အလ်-ဗကရ · 273/286
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ဗကရ
لِلْفُقَرَاءِ الَّذِينَ أُحْصِرُوا فِي سَبِيلِ اللَّهِ لَا يَسْتَطِيعُونَ ضَرْبًا فِي الْأَرْضِ يَحْسَبُهُمُ الْجَاهِلُ أَغْنِيَاءَ مِنَ التَّعَفُّفِ تَعْرِفُهُم بِسِيمَاهُمْ لَا يَسْأَلُونَ النَّاسَ إِلْحَافًا ۗ وَمَا تُنفِقُوا مِنْ خَيْرٍ فَإِنَّ اللَّهَ بِهِ عَلِيمٌ ۝٢٧٣
Lilfuqaraaa`il lazeena uhsiroo fee sabeelil laahi laa yastatee`oona darban fil ardi yah sabuhumul jaahilu aghniyaaa`a minat ta`affufi ta`rifuhum biseemaahum laa yas`aloonan naasa ilhaafaa; wa maa tunfiqoo min khairin fa innal laaha bihee `Aleem
📖 မြန်မာဘာသာ
(အလှူဒါနများသည်) အလ္လာဟ်အရှင်မြတ် ၏လမ်းတော်၌ ဝန်းဝိုင်းဆီးတားခြင်း ခံနေကြရကုန်သော သူဆင်းရဲတို့အဖို့တည်း။ ယင်းသူတို့သည် (သာသနာရေးရာ များကိုဆောင်ရွက်လျက်ရှိကြရကား မိမိတို့၏ဝမ်းရေးအတွက်) ကမ္ဘာမြေပြင်ဝယ် သွားလာခြင်းကို မစွမ်းနိုင်ကြပေ။ (တဖန် ယင်းသူတို့၏ ဣန္ဒြေစောင့်စည်းခြင်းကြောင့် မသိနားမလည် သောနွမ်းပါးကြောင်းက�ု)သိမြင်နိုင်ပေသည်။ ယင်းသူတို့သည် လူတို့ထံ တွယ်ကပ်၍ တောင်းရမ်းခြင်းကိုလည်း မပြုကြချေ။ စင်စစ်သော်ကား အသင်တို့သည် (မိမိတို့) ဥစ္စာပစ္စည်း အနက်မှပေးကမ်းစွန့်ကြဲ သုံးစွဲကြသော အလှူဒါန များကို အလ္လာဟ်အရှင်မြတ်သည် အြွကင်းမဲ့ သိရှိတော်မူသောအရှင် ဖြစ်တော်မူချေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 271-275 — စူရာ အလ်-ဗကရ

271إِن تُبْدُوا الصَّدَقَاتِ فَنِعِمَّا هِيَ ۖ وَإِن تُخْفُوهَا وَتُؤْتُوهَا الْفُقَرَاءَ فَهُوَ خَيْرٌ لَّكُمْ ۚ وَيُكَفِّرُ عَنكُم مِّن سَيِّئَاتِكُمْ ۗ وَاللَّهُ بِمَا تَعْمَلُونَ خَبِيرٌ
အကယ်၍ အသင်တို့သည်(မိမိတို့ပေးကမ်း စွန့်ကြဲကြကုန်သော) အလှူဝတ္ထုများကို ထင်ရှား စွာ (လှူဒါန်းပေးကမ်းကြပါမူ) ယင်းသို့ထင်ရှားစေ ခြင်းသည်လည်းကောင်းမြတ်၏။ သို့ရာတွင် အကယ်၍ အသင်တို့သည် ယင်း(ပေးကမ်းလှူဒါန်း ကြကုန်သော) အလှူဝတ္ထုများကို လျှို့ဝှက်စွာသူဆင်းရဲတို့အား ပေးကမ်းစွန့်ကြဲကြပါမူ၊ ယင်းသို့ လျှို့ဝှက်ခြင်းသည်ကား အသင်တို့အဘို့ရာ သာ၍ပင် ကောင်းမြတ်ပေသည်။ ထို့ပြင် (အလ္လာဟ်အရှင်မြတ်သည်) အသင်တို့၏ဒုစရိုက်မှုအချို့တို့ကို ဖယ်ရှားတော်မူအံ့။ အကြောင်းမူကားအလ္လာဟ်အရှင်မြတ်သည် အသင်တို့ ပြုလုပ်ကြကုန်သောကိစ္စရပ်တို့ကို အြွကင်းမဲ့ ကြားသိတော်မူသောအရှင်တည်း။
272۞ لَّيْسَ عَلَيْكَ هُدَاهُمْ وَلَٰكِنَّ اللَّهَ يَهْدِي مَن يَشَاءُ ۗ وَمَا تُنفِقُوا مِنْ خَيْرٍ فَلِأَنفُسِكُمْ ۚ وَمَا تُنفِقُونَ إِلَّا ابْتِغَاءَ وَجْهِ اللَّهِ ۚ وَمَا تُنفِقُوا مِنْ خَيْرٍ يُوَفَّ إِلَيْكُمْ وَأَنتُمْ لَا تُظْلَمُونَ
(အို-နဗီတမန်တော်) ထို (ကာဖိရ်) တို့အားတရားလမ်းမှန်သို့ အရောက်ပို့ဆောင်ခြင်းသည် အသင်၏တာဝန်မဟုတ်ပေ။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည် မိမိနှစ်လိုတော်မူသော သူတို့ကို တရားလမ်းမှန်သို့အရောက် ပို့ဆောင်တော်မူသည်။ ထို့ပြင် (အို-မုစ်လင်မ် အပေါင်းတို့) အသင်တို့သည် (မိမိတို့၏)ဥစ္စာပစ္စည်းများအနက် မည်သည့်ဥစ္စာပစ္စည်းကိုမဆို အလှူဒါနပြုကြကုန်အံ့၊ (ထိုအလှူဒါနများသည်)အသင်တို့၏ အကျိုးငှာသာ ဖြစ်ကုန်၏။ စင်စစ်သော်ကားအသင်တို့သညအလ္လာဟ်အရှင်မြတ်၏ နှစ်သက်ကျေနပ်မှုကိုဆည်းပူးရန်အလို့ငှါသာ လှူဒါန်းပေးကမ်းကြကုန်၏။ (သို့ဖြစ်ရာအသင်တို့သည် ‘မုစ်လင်မ်’၊ ‘ကာဖိရ်’ မခြား သူဆင်းရဲတို့အား ပေးကမ်းလှူဒါန်း ကြရပေမည်)။ တဖန် အသင်တို့သည်(မိမိတို့၏) ဥစ္စာပစ္စည်းများအနက် မည်သည့်ဥစ္စာပစ္စည်းကိုမဆို လှူဒါန်းကြကုန်အံ့၊ (ထိုအလှူဒါနများ၏ ကုသိုလ်အကျိုးများကို) အသင်တို့သည်အပြည့်အစုံ ခံစားကြရကုန်အံ့၊ထို့ပြင် အသင်တို့သည် (မိမိတို့၏ အလှူဒါနများနှင့် စပ်လျဉ်း၍) မတရားပြုခြင်းကို ခံကြရမည်မဟုတ်ပေ။
273لِلْفُقَرَاءِ الَّذِينَ أُحْصِرُوا فِي سَبِيلِ اللَّهِ لَا يَسْتَطِيعُونَ ضَرْبًا فِي الْأَرْضِ يَحْسَبُهُمُ الْجَاهِلُ أَغْنِيَاءَ مِنَ التَّعَفُّفِ تَعْرِفُهُم بِسِيمَاهُمْ لَا يَسْأَلُونَ النَّاسَ إِلْحَافًا ۗ وَمَا تُنفِقُوا مِنْ خَيْرٍ فَإِنَّ اللَّهَ بِهِ عَلِيمٌ
(အလှူဒါနများသည်) အလ္လာဟ်အရှင်မြတ် ၏လမ်းတော်၌ ဝန်းဝိုင်းဆီးတားခြင်း ခံနေကြရကုန်သော သူဆင်းရဲတို့အဖို့တည်း။ ယင်းသူတို့သည် (သာသနာရေးရာ များကိုဆောင်ရွက်လျက်ရှိကြရကား မိမိတို့၏ဝမ်းရေးအတွက်) ကမ္ဘာမြေပြင်ဝယ် သွားလာခြင်းကို မစွမ်းနိုင်ကြပေ။ (တဖန် ယင်းသူတို့၏ ဣန္ဒြေစောင့်စည်းခြင်းကြောင့် မသိနားမလည် သောနွမ်းပါးကြောင်းက�ု)သိမြင်နိုင်ပေသည်။ ယင်းသူတို့သည် လူတို့ထံ တွယ်ကပ်၍ တောင်းရမ်းခြင်းကိုလည်း မပြုကြချေ။ စင်စစ်သော်ကား အသင်တို့သည် (မိမိတို့) ဥစ္စာပစ္စည်း အနက်မှပေးကမ်းစွန့်ကြဲ သုံးစွဲကြသော အလှူဒါန များကို အလ္လာဟ်အရှင်မြတ်သည် အြွကင်းမဲ့ သိရှိတော်မူသောအရှင် ဖြစ်တော်မူချေသတည်း။
274الَّذِينَ يُنفِقُونَ أَمْوَالَهُم بِاللَّيْلِ وَالنَّهَارِ سِرًّا وَعَلَانِيَةً فَلَهُمْ أَجْرُهُمْ عِندَ رَبِّهِمْ وَلَا خَوْفٌ عَلَيْهِمْ وَلَا هُمْ يَحْزَنُونَ
အကြင်သူတို့သည် မိမိတို့၏ ဥစ္စာပစ္စည်း များကိုနေ့ညဉ့်မရွေး(အခါခပ်သိမ်း) လျှို့ဝှက်စွာဖြင့်(တစ်မျိုး)ထင် ရှားစွာဖြင့်(တစ်ဖုံ) လှူဒါန်းသုံးစွဲကြကုန်၏။ သို့ဖြစ်လျှင် ယင်းသူတို့၏ ကုသိုလ်အကျိုးသည် ယင်းသူတို့အား မွေးမြူတော်မူသောအရှင်မြတ်၏ အထံတော်၌(အသင့်)ရှိပေသည်။ ထို့ပြင်တဝယင်းသူတို့အပေါ်ဝယ် မည်သည့်စိုးရိမ်ကြောင့်ကြခြင်း လည်းမရှိ၊ ယင်းသူတို့သည် ဝမ်းနည်း��ူဆွေးကြမည်လည်းမဟုတ်ပေ။
275الَّذِينَ يَأْكُلُونَ الرِّبَا لَا يَقُومُونَ إِلَّا كَمَا يَقُومُ الَّذِي يَتَخَبَّطُهُ الشَّيْطَانُ مِنَ الْمَسِّ ۚ ذَٰلِكَ بِأَنَّهُمْ قَالُوا إِنَّمَا الْبَيْعُ مِثْلُ الرِّبَا ۗ وَأَحَلَّ اللَّهُ الْبَيْعَ وَحَرَّمَ الرِّبَا ۚ فَمَن جَاءَهُ مَوْعِظَةٌ مِّن رَّبِّهِ فَانتَهَىٰ فَلَهُ مَا سَلَفَ وَأَمْرُهُ إِلَى اللَّهِ ۖ وَمَنْ عَادَ فَأُولَٰئِكَ أَصْحَابُ النَّارِ ۖ هُمْ فِيهَا خَالِدُونَ
အတိုးအညွန့်စားသူတို့သည် (ရှင်ပြန်ထမည့်နေ့တွင် သင်းချိုင်းတွင်းမှ ထကြသောအခါ) ကောင်းမွန်စွာမရပ်နိုင်ကြဘဲ ရှိုင်တွာန်ဖမ်းစား၍ အသိဉာဏ်မှောက်မှားရူးသွပ်တွေဝေနေသူများကဲ့ သို့သာလျှင် ရပ်ကြကုန်အံ့။ ဤကဲ့သို့ ဖြစ်ရခြင်းကား ယင်းသူတို့က “ကုန်စည် ကူးသန်းရောင်းဝယ်ခြင်းသည်လည်း အတိုးအညွန့်စားခြင်းနှင့် ထပ်တူထပ်မျှသာဖြစ်သည်” ဟု ပြောဆိုကြသောကြောင့် ဖြစ်လေသည်။အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် ကုန်စည်ကူးသန်းရောင်းဝယ်ခြင်းကို ခွင့်ပြုထား တော်မူ၍ အတိုးအညွန့်စားခြင်းကိုမူကား တားမြစ် တော်မူခဲ့လေသည်။သို့ဖြစ်လေရာအကြင်သူသည်၊ မိမိအား မွေးမြူတော်မူသော အရှင်မြတ်၏အထံတော်မှ (အတိုးအညွန့်ကို မြစ်တားခြင်းနှင့် စပ်လျဉ်း၍)ဆုံးမဩဝါဒ ရောက်ရှိလာပေရာ (အတိုးအညွန့် စားခြင်းကို)စွန့်လွှတ် ရပ်ဆိုင်းလိုက်ပါမူ ယခင်က(လက်ခံပြီးစားသုံးခဲ့သော)ယူခဲ့သော(အတိုးအညွန့် ကြေးငွေများသည်)ထိုသူ၏ ပစ္စည်းများပင်တည်း။ ထို့ပြင်တဝ ထိုသူ၏(အတွင်းရေး) ကိစ္စ သည်အလ္လာဟ်အရှင်မြတ် အထံတော်သို့ အပ်နှံပြီး ဖြစ်လေသည်။သို့ရာတွင် အကြင်သူတို့သည် (အလ္လာဟ်အရှင်မြတ် အထံတော်မှ အတိုးအညွန့်နှင့် စပ်လျဉ်းသော ပညတ်တော်များ ရောက်ရှိလာပြီးသည့် နောက်) တဖန် ထပ်မံ၍ (အတိုးအညွန့်စားခြင်းကို) ပြုကြပါမူ ထိုသူတို့သည် ငရဲသားများပင် ဖြစ်ကြကုန်၏။ထိုသူတို့သည် ငရဲမီးတွင် ထာဝစဉ် (ဒုက္ခကြီးစွာ)ခံစား နေထိုင်ကြရမည့်သူများ ဖြစ်ကြကုန်သတည်း။
အလ်-ဗကရကုရ်အာန် ညွှန်းကိန်း
286အာယာသ်
MedinanRevelation
273အာယာသ်

ဘာသာပြန် — အလ်-ဗကရ 273

စူရာ အလ်-ဗကရ အာယာသ် 273 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (အလှူဒါနများသည်) အလ္လာဟ်အရှင်မြတ် ၏လမ်းတော်၌ ဝန်းဝိုင်းဆီးတားခြင်း ခံနေကြရကုန်သော သူဆင်းရဲတို့အဖို့တည်း။ ယင်းသူတို့သည် (သာသနာရေးရာ များကိုဆောင်ရွက်လျက်ရှိကြရကား မိမိတို့၏ဝမ်းရေးအတွက်)…

စူရာ အာယာသ် 273/286 — စူရာ အလ်-ဗကရ البقرة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဗကရ နားထောင်, စူရာ အလ်-ဗကရ ဘာသာပြန်, စူရာ အလ်-ဗကရ mp3, စူရာ အလ်-ဗကရ pdf. အာယာသ် 271–275. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Wednesday, September 30, 2026

Don't forget us in your sincere prayers