အာလ်-အိမရာန် · 144/200
ဘာသာပြန် အသံနိုင်ငံ — စူရာ အာလ်-အိမရာန်
وَمَا مُحَمَّدٌ إِلَّا رَسُولٌ قَدْ خَلَتْ مِن قَبْلِهِ الرُّسُلُ ۚ أَفَإِن مَّاتَ أَوْ قُتِلَ انقَلَبْتُمْ عَلَىٰ أَعْقَابِكُمْ ۚ وَمَن يَنقَلِبْ عَلَىٰ عَقِبَيْهِ فَلَن يَضُرَّ اللَّهَ شَيْئًا ۗ وَسَيَجْزِي اللَّهُ الشَّاكِرِينَ ۝١٤٤
Wa maa Muhammadun illaa Rasoolun qad khalat min qablihir Rusul; afa`im maata aw qutilan qalabtum `alaaa a`qaabikum; wa mai yanqalib `alaa aqibihi falai yadurral laaha shai`aa; wa sayajzil laahush shaakireen
📖 မြန်မာဘာသာ
အမှန်သော်ကား [တမန်တော် မုဟမ္မဒ်(ဆွ)]သည် ရစူလ် တမန်တော်တစ်ပါးမျှသာ ဖြစ်သည်။ ထို (ရစူလ်တမန်တော်) မုဟမ္မဒ်(ဆွ)၏ အလျင် (အခြား) ရစူလ် တမန်တော်များ(လည်း) မလွဲဧကန် လွန်လေခဲ့ကြချေပြီ။ သို့ဖြစ်ပေရာအကယ်၍သာ ထို (ရစူလ်တမန်တော်) မုဟမ္မဒ်(ဆွ)သည်(လည်း)ကွယ်လွန်သေဆုံးခဲ့လျှင် သော်လည်းကောင်း၊ သို့တည်းမဟုတ် သတ်ဖြတ် ခြင်းခံခဲ့ရလျှင်သော်လည်းကောင်း၊အသငတို့သည် (စစ်မြေပြင်မှဖြစ်စေ၊ အစ္စလာမ်သာသနာတော်မှ ဖြစ်စေ) မိမိတို့ခြေဖနှောင့်ဘက်သို့ ပြန်လှည့်၍ဆုတ်ခွာသွား ကြမည်လော။ အမှန်စင်စစ်သော်ကားမည်သူမဆို မိမိ ခြေမနှောင့်ဘက်သို့ ပြန်လှည့်၍ ဆုတ်ခွာသွားပါမူ ထိုသူသည် အလ္လာဟ်အရှင်မြတ်အား အနည်းငယ်မျှအလျင်း ဆုံးရှုံးနစ်နာ စေနိုင်မည်မဟုတ်ချေ။ ထို့ပြင်တဝအလ္လာဟ်အရှင်မြတ်သည် ကျေးဇူး တော်များကို သိတတ်သောသူတို့အား မကြာမီ အကျိုး ကျေးဇူး ပေးသနားတော်မူအံ့။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ:
  • မုဟမ္မဒ် (محمد): ချီးမွမ်းခြင်းအားလုံးကို စုစည်းထားသူဟု အဓိပ္ပာယ်ရသော တမန်တော်မြတ်၏ နာမတော်။
  • ခလတ် (خلت): ကုန်ဆုံးခဲ့ပြီ၊ လွန်ခဲ့ပြီဟု အဓိပ္ပာယ်ရသည်။
  • အန်ကလဗ်သွမ် (انقلبتم): ပြန်လှည့်သွားကြသည်၊ နောက်ပြန်ဆုတ်သွားကြသည်ဟု အဓိပ္ပာယ်ရသည်။
  • အအ်ကာဗိကွမ် (أعقابكم): သင်တို့၏ ဖနောင်ယာများ၊ ခြေဖနောင်များဟု အဓိပ္ပာယ်ရသည်။
  • ရှာကိရီန် (الشاكرين): ကျေးဇူးတင်သောသူများဟု အဓိပ္ပာယ်ရသည်။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်:

မုဟမ္မဒ်သည် အလ္လာဟ်အရှင်မြတ်၏ တမန်တော်တစ်ပါးသာဖြစ်သည်။ သူ့အလျင် တမန်တော်များစွာ ပွင့်ထွန်းခဲ့ပြီးဖြစ်သည်။ ထိုတမန်တော်များသည်လည်း ကွယ်လွန်ခဲ့ကြသည် သို့မဟုတ် သတ်ဖြတ်ခြင်းခံခဲ့ကြရသည်။ ထို့ကြောင့် တမန်တော်မုဟမ္မဒ်သည်လည်း ကွယ်လွန်ခြင်း သို့မဟုတ် သတ်ဖြတ်ခြင်းခံရခြင်းဖြင့် သင်တို့သည် မိမိတို့၏ ယုံကြည်ခြင်းမှ နောက်ပြန်လှည့်ဆုတ်သွားကြမည်လော။ အကယ်၍ တစ်စုံတစ်ဦးသည် မိမိ၏ ယုံကြည်ခြင်းမှ နောက်ပြန်လှည့်ဆုတ်သွားခဲ့လျှင် သူသည် အလ္လာဟ်အရှင်မြတ်အား မည်သည့်အရာမျှ ထိခိုက်နစ်နာစေမည် မဟုတ်ပေ။ အမှန်စင်စစ် သူသည် မိမိကိုယ်ကိုသာ ဆုံးရှုံးနစ်နာစေမည်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် ကျေးဇူးတင်သောသူများကို မကြာမီ အစားပေးတော်မူမည်ဖြစ်သည်။

တမန်တော်များသည် သာမန်လူသားများဖြစ်ကြသည်။ သူတို့သည်လည်း ကွယ်လွန်ခြင်း၊ သတ်ဖြတ်ခြင်းခံရခြင်းများ ရှိကြသည်။ သို့သော် သူတို့၏ ကွယ်လွန်ခြင်းသည် သူတို့ယူဆောင်လာသော သတင်းစကားကို မပျက်စီးစေပေ။ တမန်တော်တစ်ပါး ကွယ်လွန်သွားသောအခါ သူ၏ နောက်လိုက်များသည် သူ၏ သွန်သင်ချက်များကို ဆက်လက်လိုက်နာကျင့်သုံးရမည်ဖြစ်သည်။ ယုံကြည်ခြင်းသည် တမန်တော်တစ်ပါး၏ ကိုယ်ခန္ဓာအပေါ် အခြေခံသည်မဟုတ်ဘဲ အလ္လာဟ်အရှင်မြတ်အပေါ် အခြေခံသည်ဖြစ်သည်။ ထို့ကြောင့် တမန်တော်မြတ် ကွယ်လွန်သွားသောအခါတွင်လည်း ယုံကြည်သူများသည် မိမိတို့၏ ယုံကြည်ခြင်းကို မစွန့်လွှတ်ရမည်။ မည်သူမဆို ယုံကြည်ခြင်းမှ နောက်ပြန်လှည့်သွားခဲ့လျှင် အလ္လာဟ်အရှင်မြတ်အား မည်သည့် ထိခ



📜 အာယာသ် 142-146 — စူရာ အာလ်-အိမရာန်

142أَمْ حَسِبْتُمْ أَن تَدْخُلُوا الْجَنَّةَ وَلَمَّا يَعْلَمِ اللَّهُ الَّذِينَ جَاهَدُوا مِنكُمْ وَيَعْلَمَ الصَّابِرِينَ
(အို-မုစ်လင်မ်အပေါင်းတို့) အသင်တို့သည်’ဂျန္နတ်’အမတသုခဘုံသို့(လွယ်လင့်တကူလျင်မြန်ထုတ်ချောက်)ဝင်ရောက်နိုင်ကြလိမ့်မည်ဟု ထင်မှတ်ကြလေသလော။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် (ယခုတိုင်)အသင်တို့အနက် စစ်မက်ပြိုင်ဆိုင်တိုက် ခိုက်သော သူတို့ကိုလည်း တွေ့ရှိတော်မမူသေးပေ။ ထိုနည်းတူစွာ ခန္တီတရား ထားရှိသူတို့ကိုလည်း တွေ့ရှိတော်မမူသေးချေ။
143وَلَقَدْ كُنتُمْ تَمَنَّوْنَ الْمَوْتَ مِن قَبْلِ أَن تَلْقَوْهُ فَقَدْ رَأَيْتُمُوهُ وَأَنتُمْ تَنظُرُونَ
၎င်းပြင် အသင်တို့သည် မရဏသေခြင်းတရားကို ထိုမရဏသေခြင်းတရားနှင့် မတွေ့ကြုံမီ အလျင်က မချွတ်မလွဲ တောင်းတလျက်ရှိခဲ့ကြကုန်၏။ သို့ဖြစ်ပေရာ(ယခုမူကား)အသင်တို့သည် ထိုမရဏ သေခြင်းတရားကို (မ�မိတို့ တောင်းတသည့်အားလျော်စွာ) မလွဲဧကန် မျက်မြင်ဒိဋ္ဌတွေ့မြင်ခဲ့ ကြချေပြီတကား။
144وَمَا مُحَمَّدٌ إِلَّا رَسُولٌ قَدْ خَلَتْ مِن قَبْلِهِ الرُّسُلُ ۚ أَفَإِن مَّاتَ أَوْ قُتِلَ انقَلَبْتُمْ عَلَىٰ أَعْقَابِكُمْ ۚ وَمَن يَنقَلِبْ عَلَىٰ عَقِبَيْهِ فَلَن يَضُرَّ اللَّهَ شَيْئًا ۗ وَسَيَجْزِي اللَّهُ الشَّاكِرِينَ
အမှန်သော်ကား [တမန်တော် မုဟမ္မဒ်(ဆွ)]သည် ရစူလ် တမန်တော်တစ်ပါးမျှသာ ဖြစ်သည်။ ထို (ရစူလ်တမန်တော်) မုဟမ္မဒ်(ဆွ)၏ အလျင် (အခြား) ရစူလ် တမန်တော်များ(လည်း) မလွဲဧကန် လွန်လေခဲ့ကြချေပြီ။ သို့ဖြစ်ပေရာအကယ်၍သာ ထို (ရစူလ်တမန်တော်) မုဟမ္မဒ်(ဆွ)သည်(လည်း)ကွယ်လွန်သေဆုံးခဲ့လျှင် သော်လည်းကောင်း၊ သို့တည်းမဟုတ် သတ်ဖြတ် ခြင်းခံခဲ့ရလျှင်သော်လည်းကောင်း၊အသငတို့သည် (စစ်မြေပြင်မှဖြစ်စေ၊ အစ္စလာမ်သာသနာတော်မှ ဖြစ်စေ) မိမိတို့ခြေဖနှောင့်ဘက်သို့ ပြန်လှည့်၍ဆုတ်ခွာသွား ကြမည်လော။ အမှန်စင်စစ်သော်ကားမည်သူမဆို မိမိ ခြေမနှောင့်ဘက်သို့ ပြန်လှည့်၍ ဆုတ်ခွာသွားပါမူ ထိုသူသည် အလ္လာဟ်အရှင်မြတ်အား အနည်းငယ်မျှအလျင်း ဆုံးရှုံးနစ်နာ စေနိုင်မည်မဟုတ်ချေ။ ထို့ပြင်တဝအလ္လာဟ်အရှင်မြတ်သည် ကျေးဇူး တော်များကို သိတတ်သောသူတို့အား မကြာမီ အကျိုး ကျေးဇူး ပေးသနားတော်မူအံ့။
145وَمَا كَانَ لِنَفْسٍ أَن تَمُوتَ إِلَّا بِإِذْنِ اللَّهِ كِتَابًا مُّؤَجَّلًا ۗ وَمَن يُرِدْ ثَوَابَ الدُّنْيَا نُؤْتِهِ مِنْهَا وَمَن يُرِدْ ثَوَابَ الْآخِرَةِ نُؤْتِهِ مِنْهَا ۚ وَسَنَجْزِي الشَّاكِرِينَ
ထိုမှတစ်ပါး မည်သူတစ်ဦးတစ်ယောက်၌မျှအလ္လာဟ်အရှင်မြတ်၏ အမိန့်တော်မရှိဘဲလျက် သေဆုံးနိုင်ခွင့်မရှိချေ။ (လူတိုင်းအဖို့သေဆုံးရန်အတွက်) တ်မှတ်ထားသော အချိန်တစ်ချိန်သည် ရေးသားပြီးဖြစ်၏။ တဖန်မည်သူမဆို လောကီအကျိုးကို အလိုရှိ ခဲ့ပါမူ၊ ငါအရှင်မြတ်သည်(အလိုတော်ရှိပါလျှင်) ထိုသူအား လောကီအကျိုးကို ပေးသနားတော်မူအံ့။ ထိုနည်းတူစွာ မည်သူမဆို နောင်တမလွန်ဘဝ၏အကျိုးကျေးဇူးကို အလိုရှိခဲ့ပါလျှင်၊ ငါအရှင်မြတ်သည် ထိုသူအား နောင်တမလွန်ဘဝ၏ အကျိုးကို ပေးသနားတော်မူအံ့။၎င်းပြင် ငါအရှင်မြတ်သည် ကျေးဇူးသိတတ်သော သူတို့အားမကြာမီ အကျိုးပေးဆပ်တော်မူအံ့။
146وَكَأَيِّن مِّن نَّبِيٍّ قَاتَلَ مَعَهُ رِبِّيُّونَ كَثِيرٌ فَمَا وَهَنُوا لِمَا أَصَابَهُمْ فِي سَبِيلِ اللَّهِ وَمَا ضَعُفُوا وَمَا اسْتَكَانُوا ۗ وَاللَّهُ يُحِبُّ الصَّابِرِينَ
၎င်းပြင် မြောက်မြားစွာသော နဗီတမန်တော်များနှင့် အတူတကွ အလ္လာဟ်အရှင်မြတ်အား ကြည်ညိုမြတ်နိုးကြကုန်သော သူတော်ကောင်းများ သည် စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ခဲ့ကြလေသည်။ သို့ပါလျက် ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်၏လမ်းတော်တွင် မိမိတို့၌ဆိုက်ရောက်ခဲ့သော ဘေးအန္တရာယ်ဆင်းရဲဒုက္ခများကြောင့် စိတ်အား လျော့ခြင်းသည်လည်းကောင်း၊ အင်အားလျော့နည်းခြင်းသည်လည်းကောင်း၊ကြို့ငဲ့ နိမ့်ကျခြင်းသည်လည်းကောင်း၊ မရှိခဲ့ကြချေ။အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် (ဇွဲသတ္တိနှင့်ပြည့်စုံ၍) ခန္တီတရားထားရှိသူတို့ကို ချစ်ကြည်မြတ်နိုးတော်မူပေသည်။
အာလ်-အိမရာန်ကုရ်အာန် ညွှန်းကိန်း
200အာယာသ်
MedinanRevelation
144အာယာသ်

ဘာသာပြန် — အာလ်-အိမရာန် 144

စူရာ အာလ်-အိမရာန် အာယာသ် 144 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အမှန်သော်ကား [တမန်တော် မုဟမ္မဒ်(ဆွ)]သည် ရစူလ် တမန်တော်တစ်ပါးမျှသာ ဖြစ်သည်။ ထို (ရစူလ်တမန်တော်) မုဟမ္မဒ်(ဆွ)၏ အလျင်…

စူရာ အာယာသ် 144/200 — စူရာ အာလ်-အိမရာန် آل عمران (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အာလ်-အိမရာန် နားထောင်, စူရာ အာလ်-အိမရာန် ဘာသာပြန်, စူရာ အာလ်-အိမရာန် mp3, စူရာ အာလ်-အိမရာန် pdf. အာယာသ် 142–146. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers