အန်-နူရ် · 41/64
ဘာသာပြန် အသံနိုင်ငံ — စူရာ အန်-နူရ်
أَلَمْ تَرَ أَنَّ اللَّهَ يُسَبِّحُ لَهُ مَن فِي السَّمَاوَاتِ وَالْأَرْضِ وَالطَّيْرُ صَافَّاتٍ ۖ كُلٌّ قَدْ عَلِمَ صَلَاتَهُ وَتَسْبِيحَهُ ۗ وَاللَّهُ عَلِيمٌ بِمَا يَفْعَلُونَ ۝٤١
Alam tara annal laaha yusabbihu lahoo man fissamaawaati wal ardi wat tairu saaaffaatim kullun qad `alima Salaatahoo wa tasbeehah; wallaahu `aleemum bimaa yaf`aloon
📖 မြန်မာဘာသာ
ဧကန်စင်စစ် မိုးကောင်းကင်များ၌ ရှိနေသူတို့သည်လည်းကောင်း၊ ပထဝီမြေ၌ ရှိသူတို့သည်လည်းကောင်း၊ အတောင်ပံများ၌ဖြန့် (၍ဝဲပျံ)လျက်ရှိကြကုန်သော ငှက်တိရစ္ဆာန်တို့သည်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ် စင်ကြယ် သန့်ရှင်းတော်မူကြောင်း မြွက်ဆိုလျက်ရှိကြသည်ကို အသင်သည် မသိမြင်ခဲ့လေသလော။ (၎င်းတို့အနက်) အသီးသီးတို့သည် မိမိတို့၏ ဆုတောင်း ပတ္တနာပြုနည်းကိုလည်းကောင်း၊ မိမိတို့၏ ဘာဝနာစီးဖြန်းပုံကိုလည်းကောင်း၊ ဧကန်အမှန်သိရှိပြီး ဖြစ်ကြကုန်၏။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့ ပြုလုပ်လျက်ရှိကြသည်တို့ကို ကောင်းစွာ သိရှိတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္မသဒ္ဒါနှင့် ဝေါဟာရအနက်ဖွင့်ဆိုချက်များ
  • أَلَمْ تَرَ (အလမ် တရာ) — “မင်း မမြင်ခဲ့သလော” ဟု အဓိပ္ပာယ်ရသည်။ ဤနေရာတွင် မျက်စိဖြင့် မြင်ခြင်းမဟုတ်ဘဲ စိတ်ဖြင့် သိမြင်နားလည်ခြင်း၊ ဆင်ခြင်သုံးသပ်ခြင်းကို ဆိုလိုသည်။
  • يُسَبِّحُ لَهُ (ယုစဗ္ဗိဟု လဟု) — “ထိုအရှင်မြတ်အား သန့်ရှင်းစင်ကြယ်ကြောင်း ချီးမွမ်းပြောဆိုသည်” ဟု အဓိပ္ပာယ်ရသည်။ တပ်စဗီဟ် (تسبيح) ဆိုသည်မှာ အလ္လာဟ်အရှင်မြတ်သည် ချို့ယွင်းချက်အပေါင်းမှ ကင်းစင်တော်မူကြောင်း၊ ချီးမွမ်းထိုက်တော်မူကြောင်း ဖော်ပြခြင်းဖြစ်သည်။
  • صَافَّاتٍ (ဆာဖ်ဖာသ်) — “တောင်ပံများကို ဖြန့်ကားထားသော” ဟု အဓိပ္ပာယ်ရသည်။ ငှက်များသည် လေထဲတွင် တောင်ပံဖြန့်၍ ပျံသန်းနေစဉ် မိမိတို့နည်းလမ်းအတိုင်း အလ္လာဟ်အရှင်မြတ်အား ချီးမွမ်းနေကြခြင်းကို ဖော်ပြသည်။
  • كُلٌّ قَدْ عَلِمَ صَلَاتَهُ وَتَسْبِيحَهُ (ကုလ္လုန် ကာဒ် အလိမ ဆလာသဟု ဝ တပ်စဗီဟဟု) — “အားလုံးကို ထိုသူ၏ ဆွလာသ်နှင့် တပ်စဗီဟ်ကို အလ္လာဟ်အရှင်မြတ် သိတော်မူသည်” ဟု အဓိပ္ပာယ်ရသည်။ ဤနေရာတွင် “ဆွလာသ်” သည် ဝတ်ပြုကိုးကွယ်မှုကို ဆိုလိုပြီး “တပ်စဗီဟ်” သည် ချီးမွမ်းပြောဆိုမှုကို ဆိုလိုသည်။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

အို တမန်တော်မြတ်၊ မိုးကောင်းကင်များနှင့် မြေပြင်တွင် ရှိကြသော ဖန်ဆင်းခံအားလုံးတို့သည် အလ္လာဟ်အရှင်မြတ်အား ချီးမွမ်းသန့်ရှင်းကြောင်း ပြောဆိုနေကြသည်ကို သင်သည် ဆင်ခြင်၍ မသိမမြင်ခဲ့သလော။ ကောင်းကင်ယံတွင် တောင်ပံများကို ဖြန့်ကားထားလျက် ပျံသန်းနေကြသော ငှက်များလည်း ထိုအရှင်မြတ်အား ချီးမွမ်းနေကြသည်။ ထိုဖန်ဆင်းခံအားလုံးတို့အနက် တစ်ဦးစီတိုင်း၏ ကိုးကွယ်ဝတ်ပြုမှုနှင့် ချီးမွမ်းပြောဆိုမှုကို အလ္လာဟ်အရှင်မြတ်သည် ကောင်းစွာ သိတော်မူသည်။ အလ္လာဟ်အရှင်မြတ်သည် သူတို့ပြုလုပ်သမျှသော အပြုအမူအားလုံးကို အကြွင်းမဲ့ သိတော်မူသောအရှင် ဖြစ်တော်မူသည်။

ရှင်းလင်းစွာ ဆိုရသော် ဤစကြဝဠာကြီးတွင် ရှိရှိသမျှသော သတ္တဝါအားလုံး — လူသားများ၊ ကောင်းကင်တမန်များ၊ ငှက်များ၊ တိရစ္ဆာန်များ အစရှိသည့် ဖန်ဆင်းခံအားလုံး — တို့သည် မိမိတို့၏ သဘာဝအတိုင်း အလ္လာဟ်အရှင်မြတ်ကို ချီးမွမ်းနေကြသည်။ လူ



📜 အာယာသ် 39-43 — စူရာ အန်-နူရ်

39وَالَّذِينَ كَفَرُوا أَعْمَالُهُمْ كَسَرَابٍ بِقِيعَةٍ يَحْسَبُهُ الظَّمْآنُ مَاءً حَتَّىٰ إِذَا جَاءَهُ لَمْ يَجِدْهُ شَيْئًا وَوَجَدَ اللَّهَ عِندَهُ فَوَفَّاهُ حِسَابَهُ ۗ وَاللَّهُ سَرِيعُ الْحِسَابِ
သို့ရာတွင် ‘ကာဖိရ်’ မယုံမကြည် သွေဖည် ငြင်းပယ်သောသူတို့သည် ၎င်းတို့၏ပြုကျင့်မှုတို့မှာမူကား လွင်တီးပြင်၌ရှိနေသော လင်းလျှပ်ပမာဖြစ်ပေရာ ရေမွတ်သိပ်သောသူတို့သည် ထိုလင်းလျှပ်ကိုပင် ရေဟူ၍ ထင်မှတ်လေသည်။ နောက်ဆုံးတွင် ၎င်းသည် ထိုလင်းလျှပ်အနီးသို့ ရောက်လတ်သော် ထိုလင်းလျှပ်ကို တစ်စုံတစ်ရာမျှ မတွေ့ခဲ့ရသည့်အပြင် ယင်း၏အနီးတွင် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကိုသာ တွေ့ရှိခဲ့လေသည်။ သို့ဖြစ်ပေရာ ထိုအရှင်မြတ်သည် ၎င်း၏စာရင်းအင်းကို အပြည့်အဝ ရှင်းလင်းတော်မူခဲ့လေသည်။ (ဝါ)၎င်း၏သက်တမ်းကို ကုန်ဆုံးစေတော်မူခဲ့လေသည်။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် လျင်မြန်စွာ စစ်ဆေးတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသည်။
40أَوْ كَظُلُمَاتٍ فِي بَحْرٍ لُّجِّيٍّ يَغْشَاهُ مَوْجٌ مِّن فَوْقِهِ مَوْجٌ مِّن فَوْقِهِ سَحَابٌ ۚ ظُلُمَاتٌ بَعْضُهَا فَوْقَ بَعْضٍ إِذَا أَخْرَجَ يَدَهُ لَمْ يَكَدْ يَرَاهَا ۗ وَمَن لَّمْ يَجْعَلِ اللَّهُ لَهُ نُورًا فَمَا لَهُ مِن نُّورٍ
သို့တည်းမဟုတ် (ထိုကာဖိရ်သွေဖည် ငြင်းပယ်သောသူတို့၏ မကောင်းမှုများသည်) အကြင် နက်ဝှမ်းသော သမုဒ္ဒရာပင်လယ်အတွင်းရှိ အမိုက်မှောင်များနှင့် ပမာတူ၏။ ထိုသမုဒ္ဒရာပင်လယ်ကို လှိုင်းတံပိုး လွှမ်းမိုးလျက်ရှိ၏။ (တစ်ဖန်) ထိုလှိုင်းတံပိုး၏ထက်ဝယ် (အခြားသော)လှိုင်းတံပိုးတစ်ခုသည်လည်း ရှိပြန်၏။ (တစ်ဖန်)ထိုလှိုင်းတံပိုး၏ထက်၌ မိုးတိမ်များလည်း ရှိနေပြန်၏။ (အချုပ်မှာ) အမိုက်မှောင်များ အပေါ်၌ အမိုက်မှောင်ထပ်လျက်ပင် ရှိနေပေရာ(အမိုက်မှောင်အထပ်ထပ်၌ရှိနေသော) အကြင်သူတစ်ဦးတစ်ယောက်သည် မိမိ၏လက်ကို ထုတ်(၍ ကြည့်)သောအခါ မြင်နိုင်ရန်လက္ခဏာမျှပင် မရှိချေ။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်က အလင်းရောင် ချီးမြှင့်တော်မမူတော့ပေ။ အလင်းရောင် စိုးစဉ်းမျှကိုပင် ရရှိနိုင်မည် မဟုတ်ပေတကား။
41أَلَمْ تَرَ أَنَّ اللَّهَ يُسَبِّحُ لَهُ مَن فِي السَّمَاوَاتِ وَالْأَرْضِ وَالطَّيْرُ صَافَّاتٍ ۖ كُلٌّ قَدْ عَلِمَ صَلَاتَهُ وَتَسْبِيحَهُ ۗ وَاللَّهُ عَلِيمٌ بِمَا يَفْعَلُونَ
ဧကန်စင်စစ် မိုးကောင်းကင်များ၌ ရှိနေသူတို့သည်လည်းကောင်း၊ ပထဝီမြေ၌ ရှိသူတို့သည်လည်းကောင်း၊ အတောင်ပံများ၌ဖြန့် (၍ဝဲပျံ)လျက်ရှိကြကုန်သော ငှက်တိရစ္ဆာန်တို့သည်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ် စင်ကြယ် သန့်ရှင်းတော်မူကြောင်း မြွက်ဆိုလျက်ရှိကြသည်ကို အသင်သည် မသိမြင်ခဲ့လေသလော။ (၎င်းတို့အနက်) အသီးသီးတို့သည် မိမိတို့၏ ဆုတောင်း ပတ္တနာပြုနည်းကိုလည်းကောင်း၊ မိမိတို့၏ ဘာဝနာစီးဖြန်းပုံကိုလည်းကောင်း၊ ဧကန်အမှန်သိရှိပြီး ဖြစ်ကြကုန်၏။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့ ပြုလုပ်လျက်ရှိကြသည်တို့ကို ကောင်းစွာ သိရှိတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသည်။
42وَلِلَّهِ مُلْكُ السَّمَاوَاتِ وَالْأَرْضِ ۖ وَإِلَى اللَّهِ الْمَصِيرُ
ထို့ပြင် မိုးကောင်းကင်တွင် စိုးမိုးအုပ်ချုပ်မှု အာဏာသည်လည်းကောင်း၊ ပထဝီမြေတွင် စိုးမိုးအုပ်ချုပ်မှု အာဏာသည်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်၌သာရှိပေသည်။ ထိုမှတစ်ပါး(နောက်ဆုံး)ပြန်လည်ရာစခန်းသည်လည်း အလ္လာဟ်အရှင်မြတ် အထံတော်၌သာလျှင် ဖြစ်ပေသတည်း။
43أَلَمْ تَرَ أَنَّ اللَّهَ يُزْجِي سَحَابًا ثُمَّ يُؤَلِّفُ بَيْنَهُ ثُمَّ يَجْعَلُهُ رُكَامًا فَتَرَى الْوَدْقَ يَخْرُجُ مِنْ خِلَالِهِ وَيُنَزِّلُ مِنَ السَّمَاءِ مِن جِبَالٍ فِيهَا مِن بَرَدٍ فَيُصِيبُ بِهِ مَن يَشَاءُ وَيَصْرِفُهُ عَن مَّن يَشَاءُ ۖ يَكَادُ سَنَا بَرْقِهِ يَذْهَبُ بِالْأَبْصَارِ
အသင်သည် မသိမမြင်ခဲ့လေသလော။ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် မိုးတိမ်များကို တဖြည်းဖြည်း မောင်းနှင်တော်မူ၏။ ထို့နောက် ယင်းမိုးတိမ်းများကို အချင်းချင်း ပေါင်းစပ်တော်မူ၏။ ထို့နောက် ၎င်းတို့ကို အထပ်ထပ်ဖြစ်စေတော်မူ၏။ ထိုအခါ အသင်သည် ယင်းမိုးတိမ်များအကြားမှ မိုးပေါက်များထွက်၍ ရွာသွန်းလာသည်ကို တွေ့မြင်ရလေသည်။ ထိုနည်းတူ တစ်နည်း၊ ထိုအရှင်မြတ်သည် ထိုမိုးတိမ်မှပင် (ဝါ)ထိုမိုးတိမ်၏ အစိုင်အခဲကြီးများမှပင် မိုးသီးများကို ကျစေတော်မူသည်။ ထိုအရှင်မြတ်သည် မိုးကောင်းကင်မှ မိုးသီးများပါရှိသော အစိုင်အခဲကြီးများကို ကျစေတော်မူ၏။ တစ်ဖန် ထိုအရှင်မြတ်သည် ထိုမိုးသီးများဖြင့် မိမိအလိုရှိတော်မူသောသူအား ထိခိုက်စေတော်မူ၍၊ မိမိအလိုရှိတော်မူသောသူမှ ယင်းမိုးသီးများကို လွှဲ ဖယ်တော်မူ၏။ ယင်းမိုးတိမ်၏ လျှပ်ပြက်ရောင်သည် စက္ခုအလင်းကို သိမ်းယူသွားအံ့ဆဲဆဲ ဖြစ်ပေသည်။
အန်-နူရ်ကုရ်အာန် ညွှန်းကိန်း
64အာယာသ်
MedinanRevelation
41အာယာသ်

ဘာသာပြန် — အန်-နူရ် 41

စူရာ အန်-နူရ် အာယာသ် 41 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ဧကန်စင်စစ် မိုးကောင်းကင်များ၌ ရှိနေသူတို့သည်လည်းကောင်း၊ ပထဝီမြေ၌ ရှိသူတို့သည်လည်းကောင်း၊ အတောင်ပံများ၌ဖြန့် (၍ဝဲပျံ)လျက်ရှိကြကုန်သော ငှက်တိရစ္ဆာန်တို့သည်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ် စင်ကြယ်…

စူရာ အာယာသ် 41/64 — စူရာ အန်-နူရ် النور (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အန်-နူရ် နားထောင်, စူရာ အန်-နူရ် ဘာသာပြန်, စူရာ အန်-နူရ် mp3, စူရာ အန်-နူရ် pdf. အာယာသ် 39–43. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Saturday, October 31, 2026

Don't forget us in your sincere prayers