အလ်-ကစာစ် · 23/88
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ကစာစ်
وَلَمَّا وَرَدَ مَاءَ مَدْيَنَ وَجَدَ عَلَيْهِ أُمَّةً مِّنَ النَّاسِ يَسْقُونَ وَوَجَدَ مِن دُونِهِمُ امْرَأَتَيْنِ تَذُودَانِ ۖ قَالَ مَا خَطْبُكُمَا ۖ قَالَتَا لَا نَسْقِي حَتَّىٰ يُصْدِرَ الرِّعَاءُ ۖ وَأَبُونَا شَيْخٌ كَبِيرٌ ۝٢٣
Wa lammaa warada maaa`a Madyana wajada `alaihi ummatam minannaasi yasqoona wa wajada min doonihimum ra ataini tazoodaani qaala maa khatubkumaa qaalataa laa nasqee hataa yusdirar ri`aaa`u wa aboonaa shaikhun kabeer
📖 မြန်မာဘာသာ
ထိုမှတစ်ပါး ထိုမူစာသည် မဒ်ယန်မြို့၏ ရေတွင်းသို့ရောက်လတ်သော် ထိုရေတွင်း၏အနီးတွင် လူတစ်စုသည်(မိမိတို့မွေးမြူထားသော တိရစ္ဆာန်များကို) ရေတိုက်နေကြသည်ကို တွေ့ရှိခဲ့၏။ ထိုမှတစ်ပါး ၎င်းတို့နှင့် သီးခြားအမျိုးသမီးနှစ်ဦးအား(မိမိတို့၏တိရစ္ဆာန်များကို) တားဆီးထိန်းသိမ်းလျက် ရှိကြသည်ကိုလည်း တွေ့ရှိခဲ့၏။ ထိုမူစာက အသင်တို့နှစ်ဦး၏ အဖြစ်သည် အသို့ပါနည်းဟု ပြောဆိုမေးမြန်းခဲ့ရာ ထိုမိန်းမနှစ်ဦးက(ဤ)သိုးထိန်းတို့သည် (မိမိတို့၏တိရစ္ဆာန်များကို)ပြန်လည်ဖယ်ထုတ်၍ မသွားသမျှကာလပတ်လုံး ကျွန်ုပ်တို့သည် (မိမိတို့တိရစ္ဆာန်များကို)ရေတိုက်ကျွေးခြင်း မပြုနိုင်ပေ။ ၎င်းပြင် ကျွန်ုပ်တို့၏ဖခင်မှာ သက်ရွယ်အလွန့်အလွန် အိုးမင်းကြီးရင့်သူ ဖြစ်ပေသည်ဟု ဖြေကြားခဲ့ကြလေသည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ။
  • ဝရဒ (وَرَدَ) — ရောက်ရှိခဲ့သည်၊ ဆိုက်ရောက်ခဲ့သည်။
  • မာအာ (مَاءَ) — ရေ၊ ရေတွင်း၊ ရေရှိရာနေရာ။
  • မဒ်ယန် (مَدْيَنَ) — မဒ်ယန်မြို့၊ ရှုအိုင်ဗ် (عليه السلام) ၏ အမျိုးသားများ နေထိုင်ရာဒေသ။
  • အုမ္မသန် (أُمَّةً) — လူအုပ်စုတစ်စု၊ လူအစုအဝေး။
  • ယပ်စ်ကူန (يَسْقُونَ) — သူတို့သည် ရေတိုက်ကြသည်၊ တိရစ္ဆာန်များကို ရေတိုက်ကြသည်။
  • တဇူဒါနိ (تَذُودَانِ) — နှစ်ဦးသည် တားဆီးထားကြသည်၊ ဖယ်ခွာထားကြသည်၊ ရေမရအောင် ဟန့်တားထားကြသည်။
  • မာ ခွသ်ဗုကူမာ (مَا خَطْبُكُمَا) — သင်တို့နှစ်ဦး၏ အခြေအနေက ဘာလဲ၊ သင်တို့နှစ်ဦး ဘာဖြစ်နေကြသလဲ။
  • ယုဆ်ဒိရ (يُصْدِرَ) — ပြန်လှည့်ထွက်သွားသည်၊ ရေတွင်းမှ ပြန်ထွက်သွားသည်။
  • ရိအာ (الرِّعَاءُ) — ကျောင်းထိန်းသိမ်းသူများ၊ တိရစ္ဆာန်များကို ထိန်းကျောင်းသူများ။
  • ရှိုင်ခုန် ကဗီးရ် (شَيْخٌ كَبِيرٌ) — အလွန်အိုမင်းသော သက်ကြီးရွယ်အို။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်။

တမန်တော် မူဆာ (عليه السلام) သည် မဒ်ယန်မြို့၏ ရေတွင်းသို့ ရောက်ရှိသောအခါ လူအုပ်စုတစ်စုသည် မိမိတို့၏ တိရစ္ဆာန်များကို ရေတိုက်နေကြသည်ကို တွေ့မြင်ခဲ့သည်။ ထိုလူအုပ်စု၏ အောက်ဘက်၊ သူတို့နှင့် ခပ်ခွာခွာတွင် အမျိုးသမီးနှစ်ဦးသည် မိမိတို့၏ သိုးအုပ်ကို ရေမရအောင် တားဆီးထားသည်ကို တွေ့မြင်ခဲ့သည်။ သူတို့နှစ်ဦးသည် လူအုပ်ကြီးနှင့် ရောနှောရန် အားနည်းသောကြောင့် လူများ ရေတိုက်ပြီး ပြန်ထွက်သွားသည်အထိ စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။

တမန်တော် မူဆာ (عليه السلام) သည် သူတို့နှစ်ဦး၏ အခြေအနေကို မြင်သောအခါ ကရုဏာသက်ပြီး “သင်တို့နှစ်ဦး ဘာဖြစ်နေကြသလဲ၊ အဘယ်ကြောင့် ရေမတိုက်ကြသနည်း” ဟု မေးမြန်းခဲ့သည်။ သူတို့နှစ်ဦးက “လူများ ရေတိုက်ပြီး ပြန်ထွက်သွားသည်အထိ ကျွန်မတို့ ရေမတိုက်နိုင်ပါ။ အဘယ်ကြောင့်ဆိုသော် ကျွန်မတို့သည် ယောက်ျားများနှင့် ရောနှောယှဉ်ပြိုင်ရန် အားမရှိကြပါ။ ကျွန်မတို့၏ ဖခင်မှာ အလွန်အိုမင်းသော သက်ကြီးရွယ်အို ဖြစ်သောကြောင့် သူကိုယ်တိုင် သိုးများကို ရေတိုက်နိုင်စွမ်း မရှိတော့ပါ” ဟု ပြန်လည်ဖြေကြားခဲ့ကြသည်။

  1. ဤအာယသ်တော်မှ ရရှိနိုင်သော အကျိုးကျေးဇူးများနှင့


📜 အာယာသ် 21-25 — စူရာ အလ်-ကစာစ်

21فَخَرَجَ مِنْهَا خَائِفًا يَتَرَقَّبُ ۖ قَالَ رَبِّ نَجِّنِي مِنَ الْقَوْمِ الظَّالِمِينَ
ထိုအခါ ထိုမူစာသည် ထိုမြို့မှ ထွက်ခွာသွားခဲ့လေသည်။ ရန်သူများလိုက်လာမည်ကို စိုးရိမ်လျက် (အလ္လာဟ်အရှင်မြတ်၏အကူအညီကို) စောင့်မျှော်လျက်၊ အို-ကျွန်တော်မျိုး၏အရှင်မြတ်၊ အရှင်မြတ်သည် ကျွန်တော်မျိုးအား မတရားသောသူတို့(၏ဘေးရန်ခပ်သိမ်းတို့)မှ ကယ်တော်မူပါဟုလျှောက်ထား ပန်ကြားခဲ့လေသည်။
22وَلَمَّا تَوَجَّهَ تِلْقَاءَ مَدْيَنَ قَالَ عَسَىٰ رَبِّي أَن يَهْدِيَنِي سَوَاءَ السَّبِيلِ
တစ်ဖန် ထိုမူစာသည် ‘မဒ်ယန်’ မြို့ဘက်သို့ မျက်နှာလှည့်ခဲ့သောအခါ ငါ၏အရှင်မြတ်သည် ငါ့အား လမ်းမှန်ကိုညွှန်ပြတော်မူမည်ကို မျှော်လင့်ရပေသည်ဟု မြွက်ဆိုခဲ့လေသည်။
23وَلَمَّا وَرَدَ مَاءَ مَدْيَنَ وَجَدَ عَلَيْهِ أُمَّةً مِّنَ النَّاسِ يَسْقُونَ وَوَجَدَ مِن دُونِهِمُ امْرَأَتَيْنِ تَذُودَانِ ۖ قَالَ مَا خَطْبُكُمَا ۖ قَالَتَا لَا نَسْقِي حَتَّىٰ يُصْدِرَ الرِّعَاءُ ۖ وَأَبُونَا شَيْخٌ كَبِيرٌ
ထိုမှတစ်ပါး ထိုမူစာသည် မဒ်ယန်မြို့၏ ရေတွင်းသို့ရောက်လတ်သော် ထိုရေတွင်း၏အနီးတွင် လူတစ်စုသည်(မိမိတို့မွေးမြူထားသော တိရစ္ဆာန်များကို) ရေတိုက်နေကြသည်ကို တွေ့ရှိခဲ့၏။ ထိုမှတစ်ပါး ၎င်းတို့နှင့် သီးခြားအမျိုးသမီးနှစ်ဦးအား(မိမိတို့၏တိရစ္ဆာန်များကို) တားဆီးထိန်းသိမ်းလျက် ရှိကြသည်ကိုလည်း တွေ့ရှိခဲ့၏။ ထိုမူစာက အသင်တို့နှစ်ဦး၏ အဖြစ်သည် အသို့ပါနည်းဟု ပြောဆိုမေးမြန်းခဲ့ရာ ထိုမိန်းမနှစ်ဦးက(ဤ)သိုးထိန်းတို့သည် (မိမိတို့၏တိရစ္ဆာန်များကို)ပြန်လည်ဖယ်ထုတ်၍ မသွားသမျှကာလပတ်လုံး ကျွန်ုပ်တို့သည် (မိမိတို့တိရစ္ဆာန်များကို)ရေတိုက်ကျွေးခြင်း မပြုနိုင်ပေ။ ၎င်းပြင် ကျွန်ုပ်တို့၏ဖခင်မှာ သက်ရွယ်အလွန့်အလွန် အိုးမင်းကြီးရင့်သူ ဖြစ်ပေသည်ဟု ဖြေကြားခဲ့ကြလေသည်။
24فَسَقَىٰ لَهُمَا ثُمَّ تَوَلَّىٰ إِلَى الظِّلِّ فَقَالَ رَبِّ إِنِّي لِمَا أَنزَلْتَ إِلَيَّ مِنْ خَيْرٍ فَقِيرٌ
ထိုအခါ ထိုမူစာသည် ၎င်းတို့နှစ်ဦးအား ငဲ့ညှာ၍ (၎င်းတို့၏တိရစ္ဆာန်များကို) ရေ(ငင်၍) တိုက်ခဲ့ပြီးနောက် အရိပ်ရှိရာသို့ (သွားရောက်ထိုင်နေခဲ့၏)။ ထို့နောက် ထိုမူစာသည် ‘အို-ကျွန်တော်မျိုး၏အရှင်မြတ်၊ ဧကန်အမှန် ကျွန်တော်မျိုးသည် အရှင်မြတ် ကျွန်တော်မျိုးထံ ချပေးသနားတော်မူသော မည်သည့်ကောင်းမြတ်သောအရာကိုမဆို လိုလားတောင့်တရသူဖြစ်ပါသည်’ ဟု လျှောက်ထားပန်ကြားခဲ့ပေသတည်း။
25فَجَاءَتْهُ إِحْدَاهُمَا تَمْشِي عَلَى اسْتِحْيَاءٍ قَالَتْ إِنَّ أَبِي يَدْعُوكَ لِيَجْزِيَكَ أَجْرَ مَا سَقَيْتَ لَنَا ۚ فَلَمَّا جَاءَهُ وَقَصَّ عَلَيْهِ الْقَصَصَ قَالَ لَا تَخَفْ ۖ نَجَوْتَ مِنَ الْقَوْمِ الظَّالِمِينَ
ထို့နောက် ၎င်း(မိန်းမ)နှစ်ယောက်အနက် တစ်ယောက်သည် ထိုမူစာ၏ထံသို့ ရှက်ကြောက်စွာ လျှောက်လာပြီး"အသင်သည် ကျွန်ုပ်တို့အားငဲ့ညှာ၍ (ကျွန်ုပ်တို့၏တိရစ္ဆာန်များကို)ရေတိုက်ခဲ့သော အကျိုးကျေးဇူးကို အသင်အား ပြန်ဆပ်အံ့သောငှာ ကျွန်ုပ်၏ဖခင်သည် အသင့်အား ခေါ်နေပါသည်"ဟု ပြောဆိုလေ၏။ ထို့နောက် ထိုမူစာသည် ၎င်း၏ထံသို့ ရောက်လာခဲ့ပြီး ဖြစ်ကြောင်းကုန်စင်ကို ၎င်း၏ရှေ့ဝယ် ပြောပြခဲ့သောအခါ ၎င်းက ‘အသင်သည် မစိုးရိမ်လေနှင့်။ အသင်သည်မတရားသောသူတို့(၏ဘေးရန်)မှ လွတ်မြောက်ခဲ့လေပြီ’ ဟုပြောဆိုလေ၏။
အလ်-ကစာစ်ကုရ်အာန် ညွှန်းကိန်း
88အာယာသ်
MeccanRevelation
23အာယာသ်

ဘာသာပြန် — အလ်-ကစာစ် 23

စူရာ အလ်-ကစာစ် အာယာသ် 23 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထိုမှတစ်ပါး ထိုမူစာသည် မဒ်ယန်မြို့၏ ရေတွင်းသို့ရောက်လတ်သော် ထိုရေတွင်း၏အနီးတွင် လူတစ်စုသည်(မိမိတို့မွေးမြူထားသော တိရစ္ဆာန်များကို) ရေတိုက်နေကြသည်ကို တွေ့ရှိခဲ့၏။ ထိုမှတစ်ပါး…

စူရာ အာယာသ် 23/88 — စူရာ အလ်-ကစာစ် القصص (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ကစာစ် နားထောင်, စူရာ အလ်-ကစာစ် ဘာသာပြန်, စူရာ အလ်-ကစာစ် mp3, စူရာ အလ်-ကစာစ် pdf. အာယာသ် 21–25. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Friday, October 2, 2026

Don't forget us in your sincere prayers