အလ်-ဗကရ · 238/286
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ဗကရ
حَافِظُوا عَلَى الصَّلَوَاتِ وَالصَّلَاةِ الْوُسْطَىٰ وَقُومُوا لِلَّهِ قَانِتِينَ ۝٢٣٨
Haafizoo `alas salawaati was Salaatil Wustaa wa qoomoo lillaahi qaaniteen
📖 မြန်မာဘာသာ
အသင်တို့သည် (ယေဘုယျအားဖြင့်) အားလုံး သော ဆွလာတ်ဝတ်ပြုခြင်းတို့ကိုလည်းကောင်း၊ (အထူးသဖြင့်) အလယ်ဖြစ်သော ဆွလာတ် ဝတ်ပြုမှုကိုလည်းကောင်း၊ စောင့်ရှောက်ထိန်းသိမ်း ကြလေကုန်။ ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ ရှေ့တော်ဝယ် ဂါရဝတရားရှေ့ထား၍ ခဝပ်ရိုကျိုးသောသူများ အဖြစ်နှင့်ရပ်ကြကုန်လော့။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 236-240 — စူရာ အလ်-ဗကရ

236لَّا جُنَاحَ عَلَيْكُمْ إِن طَلَّقْتُمُ النِّسَاءَ مَا لَمْ تَمَسُّوهُنَّ أَوْ تَفْرِضُوا لَهُنَّ فَرِيضَةً ۚ وَمَتِّعُوهُنَّ عَلَى الْمُوسِعِ قَدَرُهُ وَعَلَى الْمُقْتِرِ قَدَرُهُ مَتَاعًا بِالْمَعْرُوفِ ۖ حَقًّا عَلَى الْمُحْسِنِينَ
အကယ်၍ အသင်တို့သည် ဇနီးမိန်းမများ အား မထိတွေ့ကြမီသော်လည်းကောင်း၊ ထိုမိန်းမများအတွက် သတ် မှတ်ထားသော မဟ်ရ်ပစ္စည်း (မည်ရွေ့မည်မျှ ပေးမည်ဟူ၍) သတ်မှတ် ပြဋ္ဌာန်းခြင်း မပြုကြမီ သော်လည်းကောင်း၊ ကွာရှင်းခဲ့ကြပါလျှင် အသင်တို့၌မည်သို့မျှ အပြစ်မရှိချေ။ သို့ရာ တွင်(ဤသို့ပြုခြင်းအားဖြင့် ယင်းမိန်းမတို့၌ နစ်နာဖွယ်ရာ အကြောင်းရှိသဖြင့်) အသင်တို့သည် ထိုမိန်းမတို့အား တရား စည်းကမ်းနှင့်အညီ အကျိုးကျေးဇူး ဖြစ်ထွန်းစေကြရမည်။ ဥစ္စာပစ္စည်းကုံလုံ ကြွယ်ဝသူအပေါ်၌ မိမိတတ်စွမ်း နိုင်သည့်အလျောက် သူဆင်းရဲ အပေါ်၌လည်း မိမိတတ်စွမ်း နိုင်သည့်အလျောက် အကျိုးဖြစ် ထွန်းစေရန် တာဝန်ရှိသည်၊ ဤကား ကောင်းကျိုး မင်္ဂလာပွားများသောသူများ အပေါ်၌ တာဝန်တစ်ရပ်ပင် ဖြစ်ပေသည်။
237وَإِن طَلَّقْتُمُوهُنَّ مِن قَبْلِ أَن تَمَسُّوهُنَّ وَقَدْ فَرَضْتُمْ لَهُنَّ فَرِيضَةً فَنِصْفُ مَا فَرَضْتُمْ إِلَّا أَن يَعْفُونَ أَوْ يَعْفُوَ الَّذِي بِيَدِهِ عُقْدَةُ النِّكَاحِ ۚ وَأَن تَعْفُوا أَقْرَبُ لِلتَّقْوَىٰ ۚ وَلَا تَنسَوُا الْفَضْلَ بَيْنَكُمْ ۚ إِنَّ اللَّهَ بِمَا تَعْمَلُونَ بَصِيرٌ
တဖန် အကယ်၍ အသင်တို့သည် ထိုဇနီးမိန်းမ တို့အဘို့ တစ်စုံတစ်ခုသော မဟ်ရ်ပစ္စည်းကို သတ်မှတ်အတည် ပြုခဲ့ပြီးလျှင် ထိုဇနီးမိန်းမတို့အား အသင်တို့မထိတွေ့မီကပင် ကွာရှင်းခဲ့ကြသည်ရှိသော် မိမိတို့သတ်မှတ်ခဲ့သော မဟ်ရ် ပစ္စည်း၏ ထက်ဝက် (ကိုသာပေးဆပ်ကြရမည်) ဖြစ်သည်။ သို့ရာတွင် ထိုဇနီးမိန်းမများသည် (မိမိတို့ရသင့်သော မဟ်ရ် ပစ္စည်းထက် ဝက်ကို) ခွင့်လွှတ်ကြပါမူ (ထိုမဟ်ရ် ပစ္စည်းထက်ဝက်ကိုပင် ပေးဆပ်ရန် လင်ယောက်ျား တို့၌တာဝန်မရှိပေ)၊ သို့တည်း မဟုတ် ထိမ်းမြားခြင်း၏ အနှောင်အဖွဲ့ကို ပိုင်ဆိုင်သော �င် ယောက်ျားက (မိမိ၌ ပေးဆပ်ရန် တာဝန်ရှိသော မဟ်ရ်ပစ္စည်း ထက်ဝက်အပြင် မိမိပြန်လည်သိမ်းပိုက်ထား နိုင်ခွင့်ရှိသော ကျန်ထက်ဝက်ကို ပါ)ခွင့်လွှတ် (၍ မဟ်ရ်ပစ္စည်း အားလုံးကို အကျေအ>ပန်ပေး ဆပ်)ပါမူ(ပေးဆပ်နိုင်ပေသည်)။ အမှန်စင်စစ် အသင်တို့၏ ခွင့်လွှတ်ခြင်းသည် အလ္လာဟ် အရှင်မြတ်အား ကြောက်ရွံ့ခြင်းတည်း ဟူသော တက္ကဝါ တရားနှင့် ပိုမို၍ပင် နီးစပ်လှပေသည်။ ထို့ပြင် အသင်တို့သည် မိမိတို့အချင်းချင်း ကျေးဇူးပြုခြင်းကို မမေ့ မလျော့ကြကုန်လင့်။ အလ္လာဟ်အရှင်မြတ်သည် အသင်တို့ပြု လုပ်သမျှသော ကိစ္စအရပ်ရပ်တို့ကို အကြွင်းမဲ့ သိတော် မူသော အရှင် ဖြစ်တော်မူသတည်း။
238حَافِظُوا عَلَى الصَّلَوَاتِ وَالصَّلَاةِ الْوُسْطَىٰ وَقُومُوا لِلَّهِ قَانِتِينَ
အသင်တို့သည် (ယေဘုယျအားဖြင့်) အားလုံး သော ဆွလာတ်ဝတ်ပြုခြင်းတို့ကိုလည်းကောင်း၊ (အထူးသဖြင့်) အလယ်ဖြစ်သော ဆွလာတ် ဝတ်ပြုမှုကိုလည်းကောင်း၊ စောင့်ရှောက်ထိန်းသိမ်း ကြလေကုန်။ ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ ရှေ့တော်ဝယ် ဂါရဝတရားရှေ့ထား၍ ခဝပ်ရိုကျိုးသောသူများ အဖြစ်နှင့်ရပ်ကြကုန်လော့။
239فَإِنْ خِفْتُمْ فَرِجَالًا أَوْ رُكْبَانًا ۖ فَإِذَا أَمِنتُمْ فَاذْكُرُوا اللَّهَ كَمَا عَلَّمَكُم مَّا لَمْ تَكُونُوا تَعْلَمُونَ
သို့ရာတွင် အကယ်၍ အသင်တို့သည် (ရန်သူတို့ ၏ ဘေးရန်များကို) စိုးရိမ်မကင်း ဖြစ်ကြပါမူ ခြေလျင်ဖြစ်စေ၊ (တစ်စုံတစ်ခုသော အစီးအနင်းကို) စီးနင်းလျက်ဖြစ်စေ၊ (ဖြစ်နိုင်သောနည်းဖြင့် ဆွလာတ်ဝတ်ပြုကြလေကုန်)၊ ထို့နောက် အသင်တို့သည် ဘေးရန်ခပ်သိမ်း ကင်းငြိမ်း ကြသော အခါဝယ် အသင်တို့အား အသင်တို့ မသိ နားမလည်စဉ်က သင်ကြား ပြသတော်မူသည့် အတိုင်း အသင်တို့သည် ��လ္လာဟ် အရှင် မြတ်ကို အောက်မေ့ တçသ သတိရကြကုန်လော့။
240وَالَّذِينَ يُتَوَفَّوْنَ مِنكُمْ وَيَذَرُونَ أَزْوَاجًا وَصِيَّةً لِّأَزْوَاجِهِم مَّتَاعًا إِلَى الْحَوْلِ غَيْرَ إِخْرَاجٍ ۚ فَإِنْ خَرَجْنَ فَلَا جُنَاحَ عَلَيْكُمْ فِي مَا فَعَلْنَ فِي أَنفُسِهِنَّ مِن مَّعْرُوفٍ ۗ وَاللَّهُ عَزِيزٌ حَكِيمٌ
၎င်းပြင် အသင်တို့အနက် ဇနီးမိန်းမများကို ထားရှိခဲ့၍ ကွယ်လွန်သေဆုံးကြသောသူများသည် မိမိတို့၏ ဇနီးမိန်းမများ အတွက် (နေအိမ်မှ) နှင်ထုတ် ခြင်းမပြုစေဘဲ တနှစ်ကာလ ပတ်လုံး (နေထိုင် စားသောက်မှုတို့ကို) အကျိုး ခံစားခွင့်ရှိစေရန်အလို့ငှာ (သေတမ်းစာရေးသား၍) မှာကြား ခဲ့ကြရမည်။ သို့ရာတွင် ထိုဇနီးမိန်းမများသည်(အစ်ဒ္ဒတ်ကာလ ပရိစ္ဆေဒ ကုန်ဆုံးသွားသည့်အခါ နေအိမ်မှ)ထွက်ခွာ သွားပြီး မိမိတို့ ကိုယ်ရေးကိုယ်တာနှင့်ပတ်သက်၍ တင့်တယ် လျောက် ပတ်သော ကိစ္စတရပ်ရပ်ကို ပြုလုပ်ကြပါမူ (အို-အုပ်ထိန်းသူ အပေါင်းတို့) အသင်တို့၌ အပြစ်တစုံတရာ မရှိချေ။ စင်စစ် သော်ကား အလ္လာဟ်အရှင်မြတ်သည် တန်ခိုးအာနုဘော်ဖြင့် နိုင်နင်း လွှမ်းမိုးတော်မူသောအရှင်၊ ထူးကဲသော အမြော် အမြင်နှင့်ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူသတည်း။
အလ်-ဗကရကုရ်အာန် ညွှန်းကိန်း
286အာယာသ်
MedinanRevelation
238အာယာသ်

ဘာသာပြန် — အလ်-ဗကရ 238

စူရာ အလ်-ဗကရ အာယာသ် 238 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အသင်တို့သည် (ယေဘုယျအားဖြင့်) အားလုံး သော ဆွလာတ်ဝတ်ပြုခြင်းတို့ကိုလည်းကောင်း၊ (အထူးသဖြင့်) အလယ်ဖြစ်သော ဆွလာတ် ဝတ်ပြုမှုကိုလည်းကောင်း၊ စောင့်ရှောက်ထိန်းသိမ်း…

စူရာ အာယာသ် 238/286 — စူရာ အလ်-ဗကရ البقرة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဗကရ နားထောင်, စူရာ အလ်-ဗကရ ဘာသာပြန်, စူရာ အလ်-ဗကရ mp3, စူရာ အလ်-ဗကရ pdf. အာယာသ် 236–240. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Wednesday, September 30, 2026

Don't forget us in your sincere prayers