အလ်-ကဟ်ဖ် · 24/110
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ကဟ်ဖ်
إِلَّا أَن يَشَاءَ اللَّهُ ۚ وَاذْكُر رَّبَّكَ إِذَا نَسِيتَ وَقُلْ عَسَىٰ أَن يَهْدِيَنِ رَبِّي لِأَقْرَبَ مِنْ هَٰذَا رَشَدًا ۝٢٤
Illaaa any yashaaa`al laah; wazkur Rabbaka izaa naseeta wa qul `asaaa any yahdiyani Rabbee li aqraba min haazaa rashadaa
📖 မြန်မာဘာသာ
သို့ရာတွင် အလ္လာဟ်အရှင်မြတ် အလိုရှိတော်မူပါလျှင်(ပြုလုပ်အံ့ဟုပြောပါလေ)။ ထိုမှတစ်ပါး အသင်သည်မေ့လျော့၍သွားခဲ့သော်(ပြန်လည်၍ သတိရလာသောအခါ ချက်ချင်း) မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ကိုအောက်မေ့တသ သတိရပါလေ။ ၎င်းပြင် အသင်သည် (၎င်းတို့အား အချင်းတို့၊)ငါ့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် တရားလမ်းညွှန်ရာ၌ ဤသည်ထက်ပိုမို၍ နီးစပ်သောအရာကို ညွှန်ပြတော်မူတန်ရာသည် ဟု ပြောကြားပါလေ။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ ခက်ခဲသောစကားလုံးများ၏ အဓိပ္ပာယ်များ

  • إِلَّا أَن يَشَاءَ اللَّهُ — အလ္လာဟ်အရှင်မြတ် အလိုရှိတော်မူလျှင် မှတစ်ပါး။ ဆိုလိုသည်မှာ အနာဂတ်တွင် ပြုလုပ်မည့်အရာတစ်ခုခုကို ပြောဆိုသည့်အခါ “အင်ရှာအလ္လာဟ်” (အလ္လာဟ်အရှင်မြတ် အလိုရှိတော်မူလျှင်) ဟု ဆက်စပ်ပြောဆိုရမည်ဟု ဆိုလိုသည်။
  • وَاذْكُر رَّبَّكَ — သင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ကို သတိရတည်ရှိပါ။
  • إِذَا نَسِيتَ — သင်မေ့လျော့သွားသည့်အခါ။
  • عَسَىٰ — မျှော်လင့်ချက်ဖြင့် “ဖြစ်နိုင်ပါသည်” ဟု ဆိုလိုသည်။
  • يَهْدِيَنِ — ကျွန်ုပ်အား လမ်းညွှန်ပြသတော်မူပါ။
  • رَشَدًا — မှန်ကန်သောလမ်းစဉ်၊ ဖြောင့်မတ်သော လမ်းညွှန်မှု။

၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

အနာဂတ်တွင် ပြုလုပ်မည့်အရာတစ်ခုခုကို “ငါ မနက်ဖြန် ဤအရာကို ပြုလုပ်မည်” ဟု ပြောဆိုသည့်အခါ “အင်ရှာအလ္လာဟ်” ဟု အလ္လာဟ်အရှင်မြတ်၏ အလိုတော်ကို ဆက်စပ်ဖော်ပြခြင်းမရှိဘဲ ပြောဆိုခြင်းမပြုရန် ဤအာယသ်တော်က သွန်သင်ပေးထားပါသည်။ အကယ်၍ မေ့လျော့၍ “အင်ရှာအလ္လာဟ်” ဟု မပြောမိဘဲ ကျန်ခဲ့ပါက သတိရလာသည့်အခါ အလ္လာဟ်အရှင်မြတ်ကို သတိရတည်ရှိပြီး “အင်ရှာအလ္လာဟ်” ဟု ဆိုရမည်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်ကို အမြဲသတိရတည်ရှိခြင်းသည် မေ့လျော့မှုကို ဖယ်ရှားပေးနိုင်ပါသည်။ ထို့အပြင် “ကျွန်ုပ်၏အရှင်မြတ်သည် ကျွန်ုပ်အား ဤထက်ပင် ပို၍နီးကပ်သော မှန်ကန်သည့်လမ်းစဉ်သို့ လမ်းညွှန်ပြသတော်မူပါလိမ့်မည်” ဟု မျှော်လင့်ချက်ဖြင့် ဆိုသင့်ပါသည်။ ဆိုလိုသည်မှာ လူသားသည် မိမိပြုလုပ်မည့်အရာများတွင် အလ္လာဟ်အရှင်မြတ်၏ အလိုတော်ကို အမြဲဆက်စပ်ပြီး အရှင်မြတ်ထံမှ လမ်းညွှန်မှုကို အမြဲတောင်းခံသင့်ပါသည်။ အရှင်မြတ်သည် လူသားအား မိမိအလိုတော်မပါဘဲ ကတိမပေးမိစေရန် သတိပေးလမ်းညွှန်ပေးတော်မူပါသည်။

၃။ ဤအာယသ်တော်မှ ရရှိနိုင်သော အကျိုးကျေးဇူးများ

  • အနာဂတ်နှင့်ပတ်သက်၍ ပြောဆိုသည့်အခါတိုင်း “အင်ရှာအလ္လာဟ်” ဟု ဆိုခြင်းသည် အလ္လာဟ်အရှင်မြတ်အပေါ် ယုံကြည်ကိုးစားမှုကို ပြသခြင်းဖြစ်ပြီး မိမိကိုယ်ကို ခန့်မှန်းချက်များဖြင့် မချည်နှောင်မိစေရန် ကာကွယ်ပေးပါသည်။
  • မေ့လ


📜 အာယာသ် 22-26 — စူရာ အလ်-ကဟ်ဖ်

22سَيَقُولُونَ ثَلَاثَةٌ رَّابِعُهُمْ كَلْبُهُمْ وَيَقُولُونَ خَمْسَةٌ سَادِسُهُمْ كَلْبُهُمْ رَجْمًا بِالْغَيْبِ ۖ وَيَقُولُونَ سَبْعَةٌ وَثَامِنُهُمْ كَلْبُهُمْ ۚ قُل رَّبِّي أَعْلَمُ بِعِدَّتِهِم مَّا يَعْلَمُهُمْ إِلَّا قَلِيلٌ ۗ فَلَا تُمَارِ فِيهِمْ إِلَّا مِرَاءً ظَاهِرًا وَلَا تَسْتَفْتِ فِيهِم مِّنْهُمْ أَحَدًا
မကြာမြင့်မီပင် (အချို့သူတို့က ယင်းလုလင်တို့မှာ)သုံးဦးဖြစ်ခဲ့ကြသည်။ ၎င်းတို့အနက် စတုတ္ထမှာ ၎င်းတို့၏ခွေးဖြစ်သည်ဟု ပြောဆိုကြပေမည်။ ထို့အပြင် (အချို့တို့ကမူ)ငါးဦးဖြစ်ခဲ့ကြသည်။ ၎င်းတို့အနက် ဆဋ္ဌမမှာ ၎င်းတို့၏ခွေးဖြစ်ခဲ့သည်ဟုပြောဆိုကြမည်။ သို့ရာတွင်(အချို့သူတို့မှာမူကား)ခုနစ်ဦးဖြစ်ခဲ့ကြသည်။ ထို့ပြင် ၎င်းတို့အနက် အဋ္ဌမမှာ ၎င်းတို့၏ခွေး ဖြစ်ခဲ့ကြသည်ဟု ပြောဆိုကြ ပေမည်။ (အို-နဗီတမနီတမန်တော်) အသင်သည် (ဤသို့) ပြောကြားပါလေ။ (အချင်းတို့၊ စင်စစ်)ငါ့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည်သာလျှင် ၎င်းတို့၏အရေအတွက်ကို အသိဆုံးဖြစ်တော်မူ၏။အနည်းငယ်မျှသောသူတို့မှအပ၊ ၎င်း(တို့၏ အရေအတွက်)ကိုမည်သူမျှမသိပေ။ သို့ဖြစ်ပေရာ (အို-နဗီတမန်တော်) အသင်သည် ၎င်းတို့နှင့်ပတ်သက်၍ အပေါ်ယံအားဖြင့် ငြင်းခုံခြင်းမှတစ်ပါး(အကြီးအကျယ်) ငြင်းခုံ(ဆွေးနွေး)ခြင်းကိုမူကား မပြုပါလေနှင့်။ ထိုမှတစ်ပါး အသင်သည် ၎င်းတို့နှင့်ပက်သက်၍ထို(ကျမ်းဂန်ရရှိသူ)တို့အနက် မည်သူတစ်ဦး တစ်ယောက်ကိုမျှမေးမြန်းခြင်းကိုလည်း မပြုပါလေနှင့်။
23وَلَا تَقُولَنَّ لِشَيْءٍ إِنِّي فَاعِلٌ ذَٰلِكَ غَدًا
၎င်းပြင် (အို-နဗီတမန်တော်)အသင်သည် မည်သည့်တစ်စုံတစ်ရာနှင့်မျှ စပ်လျဉ်း၍ ဧကန်အမှန် ငါသည် ယင်းကိစ္စကို နက်ဖြန်ပြုလုပ်အံ့ ဟူ၍ အလျှင်း မပြောဆိုပါလေနှင့်။
24إِلَّا أَن يَشَاءَ اللَّهُ ۚ وَاذْكُر رَّبَّكَ إِذَا نَسِيتَ وَقُلْ عَسَىٰ أَن يَهْدِيَنِ رَبِّي لِأَقْرَبَ مِنْ هَٰذَا رَشَدًا
သို့ရာတွင် အလ္လာဟ်အရှင်မြတ် အလိုရှိတော်မူပါလျှင်(ပြုလုပ်အံ့ဟုပြောပါလေ)။ ထိုမှတစ်ပါး အသင်သည်မေ့လျော့၍သွားခဲ့သော်(ပြန်လည်၍ သတိရလာသောအခါ ချက်ချင်း) မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ကိုအောက်မေ့တသ သတိရပါလေ။ ၎င်းပြင် အသင်သည် (၎င်းတို့အား အချင်းတို့၊)ငါ့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် တရားလမ်းညွှန်ရာ၌ ဤသည်ထက်ပိုမို၍ နီးစပ်သောအရာကို ညွှန်ပြတော်မူတန်ရာသည် ဟု ပြောကြားပါလေ။
25وَلَبِثُوا فِي كَهْفِهِمْ ثَلَاثَ مِائَةٍ سِنِينَ وَازْدَادُوا تِسْعًا
စင်စစ် (ယင်းလုလင်) တို့သည် မိမိတို့၏ဥမင်လိုဏ်ခေါင်းတွင် တိုနှစ်ပေါင်းသုံးရာနှင့်ကိုးနှစ် တိုင်တိုင် နေခဲ့ကြကုန်၏။
26قُلِ اللَّهُ أَعْلَمُ بِمَا لَبِثُوا ۖ لَهُ غَيْبُ السَّمَاوَاتِ وَالْأَرْضِ ۖ أَبْصِرْ بِهِ وَأَسْمِعْ ۚ مَا لَهُم مِّن دُونِهِ مِن وَلِيٍّ وَلَا يُشْرِكُ فِي حُكْمِهِ أَحَدًا
(အို-နဗီတမန်တော်) အသင်သည်(၎င်းတို့အားအချင်းတို့) ယင်း(လုလင်)တို့နေခဲ့ကြသောအချိန်ကာလ နှစ်ပရိစ္ဆေဒကို အလ္လာဟ်အရှင်မြတ်သည်သာလျှင် အသိဆုံးဖြစ်တော်မူကြောင်း။ (စင်စစ်)မိုးကောင်းကင်များရှိ ဖုံးကွယ်လျက်ရှိကုန်သောအရာများကိုလည်းကောင်း၊ ပထဝီမြေရှိ ဖုံးကွယ်လျှက်ရှိကုန်သောအရာများကိုလည်းကောင်း၊ သိစွမ်းနိုင်မှုသည် အလ္လာဟ်အရှင်မြတ်၌သာရှိနေပေရာ၊ ထိုအရှင်မြတ်သည် အဘယ်မျှ မြင်တော်မူသောအရှင်၊ အဘယ်မျှ ကြားတော်မူသောအရှင်ဖြစ်တော်မူကြောင်း၊ ထိုသူတို့အဖို့ ထိုအရှင်မြတ်မှတစ်ပါး ကိစ္စအဝဝကိုပြီးစီးအောင်ပြုလုပ်၍ ပေးမည့်သူဟူ၍ တစ်ဦးတစ်ယောက်မျှမရှိကြောင်း၊ စင်စစ် ထိုအရှင်မြတ်သည် မိမိအမိန့်ပြဋ္ဌာန်းမှုတွင်မည်သူတစ်ဦးတစ်ယောက်ကိုမျှပင် ဖက်စပ်ပါဝင်စေတော်မူသည် မဟုတ်ကြောင်း၊ ပြောကြားပါလေ။
အလ်-ကဟ်ဖ်ကုရ်အာန် ညွှန်းကိန်း
110အာယာသ်
MeccanRevelation
24အာယာသ်

ဘာသာပြန် — အလ်-ကဟ်ဖ် 24

စူရာ အလ်-ကဟ်ဖ် အာယာသ် 24 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : သို့ရာတွင် အလ္လာဟ်အရှင်မြတ် အလိုရှိတော်မူပါလျှင်(ပြုလုပ်အံ့ဟုပြောပါလေ)။ ထိုမှတစ်ပါး အသင်သည်မေ့လျော့၍သွားခဲ့သော်(ပြန်လည်၍ သတိရလာသောအခါ ချက်ချင်း) မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ကိုအောက်မေ့တသ…

စူရာ အာယာသ် 24/110 — စူရာ အလ်-ကဟ်ဖ် الكهف (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ကဟ်ဖ် နားထောင်, စူရာ အလ်-ကဟ်ဖ် ဘာသာပြန်, စူရာ အလ်-ကဟ်ဖ် mp3, စူရာ အလ်-ကဟ်ဖ် pdf. အာယာသ် 22–26. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers