وَابْتَغِ فِيمَا آتَاكَ اللَّهُ الدَّارَ الْآخِرَةَ ۖ وَلَا تَنسَ نَصِيبَكَ مِنَ الدُّنْيَا ۖ وَأَحْسِن كَمَا أَحْسَنَ اللَّهُ إِلَيْكَ ۖ وَلَا تَبْغِ الْفَسَادَ فِي الْأَرْضِ ۖ إِنَّ اللَّهَ لَا يُحِبُّ الْمُفْسِدِينَ ٧٧
🔤 Transliteration
Wabtaghi feemaaa aataakal laahud Daaral Aakhirata wa laa tansa naseebaka minad dunyaa wa ahsin kamaaa ahsanal laahu ilaika wa laa tabghil fasaada fil ardi innal laaha laa yuhibbul mufsideen
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
၎င်းပြင် အသင်သည် မိမိအား အလ္လာဟ်အရှင်မြတ်က ချီးမြှင့်ပေးသနားတော်မူခဲ့သည့်(ရွှေငွေဥစ္စာပစ္စည်းတို့)တွင် တမလွန်ဘဝကိုလည်း ရှာဖွေလော့။ ထို့ပြင် အသင်သည် လောကီဘဝမှ မိမိ၏ဝေစုဝေပုံ၊(နောင်တမလွန်ဘဝသို့ ယူဆောင်သွားရန်) မမေ့မလျော့လေနှင့်။ ထိုမှတစ်ပါး အသင့်အား အလ္လာဟ်အရှင်မြတ်က ကျေးဇူးပြုတော်မူ ဘိသကဲ့သို့ပင် အသင်သည်လည်း (သူတစ်ပါးတို့အား)ကျေးဇူးပြုလော့။အသင်သည် တိုင်းပြည်တွင် ဖျက်ဆီးမှုကို မလိုလားလေနှင့်။ မချွတ်ဧကန် အလ္လာဟ်အရှင်မြတ်သည် ဖျက်ဆီးသူတို့အား နှစ်သက်တော်မူသည် မဟုတ်ပေတကား။
🌐 Additional reference in ภาษาไทย
၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ وَابْتَغِ (ဝဗ်တဂိ) — ရှာဖွေပါ၊ လိုလားပါ၊ ကြိုးစားအားထုတ်ပါ။آتَاكَ اللَّهُ (အာသာကာလ္လာဟု) — အလ္လာဟ်အရှင်မြတ် သင့်အား ပေးသနားတော်မူခဲ့သည်။الدَّارَ الْآخِرَةَ (ဒါရလ် အာခိရဟ်) — နောင်ဘဝ၊ တမလွန်ဘဝ။نَصِيبَكَ (နဆီဗက) — သင့်ဝေစု၊ သင့်အဖို့အစု။الْفَسَادَ (ဖစာဒ) — ဖျက်ဆီးမှု၊ အနှောင့်အယှက်၊ အပြစ်ဒုစရိုက်။الْمُفْسِدِينَ (မုဖ်စိဒီန) — ဖျက်ဆီးသူများ၊ ဒုစရိုက်ပြုသူများ။၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက် အလ္လာဟ်အရှင်မြတ်သည် သင့်အား ချီးမြှင့်ပေးသနားတော်မူသော ဥစ္စာပစ္စည်းများကို အသုံးပြု၍ နောင်ဘဝ၏ ကောင်းကျိုးဆုလာဘ်များကို ရှာဖွေပါ။ ဆိုလိုသည်မှာ ထိုဥစ္စာများကို အလ္လာဟ်အရှင်မြတ် နှစ်သက်တော်မူသော လမ်းစဉ်များတွင် သုံးစွဲခြင်း၊ ကုသိုလ်ကောင်းမှုများ ပြုလုပ်ခြင်းဖြင့် နောင်ဘဝအတွက် ရင်းနှီးမြှုပ်နှံခြင်းပင်ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ဤလောကီဘဝတွင် သင့်အတွက် ခွင့်ပြုထားသော ဝေစုကိုလည်း မမေ့ပါနှင့်။ ဆိုလိုသည်မှာ ဟလာလ်ခွင့်ပြုထားသော အစားအသောက်၊ အဝတ်အစား၊ နေအိမ်စသည့် လောကီအကျိုးခံစားခွင့်များကို ဖြုန်းတီးခြင်း၊ မာန်မာနထောင်လွှားခြင်းမရှိဘဲ မျှတစွာ ခံစားခွင့်ရှိသည်။ သို့သော် ထိုလောကီအရာများသည် နောင်ဘဝကို ထိခိုက်စေသည့် အတားအဆီး မဖြစ်စေရပါ။
ထို့နောက် အလ္လာဟ်အရှင်မြတ်သည် သင့်အပေါ် ကြီးမားသော ဂုဏ်ကျေးဇူးများ ပြုတော်မူသကဲ့သို့ သင်သည်လည်း အခြားသူများအပေါ် ကောင်းမှုပြုခြင်း၊ ဒါနပေးခြင်း၊ ကူညီခြင်းဖြင့် ကျေးဇူးတုံ့ပြန်ပါ။
ထို့ပြင် မြေကြီးပေါ်တွင် ဖျက်ဆီးမှုကို မရှာဖွေပါနှင့်။ ဆိုလိုသည်မှာ အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကို ချိုးဖောက်ခြင်း၊ အခြားသူများကို နှိပ်စက်ညှဉ်းပန်းခြင်း၊ မတရားပြုခြင်းစသည့် ဒုစရိုက်မှုများကို မကျူးလွန်ပါနှင့်။ အကြောင်းမှာ အလ္လာဟ်အရှင်မြတ်သည် ဖျက်ဆီးသူများကို နှစ်သက်တော်မမူပါ။ သူတို့၏ မကောင်းသော လုပ်ရပ်များကြောင့် အရှင်မြတ်သည် သူတို့အား မချစ်မမြတ်နိုးပါ။
**၃။ ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစ
وَٱبۡتَغِ فِيمَآ ءَاتَىٰكَ ٱللَّهُ ٱلدَّارَ ٱلۡأٓخِرَةَۖ وَلَا تَنسَ نَصِيبَكَ مِنَ ٱلدُّنۡيَاۖ وَأَحۡسِن كَمَآ أَحۡسَنَ ٱللَّهُ إِلَيۡكَۖ وَلَا تَبۡغِ ٱلۡفَسَادَ فِي ٱلۡأَرۡضِۖ إِنَّ ٱللَّهَ لَا يُحِبُّ ٱلۡمُفۡسِدِينَ ٧٧
၎င်းပြင် အသင်သည် မိမိအား အလ္လာဟ်အရှင်မြတ်က ချီးမြှင့်ပေးသနားတော်မူခဲ့သည့်(ရွှေငွေဥစ္စာပစ္စည်းတို့)တွင် တမလွန်ဘဝကိုလည်း ရှာဖွေလော့။ ထို့ပြင် အသင်သည် လောကီဘဝမှ မိမိ၏ဝေစုဝေပုံ၊(နောင်တမလွန်ဘဝသို့ ယူဆောင်သွားရန်) မမေ့မလျော့လေနှင့်။ ထိုမှတစ်ပါး အသင့်အား အလ္လာဟ်အရှင်မြတ်က ကျေးဇူးပြုတော်မူ ဘိသကဲ့သို့ပင် အသင်သည်လည်း (သူတစ်ပါးတို့အား)ကျေးဇူးပြုလော့။အသင်သည် တိုင်းပြည်တွင် ဖျက်ဆီးမှုကို မလိုလားလေနှင့်။ မချွတ်ဧကန် အလ္လာဟ်အရှင်မြတ်သည် ဖျက်ဆီးသူတို့အား နှစ်သက်တော်မူသည် မဟုတ်ပေတကား။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 75-79 — စူရာ အလ်-ကစာစ်
75 وَنَزَعْنَا مِن كُلِّ أُمَّةٍ شَهِيدًا فَقُلْنَا هَاتُوا بُرْهَانَكُمْ فَعَلِمُوا أَنَّ الْحَقَّ لِلَّهِ وَضَلَّ عَنْهُم مَّا كَانُوا يَفْتَرُونَ
၎င်းပြင် ငါအရှင်မြတ်သည် သာသနာဝင် အုပ်စုတိုင်းမှ သက်သေတစ်ဦးစီကို ထုတ်ပြတော် မူပြီးလျှင် (ကာဖိရ်သွေဖည် ငြင်းပယ်ကြကုန်သော သူတို့အား) ‘အသင်တို့သည်(ယှဉ်တွဲ ကိုးကွယ်မှု မှန်ကန်ကြောင်းနှင့် စပ်လျဉ်း၍) မိမိတို့၏ သက်သေသာဓက အထောက်အထားကို တင်ပြကြလေကုန်’ဟုမိန့်ကြား တော်မူမည်။ ထိုအခါ ၎င်းတို့သည် မှန်ကန်မှုမှာ(အမှန်တရားမှာ) အလ္လာဟ်အရှင်မြတ် ၌သာရှိကြောင်း ကောင်းစွာ သိရှိသွားကြပေမည်။ ၎င်းပြင် ၎င်းတို့လီဆယ် ဖန်တီးလေ့ရှိခဲ့ကြသော အရာများမှာလည်း ၎င်းတို့ထံမှ ပျောက်ပျက်၍သွားကြပေမည်။
76 ۞ إِنَّ قَارُونَ كَانَ مِن قَوْمِ مُوسَىٰ فَبَغَىٰ عَلَيْهِمْ ۖ وَآتَيْنَاهُ مِنَ الْكُنُوزِ مَا إِنَّ مَفَاتِحَهُ لَتَنُوءُ بِالْعُصْبَةِ أُولِي الْقُوَّةِ إِذْ قَالَ لَهُ قَوْمُهُ لَا تَفْرَحْ ۖ إِنَّ اللَّهَ لَا يُحِبُّ الْفَرِحِينَ
စင်စစ်ဧကန် ‘ကာရူန်’သည် မူစာ၏(သားချင်း)တို့အနက်မှပင် ဖြစ်ခဲ့၏။ သို့ရာတွင် ထို’ကာရူန်’သည် ထိုအမျိုးသားတို့အပေါ်၌ မာန်မာန ထောင်လွှားခဲ့၏။ စင်စစ်သော်ကား ငါအရှင်မြတ်သည် ၎င်းအား အဘယ်မျှလောက် ရွှေငွေဘဏ္ဍာများကို ချီးမြှင့်ပေးသနားတော်မူခဲ့သည်ဟူမူ၊ ယင်းရွှေငွေဘဏ္ဍာများ၏ သော့များသည် ခွန်အားဗလနှင့်ပြည့်စုံသော လူတစ်စုကိုပင် မနိုင်မနင်းဖြစ်စေကြလေသည်။ တစ်ရံရောအခါဝယ် ထို ‘ကာရူန်’ ၏(သားချင်း)တို့က ၎င်း အား (ဤသို့)ပြောဆို(ဆုံးမခဲ့)ကြကုန်၏။ ‘အသင်သည် ဂုဏ်မမောက်လေနှင့်၊’ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည် ဂုဏ်မောက်သောသူတို့အား နှစ်သက်တော်မူသည် မဟုတ်ပေ။
77 وَابْتَغِ فِيمَا آتَاكَ اللَّهُ الدَّارَ الْآخِرَةَ ۖ وَلَا تَنسَ نَصِيبَكَ مِنَ الدُّنْيَا ۖ وَأَحْسِن كَمَا أَحْسَنَ اللَّهُ إِلَيْكَ ۖ وَلَا تَبْغِ الْفَسَادَ فِي الْأَرْضِ ۖ إِنَّ اللَّهَ لَا يُحِبُّ الْمُفْسِدِينَ
၎င်းပြင် အသင်သည် မိမိအား အလ္လာဟ်အရှင်မြတ်က ချီးမြှင့်ပေးသနားတော်မူခဲ့သည့်(ရွှေငွေဥစ္စာပစ္စည်းတို့)တွင် တမလွန်ဘဝကိုလည်း ရှာဖွေလော့။ ထို့ပြင် အသင်သည် လောကီဘဝမှ မိမိ၏ဝေစုဝေပုံ၊(နောင်တမလွန်ဘဝသို့ ယူဆောင်သွားရန်) မမေ့မလျော့လေနှင့်။ ထိုမှတစ်ပါး အသင့်အား အလ္လာဟ်အရှင်မြတ်က ကျေးဇူးပြုတော်မူ ဘိသကဲ့သို့ပင် အသင်သည်လည်း (သူတစ်ပါးတို့အား)ကျေးဇူးပြုလော့။အသင်သည် တိုင်းပြည်တွင် ဖျက်ဆီးမှုကို မလိုလားလေနှင့်။ မချွတ်ဧကန် အလ္လာဟ်အရှင်မြတ်သည် ဖျက်ဆီးသူတို့အား နှစ်သက်တော်မူသည် မဟုတ်ပေတကား။
78 قَالَ إِنَّمَا أُوتِيتُهُ عَلَىٰ عِلْمٍ عِندِي ۚ أَوَلَمْ يَعْلَمْ أَنَّ اللَّهَ قَدْ أَهْلَكَ مِن قَبْلِهِ مِنَ الْقُرُونِ مَنْ هُوَ أَشَدُّ مِنْهُ قُوَّةً وَأَكْثَرُ جَمْعًا ۚ وَلَا يُسْأَلُ عَن ذُنُوبِهِمُ الْمُجْرِمُونَ
ထို ‘ကာရူန်’ က ငါသည် ဤ(ဥစ္စာပစ္စည်းရွှေငွေဘဏ္ဍာများ)ကို မိမိအတတ်ပညာတစ်ခုကြောင့် ရရှိခဲ့ခြင်းသာဖြစ်သည်ဟု ဆိုခဲ့လေ၏။ မုချဧကန် အလ္လာဟ်အရှင်မြတ်သည် ၎င်း၏အလျင် ၎င်းထက် ပိုမို၍ပင် ခွန်အားဗလအားဖြင့် ပြင်းထန်လှသည့်ပြင် အခြွေအရံအားဖြင့်လည်း ၎င်းထက်ပိုမို၍ များပြားသောမျိုးဆက်တို့အား ဖျက်ဆီးတော်မူခဲ့ကြောင်းကို ကာရူန်သည် မသိခဲ့လေသလော။ အပြစ်ရှိသော သူတို့အား ၎င်းတို့၏ ပြစ်မှုများနှင့်စပ်လျဉ်း၍(စုံစမ်းသည့်အနေဖြင့်) မေးမြန်းရန်ပင်လိုလိမ့်မည် မဟုတ်ပေတကား။
79 فَخَرَجَ عَلَىٰ قَوْمِهِ فِي زِينَتِهِ ۖ قَالَ الَّذِينَ يُرِيدُونَ الْحَيَاةَ الدُّنْيَا يَا لَيْتَ لَنَا مِثْلَ مَا أُوتِيَ قَارُونُ إِنَّهُ لَذُو حَظٍّ عَظِيمٍ
ထို့နောက် ထို’ကာရူန်’သည် မိမိအမျိုးသားတို့ရှေ့ဝယ် မိမိအခမ်းအနားနှင့်တကွ ထွက်ခဲ့လေ၏။ (ထိုအခါ) လောကီဘဝကို အလိုရှိသူတို့က ‘ဪ-ကာရူန်ရရှိခဲ့သော ဥစ္စာပစ္စည်း (အခမ်းအနား)မျိုးသည် ကျွန်ုပ်တို့၌လည်းရှိခဲ့လျှင် ကောင်းလေစွ၊ ဧကန်မလွဲ ထိုကာရူန်မှာ ကြီးကျယ်စွာသော အကြောင်းလှခြင်းကို ပိုင်ဆိုင်သူ ဖြစ်ပေသည်တကား’ ဟုဆိုခဲ့ကြကုန်၏။
ဘာသာပြန် — အလ်-ကစာစ် 77 စူရာ အလ်-ကစာစ် အာယာသ် 77 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ၎င်းပြင် အသင်သည် မိမိအား အလ္လာဟ်အရှင်မြတ်က ချီးမြှင့်ပေးသနားတော်မူခဲ့သည့်(ရွှေငွေဥစ္စာပစ္စည်းတို့)တွင် တမလွန်ဘဝကိုလည်း ရှာဖွေလော့။ ထို့ပြင် အသင်သည် လောကီဘဝမှ…
စူရာ အာယာသ် 77/88 — စူရာ အလ်-ကစာစ် القصص (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ကစာစ် နားထောင်, စူရာ အလ်-ကစာစ် ဘာသာပြန်, စူရာ အလ်-ကစာစ် mp3, စူရာ အလ်-ကစာစ် pdf. အာယာသ် 75–79. မြန်မာဘာသာ: ภาษาไทย.