တာဟာ · 86/135
ဘာသာပြန် အသံနိုင်ငံ — စူရာ တာဟာ
فَرَجَعَ مُوسَىٰ إِلَىٰ قَوْمِهِ غَضْبَانَ أَسِفًا ۚ قَالَ يَا قَوْمِ أَلَمْ يَعِدْكُمْ رَبُّكُمْ وَعْدًا حَسَنًا ۚ أَفَطَالَ عَلَيْكُمُ الْعَهْدُ أَمْ أَرَدتُّمْ أَن يَحِلَّ عَلَيْكُمْ غَضَبٌ مِّن رَّبِّكُمْ فَأَخْلَفْتُم مَّوْعِدِي ۝٨٦
Faraja`s Moosaaa ilaa qawmihee ghadbaana asifaa; qaala yaa qawmi alam ya`idkum Rabbukum wa`dan hasanaa; afataala `alaikumul `ahdu am arattum ai yahilla `alaikum ghadabum mir Rabbikum fa akhlaftum maw`idee
📖 မြန်မာဘာသာ
ထိုအခါ မူစာသည် မိမိအမျိုးသားတို့ထံ ဒေါသအမျက်ထွက်ကာ ဝမ်းနည်းပူဆွေးစွာ ပြန်လာခဲ့ပြီးလျှင် (ဤသို့)ပြောဆိုခဲ့လေသည်။ အို-ကျွန်ုပ်၏ အမျိုးသားတို့၊ အသင်တို့ကိုဖန်ဆင်းမွေးမြူတော် မူသောအရှင်မြတ်သည် အသင်တို့အားကောင်းမြတ်လှစွာသော ကတိကိုပေးတော်မူခဲ့သည် မဟုတ်လော။ သို့ဖြစ်ပေရာ အသင်တို့အပေါ်၌ ချိန်းချက် ထားသောထိုအချိန်ကာလသည် ရှည်လျားကြာညောင်း ခဲ့လေပြီလော။သို့တည်းမဟုတ် အသင်တို့သည် မိမိတို့ အပေါ်၌ မိမိတို့အရှင်မြတ်၏ အမျက်တော်သက်ရောက် ခြင်းကို အလိုရှိသောကြောင့်ကျွန်ုပ်နှင့်ထားရှိပြီးဖြစ်သော ကတိကို ဖောက်ဖျက်ခဲ့ကြလေသလော။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္မဋ္ဌာန်းအဓိပ္ပာယ်ရှင်းလင်းချက်။ ။
  • ဖရဂျအာ (فَرَجَعَ) ။ ။ ပြန်လာခဲ့သည်။
  • ဂဒ်ဗာနာ (غَضْبَانَ) ။ ။ အလွန်ဒေါသထွက်နေသော။
  • အာစိဖာ (أَسِفًا) ။ ။ အလွန်ဝမ်းနည်းပူဆွေးနေသော။
  • အာလမ် ယအိဒ်ကုမ် (أَلَمْ يَعِدْكُمْ) ။ ။ သင်တို့အား ကတိမပေးခဲ့သလော။
  • အာဖသွာလာ (أَفَطَالَ) ။ ။ ကြာမြင့်လွန်းခဲ့သလော။
  • ယဟိလ္လာ (يَحِلَّ) ။ ။ သက်ရောက်ကျရောက်စေရန်။
  • အခ်လဖ်သမ် (أَخْلَفْتُمْ) ။ ။ သင်တို့သည် ဖျက်ဆီးခဲ့ကြသည်၊ မတည်ခဲ့ကြသည်။
  • မောင်အိဒီ (مَوْعِدِي) ။ ။ ငါ၏ကတိ။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်။ ။

တမန်တော်မူစာ (အလိုင်ဟိစ္စလာမ်) သည် သူ၏လူမျိုးများထံသို့ ပြန်လာခဲ့သောအခါ သူတို့သည် နွားရုပ်ကို ကိုးကွယ်ခဲ့ကြသည်ကို သိရှိရသဖြင့် အလွန်ဒေါသထွက်လျက် ဝမ်းနည်းပူဆွေးနေခဲ့သည်။ ထို့နောက် သူက ဤသို့ဆိုသည်။ ။ အို ငါ၏လူမျိုးတို့။ ။ သင်တို့အား သင်တို့၏အရှင်မြတ်သည် အလွန်ကောင်းမြတ်သောကတိတော်ကို ကတိပေးခဲ့သည်မဟုတ်လော။ ထိုကတိတော်မှာ တောင်ရာတ်ကျမ်းတော်ကို ချပေးတော်မူမည်ဟူသော ကတိတော်ဖြစ်သည်။ သို့ဖြစ်လျှင် ငါခွဲခွာသွားခဲ့သည့် ကာလသည် သင်တို့အပေါ်၌ ကြာမြင့်လွန်းခဲ့သလော။ သို့မဟုတ် သင်တို့သည် သင်တို့၏အရှင်မြတ်ထံတော်မှ အမျက်တော်ကျရောက်လာစေရန် ရည်ရွယ်ခဲ့ကြသလော။ ထို့ကြောင့်ပင် သင်တို့သည် ငါ၏ကတိကို ဖျက်ဆီးခဲ့ကြခြင်းဖြစ်သည်။ ဆိုလိုသည်မှာ ငါပြန်လာသည့်အချိန်အထိ အမိန့်တော်များကို လိုက်နာခြင်း၊ နွားရုပ်ကိုးကွယ်ခြင်းမှ ရှောင်ကြဉ်ခြင်းဟူသော ငါ၏မှာကြားချက်ကို သင်တို့သည် မတည်ကြည်ခဲ့ကြပေ။ ဤသို့ဖြင့် သင်တို့သည် မိမိတို့ကိုယ်တိုင် အမျက်တော်ကို ဆွဲငင်ခဲ့ကြခြင်းဖြစ်သည်။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ။ ။
  • အလ္လာဟ်အရှင်မြတ်သည် မိမိချစ်မြတ်နိုးသော ကျေးကျွန်များအား အလွန်ကောင်းမြတ်သော ကတိတော်များကို ပေးတော်မူသည်။ ထိုကတိတော်များကို ယုံကြည်စိတ်ချစွာ စောင့်ဆိုင်းခြင်းသည် အီမာန်၏ အရသာကို ခံစားစေသည်။
  • အရှင်မြတ်၏ အမိန့်တော်များကို လိုက်နာခြင်းနှင့် ကတိများကို တည်ကြည်ခြင်းသည် မုအ်မင်န်တစ်ဦ


📜 အာယာသ် 84-88 — စူရာ တာဟာ

84قَالَ هُمْ أُولَاءِ عَلَىٰ أَثَرِي وَعَجِلْتُ إِلَيْكَ رَبِّ لِتَرْضَىٰ
ယင်းမူစာက (ဤသို့)လျှောက်ထားခဲ့လေသည်။၎င်းတို့သည် ဤမှာ ကျွန်တော်မျိုး၏နောက်၌ပင် လိုက်ပါခဲ့ကြပါသည်။ အို-ကျွန်တော်မျိုးအား ဖန်ဆင်း မွေးမြူတော်မူ သောအရှင်မြတ်၊ စင်စစ် ကျွန်တော်မျိုးသည် အရှင်မြတ်အထံတော်သို့ အရှင်မြတ်ကျေနပ် တော်မူပါရန် အလျင်လာခဲ့ခြင်းပင်ဖြစ်ပါသည်။
85قَالَ فَإِنَّا قَدْ فَتَنَّا قَوْمَكَ مِن بَعْدِكَ وَأَضَلَّهُمُ السَّامِرِيُّ
ထိုအရှင်မြတ်က (ဤသို့)မိန့်ကြားတော်မူခဲ့ လေသည်။ (အို-မူစာ) ဧကန်စင်စစ် ငါအရှင်မြတ်သည် အသင်၏နောက်ကွယ်တွင် အသင်၏အမျိုးသားများအား စမ်းသပ်တော်မူခဲ့လေသည်။ စာမိရီ သည် ၎င်းတို့အား လမ်းမှားစေခဲ့လေပြီ။
86فَرَجَعَ مُوسَىٰ إِلَىٰ قَوْمِهِ غَضْبَانَ أَسِفًا ۚ قَالَ يَا قَوْمِ أَلَمْ يَعِدْكُمْ رَبُّكُمْ وَعْدًا حَسَنًا ۚ أَفَطَالَ عَلَيْكُمُ الْعَهْدُ أَمْ أَرَدتُّمْ أَن يَحِلَّ عَلَيْكُمْ غَضَبٌ مِّن رَّبِّكُمْ فَأَخْلَفْتُم مَّوْعِدِي
ထိုအခါ မူစာသည် မိမိအမျိုးသားတို့ထံ ဒေါသအမျက်ထွက်ကာ ဝမ်းနည်းပူဆွေးစွာ ပြန်လာခဲ့ပြီးလျှင် (ဤသို့)ပြောဆိုခဲ့လေသည်။ အို-ကျွန်ုပ်၏ အမျိုးသားတို့၊ အသင်တို့ကိုဖန်ဆင်းမွေးမြူတော် မူသောအရှင်မြတ်သည် အသင်တို့အားကောင်းမြတ်လှစွာသော ကတိကိုပေးတော်မူခဲ့သည် မဟုတ်လော။ သို့ဖြစ်ပေရာ အသင်တို့အပေါ်၌ ချိန်းချက် ထားသောထိုအချိန်ကာလသည် ရှည်လျားကြာညောင်း ခဲ့လေပြီလော။သို့တည်းမဟုတ် အသင်တို့သည် မိမိတို့ အပေါ်၌ မိမိတို့အရှင်မြတ်၏ အမျက်တော်သက်ရောက် ခြင်းကို အလိုရှိသောကြောင့်ကျွန်ုပ်နှင့်ထားရှိပြီးဖြစ်သော ကတိကို ဖောက်ဖျက်ခဲ့ကြလေသလော။
87قَالُوا مَا أَخْلَفْنَا مَوْعِدَكَ بِمَلْكِنَا وَلَٰكِنَّا حُمِّلْنَا أَوْزَارًا مِّن زِينَةِ الْقَوْمِ فَقَذَفْنَاهَا فَكَذَٰلِكَ أَلْقَى السَّامِرِيُّ
(ထိုအခါ) ယင်းအမျိုးသားတို့က (ဤသို့) ပြောကြားခဲ့ကြကုန်၏။ (အို-နဗီတမန်တော်မူစာ၊ စင်စစ်) ကျွန်ုပ်တို့သည် အသင်နှင့်ထားရှိခဲ့သော ကတိကို မိမိတို့ အလိုသဘောနှင့်ဖောက်ဖျက်ခဲ့ကြသည်မဟုတ်။ သို့ရာတွင် ကျွန်ုပ်တို့မှာမူကား(ကစ်ဗ်တီ) အမျိုးသားတို့၏လက်ဝတ်လက်စားများကို သယ်ပိုးယူဆောင်လာခဲ့ကြရလေသည်။ သို့ဖြစ်ပေရာ ကျွန်ုပ်တို့သည်ယင်းလက်ဝတ်လက်စားများကို(မီးထဲသိ)ု့ပစ်ချခဲ့ကြပေသည်။ထို့နောက် စာမိရီသည်လည်းထိုနည်းအတိုင်းပင်ပစ်ချခဲ့လေသည်။
88فَأَخْرَجَ لَهُمْ عِجْلًا جَسَدًا لَّهُ خُوَارٌ فَقَالُوا هَٰذَا إِلَٰهُكُمْ وَإِلَٰهُ مُوسَىٰ فَنَسِيَ
ထို့နောက် ယင်းစာမိရီသည် ၎င်းတို့အဖို့ အသံထွက်သော နွားငယ်ကလေးတစ်ကောင်၏ ခန္ဓာကိုယ် အသွင်သဏ္ဌာန်တစ်ခုကို (သွန်းလောင်း) ထုတ်ယူလာခဲ့လေသည်။(ထိုအခါ) ယင်းအမျိုးသားတို့က ဤသည်ပင် အသင်တို့၏ကိုးကွယ်ရာအရှင်၊ မူစာ၏ ကိုးကွယ်ရာအရှင်ဖြစ်သည်။ သို့သော် မူစာကား(မိမိကိုးကွယ်ရာအရှင်အား ဤမှာပင်)မေ့ထားခဲ့လေပြီဟု (အချင်းချင်း) ပြောဆိုကြလေသည်။
တာဟာကုရ်အာန် ညွှန်းကိန်း
135အာယာသ်
MeccanRevelation
86အာယာသ်

ဘာသာပြန် — တာဟာ 86

စူရာ တာဟာ အာယာသ် 86 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထိုအခါ မူစာသည် မိမိအမျိုးသားတို့ထံ ဒေါသအမျက်ထွက်ကာ ဝမ်းနည်းပူဆွေးစွာ ပြန်လာခဲ့ပြီးလျှင် (ဤသို့)ပြောဆိုခဲ့လေသည်။ အို-ကျွန်ုပ်၏ အမျိုးသားတို့၊ အသင်တို့ကိုဖန်ဆင်းမွေးမြူတော်…

စူရာ အာယာသ် 86/135 — စူရာ တာဟာ طه (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ တာဟာ နားထောင်, စူရာ တာဟာ ဘာသာပြန်, စူရာ တာဟာ mp3, စူရာ တာဟာ pdf. အာယာသ် 84–88. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers