အလ်-ဖူရ်ကာန် · 44/77
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ဖူရ်ကာန်
أَمْ تَحْسَبُ أَنَّ أَكْثَرَهُمْ يَسْمَعُونَ أَوْ يَعْقِلُونَ ۚ إِنْ هُمْ إِلَّا كَالْأَنْعَامِ ۖ بَلْ هُمْ أَضَلُّ سَبِيلًا ۝٤٤
Am tahsabu annna aksarahum yasma`oona aw ya``qiloon; in hum illaa kal an`aami bal hum adallu sabeelan
📖 မြန်မာဘာသာ
သို့တည်းမဟုတ် ထိုသူတို့အနက် များစွာ��ော သူတို့သည် ကြားကြသည်။ သို့မဟုတ် နားလည်ကြသည်ဟု အသင်ထင်မှတ်လေသလော။ ၎င်းတို့သည် ကုလားအုတ်၊ ကျွဲ၊ နွား၊ တိရစ္ဆာန် များကဲ့သို့သာလျှင် ဖြစ်ကြသည်။ ထိုမျှမက(ထို တိရစ္ဆာန်များထက်ပင်) သာလွန် လမ်းလွဲသူများဖြစ်ကြကုန် သတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္ဘာ့ကျမ်းတော်မြတ်ကုရ်အာန်၏ အလ်-ဖုရ်ကာန်စူရာ အခန်းကြီး (၂၅)၊ အာယသ်တော် (၄၄) တွင် ပါဝင်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ—
  • أَمْ (အမ်) — သို့မဟုတ်၊ သို့မဟုတ်လျှင်။
  • تَحْسَبُ (တဟ်စဗု) — သင်ထင်မှတ်သည်၊ သင်ယူဆသည်။
  • يَسْمَعُونَ (ယစ်မာအူန) — သူတို့နားထောင်ကြသည်၊ သူတို့ကြားနာကြသည်။
  • يَعْقِلُونَ (ယအ်ကီလူန) — သူတို့ဆင်ခြင်တွေးခေါ်ကြသည်၊ သူတို့နားလည်ကြသည်။
  • الْأَنْعَامِ (အလ်အန်အာမ်) — ကျွဲနွားတိရစ္ဆာန်များ၊ အိမ်မွေးတိရစ္ဆာန်များ။
  • أَضَلُّ (အဒ်ဿလ္လု) — ပို၍လမ်းလွဲသော၊ ပို၍လမ်းမှားသော။
  • سَبِيلًا (စဗီလန်) — လမ်း၊ လမ်းစဉ်။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်—

အို တမန်တော်မုဟမ္မဒ် (ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ်)၊ သင်သည် လူအများစုကို အလ္လာဟ်အရှင်မြတ်၏ တစ်ဆူတည်းဖြစ်တော်မူခြင်းနှင့် အရှင်မြတ်အား နာခံကိုးကွယ်ခြင်းဆီသို့ ဖိတ်ခေါ်သောအခါ သူတို့အနက် အများစုသည် သင်၏ဖိတ်ခေါ်ချက်ကို လက်ခံလိုသော စိတ်ဖြင့် နားထောင်ကြသည်ဟု သင်ထင်မှတ်သလော။ သို့မဟုတ် သင့်ထံ ရောက်ရှိလာသော သက်သေအထောက်အထားများနှင့် ဆင်ခြေအချက်အလက်များကို သူတို့နားလည်ဆင်ခြင်ကြသည်ဟု သင်ယူဆသလော။ အမှန်မှာ သူတို့သည် ကြားနာခြင်း၊ ဆင်ခြင်တွေးခေါ်ခြင်း၊ နားလည်သဘောပေါက်ခြင်းတို့တွင် ကျွဲနွားတိရစ္ဆာန်များနှင့် တူညီကြသည်။ ထို့ထက်ပင် သူတို့သည် လမ်းစဉ်အားဖြင့် တိရစ္ဆာန်များထက်ပင် ပို၍လမ်းလွဲနေကြသည်။ အကြောင်းမှာ တိရစ္ဆာန်များသည် မိမိတို့၏ စားကျက်မြေနှင့် အကျိုးရှိရာလမ်းကို ရှာဖွေတတ်ကြသော်လည်း ထိုသူတို့မှာမူ မိမိတို့၏ စစ်မှန်သော အကျိုးစီးပွားနှင့် လမ်းမှန်ကို ရှာဖွေနိုင်စွမ်းမရှိကြပေ။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် အစ္စလာမ်ဘာသာနှင့် ကုရ်အာန်ကျမ်းတော်မြတ်အပေါ် ချစ်မြတ်နိုးမှု တိုးပွားစေသော သင်ခန်းစာများ—
  • အလ္လာဟ်အရှင်မြတ်သည် လူသားများအား ကြားနာနိုင်စွမ်း၊ ဆင်ခြင်တွေးခေါ်နိုင်စွမ်းနှင့် နားလည်နိုင်စွမ်းတို့ကို ပေးအပ်ထားတော်မူသည်။ ဤစွမ်းရည်များကို ကုရ်အာန်၏ အဆုံးအမများကို နားလည်ရန် အသုံးပြုခြင်းသည် လူသားတို့၏ ဂုဏ်သိက္ခာကို မြှင့်တင်ပေးသည်။
  • ကုရ်အာန


📜 အာယာသ် 42-46 — စူရာ အလ်-ဖူရ်ကာန်

42إِن كَادَ لَيُضِلُّنَا عَنْ آلِهَتِنَا لَوْلَا أَن صَبَرْنَا عَلَيْهَا ۚ وَسَوْفَ يَعْلَمُونَ حِينَ يَرَوْنَ الْعَذَابَ مَنْ أَضَلُّ سَبِيلًا
အကယ်၍သာ ကျွန်ုပ်တို့သည် မိမိတို့၏ ကိုးကွယ်ရာဘုရားများ(အား ကြည်ညိုမြတ်နိုးရာ)၌ စွဲမြဲကြံ့ခိုင်စွာ မရှိခဲ့ကြပါလျှင် ဧကန်မလွဲ ၎င်းသည် ကျွန်ုပ်တို့အား ထိုကိုးကွယ်ရာဘုရားများမှ ဝေးအောင်ပြုခဲ့ပြီးသာ ဖြစ်ပေသည်။" စင်စစ်သော်ကား ၎င်းတို့သည် မကြာမြင့်မီ ပြစ်ဒဏ်ကို တွေ့မြင်ကြ သောအခါ မည်သူသည် လမ်းလွဲသူဖြစ်ကြောင်း သိရှိသွားကြပေမည်။
43أَرَأَيْتَ مَنِ اتَّخَذَ إِلَٰهَهُ هَوَاهُ أَفَأَنتَ تَكُونُ عَلَيْهِ وَكِيلًا
(အို-နဗီတမန်တော်၊) မိမိ၏စိတ်အလိုဆန္ဒကို မိမိ၏ကိုးကွယ်ရာအဖြစ် ပြုလုပ်ခဲ့သောသူ၏အကြောင်းကို အသင်သည် သိမြင်ခဲ့ပြီ မဟုတ်လော။ သို့ပါလျက် အသင်သည် ထိုသူ၏အပေါ်၌ အုပ်ထိန်းသူအဖြစ် ရှိနေနိုင်ပါသလော။
44أَمْ تَحْسَبُ أَنَّ أَكْثَرَهُمْ يَسْمَعُونَ أَوْ يَعْقِلُونَ ۚ إِنْ هُمْ إِلَّا كَالْأَنْعَامِ ۖ بَلْ هُمْ أَضَلُّ سَبِيلًا
သို့တည်းမဟုတ် ထိုသူတို့အနက် များစွာ��ော သူတို့သည် ကြားကြသည်။ သို့မဟုတ် နားလည်ကြသည်ဟု အသင်ထင်မှတ်လေသလော။ ၎င်းတို့သည် ကုလားအုတ်၊ ကျွဲ၊ နွား၊ တိရစ္ဆာန် များကဲ့သို့သာလျှင် ဖြစ်ကြသည်။ ထိုမျှမက(ထို တိရစ္ဆာန်များထက်ပင်) သာလွန် လမ်းလွဲသူများဖြစ်ကြကုန် သတည်း။
45أَلَمْ تَرَ إِلَىٰ رَبِّكَ كَيْفَ مَدَّ الظِّلَّ وَلَوْ شَاءَ لَجَعَلَهُ سَاكِنًا ثُمَّ جَعَلْنَا الشَّمْسَ عَلَيْهِ دَلِيلًا
အသင်သည် မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်က(အရာဝတ္ထုခပ်သိမ်းတို့၏) အရိပ်ကို မည်သို့မည်ပုံ ပြန့်စေတော်မူခဲ့ကြောင်း လေ့လာဆင်ခြင်သုံးသပ်ခြင်း မပြုခဲ့လေသလော။ စင်စစ်သော်ကား ထိုအရှင်မြတ်သည် အလိုရှိတော်မူခဲ့ပါလျှင် ထိုအရိပ်ကို(လှုပ်ရှားနိုင်ခြင်း မရှိစေဘဲ) တည်ငြိမ်အောင် ပြုလုပ်တော်မူခဲ့မည်သာတည်း။ ထို့နောက် ငါအရှင်မြတ်သည် နေကို ထိုအရိပ်နှင့် စပ်လျဉ်း၍ သက်သေ လက္ခဏာတစ်ရပ် ပြုလုပ်တော်မူခဲ့၏။
46ثُمَّ قَبَضْنَاهُ إِلَيْنَا قَبْضًا يَسِيرًا
ထို့နောက် ငါအရှင်မြတ်သည် ယင်းအရိပ်ကို မိမိအထံတော်သို့ တဖြည်ဖြည်း ဆွဲယူရုပ်သိမ်းတော်မူခဲ့၏။
အလ်-ဖူရ်ကာန်ကုရ်အာန် ညွှန်းကိန်း
77အာယာသ်
MeccanRevelation
44အာယာသ်

ဘာသာပြန် — အလ်-ဖူရ်ကာန် 44

စူရာ အလ်-ဖူရ်ကာန် အာယာသ် 44 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : သို့တည်းမဟုတ် ထိုသူတို့အနက် များစွာ��ော သူတို့သည် ကြားကြသည်။ သို့မဟုတ် နားလည်ကြသည်ဟု အသင်ထင်မှတ်လေသလော။ ၎င်းတို့သည် ကုလားအုတ်၊…

စူရာ အာယာသ် 44/77 — စူရာ အလ်-ဖူရ်ကာန် الفرقان (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဖူရ်ကာန် နားထောင်, စူရာ အလ်-ဖူရ်ကာန် ဘာသာပြန်, စူရာ အလ်-ဖူရ်ကာန် mp3, စူရာ အလ်-ဖူရ်ကာန် pdf. အာယာသ် 42–46. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Friday, October 2, 2026

Don't forget us in your sincere prayers