဲ့လေ၏။ သို့မှသာလျှင် (လူတို့သည်) အလ္လာဟ်အရှင်မြတ်၏ကတိတော် မှန်ကန်ကြောင်းကိုလည်းကောင်း၊ ကိယာမတ်ရှင်ပြန်ထမည့်နေ့နှင့် စပ်လျဉ်း၍ ဒွိဟသံသယ အလျှင်းမရှိနိုင်ကြောင်းကိုလည်းကောင်း၊ သိရှိကြပေမည်။ ထိုအခါ မြို့နေလူထုသည် ယင်း (လုလင်) တို့၏အရေးကိစ္စနှင့်စပ်လျဉ်း၍အချင်းချင်း ငြင်းခုံနေကြကုန်၏။ ထိုအခါ အချို့သူတို့က ထို(လုလင်)တို့၏အနီးတွင် အဆောက်အအုံတစ်ခုကိုတည်ဆောက်ကြလေကုန်ဟု ပြောဆိုခဲ့ကြကုန်၏။ သို့ရာတွင် မိမိတို့၏အရေး အရေးကိစ္စ၌ အောင်မြင်ခဲ့ကြသော ( အာဏာပိုင် မုအ်မြင် သက်ဝင်ယုံကြည်)သူတို့က ကျွန်ုပ်တို့မူကား ယင်း(လုလင်)တို့၏အနီးတွင် ဝတ်ကျောင်းတစ်ခုကို မုချတည်ဆောက်ကြမည်ဟု ပြောဆိုခဲ့ကြကုန်သတည်း။
22سَيَقُولُونَ ثَلَاثَةٌ رَّابِعُهُمْ كَلْبُهُمْ وَيَقُولُونَ خَمْسَةٌ سَادِسُهُمْ كَلْبُهُمْ رَجْمًا بِالْغَيْبِ ۖ وَيَقُولُونَ سَبْعَةٌ وَثَامِنُهُمْ كَلْبُهُمْ ۚ قُل رَّبِّي أَعْلَمُ بِعِدَّتِهِم مَّا يَعْلَمُهُمْ إِلَّا قَلِيلٌ ۗ فَلَا تُمَارِ فِيهِمْ إِلَّا مِرَاءً ظَاهِرًا وَلَا تَسْتَفْتِ فِيهِم مِّنْهُمْ أَحَدًا
မကြာမြင့်မီပင် (အချို့သူတို့က ယင်းလုလင်တို့မှာ)သုံးဦးဖြစ်ခဲ့ကြသည်။ ၎င်းတို့အနက် စတုတ္ထမှာ ၎င်းတို့၏ခွေးဖြစ်သည်ဟု ပြောဆိုကြပေမည်။ ထို့အပြင် (အချို့တို့ကမူ)ငါးဦးဖြစ်ခဲ့ကြသည်။ ၎င်းတို့အနက် ဆဋ္ဌမမှာ ၎င်းတို့၏ခွေးဖြစ်ခဲ့သည်ဟုပြောဆိုကြမည်။ သို့ရာတွင်(အချို့သူတို့မှာမူကား)ခုနစ်ဦးဖြစ်ခဲ့ကြသည်။ ထို့ပြင် ၎င်းတို့အနက် အဋ္ဌမမှာ ၎င်းတို့၏ခွေး ဖြစ်ခဲ့ကြသည်ဟု ပြောဆိုကြ ပေမည်။ (အို-နဗီတမနီတမန်တော်) အသင်သည် (ဤသို့) ပြောကြားပါလေ။ (အချင်းတို့၊ စင်စစ်)ငါ့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည်သာလျှင် ၎င်းတို့၏အရေအတွက်ကို အသိဆုံးဖြစ်တော်မူ၏။အနည်းငယ်မျှသောသူတို့မှအပ၊ ၎င်း(တို့၏ အရေအတွက်)ကိုမည်သူမျှမသိပေ။ သို့ဖြစ်ပေရာ (အို-နဗီတမန်တော်) အသင်သည် ၎င်းတို့နှင့်ပတ်သက်၍ အပေါ်ယံအားဖြင့် ငြင်းခုံခြင်းမှတစ်ပါး(အကြီးအကျယ်) ငြင်းခုံ(ဆွေးနွေး)ခြင်းကိုမူကား မပြုပါလေနှင့်။ ထိုမှတစ်ပါး အသင်သည် ၎င်းတို့နှင့်ပက်သက်၍ထို(ကျမ်းဂန်ရရှိသူ)တို့အနက် မည်သူတစ်ဦး တစ်ယောက်ကိုမျှမေးမြန်းခြင်းကိုလည်း မပြုပါလေနှင့်။
23وَلَا تَقُولَنَّ لِشَيْءٍ إِنِّي فَاعِلٌ ذَٰلِكَ غَدًا
၎င်းပြင် (အို-နဗီတမန်တော်)အသင်သည် မည်သည့်တစ်စုံတစ်ရာနှင့်မျှ စပ်လျဉ်း၍ ဧကန်အမှန် ငါသည် ယင်းကိစ္စကို နက်ဖြန်ပြုလုပ်အံ့ ဟူ၍ အလျှင်း မပြောဆိုပါလေနှင့်။
24إِلَّا أَن يَشَاءَ اللَّهُ ۚ وَاذْكُر رَّبَّكَ إِذَا نَسِيتَ وَقُلْ عَسَىٰ أَن يَهْدِيَنِ رَبِّي لِأَقْرَبَ مِنْ هَٰذَا رَشَدًا
သို့ရာတွင် အလ္လာဟ်အရှင်မြတ် အလိုရှိတော်မူပါလျှင်(ပြုလုပ်အံ့ဟုပြောပါလေ)။ ထိုမှတစ်ပါး အသင်သည်မေ့လျော့၍သွားခဲ့သော်(ပြန်လည်၍ သတိရလာသောအခါ ချက်ချင်း) မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ကိုအောက်မေ့တသ သတိရပါလေ။ ၎င်းပြင် အသင်သည် (၎င်းတို့အား အချင်းတို့၊)ငါ့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် တရားလမ်းညွှန်ရာ၌ ဤသည်ထက်ပိုမို၍ နီးစပ်သောအရာကို ညွှန်ပြတော်မူတန်ရာသည် ဟု ပြောကြားပါလေ။
25وَلَبِثُوا فِي كَهْفِهِمْ ثَلَاثَ مِائَةٍ سِنِينَ وَازْدَادُوا تِسْعًا
စင်စစ် (ယင်းလုလင်) တို့သည် မိမိတို့၏ဥမင်လိုဏ်ခေါင်းတွင် တိုနှစ်ပေါင်းသုံးရာနှင့်ကိုးနှစ် တိုင်တိုင် နေခဲ့ကြကုန်၏။
အလ်-ကဟ်ဖ်ကုရ်အာန် ညွှန်းကိန်း
110အာယာသ်
MeccanRevelation
23အာယာသ်
ဘာသာပြန် — အလ်-ကဟ်ဖ် 23
စူရာ အလ်-ကဟ်ဖ် အာယာသ် 23 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ၎င်းပြင် (အို-နဗီတမန်တော်)အသင်သည် မည်သည့်တစ်စုံတစ်ရာနှင့်မျှ စပ်လျဉ်း၍ ဧကန်အမှန် ငါသည် ယင်းကိစ္စကို နက်ဖြန်ပြုလုပ်အံ့ ဟူ၍ အလျှင်း…စူရာ အာယာသ် 23/110 — အလ်-ကဟ်ဖ် الكهف (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: အလ်-ကဟ်ဖ် နားထောင်, အလ်-ကဟ်ဖ် ဘာသာပြန်, အလ်-ကဟ်ဖ် mp3, အလ်-ကဟ်ဖ် pdf. အာယာသ် 21–25. မြန်မာဘာသာ: ภาษาไทย.
العربية
English
Bahasa Indonesia
Türkçe
Русский
فارسی
Français
اردو
বাংলা
Deutsch
Español
中文
हिन्दी
Português
Italiano
ภาษาไทย
Polski
Nederlands
Shqip
Kiswahili
O'zbek
தமிழ்
Melayu
Bosanski
Soomaali
Azərbaycan
کوردی
한국어
日本語
Svenska
Dansk
Norsk
پښتو
മലയാളം
සිංහල
Tamazight
Hausa
አማርኛ
Български
Тоҷикӣ
Қазақша
Filipino
سنڌي
Yorùbá
Fulfulde
Татарча
ئۇيغۇرچە
Кыргызча
ਪੰਜਾਬੀ
Jawa
తెలుగు
မြန်မာ
ગુજરાતી
Oromo
मराठी
Tiếng Việt
Malagasy
Нохчийн
Wolof
ދިވެހި
ಕನ್ನಡ
Українська
Ελληνικά
ქართული
ខ្មែរ
دری
Qafar af
Maranao
नेपाली
ကုရ်အာန်ကျမ်း
Tuesday, August 18, 2026
Don't forget us in your sincere prayers








