အလ်-ဗကရ · 108/286
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ဗကရ
أَمْ تُرِيدُونَ أَن تَسْأَلُوا رَسُولَكُمْ كَمَا سُئِلَ مُوسَىٰ مِن قَبْلُ ۗ وَمَن يَتَبَدَّلِ الْكُفْرَ بِالْإِيمَانِ فَقَدْ ضَلَّ سَوَاءَ السَّبِيلِ ۝١٠٨
Am tureedoona an tas`aloo Rasoolakum kamaa su`ila Moosa min qabl; wa mai yatabaddalil kufra bil eemaani faqad dalla sawaaa`as sabeel
📖 မြန်မာဘာသာ
(အို-အစ္စရာအီလ်၏ မျိုးနွယ်ဝံသအပေါင်းတို့) ရှေးအထက်ကျော်ကာလ၌ (အသင်တို့၏ ဘိုးဘေးများက) နဗီတမန်တော်မူစာ (အလိုင်ဟစ္စလာမ်) အား (မလျော်ကန်သောအချက်များကို) တောင်းဆို မေးမြန်းကြသကဲ့သို့ အသင်တို့ကလည်း မိမိတို့ခေတ်၌ ပွင့်တော်မူသော နဗီတမန်တော်(မိုဟမ္မဒ် ဆွာလ္လလ္လာဟု အလိုင်ဟိ ဝစလ္လာမ်) အား ထိုကဲ့သို့ပင် တောင်းဆို မေးမြန်းရန် အလိုဆန္ဒ ရှိကြပါသလော။ မည်သူမဆို ယုံကြည်ခြင်းသဒ္ဓါတရားကို စွန့်ပယ်၍ မိစ္ဆာအယူကို လဲလှယ်(လက်ခံ) နာယူပါမူ၊ ထိုသူသည် မချွတ်ဧကန် ဖြောင့်မတ် မှန်ကန်သော လမ်းမှ တိမ်းပါး လွဲချော်သွားချေပြီ။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 106-110 — စူရာ အလ်-ဗကရ

106۞ مَا نَنسَخْ مِنْ آيَةٍ أَوْ نُنسِهَا نَأْتِ بِخَيْرٍ مِّنْهَا أَوْ مِثْلِهَا ۗ أَلَمْ تَعْلَمْ أَنَّ اللَّهَ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ
အကယ်၍ ငါအရှင်သည် အကြင် အာယတ်တော်(၏အမိန့်တော်)ကို ရပ်စဲတော်မူအံ့၊ သို့တည်း မဟုတ် ထိုအာယတ်တော်ကိုပင် မေ့ပျောက်စေတော် မူအံ့၊ ငါအရှင်သည် ထိုအာယတ်တော်ထက် ပိုမို သင့်မြတ်သော အာယတ်တော်ကို သော်လည်းကောင်း၊ ထိုအာယတ်တော်နှင့် အလားတူ အာယတ်တော်ကို သော်လည်းကောင်း၊ ထုတ်ပြန်ပို့ချတော်မူသည်။ ဧကန်အမှန် အလ္လာဟ် အရှင်မြတ်သည် ချင့်ချိန် မှန်းဆ၍ စွမ်းဆောင်နိုင်တော်မူသော အနန္တတန်ခိုးတော်ရှင်ဖြစ်သည်ကို အသင်သည် မသိပါသလော။
107أَلَمْ تَعْلَمْ أَنَّ اللَّهَ لَهُ مُلْكُ السَّمَاوَاتِ وَالْأَرْضِ ۗ وَمَا لَكُم مِّن دُونِ اللَّهِ مِن وَلِيٍّ وَلَا نَصِيرٍ
(ထိုမှတပါးတုံ၊ အို-နဗီတမန်တော်) ကောင်းကင်ဘုံများနှင့် ပထဝီမြေကို (ငါ)အလ္လာဟ် အရှင် မြတ်သာလျှင် စိုးပိုင်တော်မူကြောင်း အသင် မသိလေသလော၊ ထို့ပြင်တဝ(အို-လူသားတို့) အသင်တို့အဘို့အရာ အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားမည်သူ တစ်ဦးတစ်ယောက်မျှ ကြည့်ရှုစောင့်ရှောက်မည့်သူ ဟူ၍လည်းကောင်း၊ ကူညီ မစမည့်သူ ဟူ၍လည်းကောင်း၊ မရှိချေ။
108أَمْ تُرِيدُونَ أَن تَسْأَلُوا رَسُولَكُمْ كَمَا سُئِلَ مُوسَىٰ مِن قَبْلُ ۗ وَمَن يَتَبَدَّلِ الْكُفْرَ بِالْإِيمَانِ فَقَدْ ضَلَّ سَوَاءَ السَّبِيلِ
(အို-အစ္စရာအီလ်၏ မျိုးနွယ်ဝံသအပေါင်းတို့) ရှေးအထက်ကျော်ကာလ၌ (အသင်တို့၏ ဘိုးဘေးများက) နဗီတမန်တော်မူစာ (အလိုင်ဟစ္စလာမ်) အား (မလျော်ကန်သောအချက်များကို) တောင်းဆို မေးမြန်းကြသကဲ့သို့ အသင်တို့ကလည်း မိမိတို့ခေတ်၌ ပွင့်တော်မူသော နဗီတမန်တော်(မိုဟမ္မဒ် ဆွာလ္လလ္လာဟု အလိုင်ဟိ ဝစလ္လာမ်) အား ထိုကဲ့သို့ပင် တောင်းဆို မေးမြန်းရန် အလိုဆန္ဒ ရှိကြပါသလော။ မည်သူမဆို ယုံကြည်ခြင်းသဒ္ဓါတရားကို စွန့်ပယ်၍ မိစ္ဆာအယူကို လဲလှယ်(လက်ခံ) နာယူပါမူ၊ ထိုသူသည် မချွတ်ဧကန် ဖြောင့်မတ် မှန်ကန်သော လမ်းမှ တိမ်းပါး လွဲချော်သွားချေပြီ။
109وَدَّ كَثِيرٌ مِّنْ أَهْلِ الْكِتَابِ لَوْ يَرُدُّونَكُم مِّن بَعْدِ إِيمَانِكُمْ كُفَّارًا حَسَدًا مِّنْ عِندِ أَنفُسِهِم مِّن بَعْدِ مَا تَبَيَّنَ لَهُمُ الْحَقُّ ۖ فَاعْفُوا وَاصْفَحُوا حَتَّىٰ يَأْتِيَ اللَّهُ بِأَمْرِهِ ۗ إِنَّ اللَّهَ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ
စင်စစ်မှာမူကား ကျမ်းဂန် ရရှိကြကုန်သော(ယဟူဒီဘာသာဝင်များ) အနက်မ ှမြောက်မြားစွာသော သူတို့သည်၊ ထင်ရှားခဲ့ပြီး အမှန်သည် ယင်းသူတို့အဘို့ နောက်သော်မှပင် မိမိတို့စိတ်တွင်း၌ ထားရှိကြကုန်သော မနာလို ဝန်တို ငြူစူခြင်း သဘောများကြောင့် အသင်တို့အား ‘မုစ်လင်မ်’ဘဝမှတဖန် ကာဖိရ်ဘဝသို့ ပြန်လည် ပို့ဆောင်လိုကြသည်။ သို့ဖြစ်ငြားသော် လည်း၊ အလ္လာဟ် အရှင်မြတ်အထံတော်မှ အမိန့်တော် ကျရောက်လာသည့်တိုင်အောင် အသင်တို့သည်၊ ခန္တီ တရားကို အမြဲထား၍ ယင်းသူတို့အား လျစ်လျူရှုကာ ခွင့်လွှတ်နေကြကုန်။ ဧကန်မုချ အလ္လာဟ် အရှင်မြတ် သည် အရာခပ်သိမ်းတို့ အပေါ်ဝယ် စွမ်းဆောင် နိုင်တော်မူသော အနန္တတန်ခိုးတော်ရှင်တည်း။
110وَأَقِيمُوا الصَّلَاةَ وَآتُوا الزَّكَاةَ ۚ وَمَا تُقَدِّمُوا لِأَنفُسِكُم مِّنْ خَيْرٍ تَجِدُوهُ عِندَ اللَّهِ ۗ إِنَّ اللَّهَ بِمَا تَعْمَلُونَ بَصِيرٌ
ထိုမှတပါး အသင်တို့သည် ဆွလာတ် ဝတ်ပြုခြင်းကို အမြဲတစေ ဆောက်တည်ကြလေကုန်၊ ၎င်းပြင်အသင်တို့သည် ဇကာတ် တရားဝင်ဒါန ကြေးများကို ပေးဆောင်ကြလေကုန်။ ထို့ပြင်တဝ အသင်တို့သည် မည်သည် ကောင်းမှုကုသိုလ်ကိုမဆို မိမိတို့အဘို့အရာ ရှေ့သို့ တင်ကြိုပို့ထားနှင့်ကြပါမူ အလ္လာဟ်အရှင်မြတ် အထံတော်မှ ယင်းကောင်းမှု(၏ ကုသိုလ်အကျိုး) ကို အသင်တို့ရရှိကြအံ့၊ မုချအမှန် အလ္လာဟ် အရှင်မြတ်သည် အသင်တို့ပြုမူကြ ကုန်သောအရာခပ်သိမ်းတို့ကို အကြွင်းမရှိ သိမြင်တော်မူသောအရှင် ဖြစ်တော်မူ၏။
အလ်-ဗကရကုရ်အာန် ညွှန်းကိန်း
286အာယာသ်
MedinanRevelation
108အာယာသ်

ဘာသာပြန် — အလ်-ဗကရ 108

စူရာ အလ်-ဗကရ အာယာသ် 108 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (အို-အစ္စရာအီလ်၏ မျိုးနွယ်ဝံသအပေါင်းတို့) ရှေးအထက်ကျော်ကာလ၌ (အသင်တို့၏ ဘိုးဘေးများက) နဗီတမန်တော်မူစာ (အလိုင်ဟစ္စလာမ်) အား (မလျော်ကန်သောအချက်များကို) တောင်းဆို…

စူရာ အာယာသ် 108/286 — စူရာ အလ်-ဗကရ البقرة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဗကရ နားထောင်, စူရာ အလ်-ဗကရ ဘာသာပြန်, စူရာ အလ်-ဗကရ mp3, စူရာ အလ်-ဗကရ pdf. အာယာသ် 106–110. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Monday, September 28, 2026

Don't forget us in your sincere prayers