အလ်-ကစာစ် · 29/88
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ကစာစ်
۞ فَلَمَّا قَضَىٰ مُوسَى الْأَجَلَ وَسَارَ بِأَهْلِهِ آنَسَ مِن جَانِبِ الطُّورِ نَارًا قَالَ لِأَهْلِهِ امْكُثُوا إِنِّي آنَسْتُ نَارًا لَّعَلِّي آتِيكُم مِّنْهَا بِخَبَرٍ أَوْ جَذْوَةٍ مِّنَ النَّارِ لَعَلَّكُمْ تَصْطَلُونَ ۝٢٩
Falammmaa qadaa Moosal ajala wa saara bi ahliheee aanasa min jaanibit Toori naaran qaala li ahlihim kusooo inneee aanastu naaral la `alleee aateekum minhaa bikhabarin aw jazwatim minan naari la `allakum tastaloon
📖 မြန်မာဘာသာ
ထို့နောက် မူစာသည် ကန့်သတ်၍ထားခဲ့သော ကာလအပိုင်းအခြားကို ပြီးမြောက်အောင် ဆောင်ရွက်ခဲ့ပြီး၊ မိမိအိမ်သူအိမ်သားတို့နှင့်အတူ (ခရီး)သွားခဲ့လေရာ၊မူစာသည် `တွူရ်` မည်သော တောင်ရှိရာဘက်တွင် မီးရောင်တစ်ခုကို တွေ့မြင်ခဲ့လေသည်။ (ထိုအခါ) ထိုမူစာက မိမိအိမ်သူအိမ် သားတို့အား "အသင်တို့သည်(ဤနေရာ၌ပင်) စောင့်ဆိုင်း၍ နေရစ်ကြလေကုန်။ ဧကန်အမှန် ကျွန်ုပ် မီးရောင်တစ်ခုကို တွေ့မြင်ရလေပြီ။ ငါသည် ထိုမီးရှိရာမှ တစ်စုံတစ်ရာ သတင်းကိုသော်လည်းကောင်း၊ မီးစ(မီးခဲ)တစ်ခုခုကိုသော်လည်းကောင်း၊ အသင်တို့ မီးလှုံနိုင်ကြရန် ယူဆောင်၍လာနိုင်မည် ဖြစ်သည်"ဟု ပြေကြားလေ၏။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္မသဒ္ဒါများ၏ အဓိပ္ပာယ်များ
  • قَضَى (ကဒါ) — ပြီးဆုံးစေခဲ့သည်၊ ဖြည့်ဆည်းခဲ့သည်။
  • الْأَجَلَ (အလ်အဂျလ်) — သတ်မှတ်ကာလ၊ သဘောတူထားသော ကာလ။
  • آنَسَ (အာနစ) — မြင်ခဲ့သည်၊ ရိပ်မိခဲ့သည်။
  • جَذْوَةٍ (ဂျဇ်ဝသွန်) — မီးတောက်တစ်စ၊ မီးခဲတစ်ခဲ။
  • تَصْطَلُونَ (တတ်ဆွတ်လူန) — မီးလှုံကြသည်၊ နွေးထွေးကြသည်။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

တမန်တော် မူစာ (အလိုင်ဟိစ်စလာမ်) သည် သူ၏ ယောက္ခမနှင့် သဘောတူထားသော ကာလကို အပြည့်အဝ ဖြည့်ဆည်းပြီးဆုံးသောအခါ၊ ဆယ်နှစ်တာ ကာလကို ပြီးမြောက်စေခဲ့သောအခါ၊ သူသည် မိသားစုကို ခေါ်ယူ၍ မိဇ်ရိုင်မ် (အီဂျစ်) ဘက်သို့ ခရီးထွက်ခဲ့သည်။ ထိုအခါ သူသည် သွာရ်တောင်၏ ဘေးတစ်ဖက်မှ မီးတစ်ခုကို မြင်လိုက်ရသည်။ ထိုအခါ သူသည် မိသားစုအား “သင်တို့ ဤနေရာတွင် စောင့်နေကြပါ၊ ငါသည် မီးတစ်ခုကို မြင်လိုက်ရသည်။ ငါသည် ထိုမီးမှ သင်တို့အတွက် လမ်းညွှန်သတင်းတစ်ခုခု ယူဆောင်လာနိုင်မည်၊ သို့မဟုတ် သင်တို့ မီးလှုံနိုင်ရန်အတွက် မီးတောက်တစ်စကို ယူဆောင်လာနိုင်မည်” ဟု ပြောခဲ့သည်။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ
  • အလ္လာဟ်အရှင်မြတ်သည် မိမိ၏ ရွေးချယ်ထားသော တမန်တော်များကို အမြဲတမ်း စောင့်ရှောက်ကြည့်ရှုတော်မူကြောင်း သိရသည်။ တမန်တော် မူစာ (အလိုင်ဟိစ်စလာမ်) သည် ခရီးတွင် လမ်းပျောက်နေချိန်၌ပင် အလ္လာဟ်အရှင်မြတ်သည် မီးအလင်းရောင်ကို ပြသ၍ လမ်းညွှန်ပေးတော်မူခဲ့သည်။
  • ခက်ခဲသော အခြေအနေများတွင် စိတ်ရှည်သည်းခံခြင်းနှင့် ယုံကြည်ခြင်းသည် အလွန်အရေးကြီးကြောင်း သင်ယူနိုင်သည်။ တမန်တော် မူစာသည် ဆယ်နှစ်တာ ကာလပတ်လုံး စိတ်ရှည်စွာ ဖြည့်ဆည်းခဲ့ပြီးနောက် အလ္လာဟ်အရှင်မြတ်၏ အကူအညီကို ရရှိခဲ့သည်။
  • မိသားစုကို ဂရုစိုက်ခြင်း၊ သူတို့၏ အကျိုးအတွက် ကြိုးပမ်းခြင်းသည် ကောင်းမြတ်သော အကျင့်ဖြစ်ကြောင်း သိရသည်။ တမန်တော် မူစာသည် မိသားစုအတွက် မီးလှုံရန် မီးတောက်ကို ရှာဖွေပေးခဲ့သည်။
  • အလ္လာဟ်အရှင်မြတ်သည် မိမိအပေါ် ယုံကြည်စိတ်ချသော သူများအတွက် အံ့ဖွယ်နည်းလမ်းများဖြင့် အကူအညီပေးတော်မူကြောင်း ဤအာယသ်တော်က ဖော်ပြသည်။ မီးရှာရင်း တ


📜 အာယာသ် 27-31 — စူရာ အလ်-ကစာစ်

27قَالَ إِنِّي أُرِيدُ أَنْ أُنكِحَكَ إِحْدَى ابْنَتَيَّ هَاتَيْنِ عَلَىٰ أَن تَأْجُرَنِي ثَمَانِيَ حِجَجٍ ۖ فَإِنْ أَتْمَمْتَ عَشْرًا فَمِنْ عِندِكَ ۖ وَمَا أُرِيدُ أَنْ أَشُقَّ عَلَيْكَ ۚ سَتَجِدُنِي إِن شَاءَ اللَّهُ مِنَ الصَّالِحِينَ
ထို(ဖခင်)က ‘ဧကန်အမှန် ကျွန်ုပ်သည်အသင့်အား မိမိ၏သမီးနှစ်ယောက်အနက် တစ်ယောက်နှင့်အသင်သည် ကျွန်ုပ်ထံ ရှစ်နှစ် သူရင်းငှားလုပ်ရန် စည်းကမ်းချက်အပေါ်၌ ထိမ်းမြား၍ပေးရန် ရည်စူးသည်။ သို့ရာတွင်အကယ်၍ အသင်သည် ဆယ်နှစ်ပြည့်အောင် လုပ်ခဲ့ပါလျှင် အသင့်ဘက်မှ (ကျေးဇူးပြုခြင်း)ပင် ဖြစ်ပေမည်။ စင်စစ်သော်ကား ကျွန်ုပ်သည် အသင့်အပေါ်၌ ကျပ်တည်းစေရန် လိုလားသည်မဟုတ်ပေ။ အကယ်၍ အလ္လာဟ်အရှင်မြတ် အလိုရှိတော်မူခဲ့ပါလျှင် များမကြာမီ အသင်သည် ကျွန်ုပ်အား သူမွန်သူမြတ်တစ်ဦးဖြစ်ကြောင်း တွေ့ရှိပါလိမ့်မည်ဟု ပြောကြားခဲ့လေ၏။
28قَالَ ذَٰلِكَ بَيْنِي وَبَيْنَكَ ۖ أَيَّمَا الْأَجَلَيْنِ قَضَيْتُ فَلَا عُدْوَانَ عَلَيَّ ۖ وَاللَّهُ عَلَىٰ مَا نَقُولُ وَكِيلٌ
ထိုသူ(မူစာ)က ‘ဤစည်းကမ်းချက်သည် အသင်နှင့်ကျွန်ုပ်၏စပ်ကြား(အတည်)ဖြစ်ခဲ့လေပြီ။ ကန့်သတ်ပြီးဖြစ်သော ကာလအပိုင်းအခြား နှစ်ခုအနက် မည်သည့်ကာလ အပိုင်းအခြားကိုမဆို ကျွန်ုပ်ပြည့်စုံအောင် ဆောင်ရွက်ခဲ့ပါလျှင် ကျွန်ုပ်၏အပေါ်၌ မည်သို့မျှ အဓမ္မပြုလုပ်ရန် အကြောင်းမရှိတော့ပြီ။ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်တို့ ပြောဆိုကြကုန်သော အကြောင်းကိစ္စနှင့်စပ်လျဉ်း၍ သက်သေဖြစ်တော်မူပါသည်’ ဟု ပြောဆိုခဲ့လေသတည်း။
29۞ فَلَمَّا قَضَىٰ مُوسَى الْأَجَلَ وَسَارَ بِأَهْلِهِ آنَسَ مِن جَانِبِ الطُّورِ نَارًا قَالَ لِأَهْلِهِ امْكُثُوا إِنِّي آنَسْتُ نَارًا لَّعَلِّي آتِيكُم مِّنْهَا بِخَبَرٍ أَوْ جَذْوَةٍ مِّنَ النَّارِ لَعَلَّكُمْ تَصْطَلُونَ
ထို့နောက် မူစာသည် ကန့်သတ်၍ထားခဲ့သော ကာလအပိုင်းအခြားကို ပြီးမြောက်အောင် ဆောင်ရွက်ခဲ့ပြီး၊ မိမိအိမ်သူအိမ်သားတို့နှင့်အတူ (ခရီး)သွားခဲ့လေရာ၊မူစာသည် `တွူရ်` မည်သော တောင်ရှိရာဘက်တွင် မီးရောင်တစ်ခုကို တွေ့မြင်ခဲ့လေသည်။ (ထိုအခါ) ထိုမူစာက မိမိအိမ်သူအိမ် သားတို့အား "အသင်တို့သည်(ဤနေရာ၌ပင်) စောင့်ဆိုင်း၍ နေရစ်ကြလေကုန်။ ဧကန်အမှန် ကျွန်ုပ် မီးရောင်တစ်ခုကို တွေ့မြင်ရလေပြီ။ ငါသည် ထိုမီးရှိရာမှ တစ်စုံတစ်ရာ သတင်းကိုသော်လည်းကောင်း၊ မီးစ(မီးခဲ)တစ်ခုခုကိုသော်လည်းကောင်း၊ အသင်တို့ မီးလှုံနိုင်ကြရန် ယူဆောင်၍လာနိုင်မည် ဖြစ်သည်"ဟု ပြေကြားလေ၏။
30فَلَمَّا أَتَاهَا نُودِيَ مِن شَاطِئِ الْوَادِ الْأَيْمَنِ فِي الْبُقْعَةِ الْمُبَارَكَةِ مِنَ الشَّجَرَةِ أَن يَا مُوسَىٰ إِنِّي أَنَا اللَّهُ رَبُّ الْعَالَمِينَ
ထို့နောက် မူစာသည် ယင်းမီးရှိရာသို့ ရောက်ရှိလတ်သော် ကျက်သရေမင်္ဂလာနှင့် ပြည့်စုံသောနေရာ၌ လက်ယာဘက်ဖြစ်သော တောင်ကြားအရပ်၏အစွန်းရှိ သစ်ပင်(တစ်ပင်)မှ (ဤသို့) အသံကြားခဲ့ရလေ၏။ ‘အို-မူစာ၊ ဧကန်မလွဲ ငါအရှင်မြတ်သည် စကြာဝဠာခပ်သိမ်းတို့ကို မွေးမြူဖန်ဆင်းတော်မူသော အလ္လာဟ်အရှင်မြတ်ပင် ဖြစ်တော်မူသည်’။
31وَأَنْ أَلْقِ عَصَاكَ ۖ فَلَمَّا رَآهَا تَهْتَزُّ كَأَنَّهَا جَانٌّ وَلَّىٰ مُدْبِرًا وَلَمْ يُعَقِّبْ ۚ يَا مُوسَىٰ أَقْبِلْ وَلَا تَخَفْ ۖ إِنَّكَ مِنَ الْآمِنِينَ
ထိုမှတစ်ပါး အသင်သည် မိမိတောင်ဝှေးကိုပစ်ချပါလေ။ တစ်ဖန် ထိုမူစာသည် ယင်းတောင်ဝှေးမှာ မြွေဖြစ်ဘိသကဲ့သို့ တွန့်လိမ်လှုပ်ရှားလျက်ရှိသည်ကို တွေ့မြင်ခဲ့လေသော်၊ ပြန်လှည့်၍ပင် မကြည့်တော့ဘဲ နောက်သို့လှည့်၍ ထွက်သွားခဲ့လေ၏။ (ထိုအခါ အလ္လာဟ်အရှင်မြတ် အထံတော်မှ ဤသို့ အမိန့်တော်လာရှိခဲ့၏)။ အို-မူစာ၊ အသင်သည် ရှေ့သို့လာခဲ့ပါလေ။ ၎င်းပြင် အသင်သည် ကြောက်ရွံ့ စိုးရိမ်ခြင်းမရှိပါလေနှင့်။ ဧကန်မလွဲ အသင်သည် ဘေးအန္တရာယ် ကင်းရှင်းသူတစ်ဦး ဖြစ်ပါသည်။
အလ်-ကစာစ်ကုရ်အာန် ညွှန်းကိန်း
88အာယာသ်
MeccanRevelation
29အာယာသ်

ဘာသာပြန် — အလ်-ကစာစ် 29

စူရာ အလ်-ကစာစ် အာယာသ် 29 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထို့နောက် မူစာသည် ကန့်သတ်၍ထားခဲ့သော ကာလအပိုင်းအခြားကို ပြီးမြောက်အောင် ဆောင်ရွက်ခဲ့ပြီး၊ မိမိအိမ်သူအိမ်သားတို့နှင့်အတူ (ခရီး)သွားခဲ့လေရာ၊မူစာသည် `တွူရ်` မည်သော…

စူရာ အာယာသ် 29/88 — စူရာ အလ်-ကစာစ် القصص (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ကစာစ် နားထောင်, စူရာ အလ်-ကစာစ် ဘာသာပြန်, စူရာ အလ်-ကစာစ် mp3, စူရာ အလ်-ကစာစ် pdf. အာယာသ် 27–31. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers