အလ်-ကစာစ် · 76/88
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ကစာစ်
۞ إِنَّ قَارُونَ كَانَ مِن قَوْمِ مُوسَىٰ فَبَغَىٰ عَلَيْهِمْ ۖ وَآتَيْنَاهُ مِنَ الْكُنُوزِ مَا إِنَّ مَفَاتِحَهُ لَتَنُوءُ بِالْعُصْبَةِ أُولِي الْقُوَّةِ إِذْ قَالَ لَهُ قَوْمُهُ لَا تَفْرَحْ ۖ إِنَّ اللَّهَ لَا يُحِبُّ الْفَرِحِينَ ۝٧٦
Inna Qaaroona kaana min qawmi Moosaa fabaghaaa `alaihim wa aatainaahu minal kunoozi maaa inna mafaati hahoo latanooo`u bil`usbati ulil quwwati iz qaala lahoo qawmuhoo laa tafrah innal laahaa laa yuhibbul fariheen
📖 မြန်မာဘာသာ
စင်စစ်ဧကန် ‘ကာရူန်’သည် မူစာ၏(သားချင်း)တို့အနက်မှပင် ဖြစ်ခဲ့၏။ သို့ရာတွင် ထို’ကာရူန်’သည် ထိုအမျိုးသားတို့အပေါ်၌ မာန်မာန ထောင်လွှားခဲ့၏။ စင်စစ်သော်ကား ငါအရှင်မြတ်သည် ၎င်းအား အဘယ်မျှလောက် ရွှေငွေဘဏ္ဍာများကို ချီးမြှင့်ပေးသနားတော်မူခဲ့သည်ဟူမူ၊ ယင်းရွှေငွေဘဏ္ဍာများ၏ သော့များသည် ခွန်အားဗလနှင့်ပြည့်စုံသော လူတစ်စုကိုပင် မနိုင်မနင်းဖြစ်စေကြလေသည်။ တစ်ရံရောအခါဝယ် ထို ‘ကာရူန်’ ၏(သားချင်း)တို့က ၎င်း အား (ဤသို့)ပြောဆို(ဆုံးမခဲ့)ကြကုန်၏။ ‘အသင်သည် ဂုဏ်မမောက်လေနှင့်၊’ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည် ဂုဏ်မောက်သောသူတို့အား နှစ်သက်တော်မူသည် မဟုတ်ပေ။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 74-78 — စူရာ အလ်-ကစာစ်

74وَيَوْمَ يُنَادِيهِمْ فَيَقُولُ أَيْنَ شُرَكَائِيَ الَّذِينَ كُنتُمْ تَزْعُمُونَ
စင်စစ် အကြင်နေ့တွင် ထိုအရှင်မြတ်သည် ၎င်းတို့အား အသင်တို့သည် ငါအရှင်မြတ်၏ တွဲဖက်များဖြစ်ကြသည်ဟု ထင်မှတ်(ကိုးကွယ်)လျက်ရှိခဲ့ကြသော တွဲဖက်များသည် အဘယ်မှာနည်းဟု ဟစ်ခေါ်မိန့်ကြားတော်မူမည်။
75وَنَزَعْنَا مِن كُلِّ أُمَّةٍ شَهِيدًا فَقُلْنَا هَاتُوا بُرْهَانَكُمْ فَعَلِمُوا أَنَّ الْحَقَّ لِلَّهِ وَضَلَّ عَنْهُم مَّا كَانُوا يَفْتَرُونَ
၎င်းပြင် ငါအရှင်မြတ်သည် သာသနာဝင် အုပ်စုတိုင်းမှ သက်သေတစ်ဦးစီကို ထုတ်ပြတော် မူပြီးလျှင် (ကာဖိရ်သွေဖည် ငြင်းပယ်ကြကုန်သော သူတို့အား) ‘အသင်တို့သည်(ယှဉ်တွဲ ကိုးကွယ်မှု မှန်ကန်ကြောင်းနှင့် စပ်လျဉ်း၍) မိမိတို့၏ သက်သေသာဓက အထောက်အထားကို တင်ပြကြလေကုန်’ဟုမိန့်ကြား တော်မူမည်။ ထိုအခါ ၎င်းတို့သည် မှန်ကန်မှုမှာ(အမှန်တရားမှာ) အလ္လာဟ်အရှင်မြတ် ၌သာရှိကြောင်း ကောင်းစွာ သိရှိသွားကြပေမည်။ ၎င်းပြင် ၎င်းတို့လီဆယ် ဖန်တီးလေ့ရှိခဲ့ကြသော အရာများမှာလည်း ၎င်းတို့ထံမှ ပျောက်ပျက်၍သွားကြပေမည်။
76۞ إِنَّ قَارُونَ كَانَ مِن قَوْمِ مُوسَىٰ فَبَغَىٰ عَلَيْهِمْ ۖ وَآتَيْنَاهُ مِنَ الْكُنُوزِ مَا إِنَّ مَفَاتِحَهُ لَتَنُوءُ بِالْعُصْبَةِ أُولِي الْقُوَّةِ إِذْ قَالَ لَهُ قَوْمُهُ لَا تَفْرَحْ ۖ إِنَّ اللَّهَ لَا يُحِبُّ الْفَرِحِينَ
စင်စစ်ဧကန် ‘ကာရူန်’သည် မူစာ၏(သားချင်း)တို့အနက်မှပင် ဖြစ်ခဲ့၏။ သို့ရာတွင် ထို’ကာရူန်’သည် ထိုအမျိုးသားတို့အပေါ်၌ မာန်မာန ထောင်လွှားခဲ့၏။ စင်စစ်သော်ကား ငါအရှင်မြတ်သည် ၎င်းအား အဘယ်မျှလောက် ရွှေငွေဘဏ္ဍာများကို ချီးမြှင့်ပေးသနားတော်မူခဲ့သည်ဟူမူ၊ ယင်းရွှေငွေဘဏ္ဍာများ၏ သော့များသည် ခွန်အားဗလနှင့်ပြည့်စုံသော လူတစ်စုကိုပင် မနိုင်မနင်းဖြစ်စေကြလေသည်။ တစ်ရံရောအခါဝယ် ထို ‘ကာရူန်’ ၏(သားချင်း)တို့က ၎င်း အား (ဤသို့)ပြောဆို(ဆုံးမခဲ့)ကြကုန်၏။ ‘အသင်သည် ဂုဏ်မမောက်လေနှင့်၊’ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည် ဂုဏ်မောက်သောသူတို့အား နှစ်သက်တော်မူသည် မဟုတ်ပေ။
77وَابْتَغِ فِيمَا آتَاكَ اللَّهُ الدَّارَ الْآخِرَةَ ۖ وَلَا تَنسَ نَصِيبَكَ مِنَ الدُّنْيَا ۖ وَأَحْسِن كَمَا أَحْسَنَ اللَّهُ إِلَيْكَ ۖ وَلَا تَبْغِ الْفَسَادَ فِي الْأَرْضِ ۖ إِنَّ اللَّهَ لَا يُحِبُّ الْمُفْسِدِينَ
၎င်းပြင် အသင်သည် မိမိအား အလ္လာဟ်အရှင်မြတ်က ချီးမြှင့်ပေးသနားတော်မူခဲ့သည့်(ရွှေငွေဥစ္စာပစ္စည်းတို့)တွင် တမလွန်ဘဝကိုလည်း ရှာဖွေလော့။ ထို့ပြင် အသင်သည် လောကီဘဝမှ မိမိ၏ဝေစုဝေပုံ၊(နောင်တမလွန်ဘဝသို့ ယူဆောင်သွားရန်) မမေ့မလျော့လေနှင့်။ ထိုမှတစ်ပါး အသင့်အား အလ္လာဟ်အရှင်မြတ်က ကျေးဇူးပြုတော်မူ ဘိသကဲ့သို့ပင် အသင်သည်လည်း (သူတစ်ပါးတို့အား)ကျေးဇူးပြုလော့။အသင်သည် တိုင်းပြည်တွင် ဖျက်ဆီးမှုကို မလိုလားလေနှင့်။ မချွတ်ဧကန် အလ္လာဟ်အရှင်မြတ်သည် ဖျက်ဆီးသူတို့အား နှစ်သက်တော်မူသည် မဟုတ်ပေတကား။
78قَالَ إِنَّمَا أُوتِيتُهُ عَلَىٰ عِلْمٍ عِندِي ۚ أَوَلَمْ يَعْلَمْ أَنَّ اللَّهَ قَدْ أَهْلَكَ مِن قَبْلِهِ مِنَ الْقُرُونِ مَنْ هُوَ أَشَدُّ مِنْهُ قُوَّةً وَأَكْثَرُ جَمْعًا ۚ وَلَا يُسْأَلُ عَن ذُنُوبِهِمُ الْمُجْرِمُونَ
ထို ‘ကာရူန်’ က ငါသည် ဤ(ဥစ္စာပစ္စည်းရွှေငွေဘဏ္ဍာများ)ကို မိမိအတတ်ပညာတစ်ခုကြောင့် ရရှိခဲ့ခြင်းသာဖြစ်သည်ဟု ဆိုခဲ့လေ၏။ မုချဧကန် အလ္လာဟ်အရှင်မြတ်သည် ၎င်း၏အလျင် ၎င်းထက် ပိုမို၍ပင် ခွန်အားဗလအားဖြင့် ပြင်းထန်လှသည့်ပြင် အခြွေအရံအားဖြင့်လည်း ၎င်းထက်ပိုမို၍ များပြားသောမျိုးဆက်တို့အား ဖျက်ဆီးတော်မူခဲ့ကြောင်းကို ကာရူန်သည် မသိခဲ့လေသလော။ အပြစ်ရှိသော သူတို့အား ၎င်းတို့၏ ပြစ်မှုများနှင့်စပ်လျဉ်း၍(စုံစမ်းသည့်အနေဖြင့်) မေးမြန်းရန်ပင်လိုလိမ့်မည် မဟုတ်ပေတကား။
အလ်-ကစာစ်ကုရ်အာန် ညွှန်းကိန်း
88အာယာသ်
MeccanRevelation
76အာယာသ်

ဘာသာပြန် — အလ်-ကစာစ် 76

စူရာ အလ်-ကစာစ် အာယာသ် 76 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : စင်စစ်ဧကန် ‘ကာရူန်’သည် မူစာ၏(သားချင်း)တို့အနက်မှပင် ဖြစ်ခဲ့၏။ သို့ရာတွင် ထို’ကာရူန်’သည် ထိုအမျိုးသားတို့အပေါ်၌ မာန်မာန ထောင်လွှားခဲ့၏။ စင်စစ်သော်ကား…

စူရာ အာယာသ် 76/88 — စူရာ အလ်-ကစာစ် القصص (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ကစာစ် နားထောင်, စူရာ အလ်-ကစာစ် ဘာသာပြန်, စူရာ အလ်-ကစာစ် mp3, စူရာ အလ်-ကစာစ် pdf. အာယာသ် 74–78. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Monday, September 28, 2026

Don't forget us in your sincere prayers