တာဟာ · 71/135
ဘာသာပြန် အသံနိုင်ငံ — စူရာ တာဟာ
قَالَ آمَنتُمْ لَهُ قَبْلَ أَنْ آذَنَ لَكُمْ ۖ إِنَّهُ لَكَبِيرُكُمُ الَّذِي عَلَّمَكُمُ السِّحْرَ ۖ فَلَأُقَطِّعَنَّ أَيْدِيَكُمْ وَأَرْجُلَكُم مِّنْ خِلَافٍ وَلَأُصَلِّبَنَّكُمْ فِي جُذُوعِ النَّخْلِ وَلَتَعْلَمُنَّ أَيُّنَا أَشَدُّ عَذَابًا وَأَبْقَىٰ ۝٧١
Qaala aamantum lahoo qabla an aazana lakum; innahoo lakabeerukumul lazee `allama kumus sihra fala uqatti`anna aidiyakum wa arjulakum min khilaafinw wa la usallibannakum fee juzoo`in nakhli wa lata`lamunna aiyunaaa ashaddu `azaabanw wa abqaa
📖 မြန်မာဘာသာ
(ထိုအခါ)ဖိရ်အောင်(န်)က (ဤသို့)ပြောဆို(ကြိမ်းမောင်း)ခဲ့လေ၏။ အသင်တို့သည် ကျွန်ုပ် ခွင့်မပြုမီပင်ထိုမူစာအား ယုံကြည်ခဲ့ကြလေပြီ။ ဧကန်စင်စစ် ယင်းမူစာကားအသင်တို့အား ပဉ္စလက်အတတ်ပညာကို သင်ကြားပေးခဲ့သော(အာစရိယ)အကြီးအကဲပင်ဖြစ်၏။ သို့ဖြစ်ပေရာ ဧကန်အမှန်ကျွန်ုပ်သည် အသင်တို့၏ လက်များကိုလည်းကောင်း၊ ခြေများကိုလည်းကောင်း၊ (လက်ယာလက်ဝဲ)ဘက်လွှဲ၍ ဖြတ်တောက်မည်ဖြစ်သည်။ ၎င်းပြင် မလွှဲဧကန် ကျွန်ုပ်သည် အသင်တို့အားစွန်ပလွံပင်များ၌ လက်ဝါး ကပ်တိုင်တင်မည်။ စွန်ပလွံပင်များ၌ကားတိုင်တင်မည်ဖြစ်သည်။ ထိုမှတစ်ပါး အသင်တို့သည်ကျွန်ုပ်တို့အနက် မည်သူ၏ပြစ်ဒဏ်သည်ပို၍ ပြင်းထန်သည်ကိုလည်းကောင်း၊ ပို၍ကြာရှည် တည်မြဲသည်ကို လည်းကောင်း၊အမှန်ပင် သိရှိကြပေမည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္ဘာ့အဓိပ္ပာယ်ရှင်းလင်းချက်
  • آمَنتُمْ لَهُ: သင်တို့သည် သူ့အား (မူစာအား) ယုံကြည်ခဲ့ကြသည်။
  • قَبْلَ أَنْ آذَنَ لَكُمْ: ငါခွင့်ပြုခြင်းမပြုမီ။
  • لَكَبِيرُكُمُ: ဧကန်စင်စစ် သင်တို့၏အကြီးအကဲ၊ ဆရာဖြစ်သည်။
  • مِنْ خِلَافٍ: ဆန့်ကျင်ဘက်ဘက်များမှ (ညာလက်နှင့်ဘယ်ခြေ သို့မဟုတ် ဘယ်လက်နှင့်ညာခြေ)။
  • جُذُوعِ النَّخْلِ: စွန်ပလွံပင်များ၏ ပင်စည်များ။
  • أَشَدُّ عَذَابًا وَأَبْقَىٰ: ပြစ်ဒဏ်ပေးရာတွင် ပို၍ပြင်းထန်ပြီး ပို၍ကြာရှည်ခံသည်။
  1. အာယသ်တော်၏အဓိပ္ပာယ်ဖွင့်ဆိုချက်

ဖိရ်အောင်န်သည် မှော်ဆရာများက မူစာ (အလိုင်ဟိစ်စလာမ်) အား ယုံကြည်လာကြသည်ကို မြင်သောအခါ အလွန်ဒေါသထွက်ပြီး သူတို့အား ရန်လိုစွာပြောဆိုခဲ့သည်။ သူက “ငါခွင့်ပြုခြင်းမပြုမီ သင်တို့သည် မူစာအား ယုံကြည်ခဲ့ကြသလော” ဟု ဆိုကာ၊ မူစာသည် သင်တို့အား မှော်ပညာသင်ပေးခဲ့သော သင်တို့၏အကြီးအကဲဖြစ်သည်ဟု စွပ်စွဲပြီး၊ သင်တို့အားလုံး ပူးပေါင်းကြံစည်ခဲ့ကြသည်ဟု ဆိုလိုသည်။ ထို့နောက် သူက ခြိမ်းခြောက်သည်မှာ သူတို့၏လက်တစ်ဖက်နှင့် ခြေတစ်ဖက်ကို ဆန့်ကျင်ဘက်ဘက်များမှ ဖြတ်တောက်မည်၊ ထို့နောက် စွန်ပလွံပင်ပင်စည်များပေါ်တွင် သူတို့ကို လက်ဝါးကပ်တိုင်တင်မည်၊ သေဆုံးသည်အထိ ချန်ထားမည်ဟု ဆိုသည်။ ထိုသို့ဖြင့် သူက “ငါနှင့် မူစာ၏အရှင်ဘုရားသခင် မည်သူက ပြစ်ဒဏ်ပေးရာတွင် ပို၍ပြင်းထန်ပြီး ပို၍ကြာရှည်ခံသည်ကို သင်တို့သိကြရလိမ့်မည်” ဟု ဆိုသည်။ ဤတွင် ဖိရ်အောင်န်သည် မိမိ၏အာဏာစက်နှင့် ရက်စက်မှုကို ပြသရန် ကြိုးစားခဲ့သော်လည်း၊ မှော်ဆရာများက ယုံကြည်ခြင်းကို စွန့်လွှတ်ခြင်းမရှိဘဲ အလ္လာဟ်အရှင်မြတ်အား ယုံကြည်ကိုးစားခဲ့ကြသည်။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ
  • အလ္လာဟ်အရှင်မြတ်အား ယုံကြည်ခြင်းသည် လောကီအာဏာရှင်များ၏ ခြိမ်းခြောက်မှုများထက် ပို၍ခိုင်မာသည်။ မှော်ဆရာများသည် သေခြင်းကို မကြောက်ဘဲ ယုံကြည်ခြင်းကို စွဲကိုင်ခဲ့ကြသည်။
  • ဖိရ်အောင်န်ကဲ့သို့သော အာဏာရှင်များသည် မိမိတို့၏အာဏာကို ဆုံးရှုံးမည်ကို စိုးရိမ်သောအခါ ရက်စက်ကြမ်းတမ်းသော ပြစ်ဒဏ်များကို ကျင့်သုံးလေ့ရှ


📜 အာယာသ် 69-73 — စူရာ တာဟာ

69وَأَلْقِ مَا فِي يَمِينِكَ تَلْقَفْ مَا صَنَعُوا ۖ إِنَّمَا صَنَعُوا كَيْدُ سَاحِرٍ ۖ وَلَا يُفْلِحُ السَّاحِرُ حَيْثُ أَتَىٰ
၎င်းအပြင် အသင်သည် မိမိလက်ယာလက်ထဲ၌ရှိသော(တောင်ဝှေး)ကို ပစ်ချပါလေ။ ယင်း(တောင်ဝှေး)သည်ထိုပဉ္စလက်ဆရာတို့ ကြံစည်ပြုလုပ်ထား သည်တို့ကိုဝါးမျိုလိမ့်မည်။ စင်စစ် ၎င်းတို့ကြံစည် ပြုလုပ်ခဲ့သမျှတို့သည် ပဉ္စလက်ဆရာ(တို့)၏ပရိယာယ် မျှသာဖြစ်ချေသည်။ အမှန်စင်စစ်ပဉ္စလက်ဆရာဟူ သည်မည်သည့်နေရာသို့ သွားခဲ့စေကာမူအောင်မြင် သည်ဟူ၍ကား မရှိချေ။
70فَأُلْقِيَ السَّحَرَةُ سُجَّدًا قَالُوا آمَنَّا بِرَبِّ هَارُونَ وَمُوسَىٰ
ထို့နောက်သော်ကား ပဉ္စလက်ဆရာတို့သည်စစ်ဂျဒဟ်၌ ကျသွားကာ ပျပ်ဝပ်ဦးချကာ ကျွန်ုပ်တို့သည် (နဗီတမန်တော်)ဟာရူန်နှင့် (နဗီတမန်တော်)မူစာတို့၏အရှင်မြတ်အား သက်ဝင်ယုံကြည်ခဲ့ပေပြီဟု ပြောဆိုခဲ့ကြလေသည်။
71قَالَ آمَنتُمْ لَهُ قَبْلَ أَنْ آذَنَ لَكُمْ ۖ إِنَّهُ لَكَبِيرُكُمُ الَّذِي عَلَّمَكُمُ السِّحْرَ ۖ فَلَأُقَطِّعَنَّ أَيْدِيَكُمْ وَأَرْجُلَكُم مِّنْ خِلَافٍ وَلَأُصَلِّبَنَّكُمْ فِي جُذُوعِ النَّخْلِ وَلَتَعْلَمُنَّ أَيُّنَا أَشَدُّ عَذَابًا وَأَبْقَىٰ
(ထိုအခါ)ဖိရ်အောင်(န်)က (ဤသို့)ပြောဆို(ကြိမ်းမောင်း)ခဲ့လေ၏။ အသင်တို့သည် ကျွန်ုပ် ခွင့်မပြုမီပင်ထိုမူစာအား ယုံကြည်ခဲ့ကြလေပြီ။ ဧကန်စင်စစ် ယင်းမူစာကားအသင်တို့အား ပဉ္စလက်အတတ်ပညာကို သင်ကြားပေးခဲ့သော(အာစရိယ)အကြီးအကဲပင်ဖြစ်၏။ သို့ဖြစ်ပေရာ ဧကန်အမှန်ကျွန်ုပ်သည် အသင်တို့၏ လက်များကိုလည်းကောင်း၊ ခြေများကိုလည်းကောင်း၊ (လက်ယာလက်ဝဲ)ဘက်လွှဲ၍ ဖြတ်တောက်မည်ဖြစ်သည်။ ၎င်းပြင် မလွှဲဧကန် ကျွန်ုပ်သည် အသင်တို့အားစွန်ပလွံပင်များ၌ လက်ဝါး ကပ်တိုင်တင်မည်။ စွန်ပလွံပင်များ၌ကားတိုင်တင်မည်ဖြစ်သည်။ ထိုမှတစ်ပါး အသင်တို့သည်ကျွန်ုပ်တို့အနက် မည်သူ၏ပြစ်ဒဏ်သည်ပို၍ ပြင်းထန်သည်ကိုလည်းကောင်း၊ ပို၍ကြာရှည် တည်မြဲသည်ကို လည်းကောင်း၊အမှန်ပင် သိရှိကြပေမည်။
72قَالُوا لَن نُّؤْثِرَكَ عَلَىٰ مَا جَاءَنَا مِنَ الْبَيِّنَاتِ وَالَّذِي فَطَرَنَا ۖ فَاقْضِ مَا أَنتَ قَاضٍ ۖ إِنَّمَا تَقْضِي هَٰذِهِ الْحَيَاةَ الدُّنْيَا
ထိုပဉ္စလက်ဆရာတို့က (ဤသို့)ပြောကြားခဲ့လေ၏။ [အို-ဖိရ်အောင်(န်)] ကျွန်ုပ်တို့သည် အသင့်အား မိမိတို့ထံရောက်ရှိလာသော သက်သေသာဓက များထက်လည်းကောင်း၊ ကျွန်ုပ်တို့အား ဖန်ဆင်းတော် မူသောအရှင်မြတ်ထက်လည်းကောင်း၊ အလျှင်းနှစ်သက်ကြမည်မဟုတ်။ သို့ဖြစ်ပေရာအသင်သည် မိမိစီရင်ပြဋ္ဌာန်းလိုသည်ကို စီရင်ပြဋ္ဌာန်းပါလေ။(စင်စစ်မှာမူကား) အသင်၏မျက်မှောက်လောကီဘဝ၌သာစီရင်ပြဌာန်းနိုင်မည် ဖြစ်ပေသည်။
73إِنَّا آمَنَّا بِرَبِّنَا لِيَغْفِرَ لَنَا خَطَايَانَا وَمَا أَكْرَهْتَنَا عَلَيْهِ مِنَ السِّحْرِ ۗ وَاللَّهُ خَيْرٌ وَأَبْقَىٰ
ဧကန်မလွဲ ကျွန်ုပ်တို့သည် မိမိကို ဖန်ဆင်းတော်မူသောအရှင်မြတ်အား ထိုအရှင်မြတ်သည် ကျွန်ုပ်တို့၏ပြစ်မှုများကိုလည်းကောင်း၊ ကျွန်ုပ်တို့အား ပဉ္စလက် အတတ်နှင့်စပ်လျဉ်း၍ အတင်းအကျပ် အသင်ပြုလုပ်စေခဲ့သည် ကိုလည်းကောင်း၊ ခွင့်လွှတ်ချမ်းသာပေးတော်မူပါရန် သက်ဝင်ယုံကြည်ခဲ့ကြချေပြီ။ စင်စစ်မှာမူကား အလ္လာဟ်အရှင်မြတ်သည်သာလျှင်အမွန်မြတ်ဆုံး၊ နိစ္စထာဝရဖြစ်တော်မူပေသည်ဟု ဖြေကြားခဲ့ကြလေသတည်း။
တာဟာကုရ်အာန် ညွှန်းကိန်း
135အာယာသ်
MeccanRevelation
71အာယာသ်

ဘာသာပြန် — တာဟာ 71

စူရာ တာဟာ အာယာသ် 71 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (ထိုအခါ)ဖိရ်အောင်(န်)က (ဤသို့)ပြောဆို(ကြိမ်းမောင်း)ခဲ့လေ၏။ အသင်တို့သည် ကျွန်ုပ် ခွင့်မပြုမီပင်ထိုမူစာအား ယုံကြည်ခဲ့ကြလေပြီ။ ဧကန်စင်စစ် ယင်းမူစာကားအသင်တို့အား ပဉ္စလက်အတတ်ပညာကို သင်ကြားပေးခဲ့သော(အာစရိယ)အကြီးအကဲပင်ဖြစ်၏။…

စူရာ အာယာသ် 71/135 — စူရာ တာဟာ طه (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ တာဟာ နားထောင်, စူရာ တာဟာ ဘာသာပြန်, စူရာ တာဟာ mp3, စူရာ တာဟာ pdf. အာယာသ် 69–73. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers