အန်-နူရ် · 54/64
ဘာသာပြန် အသံနိုင်ငံ — စူရာ အန်-နူရ်
قُلْ أَطِيعُوا اللَّهَ وَأَطِيعُوا الرَّسُولَ ۖ فَإِن تَوَلَّوْا فَإِنَّمَا عَلَيْهِ مَا حُمِّلَ وَعَلَيْكُم مَّا حُمِّلْتُمْ ۖ وَإِن تُطِيعُوهُ تَهْتَدُوا ۚ وَمَا عَلَى الرَّسُولِ إِلَّا الْبَلَاغُ الْمُبِينُ ۝٥٤
Qul atee`ul laaha wa atee`ur Rasoola fa in tawallaw fa innamaa `alaihi maa hummila wa `alaikum maa hummiltum wa in tutee`oohu tahtadoo; wa maa`alar Rasooli illal balaaghul mubeen
📖 မြန်မာဘာသာ
(အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အား ဤသို့)ပြောကြားပါလေ။ (အချင်းတို့၊) အသင်တို့သည် အလ္လာဟ် အရှင်မြတ်၏အမိန့်တော်များကို လိုက်နာကြလေကုန်။ ထိုနည်းတူစွာ အသင်တို့သည် ရစူလ်တမန်တော်မြတ်၏ အမိန့်တော်များကိုလည်း လိုက်နာကြလေကုန်။ ထို့နောက် အကယ်၍ အသင်တို့သည် ရှောင်ကြဉ်ခဲ့ကြလျှင် ထိုရစူလ်တမန်တော်မြတ်အပေါ်၌ မိမိတာဝန်ပေးခြင်း ခံခဲ့ရသည်နှင့်အညီ (အမိန့်တော်များကို ပို့ဆောင်ရန်သာ)ရှိပေသည်။ ထိုနည်းတူစွာ အသင်တို့အပေါ်၌လည်း မိမိတို့ တာဝန်ပေးခြင်းခံခဲ့ကြရသည် နှင့်အညီ(အမိန့်တော်များကိုလည်း လိုက်နာရန်သာ)ရှိပေသည်။ ၎င်းပြင် အကယ်၍ အသင်တို့သည် ထိုရစူလ်တမန်တော်မြတ်၏ အမိန့်တော်များကို လိုက်နာကြလျှင်၊ အသင်တို့သည် တရားလမ်းမှန်ကို ရရှိကြပေမည်။ စင်စစ်သော်ကား ရစူလ်တမန်တော်မြတ်၏ အပေါ်၌မူကား (ငါအရှင်မြတ်၏အမိန့်တော်များကို) ထင်ရှားပြတ်သားစွာ ပို့ဆောင်ခြင်းမှအပ အခြားမည်သည့် တာဝန်မျှ မရှိချေ။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ ကမ္မသဒ္ဒါများ ရှင်းလင်းချက်

  • أَطِيعُوا (အသွီဥး) — နာခံကြလော့။ ဆိုလိုသည်မှာ အမိန့်တော်များကို လိုက်နာကျင့်သုံးကြလော့ဟု ဆိုလိုသည်။
  • تَوَلَّوْا (တဝလ္လဝ်း) — မျက်နှာလွှဲကြလျှင်၊ ကျောခိုင်းထွက်သွားကြလျှင်။
  • حُمِّلَ (ဟုမ်မိလ) — ထမ်းဆောင်စေခြင်းခံရသည်၊ တာဝန်ပေးအပ်ခြင်းခံရသည်။
  • الْبَلَاغُ الْمُبِينُ (အလ်ဗလာဂူလ်မုဗီးန်) — ထင်ရှားရှင်းလင်းသော ပို့ချဟောပြောခြင်း။

၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

အို တမန်တော်မုဟမ္မဒ်(ဆွ)၊ အသင်သည် လူတို့အား ဤသို့ပြောကြားလော့ — အလ္လာဟ်အရှင်မြတ်ကို နာခံကြလော့။ တမန်တော်ကိုလည်း နာခံကြလော့။ ထိုသို့ နာခံခြင်းသည် လျှို့ဝှက်စွာဖြစ်စေ၊ ထင်ရှားစွာဖြစ်စေ ပြုလုပ်ရမည်ဖြစ်သည်။ အကယ်၍ သင်တို့သည် ဤအမိန့်တော်မှ မျက်နှာလွှဲကျောခိုင်းကြလျှင် တမန်တော်အပေါ်၌ တာဝန်ရှိသည်မှာ သူ့အား ထမ်းဆောင်စေခဲ့သော သတင်းစကား ပို့ချဟောပြောရေးသာဖြစ်သည်။ သူသည် ထိုတာဝန်ကို ကျေပွန်စွာ ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။ သင်တို့အပေါ်၌မူ ထမ်းဆောင်စေခဲ့သော တာဝန်မှာ နာခံလိုက်နာရေးဖြစ်သည်။ သင်တို့သည် တမန်တော်အား နာခံကြလျှင် သင်တို့သည် လမ်းမှန်ကို ရရှိကြမည်။ တမန်တော်အပေါ်၌ တာဝန်ရှိသည်မှာ ထင်ရှားရှင်းလင်းသော ပို့ချဟောပြောခြင်းမှတစ်ပါး အခြားမည်သည့်တာဝန်မျှ မရှိပေ။ သူသည် သင်တို့အား လမ်းမှန်ရရှိရန် အတင်းအကျပ် ခိုင်းစေရန် တာဝန်မဟုတ်ပေ။

၃။ ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများ

  • အလ္လာဟ်အရှင်မြတ်နှင့် တမန်တော်ကို နာခံခြင်းသည် လမ်းမှန်ရရှိရန် တစ်ခုတည်းသော လမ်းဖြစ်သည်။ နာခံခြင်းဖြင့် ဤဘဝနှင့် နောင်ဘဝတွင် အောင်မြင်မှု ရရှိမည်ဖြစ်သည်။
  • အစ္စလာမ်သာသနာသည် အတင်းအကျပ် မဟုတ်ဘဲ ရှင်းလင်းသော ဟောပြောချက်ဖြင့် ဖိတ်ခေါ်ခြင်းဖြစ်သည်။ လူသားတို့သည် လွတ်လပ်စွာ ရွေးချယ်ခွင့်ရှိသည်။
  • တမန်တော်၏ တာဝန်မှာ ပို့ချဟောပြောခြင်းသာဖြစ်ပြီး လူသားတို့၏ တာဝန်မှာ နာခံလိုက်နာခြင်းဖြစ်သည်။ ဤအချက်သည် တာဝန်ခွဲဝေမှုကို ရှင်းလင်းစွာ ဖော်ပြသည်။
  • နာခံခြင်းသည် လူသားတို့၏ ကိုယ်ပိုင်အကျိုးအတွက်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်နှင့် တမန်တော်သည် လူသားတို့၏ နာခံမှုကို လိုအပ်ခြင်းမရှိပေ


📜 အာယာသ် 52-56 — စူရာ အန်-နူရ်

52وَمَن يُطِعِ اللَّهَ وَرَسُولَهُ وَيَخْشَ اللَّهَ وَيَتَّقْهِ فَأُولَٰئِكَ هُمُ الْفَائِزُونَ
စင်စစ်သော်ကား မည်သူမဆို အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်၏ အမိန့်တော်များကိုလည်းကောင်း၊ လိုက်နာပါမူ ထို့ပြင် ထိုသူသည် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ပါမူ ထိုမှတစ်ပါး ထိုသူသည် အရှင်မြတ်(၏အမိန့် တော်များကိုဖီဆန်ခြင်းမှ) ရှောင်ကြဉ်ပါမူ ထိုကဲ့သို့သော သူတို့သည်သာလျှင် အလိုဆန္ဒ ပြည့်ဝသူများ ဖြစ်ကြကုန်အံ့သတည်း။
53۞ وَأَقْسَمُوا بِاللَّهِ جَهْدَ أَيْمَانِهِمْ لَئِنْ أَمَرْتَهُمْ لَيَخْرُجُنَّ ۖ قُل لَّا تُقْسِمُوا ۖ طَاعَةٌ مَّعْرُوفَةٌ ۚ إِنَّ اللَّهَ خَبِيرٌ بِمَا تَعْمَلُونَ
ထိုမှတပါး ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်အား အစွမ်းကုန်တိုင်တည်ပြီး အကယ်၍ အသင်သည် ၎င်းတို့အား အမိန့်ပေးခဲ့ပါလျှင် မုချစင်စစ် ၎င်းတို့သည် (အိုးအိမ်စည်းစိမ်တို့ကိုစွန့်၍) ထွက်ကြပါမည်ဟု အစွမ်းကုန် ကျိန်တွယ်ပြောဆိုကြကုန်၏။ (အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အား ဤသို့) ပြောကြားပါလေ။ (အချင်းတို့) အသင်တို့သည် မကျိန်တွယ်ကြကုန်လင့်။ (အသင်တို့၏) အမိန့်နာခံခဲ့မှုသည် ထင်ရှားပြီးဖြစ်သည်။ တစ်နည်း- အသင်တို့အပေါ်၌ စည်းကမ်းနှင့်လျော်ညီစွာ အမိန့်နာခံရန်သာရှိပေသည်။ မလွဲဧကန် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ ပြုလုပ်လျက်ရှိကြသည်တို့ကို ကောင်းစွာသိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
54قُلْ أَطِيعُوا اللَّهَ وَأَطِيعُوا الرَّسُولَ ۖ فَإِن تَوَلَّوْا فَإِنَّمَا عَلَيْهِ مَا حُمِّلَ وَعَلَيْكُم مَّا حُمِّلْتُمْ ۖ وَإِن تُطِيعُوهُ تَهْتَدُوا ۚ وَمَا عَلَى الرَّسُولِ إِلَّا الْبَلَاغُ الْمُبِينُ
(အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အား ဤသို့)ပြောကြားပါလေ။ (အချင်းတို့၊) အသင်တို့သည် အလ္လာဟ် အရှင်မြတ်၏အမိန့်တော်များကို လိုက်နာကြလေကုန်။ ထိုနည်းတူစွာ အသင်တို့သည် ရစူလ်တမန်တော်မြတ်၏ အမိန့်တော်များကိုလည်း လိုက်နာကြလေကုန်။ ထို့နောက် အကယ်၍ အသင်တို့သည် ရှောင်ကြဉ်ခဲ့ကြလျှင် ထိုရစူလ်တမန်တော်မြတ်အပေါ်၌ မိမိတာဝန်ပေးခြင်း ခံခဲ့ရသည်နှင့်အညီ (အမိန့်တော်များကို ပို့ဆောင်ရန်သာ)ရှိပေသည်။ ထိုနည်းတူစွာ အသင်တို့အပေါ်၌လည်း မိမိတို့ တာဝန်ပေးခြင်းခံခဲ့ကြရသည် နှင့်အညီ(အမိန့်တော်များကိုလည်း လိုက်နာရန်သာ)ရှိပေသည်။ ၎င်းပြင် အကယ်၍ အသင်တို့သည် ထိုရစူလ်တမန်တော်မြတ်၏ အမိန့်တော်များကို လိုက်နာကြလျှင်၊ အသင်တို့သည် တရားလမ်းမှန်ကို ရရှိကြပေမည်။ စင်စစ်သော်ကား ရစူလ်တမန်တော်မြတ်၏ အပေါ်၌မူကား (ငါအရှင်မြတ်၏အမိန့်တော်များကို) ထင်ရှားပြတ်သားစွာ ပို့ဆောင်ခြင်းမှအပ အခြားမည်သည့် တာဝန်မျှ မရှိချေ။
55وَعَدَ اللَّهُ الَّذِينَ آمَنُوا مِنكُمْ وَعَمِلُوا الصَّالِحَاتِ لَيَسْتَخْلِفَنَّهُمْ فِي الْأَرْضِ كَمَا اسْتَخْلَفَ الَّذِينَ مِن قَبْلِهِمْ وَلَيُمَكِّنَنَّ لَهُمْ دِينَهُمُ الَّذِي ارْتَضَىٰ لَهُمْ وَلَيُبَدِّلَنَّهُم مِّن بَعْدِ خَوْفِهِمْ أَمْنًا ۚ يَعْبُدُونَنِي لَا يُشْرِكُونَ بِي شَيْئًا ۚ وَمَن كَفَرَ بَعْدَ ذَٰلِكَ فَأُولَٰئِكَ هُمُ الْفَاسِقُونَ
အလ္လာဟ်အရှင်မြတ်သည် အသင်တို့အနက် အီမာန်သက်ဝင်ယုံကြည်ပြီး ကောင်းမြတ်သော အကျင့်သီလများကို ကျင့်မူဆောက်တည်ကြကုန်သော သူတို့အား (ဤသို့) ကတိပေးတော်မူသည်။ ထိုအရှင်မြတ်သည် ၎င်းတို့အလျင် ရှိခဲ့ကြကုန်သောသူတို့အား (ကမ္ဘာမြေဝယ်) အုပ်ချုပ်စေတော်မူခဲ့ သည့်နည်းတူ ၎င်းတို့အားလည်း အုပ်ချုပ်စေတော်မူမည်။ ထို့ ပြင် ၎င်းတို့အဖို့ မိမိနှစ်သက်တော်မူသော (အစ္စလာမ်)သာသနာတော်ကို ၎င်းတို့အကျိုးငှာ မြဲမြံခိုင်ခံ့စေတော်မူမည်။ ထို့ပြင် ငါအရှင်မြတ်သည် ၎င်းတို့အား ၎င်းတို့၏ စိုးရိမ်မှုနောက်တွင် ငြိမ်းချမ်းမှုကို ပြောင်းလဲ၍ ပေးတော်မူမည်။ (အကယ်၍) ၎င်းတို့သည် တစ်စုံတစ်ရာကို ငါအရှင်မြတ်နှင့် တွဲဖက်ကိုးကွယ်ခြင်းမပြုဘဲ ငါအရှင်မြတ်အားသာလျှင် ကိုးကွယ်ဆည်းကပ်နေကြပါလျှင်၊ စင်စစ်သော်ကား မည်သူမဆို ထိုသည့်နောက်တွင် ကျေးဇူးကန်းခဲ့သည်ရှိသော်၊ ယင်းကဲ့သို့ သူတို့သည်သာလျှင် အမိန့်တော်ကို ဖီဆန်သူများ ဖြစ်ကြကုန်သတည်း။
56وَأَقِيمُوا الصَّلَاةَ وَآتُوا الزَّكَاةَ وَأَطِيعُوا الرَّسُولَ لَعَلَّكُمْ تُرْحَمُونَ
ထို့ပြင် အသင်တို့သည် "ဆွလာသ်"ဝတ်ပြုမှုကို ဆောက်တည်ကြလေကုန်။ ၎င်းပြင် အသင်တို့သည် "ဇကားသ်"ပေးကြလေကုန်။ ထိုမှတစ်ပါး အသင်တို့သည် ရစူလ်တမန်တော်မြတ်၏ အမိန့်ကို လိုက်နာကြလေကုန်။ သို့မှသာလျှင် အသင်တို့သည် သနားကရုဏာပြုတော်မူခြင်းကို ခံကြရပေမည်။
အန်-နူရ်ကုရ်အာန် ညွှန်းကိန်း
64အာယာသ်
MedinanRevelation
54အာယာသ်

ဘာသာပြန် — အန်-နူရ် 54

စူရာ အန်-နူရ် အာယာသ် 54 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အား ဤသို့)ပြောကြားပါလေ။ (အချင်းတို့၊) အသင်တို့သည် အလ္လာဟ် အရှင်မြတ်၏အမိန့်တော်များကို လိုက်နာကြလေကုန်။ ထိုနည်းတူစွာ…

စူရာ အာယာသ် 54/64 — စူရာ အန်-နူရ် النور (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အန်-နူရ် နားထောင်, စူရာ အန်-နူရ် ဘာသာပြန်, စူရာ အန်-နူရ် mp3, စူရာ အန်-နူရ် pdf. အာယာသ် 52–56. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Friday, October 2, 2026

Don't forget us in your sincere prayers