فَإِنْ حَاجُّوكَ فَقُلْ أَسْلَمْتُ وَجْهِيَ لِلَّهِ وَمَنِ اتَّبَعَنِ ۗ وَقُل لِّلَّذِينَ أُوتُوا الْكِتَابَ وَالْأُمِّيِّينَ أَأَسْلَمْتُمْ ۚ فَإِنْ أَسْلَمُوا فَقَدِ اهْتَدَوا ۖ وَّإِن تَوَلَّوْا فَإِنَّمَا عَلَيْكَ الْبَلَاغُ ۗ وَاللَّهُ بَصِيرٌ بِالْعِبَادِ ٢٠
🔤 Transliteration
Fa in haaajjooka faqul aslamtu wajhiya lillaahi wa manit taba`an; wa qul lillazeena ootul Kitaaba wal ummiyyeena `a-aslamtum; fa in aslamoo faqadih tadaw wa in tawallaw fa innamaa `alaikal balaagh; wallaahu baseerum bil `ibaad
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
(အစ္စလာမ် သာသနာတော်သည် မှန်ကန်သောသာသနာဖြစ်၍ အလ္လာဟ်အရှင်မြတ် သဘောတူ နှစ်ခြိုက်တော်မူသော သာသနာဖြစ်ကြောင်း ထင်ရှားပြီးဖြစ်ပါလျက်နှင့်ပင်) တဖန် ယင်းသူတို့သည် အသင်နှင့် အချေအတင်ပြောဆိုငြင်းခုံကြပါမူ အသင်က(ယင်းသူတို့အား) (ဟယ်အချင်းတို့) အကျွန်ုပ်သည် မိမိမျက်နှာကို အလ္လာဟ် အရှင်မြတ်(အမိန့်တော်ကို နာခံခြင်းအားဖြင့် ထိုအရှင်မြတ်) ဖက်သို့သာလျှင် လှည့်ပြီးဖြစ်ချေပြီ။ ထိုနည်းတူစွာ အကျွန်ုပ်၏နောက်လိုက်များသည်လည်း (မိမိတို့၏ မျက်နှာများကိုအရှင်မြတ်ဖက်သို့သာလျှင်လှည့်ကြချေပြီ) ဟုပြောကြားပါလေ။ထိုမှတစ်ပါးတုံ အသင်သည် ကျမ်းဂန် (တော်ရာတ်နှင့်အီန်ဂျီလ်)ကို ရရှိပြီးဖြစ်သောသူတို့ ကိုလည်းကောင်း၊စာပေမတတ် အသိပညာကင်းမဲ့သော (အရဗ်မုရှ်ရိတ်) တို့ကိုလည်းကောင်း၊(ဟယ်-အချင်းတို့) အသင်တို့သည် (အလ္လာဟ်အရှင်မြတ်၏) အမိန့်တော်ကိုနာခံ�ော မုစ်လင်မ်များဖြစ်ကြပါသလောဟု မေးမြန်းပါလေ။ တစ်ဖန် အကယ်၍သာယင်းသူတို့သည် အမိန့်တော်ကိုနာခံသော မုစ်လင်မ်များဖြစ်ကြပါလျှင် ယင်းသူတို့သည်လည်း တရားလမ်းမှန်ကို ရရှိကြလတ္တံ့။ သို့ရာတွင် အကယ်၍ ယင်းသူတို့သည် (အစ္စလာမ်သာသနာကို) မျက်နှာလွှဲရှောင်ကျောခိုင်း၍ သွားကြပါလျှင်အသင့်အပေါ်ဝယ် (အလ္လာဟ်အရှင်မြတ်၏) အမိန့်ဗျာဒိတ်တော်များကို ဟောကြားပို့ဆောင်ရုံမျှသာ တာဝန်ရှိပေသည်။အကြောင်းသော်ကား အလ္လာဟ်အရှင်မြတ်သည် (မိမိ)၏ကျွန်များကို ခွဲခြား၍သိမြင်တော်မူသောအရှင်မြတ် ဖြစ်တော်မူပေသတည်း။
🌐 Additional reference in ภาษาไทย
၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော စကားလုံးများ၏ အဓိပ္ပာယ်
حَاجُّوكَ (ဟာဂျ်ဂျူက) — သင့်အား အငြင်းအခုံပြုကြလျှင်၊ သင့်နှင့် ငြင်းခုံကြလျှင်။ أَسْلَمْتُ وَجْهِيَ لِلَّهِ (အက်စ်လမ်တု ဝဂျ်ဟိယ လိလ္လာဟ်) — ကျွန်ုပ်၏ မျက်နှာ (ကိုယ်စိတ်နှစ်ပါး) ကို အလ္လာဟ်အရှင်မြတ်ထံ အပ်နှံအပ်ပါသည်၊ ဆိုလိုသည်မှာ ကျွန်ုပ်၏ ခဝပ်ကိုးကွယ်မှုကို အလ္လာဟ်အရှင်မြတ်အတွက်သာ သီးသန့်ပြုပါသည်။ الْأُمِّيِّينَ (အလ်အုမ်မိယျီန) — ကျမ်းတော်မရရှိသော လူများ၊ ဤနေရာတွင် အရဗ်လူမျိုး ရုပ်တုကိုးကွယ်သူများကို ဆိုလိုပါသည်။ أَأَسْلَمْتُمْ (အာအက်စ်လမ်တွမ်) — သင်တို့ အစ္စလာမ်သာသနာကို လက်ခံကြပြီလား။ ဤသည်မှာ မေးခွန်းပုံစံဖြင့် အမိန့်ပေးခြင်းဖြစ်ပါသည်၊ ဆိုလိုသည်မှာ "အစ္စလာမ်ကို လက်ခံကြပါ" ဟု ဆိုလိုပါသည်။ تَوَلَّوْا (တဝလ္လဝ်) — မျက်နှာလွှဲသွားကြလျှင်၊ ကျောခိုင်းထွက်သွားကြလျှင်။ الْبَلَاغُ (အလ်ဗလာဂ်) — သတင်းစကား ပို့ချခြင်းသာ။ ၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်
အို တမန်တော်မုဟမ္မဒ်၊ အကယ်၍ ကျမ်းရရှိသူများသည် တစ်ဆူတည်းသော အလ္လာဟ်အရှင်မြတ်ကို ကိုးကွယ်ခြင်းနှင့် ပတ်သက်၍ သင့်အား အငြင်းအခုံပြုကြလျှင်၊ သူတို့အား ဤသို့ဖြေကြားလိုက်ပါ — "ကျွန်ုပ်သည် ကျွန်ုပ်၏ ကိုယ်စိတ်နှစ်ပါးကို အလ္လာဟ်အရှင်မြတ်ထံ အပ်နှံထားပါသည်၊ အရှင်မြတ်နှင့် တွဲဖက်ကိုးကွယ်ရာ မည်သည့်အရာကိုမျှ မထားရှိပါ။ ကျွန်ုပ်နောက်လိုက်သော မုအ်မင်န်သက်ဝင်ယုံကြည်သူများလည်း အလားတူ အလ္လာဟ်အရှင်မြတ်အတွက်သာ သီးသန့်အပ်နှံကြပြီး အရှင်မြတ်၏ အမိန့်တော်များကို လိုက်နာကြပါသည်။"
ထို့နောက် ကျမ်းရရှိသူများ (ယဟူဒီနှင့် ခရစ်ယာန်များ) နှင့် ကျမ်းမရရှိသော ရုပ်တုကိုးကွယ်သူ အရဗ်လူမျိုးများအား ဤသို့မေးမြန်းလိုက်ပါ — "သင်တို့သည် အလ္လာဟ်အရှင်မြတ်အား စိတ်ရင်းမှန်ဖြင့် လက်ခံအပ်နှံကြပြီလား၊ ကျွန်ုပ်ယူဆောင်လာသော သာသနာတော်ကို လိုက်နာကြပြီလား။"
အကယ်၍ သူတို့သည် အစ္စလာမ်သာသနာကို လက်ခံကြလျှင် သူတို့သည် လမ်းမှန်ကို ရရှိကြပြီဖြစ်ပါသည်၊ လမ်းမှားမှ လမ်းမှန်သို့ ရောက်ရှ
فَإِنۡ حَآجُّوكَ فَقُلۡ أَسۡلَمۡتُ وَجۡهِيَ لِلَّهِ وَمَنِ ٱتَّبَعَنِۗ وَقُل لِّلَّذِينَ أُوتُواْ ٱلۡكِتَٰبَ وَٱلۡأُمِّيِّـۧنَ ءَأَسۡلَمۡتُمۡۚ فَإِنۡ أَسۡلَمُواْ فَقَدِ ٱهۡتَدَواْۖ وَّإِن تَوَلَّوۡاْ فَإِنَّمَا عَلَيۡكَ ٱلۡبَلَٰغُۗ وَٱللَّهُ بَصِيرُۢ بِٱلۡعِبَادِ ٢٠
(အစ္စလာမ် သာသနာတော်သည် မှန်ကန်သောသာသနာဖြစ်၍ အလ္လာဟ်အရှင်မြတ် သဘောတူ နှစ်ခြိုက်တော်မူသော သာသနာဖြစ်ကြောင်း ထင်ရှားပြီးဖြစ်ပါလျက်နှင့်ပင်) တဖန် ယင်းသူတို့သည် အသင်နှင့် အချေအတင်ပြောဆိုငြင်းခုံကြပါမူ အသင်က(ယင်းသူတို့အား) (ဟယ်အချင်းတို့) အကျွန်ုပ်သည် မိမိမျက်နှာကို အလ္လာဟ် အရှင်မြတ်(အမိန့်တော်ကို နာခံခြင်းအားဖြင့် ထိုအရှင်မြတ်) ဖက်သို့သာလျှင် လှည့်ပြီးဖြစ်ချေပြီ။ ထိုနည်းတူစွာ အကျွန်ုပ်၏နောက်လိုက်များသည်လည်း (မိမိတို့၏ မျက်နှာများကိုအရှင်မြတ်ဖက်သို့သာလျှင်လှည့်ကြချေပြီ) ဟုပြောကြားပါလေ။ထိုမှတစ်ပါးတုံ အသင်သည် ကျမ်းဂန် (တော်ရာတ်နှင့်အီန်ဂျီလ်)ကို ရရှိပြီးဖြစ်သောသူတို့ ကိုလည်းကောင်း၊စာပေမတတ် အသိပညာကင်းမဲ့သော (အရဗ်မုရှ်ရိတ်) တို့ကိုလည်းကောင်း၊(ဟယ်-အချင်းတို့) အသင်တို့သည် (အလ္လာဟ်အရှင်မြတ်၏) အမိန့်တော်ကိုနာခံ�ော မုစ်လင်မ်များဖြစ်ကြပါသလောဟု မေးမြန်းပါလေ။ တစ်ဖန် အကယ်၍သာယင်းသူတို့သည် အမိန့်တော်ကိုနာခံသော မုစ်လင်မ်များဖြစ်ကြပါလျှင် ယင်းသူတို့သည်လည်း တရားလမ်းမှန်ကို ရရှိကြလတ္တံ့။ သို့ရာတွင် အကယ်၍ ယင်းသူတို့သည် (အစ္စလာမ်သာသနာကို) မျက်နှာလွှဲရှောင်ကျောခိုင်း၍ သွားကြပါလျှင်အသင့်အပေါ်ဝယ် (အလ္လာဟ်အရှင်မြတ်၏) အမိန့်ဗျာဒိတ်တော်များကို ဟောကြားပို့ဆောင်ရုံမျှသာ တာဝန်ရှိပေသည်။အကြောင်းသော်ကား အလ္လာဟ်အရှင်မြတ်သည် (မိမိ)၏ကျွန်များကို ခွဲခြား၍သိမြင်တော်မူသောအရှင်မြတ် ဖြစ်တော်မူပေသတည်း။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 18-22 — စူရာ အာလ်-အိမရာန်
18 شَهِدَ اللَّهُ أَنَّهُ لَا إِلَٰهَ إِلَّا هُوَ وَالْمَلَائِكَةُ وَأُولُو الْعِلْمِ قَائِمًا بِالْقِسْطِ ۚ لَا إِلَٰهَ إِلَّا هُوَ الْعَزِيزُ الْحَكِيمُ
အလ္လာဟ်အရှင်မြတ်သည် မိမိမှတပါး အခြားခဝပ်ကိုးကွယ်ရာ အရှင်မရှိကြောင်း (မိမိ ကိုယ်တော်တိုင်)သက်သေခံတော်မူ၏။ ထိုနည်းတူစွာ၊ မလာအိကဟ်ကောင်းကင် တမန်များနှင့် ပညာရှင် သုခမိန် အပေါင်းတို့သည်လည်း (မိမိတို့၏ အကျင့်အမူများဖြင့် သက်သေခံခဲ့ ကြလေပြီ)ထိုအရှင်မြတ်သည် တရားမျှတစွာ စီမံအုပ်ချုပ်လျက်ရှိတော်မူ၏။ ထိုအရှင်မြတ်သည်သာလျှင် ခဝပ်ကိုးကွယ် ရာ အရှင်ဖြစ်တော်မူ၍ ထိုအရှင်မြတ်မှတစ်ပါး ခဝပ်ကိုးကွယ်ရာ အရှင်ဟူ၍အလျင်းမရှိပြီ။ (ထို အရှင်မြတ်သည်) တန်ခိုးအာနုဘော်ဖြင့်လွှမ်းမိုးတော် မူသောအရှင်၊ အကျိုးအကြောင်း ဆင်ခြင်တုံတရား နှင့် ပြည့်စုံတော်မူသောအရှင်မြတ်ပင်တည်း။
19 إِنَّ الدِّينَ عِندَ اللَّهِ الْإِسْلَامُ ۗ وَمَا اخْتَلَفَ الَّذِينَ أُوتُوا الْكِتَابَ إِلَّا مِن بَعْدِ مَا جَاءَهُمُ الْعِلْمُ بَغْيًا بَيْنَهُمْ ۗ وَمَن يَكْفُرْ بِآيَاتِ اللَّهِ فَإِنَّ اللَّهَ سَرِيعُ الْحِسَابِ
မချွတ်ဧကန် အလ္လာဟ်အရှင်မြတ်အထံတော် ၌(နှစ်မြို့တော်မူပြီးဖြစ်သော) ဒီန် သာသနာမှာ မူကားအစ္စလာမ် သာသနာတော်ပင်တည်း။ အမှန်သော်ကား(တော်ရာတ်နှင့် အီန်ဂျီလ်) ကျမ်းများ ပေးသနားတော်မူခြင်းခံကြရသော သူတို့သည် မိမိတို့ထံ အသိတရားရောက်ရှိပြီးနောက် သော်မှပင် မိမိတို့အချင်းချင်း မနာလိုဝန်တိုစိတ်ထား ရှိခြင်းကြောင့် မညီမညွတ် သဘောကွဲလွဲကြကုန်၏။ သို့ရာတွင် မည်သူမဆို အလ္လာဟ်အရှင်မြတ်၏အမိန့်တော်များကို သွေဖည်ငြင်းပယ်ပါမူ မုချဧကန် အလ္လာဟ်အရှင်မြတ်သည် လျင်မြန်စွာ စစ်ဆေး စောကြောတော်မူမည့်အရှင်မြတ်ပင် ဖြစ်တော်မူသတည်း။
20 فَإِنْ حَاجُّوكَ فَقُلْ أَسْلَمْتُ وَجْهِيَ لِلَّهِ وَمَنِ اتَّبَعَنِ ۗ وَقُل لِّلَّذِينَ أُوتُوا الْكِتَابَ وَالْأُمِّيِّينَ أَأَسْلَمْتُمْ ۚ فَإِنْ أَسْلَمُوا فَقَدِ اهْتَدَوا ۖ وَّإِن تَوَلَّوْا فَإِنَّمَا عَلَيْكَ الْبَلَاغُ ۗ وَاللَّهُ بَصِيرٌ بِالْعِبَادِ
(အစ္စလာမ် သာသနာတော်သည် မှန်ကန်သောသာသနာဖြစ်၍ အလ္လာဟ်အရှင်မြတ် သဘောတူ နှစ်ခြိုက်တော်မူသော သာသနာဖြစ်ကြောင်း ထင်ရှားပြီးဖြစ်ပါလျက်နှင့်ပင်) တဖန် ယင်းသူတို့သည် အသင်နှင့် အချေအတင်ပြောဆိုငြင်းခုံကြပါမူ အသင်က(ယင်းသူတို့အား) (ဟယ်အချင်းတို့) အကျွန်ုပ်သည် မိမိမျက်နှာကို အလ္လာဟ် အရှင်မြတ်(အမိန့်တော်ကို နာခံခြင်းအားဖြင့် ထိုအရှင်မြတ်) ဖက်သို့သာလျှင် လှည့်ပြီးဖြစ်ချေပြီ။ ထိုနည်းတူစွာ အကျွန်ုပ်၏နောက်လိုက်များသည်လည်း (မိမိတို့၏ မျက်နှာများကိုအရှင်မြတ်ဖက်သို့သာလျှင်လှည့်ကြချေပြီ) ဟုပြောကြားပါလေ။ထိုမှတစ်ပါးတုံ အသင်သည် ကျမ်းဂန် (တော်ရာတ်နှင့်အီန်ဂျီလ်)ကို ရရှိပြီးဖြစ်သောသူတို့ ကိုလည်းကောင်း၊စာပေမတတ် အသိပညာကင်းမဲ့သော (အရဗ်မုရှ်ရိတ်) တို့ကိုလည်းကောင်း၊(ဟယ်-အချင်းတို့) အသင်တို့သည် (အလ္လာဟ်အရှင်မြတ်၏) အမိန့်တော်ကိုနာခံ�ော မုစ်လင်မ်များဖြစ်ကြပါသလောဟု မေးမြန်းပါလေ။ တစ်ဖန် အကယ်၍သာယင်းသူတို့သည် အမိန့်တော်ကိုနာခံသော မုစ်လင်မ်များဖြစ်ကြပါလျှင် ယင်းသူတို့သည်လည်း တရားလမ်းမှန်ကို ရရှိကြလတ္တံ့။ သို့ရာတွင် အကယ်၍ ယင်းသူတို့သည် (အစ္စလာမ်သာသနာကို) မျက်နှာလွှဲရှောင်ကျောခိုင်း၍ သွားကြပါလျှင်အသင့်အပေါ်ဝယ် (အလ္လာဟ်အရှင်မြတ်၏) အမိန့်ဗျာဒိတ်တော်များကို ဟောကြားပို့ဆောင်ရုံမျှသာ တာဝန်ရှိပေသည်။အကြောင်းသော်ကား အလ္လာဟ်အရှင်မြတ်သည် (မိမိ)၏ကျွန်များကို ခွဲခြား၍သိမြင်တော်မူသောအရှင်မြတ် ဖြစ်တော်မူပေသတည်း။
21 إِنَّ الَّذِينَ يَكْفُرُونَ بِآيَاتِ اللَّهِ وَيَقْتُلُونَ النَّبِيِّينَ بِغَيْرِ حَقٍّ وَيَقْتُلُونَ الَّذِينَ يَأْمُرُونَ بِالْقِسْطِ مِنَ النَّاسِ فَبَشِّرْهُم بِعَذَابٍ أَلِيمٍ
ဧကန်စင်စစ် အကြင်သူတို့သည် အလ္လာဟ်အရှင်မြတ်၏ တရားဒေသနာတော်များကို မနာယူ ငြင်းဆန်ပယ်ရှားကြကုန်၏။ ထို့ပြင်တဝ ယင်းသူတို့သည် နဗီတမန်တော်များကို သတ်ဖြတ်ခွင့်မရှိဘဲလျက် (တရားမဲ့)သတ်ဖြတ်ကြကုန်၏။ ထိုနည်းတူစွာ ယင်း သူတို့သည် လူသားတို့အနက်မှ တရားမျှတစွာပြုလုပ်ရန် ညွှန်ကြားသူတို့ကိုလည်းသတ်ဖြတ်ကြကုန်၏။ သို့ဖြစ်ပေရာ အသင်သည် ယင်းကဲ့သို့သောသူတို့အား အလွန်နာကျင်ဖွယ်ဖြစ်သော အပြစ်ဒဏ်(ခံကြရမည့်အကြောင်း) သတင်းကောင်း ကျေညာပါလေ။
22 أُولَٰئِكَ الَّذِينَ حَبِطَتْ أَعْمَالُهُمْ فِي الدُّنْيَا وَالْآخِرَةِ وَمَا لَهُم مِّن نَّاصِرِينَ
ဤသူများသည် အကြင်သူများပင်တည်း။ယင်းသူတို့ ဆည်းပူးခဲ့သမျှသော (ကောင်းမှု)တို့သည် ဤပစ္စုပ္ပန်ဘဝ၌လည်းကောင်း၊ နောင်တမလွန်ဘဝ၌လည်းကောင်း အချည်းနှီးအကျိုးမဲ့ဖြစ်ချေပြီ။ ထို့ပြင်တဝ ယင်းသူတို့ကို (အလ္လာဟ်အရှင်မြတ်၏) အပြစ်ဒဏ်မှ လွတ်မြောက်စေရန် ကယ်ဆယ်စောင်မမည့်သူဟူ၍ လည်းတစ်ဦးတစ်ယောက်မျှ ရှိမည်မဟုတ်ချေ။
ဘာသာပြန် — အာလ်-အိမရာန် 20 စူရာ အာလ်-အိမရာန် အာယာသ် 20 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (အစ္စလာမ် သာသနာတော်သည် မှန်ကန်သောသာသနာဖြစ်၍ အလ္လာဟ်အရှင်မြတ် သဘောတူ နှစ်ခြိုက်တော်မူသော သာသနာဖြစ်ကြောင်း ထင်ရှားပြီးဖြစ်ပါလျက်နှင့်ပင်) တဖန် ယင်းသူတို့သည်…
စူရာ အာယာသ် 20/200 — စူရာ အာလ်-အိမရာန် آل عمران (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အာလ်-အိမရာန် နားထောင်, စူရာ အာလ်-အိမရာန် ဘာသာပြန်, စူရာ အာလ်-အိမရာန် mp3, စူရာ အာလ်-အိမရာန် pdf. အာယာသ် 18–22. မြန်မာဘာသာ: ภาษาไทย.