အလ်-ဗကရ · 285/286
ဘာသာပြန် အသံနိုင်ငံ — အလ်-ဗကရ
آمَنَ الرَّسُولُ بِمَا أُنزِلَ إِلَيْهِ مِن رَّبِّهِ وَالْمُؤْمِنُونَ ۚ كُلٌّ آمَنَ بِاللَّهِ وَمَلَائِكَتِهِ وَكُتُبِهِ وَرُسُلِهِ لَا نُفَرِّقُ بَيْنَ أَحَدٍ مِّن رُّسُلِهِ ۚ وَقَالُوا سَمِعْنَا وَأَطَعْنَا ۖ غُفْرَانَكَ رَبَّنَا وَإِلَيْكَ الْمَصِيرُ ٢٨٥
Transliteration
Aamanar-Rasoolu bimaaa unzila ilaihi mir-Rabbihee walmu`minoon; kullun aamana billaahi wa Malaaa`ikathihee wa Kutubhihee wa Rusulih laa nufarriqu baina ahadim-mir-Rusulihee wa qaaloo sami`naa wa ata`naa ghufraanaka Rabbanaa wa ilaikal-maseer
ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
ရစူလ်တမန်တော် (မုဟမ္မဒ် ဆွာလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မိမိထံသို့ မိမိအားမွေးမြူ တော်မူသောအရှင်မြတ်၏အထံတော်မှ ထုတ်ပြန်ပ�ု့ချ သော(ကုရ် အာန်ကျမ်းမြတ်)ကို ယုံကြည်လေပြီ။ ထိုနည်းတူစွာ (မုအ်မင်န်)ယုံကြည်သူအပေါင်းတို့သည်လည်း ယုံကြည်ကြသည်။ [ယင်းရစူလ်တမန်တော် မုဟမ္မဒ်(ဆွ)နှင့်တကွ ယုံကြည်သူ’ ခပ်သိမ်းသူတို့သည် (တဆူတည်း ဖြစ်တော်မူသော) အလ္လာဟ်အရှင်မြတ်ကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ (မလာအိကဟ်)အပါး တော် စေတမန်တော်အပေါင်းတို့ကိုလည်းကောင်း၊ထိုအရှင်မြတ်၏ ကျမ်းဂန်အပေါင်းတို့ကိုလည်းကောင်း၊ထိုအရှင်မြတ်၏ရစူလ် တမန်တော်အပေါင်းတို့ကို လည်းကောင်း၊ ယုံကြည်ကြကုန်၏၊ (ထို့ပြင်ယင်းသူတို့က) ကျွနတော်မျိုးတို့သည် ထို အသျှင်မြတ်၏ ရစူလ်တမန်တော်အပေါင်းတို့အနက် မည်သည့် ရစူလ်တမန်တော်တပါးကိုမျှခွဲခြားခြင်း မပြုကြပါ။ (အားလုံးကိုယုံကြည်ပါသည် ဟုပြောဆိုကြကုန်၏။)ထိုမှတစ်ပါးတုံ ယင်းသူတို့သည် (အလ္လာဟ်အရှင်မြတ်အထံတော်၌) “ကျွန်တော်မျိုးတို့သည် (အရှင်မြတ်၏အမိန့်တော်များကို) ကြားနာ ကြ ပါပြီ။ ထို့ပြင်တဝ (ကြားနာသည့်အတိုင်း) လိုက်နာကြ ပါပြီ။ အို-ကျွန်တော်မျိုးတို့အားမွေးမြူတော်မူသော အသျှင် (ကျွန်တော်မျိုးတို့သည် အပြစ်များမှ) အသျှင်မြတ်၏ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနား တာ်မူခြင်းကိုသာ (ထာဝစဉ် လိုလားတောင့်တကြပါ သည်)။ တဖန်(ကျွန်တော်မျိုးတို့၏ ပြန်လည်ရောက်ရှိရာ)နောက်ဆုံး စခန်းသည် လည်း အရှင်မြတ်၏ အထံတော်၌ပင် ဖြစ်ပါသည်” ဟုလျှောက်ထား ပန်ကြားကြလေသတည်း။
Additional reference in ภาษาไทย
🎧 နားထောင်
📜 အာယာသ် 283-286 — အလ်-ဗကရ
283۞ وَإِن كُنتُمْ عَلَىٰ سَفَرٍ وَلَمْ تَجِدُوا كَاتِبًا فَرِهَانٌ مَّقْبُوضَةٌ ۖ فَإِنْ أَمِنَ بَعْضُكُم بَعْضًا فَلْيُؤَدِّ الَّذِي اؤْتُمِنَ أَمَانَتَهُ وَلْيَتَّقِ اللَّهَ رَبَّهُ ۗ وَلَا تَكْتُمُوا الشَّهَادَةَ ۚ وَمَن يَكْتُمْهَا فَإِنَّهُ آثِمٌ قَلْبُهُ ۗ وَاللَّهُ بِمَا تَعْمَلُونَ عَلِيمٌ
တဖန် အကယ်၍ အသင်တို့သည် ခရီးသွားနေစဉ် (အကြွေးရောင်းဝယ်မှုကို ပြုလုပ်ကြရာ၌ စာချုပ်စာတမ်း ရေးသားရန်အတွက်) ရေးမှတ်သူ တစ်ဦးမျှကိုပင်မရရှိခဲ့ပါမူ ထိုအခါ (မြီစားသည် မြီရှင်အား) အပေါင်အနှံ ဝတ္တုပစ္စည်းများကို (ယုံကြည်စိတ်ချရန်အတွက်) လက်ရောက်ပေးထားရမည်။ သို့ရာတွင် အကယ်၍ အသင်တို့အနက် တစ်ဦးသည်တစ်ဦးကို ယုံကြည်စိတ်ချ(၍ ပစ္စည်းပေါင်နှံရန်မလိုခဲ့)ပါလျှင် ယုံကြည်စိတ်ချခြင်းခံရသော (မြီစား)သည် မိမိအားမွေးမြူတော်မူသော အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့လေးစားလျက် ထို (ယုံကြည်စိတ်ချသောမြီရှင်) ၏ကြွေးမြီကို ပြေလည်အောင် ပေးဆပ်ရမည်။4င်းပြင် အသင်တို့သည် သိမြင်သမျှတို့ကို (သက်သေမခံပဲ) ထိမ်ချန်လျှို့ဝှက်ခြင်း မပြုကြ ကုန်လင့်။ အမှန်သော်ကား အကြင်သူသည် ယင်း သိမြင်သမျှကို ထိမ်ချန်လျှို့ဝှက်အံ့ ထိုသူ၏ စိတ်နှလုံးသည် ပြစ်မှုဒုစရိုက်ကို ကျူးလွန်သော သူ၏စိတ်နှလုံးဖြစ်အံ့။ စင်စစ်တမူကား အလ္လာဟ်အရှင်မြတ်သည် အသင်တို့ပြုလုပ်သော ကိစ္စအရပ်ရပ်တို့ကို အြွကင်းမဲ့သိရှိတော်မူသောအရှင် ဖြစ်တော်မူ ချေသတည်း။
284لِّلَّهِ مَا فِي السَّمَاوَاتِ وَمَا فِي الْأَرْضِ ۗ وَإِن تُبْدُوا مَا فِي أَنفُسِكُمْ أَوْ تُخْفُوهُ يُحَاسِبْكُم بِهِ اللَّهُ ۖ فَيَغْفِرُ لِمَن يَشَاءُ وَيُعَذِّبُ مَن يَشَاءُ ۗ وَاللَّهُ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ
မိုးကောင်းကင်များနှင့် ပထဝီမြေပြင်ဝယ်ရှိသော (သက်ရှိ၊သက်မဲ့) အရာဝတ္တုအလုံးစုံတို့သည် အလ္လာဟ်အရှင်မြတ်သာလျှင် ပိုင်ဆိုင်တော်မူသော အရာဝတ္တုများပင်တည်း။ ထို့ပြင်တဝ အသင်တို့သည် မိမိတို့ စိတ်တွင်းဝယ်ရှိလေသော အကြောင်းအရာများကို ထင်ရှားစွာ ပြုလုပ်ပြောဆိုကြသည်ဖြစ်စေ၊ ထိမ်ချန်လျှို့ဝှက် ထားကြသည်ဖြစ်စေ၊အလ္လာဟ်အရှင်မြတ်သည် ယင်းအကြောင်းအရာများကိုအသင်တို့အား စစ်ဆေးမေးမြန်းတော်မူအံ့၊ ထို့နောက်ထိုအလ္လာဟ်အရှင် မြတ်သည် မိမိနှစ်လိုတော်မူသောသူတို့ အား(အပြစ်များ မှ) လွတ်ငြိမ်းချမ်းသာခွင့်ပေးသနားတော်မူ၍ မိမိအလိုရှိသောသူတို့ကို အပြစ်ဒဏ်ပေးတော်မူအံ့၊ အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို စွမ်းဆောင်နိုင်တော်မူသောအရှင် ဖြစ်တော်မူပေသတည်း။
285آمَنَ الرَّسُولُ بِمَا أُنزِلَ إِلَيْهِ مِن رَّبِّهِ وَالْمُؤْمِنُونَ ۚ كُلٌّ آمَنَ بِاللَّهِ وَمَلَائِكَتِهِ وَكُتُبِهِ وَرُسُلِهِ لَا نُفَرِّقُ بَيْنَ أَحَدٍ مِّن رُّسُلِهِ ۚ وَقَالُوا سَمِعْنَا وَأَطَعْنَا ۖ غُفْرَانَكَ رَبَّنَا وَإِلَيْكَ الْمَصِيرُ
ရစူလ်တမန်တော် (မုဟမ္မဒ် ဆွာလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မိမိထံသို့ မိမိအားမွေးမြူ တော်မူသောအရှင်မြတ်၏အထံတော်မှ ထုတ်ပြန်ပ�ု့ချ သော(ကုရ် အာန်ကျမ်းမြတ်)ကို ယုံကြည်လေပြီ။ ထိုနည်းတူစွာ (မုအ်မင်န်)ယုံကြည်သူအပေါင်းတို့သည်လည်း ယုံကြည်ကြသည်။ [ယင်းရစူလ်တမန်တော် မုဟမ္မဒ်(ဆွ)နှင့်တကွ ယုံကြည်သူ’ ခပ်သိမ်းသူတို့သည် (တဆူတည်း ဖြစ်တော်မူသော) အလ္လာဟ်အရှင်မြတ်ကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ (မလာအိကဟ်)အပါး တော် စေတမန်တော်အပေါင်းတို့ကိုလည်းကောင်း၊ထိုအရှင်မြတ်၏ ကျမ်းဂန်အပေါင်းတို့ကိုလည်းကောင်း၊ထိုအရှင်မြတ်၏ရစူလ် တမန်တော်အပေါင်းတို့ကို လည်းကောင်း၊ ယုံကြည်ကြကုန်၏၊ (ထို့ပြင်ယင်းသူတို့က) ကျွနတော်မျိုးတို့သည် ထို အသျှင်မြတ်၏ ရစူလ်တမန်တော်အပေါင်းတို့အနက် မည်သည့် ရစူလ်တမန်တော်တပါးကိုမျှခွဲခြားခြင်း မပြုကြပါ။ (အားလုံးကိုယုံကြည်ပါသည် ဟုပြောဆိုကြကုန်၏။)ထိုမှတစ်ပါးတုံ ယင်းသူတို့သည် (အလ္လာဟ်အရှင်မြတ်အထံတော်၌) “ကျွန်တော်မျိုးတို့သည် (အရှင်မြတ်၏အမိန့်တော်များကို) ကြားနာ ကြ ပါပြီ။ ထို့ပြင်တဝ (ကြားနာသည့်အတိုင်း) လိုက်နာကြ ပါပြီ။ အို-ကျွန်တော်မျိုးတို့အားမွေးမြူတော်မူသော အသျှင် (ကျွန်တော်မျိုးတို့သည် အပြစ်များမှ) အသျှင်မြတ်၏ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနား တာ်မူခြင်းကိုသာ (ထာဝစဉ် လိုလားတောင့်တကြပါ သည်)။ တဖန်(ကျွန်တော်မျိုးတို့၏ ပြန်လည်ရောက်ရှိရာ)နောက်ဆုံး စခန်းသည် လည်း အရှင်မြတ်၏ အထံတော်၌ပင် ဖြစ်ပါသည်” ဟုလျှောက်ထား ပန်ကြားကြလေသတည်း။
286لَا يُكَلِّفُ اللَّهُ نَفْسًا إِلَّا وُسْعَهَا ۚ لَهَا مَا كَسَبَتْ وَعَلَيْهَا مَا اكْتَسَبَتْ ۗ رَبَّنَا لَا تُؤَاخِذْنَا إِن نَّسِينَا أَوْ أَخْطَأْنَا ۚ رَبَّنَا وَلَا تَحْمِلْ عَلَيْنَا إِصْرًا كَمَا حَمَلْتَهُ عَلَى الَّذِينَ مِن قَبْلِنَا ۚ رَبَّنَا وَلَا تُحَمِّلْنَا مَا لَا طَاقَةَ لَنَا بِهِ ۖ وَاعْفُ عَنَّا وَاغْفِرْ لَنَا وَارْحَمْنَا ۚ أَنتَ مَوْلَانَا فَانصُرْنَا عَلَى الْقَوْمِ الْكَافِرِينَ
အလ္လာဟ်အရှင်မြတ်သည် မည်သူတစ်ဦးတစ်ယောက် ကိုမျှ ထိုသူ၏ စွမ်းအားထက်ပို၍ တာဝန်ပေးတော်မမူချေ။ မိမိကိုယ်တိုင် ရှာဖွေဆည်းပူးပြုလုပ်ခဲ့သော(ကောင်းမှု၏ အကျိုးသည်) သာလျှင် ထိုသူ၏အဖို့ဖြစ်၍၊ မိမိကိုယ်တိုင် ရှာဖွေဆည်းပူး ပြုကျင့်ခဲ့သော (မကောင်းမှု၏အပြစ်သည်) သာလျှင် ထိုသူ၏အပေါ်၌တင်ရှိအံ့။(အသင်တို့သည် အလ္လာဟ် အရှင်မြတ် အထံတော်၌ ဤသို့ဆုတောင်းပတ္ထနာ ပြုကြကုန်) အို-ကျွန်တော်မျိုးတို့အားမွေးမြူတော်မူသောအရှင်၊ ကျွန်တော် မျိုးတို့မေ့လျော့၍ဖြစ်စေ၊မှားယွင်း ချွတ်ချော်၍ဖြစ်စေ (ပြုမိသော မကောင်းမှုနှင့်စပ်လျဉ်း၍) အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား အပြစ်ဒဏ်ပေးတော်မမူပါနှင့်။ထို့ပြင်တဝ အို-ကျွန်တော်မျိုးတို့အား မွေးမြူသောအရှင်၊ အရှင်မြတ်သည် ကျွန်တော်မျိုးတို့အလျင် ရှေးအထက်အဆက်ဆက်က လူမျိုးတို့အပေါ်၌ တင်ထားတော်မူသကဲ့သို့ ကျွန်တော်မျိုးတို့ အပေါ်၌ လေးလံသောဝန်ကို တင်တော်မမူပါနှင့်။ ထို့ပြင် အို- ကျွန်တော်မျိုးတို့အား မွေးမြူတော်မူသောအရှင်၊ ကျွန်တော်မျိုးတို့ မတတ်စွမ်းနိုင်သောတာဝန်ကိုလည်း အရှင်မြတ် သည် ကျွန်တော်မျိုးတို့အားထမ်းရွက်စေတော် မမူပါနှင့်။ ထို့ပြင် အရှင်မြတ်သည် ကျွန်တော် မျိုးတို့ကို ခွင့်လွှတ်တော်မူပါ၊ ၎င်းပြင် အရှင်မြတ်သည်ကျွန်တော်မျိုးတို့အား (ပြစ်များမှ) လွတ်ငြိမ်း ချမ်းသာခွင့်ကိုပေးသနားတော်မူပါ။ ထို့ပြင် အရှင်မြတ်သည် ကျွန်တော်မျိုးတို့ အပေါ်ဝယ်၊ သနားညှာတာတော်မူပါ။ အရှင်မြတ်သည်သာလျှင် ကျွန်တော်မျိုးတို့အား ကူညီစောင်မတော် မူသော အရှင်ဖြစ်တော်မူပါ၏၊ အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား”ကာဖိရ်” မယုံမကြည် သွေဖည်ငြင်းဆန် သောသူ များအပေါ်ဝယ် (အောင်နိုင်စေခြင်းငှါ) ကူညီစောင်မတော်မူပါ။
အလ်-ဗကရကုရ်အာန် ညွှန်းကိန်း
286အာယာသ်
MedinanRevelation
285အာယာသ်
ဘာသာပြန် — အလ်-ဗကရ 285
စူရာ အလ်-ဗကရ အာယာသ် 285 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ရစူလ်တမန်တော် (မုဟမ္မဒ် ဆွာလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မိမိထံသို့ မိမိအားမွေးမြူ တော်မူသောအရှင်မြတ်၏အထံတော်မှ ထုတ်ပြန်ပ�ု့ချ သော(ကုရ် အာန်ကျမ်းမြတ်)ကို…စူရာ အာယာသ် 285/286 — အလ်-ဗကရ البقرة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: အလ်-ဗကရ နားထောင်, အလ်-ဗကရ ဘာသာပြန်, အလ်-ဗကရ mp3, အလ်-ဗကရ pdf. အာယာသ် 283–286. မြန်မာဘာသာ: ภาษาไทย.
العربية
English
Bahasa Indonesia
Türkçe
Русский
فارسی
Français
اردو
বাংলা
Deutsch
Español
中文
हिन्दी
Português
Italiano
ภาษาไทย
Polski
Nederlands
Shqip
Kiswahili
O'zbek
தமிழ்
Melayu
Bosanski
Soomaali
Azərbaycan
کوردی
한국어
日本語
Svenska
Dansk
Norsk
پښتو
മലയാളം
සිංහල
Tamazight
Hausa
አማርኛ
Български
Тоҷикӣ
Қазақша
Filipino
سنڌي
Yorùbá
Fulfulde
Татарча
ئۇيغۇرچە
Кыргызча
ਪੰਜਾਬੀ
Jawa
తెలుగు
မြန်မာ
ગુજરાતી
Oromo
मराठी
Tiếng Việt
Malagasy
Нохчийн
Wolof
ދިވެހި
ಕನ್ನಡ
Українська
Ελληνικά
ქართული
ខ្មែរ
دری
Qafar af
Maranao
नेपाली
ကုရ်အာန်ကျမ်း
Tuesday, August 18, 2026
Don't forget us in your sincere prayers








