တာဟာ · 87/135
ဘာသာပြန် အသံနိုင်ငံ — စူရာ တာဟာ
قَالُوا مَا أَخْلَفْنَا مَوْعِدَكَ بِمَلْكِنَا وَلَٰكِنَّا حُمِّلْنَا أَوْزَارًا مِّن زِينَةِ الْقَوْمِ فَقَذَفْنَاهَا فَكَذَٰلِكَ أَلْقَى السَّامِرِيُّ ۝٨٧
Qaaloo maaa akhlafnaa maw`idaka bimalkinna wa laakinna hummilnaaa awzaaram min zeenatil qawmi faqazafnaahaa fakazaalika alqas Saamiriyy
📖 မြန်မာဘာသာ
(ထိုအခါ) ယင်းအမျိုးသားတို့က (ဤသို့) ပြောကြားခဲ့ကြကုန်၏။ (အို-နဗီတမန်တော်မူစာ၊ စင်စစ်) ကျွန်ုပ်တို့သည် အသင်နှင့်ထားရှိခဲ့သော ကတိကို မိမိတို့ အလိုသဘောနှင့်ဖောက်ဖျက်ခဲ့ကြသည်မဟုတ်။ သို့ရာတွင် ကျွန်ုပ်တို့မှာမူကား(ကစ်ဗ်တီ) အမျိုးသားတို့၏လက်ဝတ်လက်စားများကို သယ်ပိုးယူဆောင်လာခဲ့ကြရလေသည်။ သို့ဖြစ်ပေရာ ကျွန်ုပ်တို့သည်ယင်းလက်ဝတ်လက်စားများကို(မီးထဲသိ)ု့ပစ်ချခဲ့ကြပေသည်။ထို့နောက် စာမိရီသည်လည်းထိုနည်းအတိုင်းပင်ပစ်ချခဲ့လေသည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 85-89 — စူရာ တာဟာ

85قَالَ فَإِنَّا قَدْ فَتَنَّا قَوْمَكَ مِن بَعْدِكَ وَأَضَلَّهُمُ السَّامِرِيُّ
ထိုအရှင်မြတ်က (ဤသို့)မိန့်ကြားတော်မူခဲ့ လေသည်။ (အို-မူစာ) ဧကန်စင်စစ် ငါအရှင်မြတ်သည် အသင်၏နောက်ကွယ်တွင် အသင်၏အမျိုးသားများအား စမ်းသပ်တော်မူခဲ့လေသည်။ စာမိရီ သည် ၎င်းတို့အား လမ်းမှားစေခဲ့လေပြီ။
86فَرَجَعَ مُوسَىٰ إِلَىٰ قَوْمِهِ غَضْبَانَ أَسِفًا ۚ قَالَ يَا قَوْمِ أَلَمْ يَعِدْكُمْ رَبُّكُمْ وَعْدًا حَسَنًا ۚ أَفَطَالَ عَلَيْكُمُ الْعَهْدُ أَمْ أَرَدتُّمْ أَن يَحِلَّ عَلَيْكُمْ غَضَبٌ مِّن رَّبِّكُمْ فَأَخْلَفْتُم مَّوْعِدِي
ထိုအခါ မူစာသည် မိမိအမျိုးသားတို့ထံ ဒေါသအမျက်ထွက်ကာ ဝမ်းနည်းပူဆွေးစွာ ပြန်လာခဲ့ပြီးလျှင် (ဤသို့)ပြောဆိုခဲ့လေသည်။ အို-ကျွန်ုပ်၏ အမျိုးသားတို့၊ အသင်တို့ကိုဖန်ဆင်းမွေးမြူတော် မူသောအရှင်မြတ်သည် အသင်တို့အားကောင်းမြတ်လှစွာသော ကတိကိုပေးတော်မူခဲ့သည် မဟုတ်လော။ သို့ဖြစ်ပေရာ အသင်တို့အပေါ်၌ ချိန်းချက် ထားသောထိုအချိန်ကာလသည် ရှည်လျားကြာညောင်း ခဲ့လေပြီလော။သို့တည်းမဟုတ် အသင်တို့သည် မိမိတို့ အပေါ်၌ မိမိတို့အရှင်မြတ်၏ အမျက်တော်သက်ရောက် ခြင်းကို အလိုရှိသောကြောင့်ကျွန်ုပ်နှင့်ထားရှိပြီးဖြစ်သော ကတိကို ဖောက်ဖျက်ခဲ့ကြလေသလော။
87قَالُوا مَا أَخْلَفْنَا مَوْعِدَكَ بِمَلْكِنَا وَلَٰكِنَّا حُمِّلْنَا أَوْزَارًا مِّن زِينَةِ الْقَوْمِ فَقَذَفْنَاهَا فَكَذَٰلِكَ أَلْقَى السَّامِرِيُّ
(ထိုအခါ) ယင်းအမျိုးသားတို့က (ဤသို့) ပြောကြားခဲ့ကြကုန်၏။ (အို-နဗီတမန်တော်မူစာ၊ စင်စစ်) ကျွန်ုပ်တို့သည် အသင်နှင့်ထားရှိခဲ့သော ကတိကို မိမိတို့ အလိုသဘောနှင့်ဖောက်ဖျက်ခဲ့ကြသည်မဟုတ်။ သို့ရာတွင် ကျွန်ုပ်တို့မှာမူကား(ကစ်ဗ်တီ) အမျိုးသားတို့၏လက်ဝတ်လက်စားများကို သယ်ပိုးယူဆောင်လာခဲ့ကြရလေသည်။ သို့ဖြစ်ပေရာ ကျွန်ုပ်တို့သည်ယင်းလက်ဝတ်လက်စားများကို(မီးထဲသိ)ု့ပစ်ချခဲ့ကြပေသည်။ထို့နောက် စာမိရီသည်လည်းထိုနည်းအတိုင်းပင်ပစ်ချခဲ့လေသည်။
88فَأَخْرَجَ لَهُمْ عِجْلًا جَسَدًا لَّهُ خُوَارٌ فَقَالُوا هَٰذَا إِلَٰهُكُمْ وَإِلَٰهُ مُوسَىٰ فَنَسِيَ
ထို့နောက် ယင်းစာမိရီသည် ၎င်းတို့အဖို့ အသံထွက်သော နွားငယ်ကလေးတစ်ကောင်၏ ခန္ဓာကိုယ် အသွင်သဏ္ဌာန်တစ်ခုကို (သွန်းလောင်း) ထုတ်ယူလာခဲ့လေသည်။(ထိုအခါ) ယင်းအမျိုးသားတို့က ဤသည်ပင် အသင်တို့၏ကိုးကွယ်ရာအရှင်၊ မူစာ၏ ကိုးကွယ်ရာအရှင်ဖြစ်သည်။ သို့သော် မူစာကား(မိမိကိုးကွယ်ရာအရှင်အား ဤမှာပင်)မေ့ထားခဲ့လေပြီဟု (အချင်းချင်း) ပြောဆိုကြလေသည်။
89أَفَلَا يَرَوْنَ أَلَّا يَرْجِعُ إِلَيْهِمْ قَوْلًا وَلَا يَمْلِكُ لَهُمْ ضَرًّا وَلَا نَفْعًا
အသို့ပါနည်း။ ယင်းနွားကလေးမှာ မိမိတိုု့၏မည်သည့်စကားကိုမျှ ပြန်ကြားနိုင်ခြင်းလည်းမရှိကြောင်း၊ မိမိတို့နှင့်ပတ်သက်၍ မည်သို့မျှပင် အကျိုးယုတ်စေခြင်း၊ အကျိုးဖြစ်ထွန်းစေခြင်းကိုလည်း ပြုစွမ်းနိုင်ခြင်းမရှိသည်ကို ၎င်းတို့မမြင်ကြလေသလော။
တာဟာကုရ်အာန် ညွှန်းကိန်း
135အာယာသ်
MeccanRevelation
87အာယာသ်

ဘာသာပြန် — တာဟာ 87

စူရာ တာဟာ အာယာသ် 87 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (ထိုအခါ) ယင်းအမျိုးသားတို့က (ဤသို့) ပြောကြားခဲ့ကြကုန်၏။ (အို-နဗီတမန်တော်မူစာ၊ စင်စစ်) ကျွန်ုပ်တို့သည် အသင်နှင့်ထားရှိခဲ့သော ကတိကို မိမိတို့…

စူရာ အာယာသ် 87/135 — စူရာ တာဟာ طه (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ တာဟာ နားထောင်, စူရာ တာဟာ ဘာသာပြန်, စူရာ တာဟာ mp3, စူရာ တာဟာ pdf. အာယာသ် 85–89. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers