وَإِذَا تُتْلَىٰ عَلَيْهِمْ آيَاتُنَا بَيِّنَاتٍ تَعْرِفُ فِي وُجُوهِ الَّذِينَ كَفَرُوا الْمُنكَرَ ۖ يَكَادُونَ يَسْطُونَ بِالَّذِينَ يَتْلُونَ عَلَيْهِمْ آيَاتِنَا ۗ قُلْ أَفَأُنَبِّئُكُم بِشَرٍّ مِّن ذَٰلِكُمُ ۗ النَّارُ وَعَدَهَا اللَّهُ الَّذِينَ كَفَرُوا ۖ وَبِئْسَ الْمَصِيرُ ٧٢
🔤 Transliteration
Wa izaa tutlaa `laihim Aayaatunaa baiyinaatin ta`rifu fee wujoohil lazeena kafarul munkara yakaadoona yastoona bil lazeena yatloona `alaihim Aayaatinaa; qul afa unab bi`ukum bisharrim min zaalikum; an Naaru wa `adahal laahul lazeena kafaroo wa bi`sal maseer
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
ထို့ပြင် ၎င်းတို့ရှေ့ဝယ် ငါအရှင်မြတ်၏ ထင်ရှားသော အာယတ်တော်များကို ဖတ်ကြားသော အခါ အသင်သည်ကာဖိရ် သွေဖည်ငြင်းပယ်ကြသော သူတို့၏ မျက်နှာများတွင်မနှစ်မြို့မှု၊ သွေဖည် ငြင်းဆန်မှုကို တွေ့မြင်ရပေမည်။ ၎င်းတို့သည် မိမိ တို့ရှေ့ဝယ် ငါအရှင်မြတ်၏ အာယတ်တော်များကို ဖတ်ကြားသူတို့အား (ကိုယ်ထိလက်ရောက်) တိုက်ခိုက် လုနီးနီးဖြစ်ကုန်ကြပေသည်။ (အို-နဗီတမန်တော်) အသင်သည်(၎င်းတို့အား ဤသို့)ပြောကြားပါလေ။ (အချင်းတို့) သို့ဖြစ်မူ ငါသည် အသင်တို့အား ထို့ထက်ပင် ပိုမိုဆိုးရွားလှသောအရာကို ကြားသိစေရမည်လော။ (ထိုအရာကားငရဲ)မီးပင်။ အလ္လာဟ်အရှင်မြတ်သည် ကာဖိရ်သွေဖည် ငြင်းပယ်သောသူတို့အား ယင်းမီး(ထဲသို့ လားစေတော်မူမည်)ကို ချိန်းချက်ထားတော်မူခဲ့လေသည်။ စင်စစ်သော်ကား ယင်းငရဲမီးသည် အလွန်ဆိုးရွားလှသော ပြန်လည်ရာဌာနပင် ဖြစ်ချေသတည်း။
🌐 Additional reference in ภาษาไทย
ကမ္မဋ္ဌာန်းစကားလုံးများ၏ အဓိပ္ပာယ်များ تُتْلَىٰ عَلَيْهِمْ : သူတို့အပေါ်သို့ ဖတ်ရွတ်ခံရသောအခါ آيَاتُنَا : ငါအရှင်မြတ်၏ အာယသ်တော်များ (ကုရ်အာန်ကျမ်းတော်မြတ်၏ အာယသ်များ) بَيِّنَاتٍ : ထင်ရှားရှင်းလင်းသော الْمُنكَرَ : မနှစ်သက်သောအမူအရာ၊ ငြင်းပယ်သောအမူအရာ يَسْطُونَ : ရန်လိုတိုက်ခိုက်လိုသော၊ ဖမ်းဆီးရိုက်နှက်လိုသော أَفَأُنَبِّئُكُم : သင်တို့အား ငါအသိပေးရမည်လော بِشَرٍّ مِّن ذَٰلِكُمُ : ဤထက်ဆိုးရွားသောအရာဖြင့် الْمَصِيرُ : ပြန်လည်ရောက်ရှိရာနေရာ၊ အဆုံးသတ်ရောက်ရာဌာန အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက် ဤအာယသ်တော်သည် ကုရ်အာန်ကျမ်းတော်မြတ်ကို ငြင်းပယ်သော ကာဖိရ်များ၏ အခြေအနေကို ဖော်ပြထားခြင်းဖြစ်သည်။ သူတို့ထံသို့ ငါအရှင်မြတ်၏ ထင်ရှားရှင်းလင်းသော အာယသ်တော်များကို ဖတ်ရွတ်ပြသသောအခါ ကာဖိရ်များ၏ မျက်နှာများတွင် မနှစ်သက်သောအမူအရာ၊ ငြင်းပယ်သောအမူအရာကို သင်တွေ့မြင်နိုင်ပေသည်။ သူတို့သည် ထိုအာယသ်တော်များကို ဖတ်ရွတ်ပြသူများအပေါ်သို့ ရန်လိုတိုက်ခိုက်လိုလောက်အောင် ဒေါသထွက်ကြသည်။
ထိုအခါ နဗီတမန်တော်မြတ်အား ဤသို့မိန့်ကြားရန် အမိန့်ပေးထားသည်။ “သင်တို့အား ဤထက်ပင် ဆိုးရွားလှသောအရာကို ငါအသိပေးရမည်လော။ ထိုအရာမှာ ငရဲမီးပင်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် ကာဖိရ်များအတွက် ထိုငရဲမီးကို ကတိပြုထားတော်မူသည်။ ထိုငရဲမီးသည် အလွန်ဆိုးရွားလှသော ပြန်လည်ရောက်ရှိရာဌာနပင်ဖြစ်သည်။”
ဆိုလိုသည်မှာ ကာဖိရ်များသည် ကုရ်အာန်ကျမ်းတော်မြတ်ကို ကြားနာရခြင်းကို အလွန်မုန်းတီးကြသည်။ သို့သော် သူတို့မုန်းတီးသော ထိုကုရ်အာန်ကို ကြားနာရခြင်းထက်ပင် ပို၍ဆိုးရွားလှသောအရာမှာ သူတို့အတွက် အသင့်စောင့်ကြိုနေသော ငရဲမီးပင်ဖြစ်သည်။ ဤသည်ကား သူတို့၏ မိုက်မဲမှုနှင့် မာန်မာနကြောင့် ရရှိမည့် အကျိုးဆက်ပင်ဖြစ်သည်။
ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ အလ္လာဟ်အရှင်မြတ်၏ အာယသ်တော်များကို ကြားနာရခြင်းသည် ကြီးမားသော ကံကြီးမင်္ဂလာတစ်ခုဖြစ်သည်။ ထိုအာယသ်တော်များကို နှစ်သက်စွာ ကြားနာခြင်းဖြင့် စိတ်နှလုံးကို သန့်ရှင်းစေပြီး အီမာန်ကို ခိုင်မာစေသည်။ -
وَإِذَا تُتۡلَىٰ عَلَيۡهِمۡ ءَايَٰتُنَا بَيِّنَٰتٍ تَعۡرِفُ فِي وُجُوهِ ٱلَّذِينَ كَفَرُواْ ٱلۡمُنكَرَۖ يَكَادُونَ يَسۡطُونَ بِٱلَّذِينَ يَتۡلُونَ عَلَيۡهِمۡ ءَايَٰتِنَاۗ قُلۡ أَفَأُنَبِّئُكُم بِشَرٍّ مِّن ذَٰلِكُمُۚ ٱلنَّارُ وَعَدَهَا ٱللَّهُ ٱلَّذِينَ كَفَرُواْۖ وَبِئۡسَ ٱلۡمَصِيرُ ٧٢
ထို့ပြင် ၎င်းတို့ရှေ့ဝယ် ငါအရှင်မြတ်၏ ထင်ရှားသော အာယတ်တော်များကို ဖတ်ကြားသော အခါ အသင်သည်ကာဖိရ် သွေဖည်ငြင်းပယ်ကြသော သူတို့၏ မျက်နှာများတွင်မနှစ်မြို့မှု၊ သွေဖည် ငြင်းဆန်မှုကို တွေ့မြင်ရပေမည်။ ၎င်းတို့သည် မိမိ တို့ရှေ့ဝယ် ငါအရှင်မြတ်၏ အာယတ်တော်များကို ဖတ်ကြားသူတို့အား (ကိုယ်ထိလက်ရောက်) တိုက်ခိုက် လုနီးနီးဖြစ်ကုန်ကြပေသည်။ (အို-နဗီတမန်တော်) အသင်သည်(၎င်းတို့အား ဤသို့)ပြောကြားပါလေ။ (အချင်းတို့) သို့ဖြစ်မူ ငါသည် အသင်တို့အား ထို့ထက်ပင် ပိုမိုဆိုးရွားလှသောအရာကို ကြားသိစေရမည်လော။ (ထိုအရာကားငရဲ)မီးပင်။ အလ္လာဟ်အရှင်မြတ်သည် ကာဖိရ်သွေဖည် ငြင်းပယ်သောသူတို့အား ယင်းမီး(ထဲသို့ လားစေတော်မူမည်)ကို ချိန်းချက်ထားတော်မူခဲ့လေသည်။ စင်စစ်သော်ကား ယင်းငရဲမီးသည် အလွန်ဆိုးရွားလှသော ပြန်လည်ရာဌာနပင် ဖြစ်ချေသတည်း။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 70-74 — စူရာ အလ်-ဟဂ်ျ
70 أَلَمْ تَعْلَمْ أَنَّ اللَّهَ يَعْلَمُ مَا فِي السَّمَاءِ وَالْأَرْضِ ۗ إِنَّ ذَٰلِكَ فِي كِتَابٍ ۚ إِنَّ ذَٰلِكَ عَلَى اللَّهِ يَسِيرٌ
ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်၌ ရှိသမျှတို့ကိုလည်းကောင်း၊ ပထဝီမြေ၌ ရှိသမျှတို့ကိုလည်းကောင်း၊ (အကြွင်းမဲ့)သိရှိတော်မူသည်ကို အသင်မသိလေသလော။ ဧကန်စင်စစ် ထို(အရာများ)သည် မှတ်တမ်းတွင်ရှိပေသည်။ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်အဖို့ ယင်း(အဆုံးအဖြတ်)ကား လွယ်ကူလှပေသတည်း။
71 وَيَعْبُدُونَ مِن دُونِ اللَّهِ مَا لَمْ يُنَزِّلْ بِهِ سُلْطَانًا وَمَا لَيْسَ لَهُم بِهِ عِلْمٌ ۗ وَمَا لِلظَّالِمِينَ مِن نَّصِيرٍ
စင်စစ်သော်ကား ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်အား စွန့်၍ အကြင်အရာများကို ကိုးကွယ် ဆည်းကပ်ကြကုန်၏။ ထိုအရှင်မြတ်သည် ယင်းအရာများ(ကို ကိုးကွယ်နိုင်ခွင့်ရှိကြောင်းနှင့်စပ်လျဉ်း၍) မည်သည့်သက်သေခံ တစ်စုံတစ်ရာကိုမျှ ချပေးတော်မူခဲ့သည်မရှိပေ။ ယင်းအရာများ(ကိုကိုးကွယ် ဆည်းကပ်မှု)နှင့် စပ်လျဉ်း၍ ၎င်းတို့၌ မည်သည့်အသိပညာ အထောက်အထား တစ်စုံတစ်ရာမျှလည်း မရှိချေ။၎င်းပြင် မတရားသောသူတို့အား ကူညီစောင့်မမည့်သူ ဟူ၍လည်း တစ်ဦးတစ်ယောက်မျှ ရှိလိမ့်မည် မဟုတ်ပေ။
72 وَإِذَا تُتْلَىٰ عَلَيْهِمْ آيَاتُنَا بَيِّنَاتٍ تَعْرِفُ فِي وُجُوهِ الَّذِينَ كَفَرُوا الْمُنكَرَ ۖ يَكَادُونَ يَسْطُونَ بِالَّذِينَ يَتْلُونَ عَلَيْهِمْ آيَاتِنَا ۗ قُلْ أَفَأُنَبِّئُكُم بِشَرٍّ مِّن ذَٰلِكُمُ ۗ النَّارُ وَعَدَهَا اللَّهُ الَّذِينَ كَفَرُوا ۖ وَبِئْسَ الْمَصِيرُ
ထို့ပြင် ၎င်းတို့ရှေ့ဝယ် ငါအရှင်မြတ်၏ ထင်ရှားသော အာယတ်တော်များကို ဖတ်ကြားသော အခါ အသင်သည်ကာဖိရ် သွေဖည်ငြင်းပယ်ကြသော သူတို့၏ မျက်နှာများတွင်မနှစ်မြို့မှု၊ သွေဖည် ငြင်းဆန်မှုကို တွေ့မြင်ရပေမည်။ ၎င်းတို့သည် မိမိ တို့ရှေ့ဝယ် ငါအရှင်မြတ်၏ အာယတ်တော်များကို ဖတ်ကြားသူတို့အား (ကိုယ်ထိလက်ရောက်) တိုက်ခိုက် လုနီးနီးဖြစ်ကုန်ကြပေသည်။ (အို-နဗီတမန်တော်) အသင်သည်(၎င်းတို့အား ဤသို့)ပြောကြားပါလေ။ (အချင်းတို့) သို့ဖြစ်မူ ငါသည် အသင်တို့အား ထို့ထက်ပင် ပိုမိုဆိုးရွားလှသောအရာကို ကြားသိစေရမည်လော။ (ထိုအရာကားငရဲ)မီးပင်။ အလ္လာဟ်အရှင်မြတ်သည် ကာဖိရ်သွေဖည် ငြင်းပယ်သောသူတို့အား ယင်းမီး(ထဲသို့ လားစေတော်မူမည်)ကို ချိန်းချက်ထားတော်မူခဲ့လေသည်။ စင်စစ်သော်ကား ယင်းငရဲမီးသည် အလွန်ဆိုးရွားလှသော ပြန်လည်ရာဌာနပင် ဖြစ်ချေသတည်း။
73 يَا أَيُّهَا النَّاسُ ضُرِبَ مَثَلٌ فَاسْتَمِعُوا لَهُ ۚ إِنَّ الَّذِينَ تَدْعُونَ مِن دُونِ اللَّهِ لَن يَخْلُقُوا ذُبَابًا وَلَوِ اجْتَمَعُوا لَهُ ۖ وَإِن يَسْلُبْهُمُ الذُّبَابُ شَيْئًا لَّا يَسْتَنقِذُوهُ مِنْهُ ۚ ضَعُفَ الطَّالِبُ وَالْمَطْلُوبُ
အို-လူခပ်သိမ်းတို့၊ ဥပမာ ပုံဆောင်ချက်တစ်ခုကို ခိုင်းနှိုင်းမည်ဖြစ်ရာ အသင်တို့သည် ယင်းဥပမာ ပုံဆောင်ချက်ကို(ကောင်းစွာ) နားထောင်ကြလေကုန်။ မုချဧကန် အလ္လာဟ်အရှင်မြတ်အား စွန့်၍ အသင်တို့ ဟစ်ခေါ်(တသ ဆည်းကပ် ကိုးကွယ် လျက်ရှိ)ကြသော အရာများမှာ ၎င်းတို့အားလုံး(တစ်စည်းတစ်လုံးတည်း) စုရုံး(ကြိုးပမ်းအား ထုတ်ကြသည့်တိုင်အောင် ယင်ကောင်တစ်ကောင်ကိုမျှပင် အလျှင်း ဖန်ဆင်းနိုင်ကြမည် မဟုတ်ပေ။ ထိုမှတစ်ပါး အကယ်၍ ထိုယင်ကောင်သည် ၎င်းတို့ထံမှ တစ်စုံတစ်ရာကို လုယူပါလျှင်(သုတ်ယူသွားပါလျှင်) ၎င်းတို့သည် ယင်းအရာကိုပင် ထိုယင်ကောင်၏ထံမှ ပြန်လုယူနိုင်ကြမည် မဟုတ်ချေ။ ရှာဖွေဆည်းပူး (ကိုးကွယ်ဆည်းကပ်)သောသူနှင့် ရှာဖွေဆည်းပူး (ကိုးကွယ်ဆည်းကပ်)ခြင်း ခံရသောသူတို့သည် အားနည်းချိနဲ့ကြ ပေတကား။
74 مَا قَدَرُوا اللَّهَ حَقَّ قَدْرِهِ ۗ إِنَّ اللَّهَ لَقَوِيٌّ عَزِيزٌ
၎င်းတို့သည် အလ္လာဟ်အရှင်မြတ်အား ရိုသေကိုင်းရှိုင်းရန် တာဝန်ရှိသည်နှင့်အညီ ရိုသေကိုင်းရှိုင်းကြသည် မဟုတ်ပေ။ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် ခွန်အားပြည့်စုံတော်မူသော၊ တန်ခိုးအာနုဘော်ဖြင့် လွှမ်းမိုးတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
ဘာသာပြန် — အလ်-ဟဂ်ျ 72 စူရာ အလ်-ဟဂ်ျ အာယာသ် 72 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထို့ပြင် ၎င်းတို့ရှေ့ဝယ် ငါအရှင်မြတ်၏ ထင်ရှားသော အာယတ်တော်များကို ဖတ်ကြားသော အခါ အသင်သည်ကာဖိရ် သွေဖည်ငြင်းပယ်ကြသော သူတို့၏…
စူရာ အာယာသ် 72/78 — စူရာ အလ်-ဟဂ်ျ الحج (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဟဂ်ျ နားထောင်, စူရာ အလ်-ဟဂ်ျ ဘာသာပြန်, စူရာ အလ်-ဟဂ်ျ mp3, စူရာ အလ်-ဟဂ်ျ pdf. အာယာသ် 70–74. မြန်မာဘာသာ: ภาษาไทย.