အလ်-ဗကရ · 107/286
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ဗကရ
أَلَمْ تَعْلَمْ أَنَّ اللَّهَ لَهُ مُلْكُ السَّمَاوَاتِ وَالْأَرْضِ ۗ وَمَا لَكُم مِّن دُونِ اللَّهِ مِن وَلِيٍّ وَلَا نَصِيرٍ ۝١٠٧
Alam ta`lam annallaaha lahoo mulkus samaawaati wal ard; wa maa lakum min doonil laahi minw waliyyinw wa laa naseer
📖 မြန်မာဘာသာ
(ထိုမှတပါးတုံ၊ အို-နဗီတမန်တော်) ကောင်းကင်ဘုံများနှင့် ပထဝီမြေကို (ငါ)အလ္လာဟ် အရှင် မြတ်သာလျှင် စိုးပိုင်တော်မူကြောင်း အသင် မသိလေသလော၊ ထို့ပြင်တဝ(အို-လူသားတို့) အသင်တို့အဘို့အရာ အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားမည်သူ တစ်ဦးတစ်ယောက်မျှ ကြည့်ရှုစောင့်ရှောက်မည့်သူ ဟူ၍လည်းကောင်း၊ ကူညီ မစမည့်သူ ဟူ၍လည်းကောင်း၊ မရှိချေ။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ:
  • مُلْكُ (မုလ်က်): ပိုင်ဆိုင်မှု၊ အုပ်စိုးမှု၊ စိုးမိုးအာဏာ။
  • وَلِيٍّ (ဝလီယွန်): ကူညီစောင့်ရှောက်သူ၊ အုပ်ထိန်းသူ၊ မိတ်ဆွေစစ်စစ်။
  • نَصِيرٍ (နဆီးရ်): ကယ်တင်သူ၊ ကူညီသူ၊ ရန်သူများမှ ကာကွယ်ပေးသူ။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်:

အို တမန်တော်မုဟမ္မဒ် (ဆွ)၊ မိမိနှင့် မိမိ၏ အွမ္မသ်တို့သည် အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်များနှင့် မြေကြီးကို ပိုင်ဆိုင်တော်မူကြောင်း မသိခဲ့ကြသလော။ အရှင်မြတ်သည် မိုးကောင်းကင်များနှင့် မြေကြီးကို အလိုရှိတော်မူသည့်အတိုင်း အုပ်စိုးတော်မူသည်။ အရှင်မြတ်သည် အလိုရှိတော်မူသည့်အတိုင်း စီရင်ဆုံးဖြတ်တော်မူသည်။ မိမိ၏ ကျေးကျွန်များကို အလိုရှိတော်မူသည့်အတိုင်း အမိန့်ပေးတော်မူပြီး တားမြစ်တော်မူသည်။ ရှရီအသ်ဥပဒေသတ်မှတ်ချက်များကို အလိုရှိတော်မူသည့်အတိုင်း ပြဋ္ဌာန်းတော်မူပြီး အလိုရှိတော်မူသည့်အခါ ဖျက်သိမ်းတော်မူသည်။ သင်တို့အတွက် အလ္လာဟ်အရှင်မြတ်မှတစ်ပါး သင်တို့၏ အရေးကိစ္စများကို စောင့်ရှောက်ကူညီမည့် မိတ်ဆွေစစ်စစ် မရှိပါ။ သင်တို့မှ ဘေးအန္တရာယ်များကို ကာကွယ်တားဆီးပေးမည့် ကယ်တင်ရှင်လည်း မရှိပါ။ အမှန်မှာ အလ္လာဟ်အရှင်မြတ်သာလျှင် ထိုအရာအားလုံးကို စောင့်ရှောက်ကူညီတော်မူသူဖြစ်ပြီး ထိုအရာအားလုံးကို စွမ်းဆောင်နိုင်တော်မူသူ ဖြစ်တော်မူသည်။

  1. ဤအာယသ်တော်မှ ရရှိနိုင်သော အကျိုးကျေးဇူးများနှင့် အစ္စလာမ်သာသနာနှင့် ကုရ်အာန်ကျမ်းတော်မြတ်ကို ချစ်မြတ်နိုးလာစေမည့် သင်ခန်းစာများ:
  • အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်များနှင့် မြေကြီးတစ်ခုလုံးကို ပိုင်ဆိုင်တော်မူသော အရှင်ဖြစ်ကြောင်း သိရှိခြင်းသည် မွတ်စ်လင်မ်တို့၏ စိတ်နှလုံးကို ငြိမ်းချမ်းမှုနှင့် ယုံကြည်မှု ခိုင်မာစေသည်။
  • အရှင်မြတ်သာလျှင် စစ်မှန်သော ကူညီစောင့်ရှောက်သူနှင့် ကယ်တင်ရှင်ဖြစ်ကြောင်း သိရှိခြင်းသည် အခြားသူများအပေါ် မှီခိုအားထားမှုကို လျှော့ချပေးပြီး အလ္လာဟ်အရှင်မြတ်အပေါ်သာ ယုံကြည်ကိုးစားမှုကို တိုးပွားစေသည်။
  • အရှင်မြတ်သည် အလိုရှိတော်မူသည့်အတိုင်း စီရင်ဆုံးဖြတ်နိုင်သော အစွမ်းတော်ရှိကြောင်း နားလည


📜 အာယာသ် 105-109 — စူရာ အလ်-ဗကရ

105مَّا يَوَدُّ الَّذِينَ كَفَرُوا مِنْ أَهْلِ الْكِتَابِ وَلَا الْمُشْرِكِينَ أَن يُنَزَّلَ عَلَيْكُم مِّنْ خَيْرٍ مِّن رَّبِّكُمْ ۗ وَاللَّهُ يَخْتَصُّ بِرَحْمَتِهِ مَن يَشَاءُ ۚ وَاللَّهُ ذُو الْفَضْلِ الْعَظِيمِ
အထက်ကျော်ကာလများက ကျမ်းရခဲ့ပြီးဖြစ်သော လူတို့အနက်မှ သော်လည်းကောင်း၊ တစ်ဆူတည်းသော အလ္လာဟ်အရှင်မြတ်နှင့် တွဲဘက်ယှဉ်တွဲ၍ အခြားအရာများကိုပါ ကိုးကွယ်ကြသော သူများအနက်မှသော်လည်းကောင်း၊(အလ္လာဟ်အရှင်မြတ်ကို) မယုံမကြည် သွေဖည်ငြင်းဆန်သော သူတို့သည် အသင်တို့အား ပြုစုပျိုးထောင် မွေးမြူတော်မူသော အလ္လာဟ်အရှင်မြတ်၏ အထံတော်မှ အသင်တို့အထံဝယ် မည်သည့်ကောင်းကျိုးချမ်းသာ (ကြီးပွားရာကြီးပွားကြောင်းနှင့် အမိန့်ဗျာဒိတ်တော်များ) ပို့ချပေးသနားတော်မူခြင်းကို(လုံးဝ) မနှစ်သက်ကြချေ။ သို့ရာတွင် (ယင်းသူတို့၏ မနာလိုဝန်တို ဣဿာမစ္ဆရိယစိတ်စေတနာ ထားခြင်းသည် အချည်းနှီးပင်တည်း)။အဘယ်ကြောင့်ဟူမူ အလ္လာဟ် အရှင်မြတ်သည် မိမိနှစ်လိုတော်မူသောသူများကို (သာလျှင်) မိမိကရုဏာ တော်မြတ် (သက်ရောက်စေတော်မူရန်) သီးသန့် ခြားနားရွေးကောက်တော်မူလေသည်။ အမှန်သော်ကား အလ္လာဟ် အရှင်မြတ်သည် မြင့်မြတ်သော ကျေးဇူးတော်အပေါင်းနှင့် ပြည့်စုံတော်မူသော အရှင်တည်း။
106۞ مَا نَنسَخْ مِنْ آيَةٍ أَوْ نُنسِهَا نَأْتِ بِخَيْرٍ مِّنْهَا أَوْ مِثْلِهَا ۗ أَلَمْ تَعْلَمْ أَنَّ اللَّهَ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ
အကယ်၍ ငါအရှင်သည် အကြင် အာယတ်တော်(၏အမိန့်တော်)ကို ရပ်စဲတော်မူအံ့၊ သို့တည်း မဟုတ် ထိုအာယတ်တော်ကိုပင် မေ့ပျောက်စေတော် မူအံ့၊ ငါအရှင်သည် ထိုအာယတ်တော်ထက် ပိုမို သင့်မြတ်သော အာယတ်တော်ကို သော်လည်းကောင်း၊ ထိုအာယတ်တော်နှင့် အလားတူ အာယတ်တော်ကို သော်လည်းကောင်း၊ ထုတ်ပြန်ပို့ချတော်မူသည်။ ဧကန်အမှန် အလ္လာဟ် အရှင်မြတ်သည် ချင့်ချိန် မှန်းဆ၍ စွမ်းဆောင်နိုင်တော်မူသော အနန္တတန်ခိုးတော်ရှင်ဖြစ်သည်ကို အသင်သည် မသိပါသလော။
107أَلَمْ تَعْلَمْ أَنَّ اللَّهَ لَهُ مُلْكُ السَّمَاوَاتِ وَالْأَرْضِ ۗ وَمَا لَكُم مِّن دُونِ اللَّهِ مِن وَلِيٍّ وَلَا نَصِيرٍ
(ထိုမှတပါးတုံ၊ အို-နဗီတမန်တော်) ကောင်းကင်ဘုံများနှင့် ပထဝီမြေကို (ငါ)အလ္လာဟ် အရှင် မြတ်သာလျှင် စိုးပိုင်တော်မူကြောင်း အသင် မသိလေသလော၊ ထို့ပြင်တဝ(အို-လူသားတို့) အသင်တို့အဘို့အရာ အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားမည်သူ တစ်ဦးတစ်ယောက်မျှ ကြည့်ရှုစောင့်ရှောက်မည့်သူ ဟူ၍လည်းကောင်း၊ ကူညီ မစမည့်သူ ဟူ၍လည်းကောင်း၊ မရှိချေ။
108أَمْ تُرِيدُونَ أَن تَسْأَلُوا رَسُولَكُمْ كَمَا سُئِلَ مُوسَىٰ مِن قَبْلُ ۗ وَمَن يَتَبَدَّلِ الْكُفْرَ بِالْإِيمَانِ فَقَدْ ضَلَّ سَوَاءَ السَّبِيلِ
(အို-အစ္စရာအီလ်၏ မျိုးနွယ်ဝံသအပေါင်းတို့) ရှေးအထက်ကျော်ကာလ၌ (အသင်တို့၏ ဘိုးဘေးများက) နဗီတမန်တော်မူစာ (အလိုင်ဟစ္စလာမ်) အား (မလျော်ကန်သောအချက်များကို) တောင်းဆို မေးမြန်းကြသကဲ့သို့ အသင်တို့ကလည်း မိမိတို့ခေတ်၌ ပွင့်တော်မူသော နဗီတမန်တော်(မိုဟမ္မဒ် ဆွာလ္လလ္လာဟု အလိုင်ဟိ ဝစလ္လာမ်) အား ထိုကဲ့သို့ပင် တောင်းဆို မေးမြန်းရန် အလိုဆန္ဒ ရှိကြပါသလော။ မည်သူမဆို ယုံကြည်ခြင်းသဒ္ဓါတရားကို စွန့်ပယ်၍ မိစ္ဆာအယူကို လဲလှယ်(လက်ခံ) နာယူပါမူ၊ ထိုသူသည် မချွတ်ဧကန် ဖြောင့်မတ် မှန်ကန်သော လမ်းမှ တိမ်းပါး လွဲချော်သွားချေပြီ။
109وَدَّ كَثِيرٌ مِّنْ أَهْلِ الْكِتَابِ لَوْ يَرُدُّونَكُم مِّن بَعْدِ إِيمَانِكُمْ كُفَّارًا حَسَدًا مِّنْ عِندِ أَنفُسِهِم مِّن بَعْدِ مَا تَبَيَّنَ لَهُمُ الْحَقُّ ۖ فَاعْفُوا وَاصْفَحُوا حَتَّىٰ يَأْتِيَ اللَّهُ بِأَمْرِهِ ۗ إِنَّ اللَّهَ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ
စင်စစ်မှာမူကား ကျမ်းဂန် ရရှိကြကုန်သော(ယဟူဒီဘာသာဝင်များ) အနက်မ ှမြောက်မြားစွာသော သူတို့သည်၊ ထင်ရှားခဲ့ပြီး အမှန်သည် ယင်းသူတို့အဘို့ နောက်သော်မှပင် မိမိတို့စိတ်တွင်း၌ ထားရှိကြကုန်သော မနာလို ဝန်တို ငြူစူခြင်း သဘောများကြောင့် အသင်တို့အား ‘မုစ်လင်မ်’ဘဝမှတဖန် ကာဖိရ်ဘဝသို့ ပြန်လည် ပို့ဆောင်လိုကြသည်။ သို့ဖြစ်ငြားသော် လည်း၊ အလ္လာဟ် အရှင်မြတ်အထံတော်မှ အမိန့်တော် ကျရောက်လာသည့်တိုင်အောင် အသင်တို့သည်၊ ခန္တီ တရားကို အမြဲထား၍ ယင်းသူတို့အား လျစ်လျူရှုကာ ခွင့်လွှတ်နေကြကုန်။ ဧကန်မုချ အလ္လာဟ် အရှင်မြတ် သည် အရာခပ်သိမ်းတို့ အပေါ်ဝယ် စွမ်းဆောင် နိုင်တော်မူသော အနန္တတန်ခိုးတော်ရှင်တည်း။
အလ်-ဗကရကုရ်အာန် ညွှန်းကိန်း
286အာယာသ်
MedinanRevelation
107အာယာသ်

ဘာသာပြန် — အလ်-ဗကရ 107

စူရာ အလ်-ဗကရ အာယာသ် 107 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (ထိုမှတပါးတုံ၊ အို-နဗီတမန်တော်) ကောင်းကင်ဘုံများနှင့် ပထဝီမြေကို (ငါ)အလ္လာဟ် အရှင် မြတ်သာလျှင် စိုးပိုင်တော်မူကြောင်း အသင် မသိလေသလော၊…

စူရာ အာယာသ် 107/286 — စူရာ အလ်-ဗကရ البقرة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဗကရ နားထောင်, စူရာ အလ်-ဗကရ ဘာသာပြန်, စူရာ အလ်-ဗကရ mp3, စူရာ အလ်-ဗကရ pdf. အာယာသ် 105–109. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Sunday, October 18, 2026

Don't forget us in your sincere prayers