أَوْ كَظُلُمَاتٍ فِي بَحْرٍ لُّجِّيٍّ يَغْشَاهُ مَوْجٌ مِّن فَوْقِهِ مَوْجٌ مِّن فَوْقِهِ سَحَابٌ ۚ ظُلُمَاتٌ بَعْضُهَا فَوْقَ بَعْضٍ إِذَا أَخْرَجَ يَدَهُ لَمْ يَكَدْ يَرَاهَا ۗ وَمَن لَّمْ يَجْعَلِ اللَّهُ لَهُ نُورًا فَمَا لَهُ مِن نُّورٍ ٤٠
🔤 Transliteration
Aw kazulumaatin fee bahril lujjiyyiny yaghshaahu mawjum min fawqihee mawjum min fawqihee mawjum min fawqihee sahaab; zulumatum ba`duhaa fawqa ba`din izaaa akhraja yadahoo lam yakad yaraahaa wa mal lam yaj`alil laahu lahoo noora famaa lahoo min noor
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
သို့တည်းမဟုတ် (ထိုကာဖိရ်သွေဖည် ငြင်းပယ်သောသူတို့၏ မကောင်းမှုများသည်) အကြင် နက်ဝှမ်းသော သမုဒ္ဒရာပင်လယ်အတွင်းရှိ အမိုက်မှောင်များနှင့် ပမာတူ၏။ ထိုသမုဒ္ဒရာပင်လယ်ကို လှိုင်းတံပိုး လွှမ်းမိုးလျက်ရှိ၏။ (တစ်ဖန်) ထိုလှိုင်းတံပိုး၏ထက်ဝယ် (အခြားသော)လှိုင်းတံပိုးတစ်ခုသည်လည်း ရှိပြန်၏။ (တစ်ဖန်)ထိုလှိုင်းတံပိုး၏ထက်၌ မိုးတိမ်များလည်း ရှိနေပြန်၏။ (အချုပ်မှာ) အမိုက်မှောင်များ အပေါ်၌ အမိုက်မှောင်ထပ်လျက်ပင် ရှိနေပေရာ(အမိုက်မှောင်အထပ်ထပ်၌ရှိနေသော) အကြင်သူတစ်ဦးတစ်ယောက်သည် မိမိ၏လက်ကို ထုတ်(၍ ကြည့်)သောအခါ မြင်နိုင်ရန်လက္ခဏာမျှပင် မရှိချေ။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်က အလင်းရောင် ချီးမြှင့်တော်မမူတော့ပေ။ အလင်းရောင် စိုးစဉ်းမျှကိုပင် ရရှိနိုင်မည် မဟုတ်ပေတကား။
🌐 Additional reference in ภาษาไทย
၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ بَحْرٍ لُّجِّيٍّ (ဗဟ်ရင်လုဂ္ဂိယ်) — အလွန်နက်ရှိုင်းသော ပင်လယ်။ "လုဂ္ဂျ်" ဆိုသည်မှာ ရေအမြောက်အမြား၊ ရေထု၏ အနက်ဆုံးအပိုင်းကို ဆိုလိုသည်။يَغْشَاهُ (ယဂ္ရှာဟု) — ဖုံးလွှမ်းသည်၊ လွှမ်းမိုးသည်။مَوْجٌ (မောင်ဂျ်) — လှိုင်း။سَحَابٌ (ဆဟာဗ်) — တိမ်။لَمْ يَكَدْ يَرَاهَا (လမ်ယကဒ် ယရာဟာ) — မိမိ၏လက်ကို မြင်နိုင်ရန် နီးစပ်ခြင်းပင်မရှိ၊ အလွန်အမင်း မှောင်မိုက်လွန်းသောကြောင့် မြင်နိုင်မည်မဟုတ်ပါ။نُورًا (နူရ်) — အလင်း၊ လမ်းညွှန်မှု၊ ယုံကြည်ခြင်း။၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက် ဤအာယသ်တော်သည် ကာဖိရ်များ (မယုံကြည်သူများ) ၏ လုပ်ရပ်များကို နက်ရှိုင်းလှသော ပင်လယ်အတွင်း၌ ရှိသော အမှောင်ထုများနှင့် နှိုင်းယှဉ်ဖော်ပြထားပါသည်။ ထိုပင်လယ်ကို လှိုင်းတစ်ခုက ဖုံးလွှမ်းထား၏။ ထိုလှိုင်း၏အပေါ်တွင် နောက်လှိုင်းတစ်ခု ထပ်မံဖုံးလွှမ်းထား၏။ ထို့အပေါ်တွင် ထူထပ်သော တိမ်တိုက်များက ဖုံးအုပ်ထား၏။ ဤသို့ဖြင့် အမှောင်ထုသည် အထပ်ထပ် ဖုံးလွှမ်းနေပါသည်။ ထိုအမှောင်ထုထဲတွင် လူတစ်ဦးသည် မိမိ၏လက်ကို ဆန့်ထုတ်ကြည့်သော် ထိုလက်ကို မြင်နိုင်ရန် နီးစပ်ခြင်းပင်မရှိပါ။ အလွန်အမင်း မှောင်မိုက်လွန်းသောကြောင့်ဖြစ်သည်။
ဤဥပမာသည် ကာဖိရ်များ၏ အခြေအနေကို ဖော်ပြခြင်းဖြစ်ပါသည်။ သူတို့၏ နှလုံးသားများအပေါ် အမှောင်ထုများ အထပ်ထပ် ဖုံးလွှမ်းနေပါသည်။ ရှိရ်က် (အလ္လာဟ်နှင့် တွဲဖက်ကိုးကွယ်မှု) ၏ အမှောင်ထု၊ လမ်းမှားခြင်း၏ အမှောင်ထု၊ မသိနားမလည်မှု၏ အမှောင်ထု၊ သံသယ၏ အမှောင်ထု၊ စိတ်ရှုပ်ထွေးမှု၏ အမှောင်ထုတို့သည် သူတို့အပေါ် ထပ်ဆင့်ဖုံးလွှမ်းနေပါသည်။ သူတို့သည် မိမိတို့၏ လုပ်ရပ်များကို ကောင်းမွန်သည်ဟု ထင်မှတ်နေကြသော်လည်း အမှန်တွင် ၎င်းတို့သည် အမှောင်ထုထဲ၌ လမ်းပျောက်နေသူများသာဖြစ်ပါသည်။
အလ္လာဟ်အရှင်မြတ်သည် မည်သူ့ကိုမျှ အလင်း (နူရ်) ကို ပေးသနားတော်မမူပါက သူ့အတွက် မည်သည့်အလင်းမျှ မရှိနိုင်ပါ။ ဆိုလိုသည်မှာ အလ္လာဟ်အရှင်မြတ်သည် မည်သူ့ကိုမျှ ကုရ်အာန်နှင့် တမန်တော်မြတ်၏ စွန္နသ်တော်မှတစ်ဆင့် လမ်းညွှန်မှုကို ပေးသနားတော်မမူ
أَوۡ كَظُلُمَٰتٍ فِي بَحۡرٍ لُّجِّيٍّ يَغۡشَىٰهُ مَوۡجٌ مِّن فَوۡقِهِۦ مَوۡجٌ مِّن فَوۡقِهِۦ سَحَابٌۚ ظُلُمَٰتُۢ بَعۡضُهَا فَوۡقَ بَعۡضٍ إِذَآ أَخۡرَجَ يَدَهُۥ لَمۡ يَكَدۡ يَرَىٰهَاۗ وَمَن لَّمۡ يَجۡعَلِ ٱللَّهُ لَهُۥ نُورًا فَمَا لَهُۥ مِن نُّورٍ ٤٠
သို့တည်းမဟုတ် (ထိုကာဖိရ်သွေဖည် ငြင်းပယ်သောသူတို့၏ မကောင်းမှုများသည်) အကြင် နက်ဝှမ်းသော သမုဒ္ဒရာပင်လယ်အတွင်းရှိ အမိုက်မှောင်များနှင့် ပမာတူ၏။ ထိုသမုဒ္ဒရာပင်လယ်ကို လှိုင်းတံပိုး လွှမ်းမိုးလျက်ရှိ၏။ (တစ်ဖန်) ထိုလှိုင်းတံပိုး၏ထက်ဝယ် (အခြားသော)လှိုင်းတံပိုးတစ်ခုသည်လည်း ရှိပြန်၏။ (တစ်ဖန်)ထိုလှိုင်းတံပိုး၏ထက်၌ မိုးတိမ်များလည်း ရှိနေပြန်၏။ (အချုပ်မှာ) အမိုက်မှောင်များ အပေါ်၌ အမိုက်မှောင်ထပ်လျက်ပင် ရှိနေပေရာ(အမိုက်မှောင်အထပ်ထပ်၌ရှိနေသော) အကြင်သူတစ်ဦးတစ်ယောက်သည် မိမိ၏လက်ကို ထုတ်(၍ ကြည့်)သောအခါ မြင်နိုင်ရန်လက္ခဏာမျှပင် မရှိချေ။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်က အလင်းရောင် ချီးမြှင့်တော်မမူတော့ပေ။ အလင်းရောင် စိုးစဉ်းမျှကိုပင် ရရှိနိုင်မည် မဟုတ်ပေတကား။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 38-42 — စူရာ အန်-နူရ်
38 لِيَجْزِيَهُمُ اللَّهُ أَحْسَنَ مَا عَمِلُوا وَيَزِيدَهُم مِّن فَضْلِهِ ۗ وَاللَّهُ يَرْزُقُ مَن يَشَاءُ بِغَيْرِ حِسَابٍ
နောက်တွင်မူ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား ၎င်းတို့ ကျင့်မူခဲ့ကြကုန်သော ကောင်းမှုသုစရိုက်များနှင့် စပ်လျဉ်း၍ အကောင်းဆုံးသော အကျိုးကျေးဇူးတော်ကို ချီးမြှင့်ပေးသနားတော်မူမည့်ပြင် မိမိကျေးဇူးတော်ဖြင့် ပို၍ပင် ချီးမြှင့်ပေးသနားတော်မူဦးမည် ဖြစ်ပေသည်။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် မိမိအလိုရှိတော်မူသောသူအား အကန့်အသတ်မရှိ ချီးမြှင့်ပေးသနားတော်မူပေသတည်း။
39 وَالَّذِينَ كَفَرُوا أَعْمَالُهُمْ كَسَرَابٍ بِقِيعَةٍ يَحْسَبُهُ الظَّمْآنُ مَاءً حَتَّىٰ إِذَا جَاءَهُ لَمْ يَجِدْهُ شَيْئًا وَوَجَدَ اللَّهَ عِندَهُ فَوَفَّاهُ حِسَابَهُ ۗ وَاللَّهُ سَرِيعُ الْحِسَابِ
သို့ရာတွင် ‘ကာဖိရ်’ မယုံမကြည် သွေဖည် ငြင်းပယ်သောသူတို့သည် ၎င်းတို့၏ပြုကျင့်မှုတို့မှာမူကား လွင်တီးပြင်၌ရှိနေသော လင်းလျှပ်ပမာဖြစ်ပေရာ ရေမွတ်သိပ်သောသူတို့သည် ထိုလင်းလျှပ်ကိုပင် ရေဟူ၍ ထင်မှတ်လေသည်။ နောက်ဆုံးတွင် ၎င်းသည် ထိုလင်းလျှပ်အနီးသို့ ရောက်လတ်သော် ထိုလင်းလျှပ်ကို တစ်စုံတစ်ရာမျှ မတွေ့ခဲ့ရသည့်အပြင် ယင်း၏အနီးတွင် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကိုသာ တွေ့ရှိခဲ့လေသည်။ သို့ဖြစ်ပေရာ ထိုအရှင်မြတ်သည် ၎င်း၏စာရင်းအင်းကို အပြည့်အဝ ရှင်းလင်းတော်မူခဲ့လေသည်။ (ဝါ)၎င်း၏သက်တမ်းကို ကုန်ဆုံးစေတော်မူခဲ့လေသည်။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် လျင်မြန်စွာ စစ်ဆေးတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသည်။
40 أَوْ كَظُلُمَاتٍ فِي بَحْرٍ لُّجِّيٍّ يَغْشَاهُ مَوْجٌ مِّن فَوْقِهِ مَوْجٌ مِّن فَوْقِهِ سَحَابٌ ۚ ظُلُمَاتٌ بَعْضُهَا فَوْقَ بَعْضٍ إِذَا أَخْرَجَ يَدَهُ لَمْ يَكَدْ يَرَاهَا ۗ وَمَن لَّمْ يَجْعَلِ اللَّهُ لَهُ نُورًا فَمَا لَهُ مِن نُّورٍ
သို့တည်းမဟုတ် (ထိုကာဖိရ်သွေဖည် ငြင်းပယ်သောသူတို့၏ မကောင်းမှုများသည်) အကြင် နက်ဝှမ်းသော သမုဒ္ဒရာပင်လယ်အတွင်းရှိ အမိုက်မှောင်များနှင့် ပမာတူ၏။ ထိုသမုဒ္ဒရာပင်လယ်ကို လှိုင်းတံပိုး လွှမ်းမိုးလျက်ရှိ၏။ (တစ်ဖန်) ထိုလှိုင်းတံပိုး၏ထက်ဝယ် (အခြားသော)လှိုင်းတံပိုးတစ်ခုသည်လည်း ရှိပြန်၏။ (တစ်ဖန်)ထိုလှိုင်းတံပိုး၏ထက်၌ မိုးတိမ်များလည်း ရှိနေပြန်၏။ (အချုပ်မှာ) အမိုက်မှောင်များ အပေါ်၌ အမိုက်မှောင်ထပ်လျက်ပင် ရှိနေပေရာ(အမိုက်မှောင်အထပ်ထပ်၌ရှိနေသော) အကြင်သူတစ်ဦးတစ်ယောက်သည် မိမိ၏လက်ကို ထုတ်(၍ ကြည့်)သောအခါ မြင်နိုင်ရန်လက္ခဏာမျှပင် မရှိချေ။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်က အလင်းရောင် ချီးမြှင့်တော်မမူတော့ပေ။ အလင်းရောင် စိုးစဉ်းမျှကိုပင် ရရှိနိုင်မည် မဟုတ်ပေတကား။
41 أَلَمْ تَرَ أَنَّ اللَّهَ يُسَبِّحُ لَهُ مَن فِي السَّمَاوَاتِ وَالْأَرْضِ وَالطَّيْرُ صَافَّاتٍ ۖ كُلٌّ قَدْ عَلِمَ صَلَاتَهُ وَتَسْبِيحَهُ ۗ وَاللَّهُ عَلِيمٌ بِمَا يَفْعَلُونَ
ဧကန်စင်စစ် မိုးကောင်းကင်များ၌ ရှိနေသူတို့သည်လည်းကောင်း၊ ပထဝီမြေ၌ ရှိသူတို့သည်လည်းကောင်း၊ အတောင်ပံများ၌ဖြန့် (၍ဝဲပျံ)လျက်ရှိကြကုန်သော ငှက်တိရစ္ဆာန်တို့သည်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ် စင်ကြယ် သန့်ရှင်းတော်မူကြောင်း မြွက်ဆိုလျက်ရှိကြသည်ကို အသင်သည် မသိမြင်ခဲ့လေသလော။ (၎င်းတို့အနက်) အသီးသီးတို့သည် မိမိတို့၏ ဆုတောင်း ပတ္တနာပြုနည်းကိုလည်းကောင်း၊ မိမိတို့၏ ဘာဝနာစီးဖြန်းပုံကိုလည်းကောင်း၊ ဧကန်အမှန်သိရှိပြီး ဖြစ်ကြကုန်၏။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့ ပြုလုပ်လျက်ရှိကြသည်တို့ကို ကောင်းစွာ သိရှိတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသည်။
42 وَلِلَّهِ مُلْكُ السَّمَاوَاتِ وَالْأَرْضِ ۖ وَإِلَى اللَّهِ الْمَصِيرُ
ထို့ပြင် မိုးကောင်းကင်တွင် စိုးမိုးအုပ်ချုပ်မှု အာဏာသည်လည်းကောင်း၊ ပထဝီမြေတွင် စိုးမိုးအုပ်ချုပ်မှု အာဏာသည်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်၌သာရှိပေသည်။ ထိုမှတစ်ပါး(နောက်ဆုံး)ပြန်လည်ရာစခန်းသည်လည်း အလ္လာဟ်အရှင်မြတ် အထံတော်၌သာလျှင် ဖြစ်ပေသတည်း။
ဘာသာပြန် — အန်-နူရ် 40 စူရာ အန်-နူရ် အာယာသ် 40 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : သို့တည်းမဟုတ် (ထိုကာဖိရ်သွေဖည် ငြင်းပယ်သောသူတို့၏ မကောင်းမှုများသည်) အကြင် နက်ဝှမ်းသော သမုဒ္ဒရာပင်လယ်အတွင်းရှိ အမိုက်မှောင်များနှင့် ပမာတူ၏။ ထိုသမုဒ္ဒရာပင်လယ်ကို…
စူရာ အာယာသ် 40/64 — စူရာ အန်-နူရ် النور (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အန်-နူရ် နားထောင်, စူရာ အန်-နူရ် ဘာသာပြန်, စူရာ အန်-နူရ် mp3, စူရာ အန်-နူရ် pdf. အာယာသ် 38–42. မြန်မာဘာသာ: ภาษาไทย.