အာလ်-အိမရာန် · 21/200
ဘာသာပြန် အသံနိုင်ငံ — စူရာ အာလ်-အိမရာန်
إِنَّ الَّذِينَ يَكْفُرُونَ بِآيَاتِ اللَّهِ وَيَقْتُلُونَ النَّبِيِّينَ بِغَيْرِ حَقٍّ وَيَقْتُلُونَ الَّذِينَ يَأْمُرُونَ بِالْقِسْطِ مِنَ النَّاسِ فَبَشِّرْهُم بِعَذَابٍ أَلِيمٍ ۝٢١
Innal lazeena yakfuroona bi Aayaatil laahi wa yaqtuloonan Nabiyyeena bighairi haqqinw wa yaqtuloonal lazeena yaamuroona bilqisti minannaasi fabashirhum bi`azaabin aleem
📖 မြန်မာဘာသာ
ဧကန်စင်စစ် အကြင်သူတို့သည် အလ္လာဟ်အရှင်မြတ်၏ တရားဒေသနာတော်များကို မနာယူ ငြင်းဆန်ပယ်ရှားကြကုန်၏။ ထို့ပြင်တဝ ယင်းသူတို့သည် နဗီတမန်တော်များကို သတ်ဖြတ်ခွင့်မရှိဘဲလျက် (တရားမဲ့)သတ်ဖြတ်ကြကုန်၏။ ထိုနည်းတူစွာ ယင်း သူတို့သည် လူသားတို့အနက်မှ တရားမျှတစွာပြုလုပ်ရန် ညွှန်ကြားသူတို့ကိုလည်းသတ်ဖြတ်ကြကုန်၏။ သို့ဖြစ်ပေရာ အသင်သည် ယင်းကဲ့သို့သောသူတို့အား အလွန်နာကျင်ဖွယ်ဖြစ်သော အပြစ်ဒဏ်(ခံကြရမည့်အကြောင်း) သတင်းကောင်း ကျေညာပါလေ။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္မသဒ္ဒါအနက်အဓိပ္ပာယ်များ
  • အာယာသ် (آيَاتِ): အလ္လာဟ်အရှင်မြတ်၏ သက်သေလက္ခဏာများ၊ ကုရ်အာန်ကျမ်းတော်မြတ်၏ အာယသ်များ။
  • နဗီ (النَّبِيِّينَ): တမန်တော်များ၊ နဗီများ။
  • ကိစ္တ် (الْقِسْطِ): တရားမျှတမှု၊ မှန်ကန်သောတရား။
  • ဖဗရှ်ရ်ဟုမ် (فَبَشِّرْهُم): ထိုသူတို့အား သတင်းကောင်းပေးလော့ (ဤနေရာတွင် ကဲ့ရဲ့သောအနက်ဖြင့် ပြင်းထန်သောသတိပေးချက်ဖြစ်သည်)။
  • အလီမ် (أَلِيمٍ): အလွန်နာကျင်ဖွယ်ဖြစ်သော။
  1. အာယသ်တော်၏အနက်အဓိပ္ပာယ်

အလ္လာဟ်အရှင်မြတ်၏ သက်သေလက္ခဏာများနှင့် ကုရ်အာန်ကျမ်းတော်မြတ်ကို ငြင်းပယ်သောသူများ၊ တမန်တော်များကို တရားမျှတမှုမရှိဘဲ မတရားသတ်ဖြတ်သောသူများ၊ လူသားများထဲမှ တရားမျှတမှုကို ညွှန်ကြားသူများ (ကောင်းမှုကိုညွှန်ကြား၍ မကောင်းမှုကို တားမြစ်သူများ) ကို သတ်ဖြတ်သောသူများသည် အမှန်စင်စစ် ပြင်းထန်သောအပြစ်ဒဏ်ကို ခံစားရမည့်သူများဖြစ်ကြသည်။ ထိုသူတို့အား နာကျင်ဖွယ်ကောင်းသော အပြစ်ဒဏ်အကြောင်း သတင်းပေးလိုက်ပါ။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများ
  • အလ္လာဟ်အရှင်မြတ်၏ သက်သေလက္ခဏာများကို ငြင်းပယ်ခြင်းသည် အလွန်ကြီးလေးသော အပြစ်ဖြစ်ကြောင်း သိရှိစေသည်။
  • တမန်တော်များနှင့် တရားမျှတမှုကို ညွှန်ကြားသူများကို မတရားသတ်ဖြတ်ခြင်းသည် အလ္လာဟ်အရှင်မြတ်၏ ပြင်းထန်သောအမျက်တော်ကို ခံစားရစေသည့် ကြီးလေးသောရာဇဝတ်မှုဖြစ်သည်။
  • တရားမျှတမှုကို ညွှန်ကြားခြင်း၊ ကောင်းမှုကိုညွှန်ကြား၍ မကောင်းမှုကိုတားမြစ်ခြင်းသည် မြင့်မြတ်သော တာဝန်ဖြစ်ပြီး ထိုသူများသည် အလ္လာဟ်အရှင်မြတ်၏ ချစ်ခင်မှုကို ရရှိသူများဖြစ်သည်။
  • အလ္လာဟ်အရှင်မြတ်သည် မတရားသူများကို အပြစ်ဒဏ်ပေးမည်ဖြစ်ကြောင်း ယုံကြည်ခြင်းသည် စိတ်နှလုံးကို ငြိမ်းချမ်းစေပြီး တရားမျှတမှုကို လိုလားစေသည်။
  • ဤအာယသ်တော်သည် ကုရ်အာန်ကျမ်းတော်မြတ်၏ သြဝါဒများကို လိုက်နာခြင်း၏ အရေးပါမှုကို သွန်သင်ပေးပြီး အစ္စလာမ်သာသနာတော်၏ တရားမျှတမှုနှင့် ကရုဏာတော်ကို ထင်ဟပ်စေသည်။


📜 အာယာသ် 19-23 — စူရာ အာလ်-အိမရာန်

19إِنَّ الدِّينَ عِندَ اللَّهِ الْإِسْلَامُ ۗ وَمَا اخْتَلَفَ الَّذِينَ أُوتُوا الْكِتَابَ إِلَّا مِن بَعْدِ مَا جَاءَهُمُ الْعِلْمُ بَغْيًا بَيْنَهُمْ ۗ وَمَن يَكْفُرْ بِآيَاتِ اللَّهِ فَإِنَّ اللَّهَ سَرِيعُ الْحِسَابِ
မချွတ်ဧကန် အလ္လာဟ်အရှင်မြတ်အထံတော် ၌(နှစ်မြို့တော်မူပြီးဖြစ်သော) ဒီန် သာသနာမှာ မူကားအစ္စလာမ် သာသနာတော်ပင်တည်း။ အမှန်သော်ကား(တော်ရာတ်နှင့် အီန်ဂျီလ်) ကျမ်းများ ပေးသနားတော်မူခြင်းခံကြရသော သူတို့သည် မိမိတို့ထံ အသိတရားရောက်ရှိပြီးနောက် သော်မှပင် မိမိတို့အချင်းချင်း မနာလိုဝန်တိုစိတ်ထား ရှိခြင်းကြောင့် မညီမညွတ် သဘောကွဲလွဲကြကုန်၏။ သို့ရာတွင် မည်သူမဆို အလ္လာဟ်အရှင်မြတ်၏အမိန့်တော်များကို သွေဖည်ငြင်းပယ်ပါမူ မုချဧကန် အလ္လာဟ်အရှင်မြတ်သည် လျင်မြန်စွာ စစ်ဆေး စောကြောတော်မူမည့်အရှင်မြတ်ပင် ဖြစ်တော်မူသတည်း။
20فَإِنْ حَاجُّوكَ فَقُلْ أَسْلَمْتُ وَجْهِيَ لِلَّهِ وَمَنِ اتَّبَعَنِ ۗ وَقُل لِّلَّذِينَ أُوتُوا الْكِتَابَ وَالْأُمِّيِّينَ أَأَسْلَمْتُمْ ۚ فَإِنْ أَسْلَمُوا فَقَدِ اهْتَدَوا ۖ وَّإِن تَوَلَّوْا فَإِنَّمَا عَلَيْكَ الْبَلَاغُ ۗ وَاللَّهُ بَصِيرٌ بِالْعِبَادِ
(အစ္စလာမ် သာသနာတော်သည် မှန်ကန်သောသာသနာဖြစ်၍ အလ္လာဟ်အရှင်မြတ် သဘောတူ နှစ်ခြိုက်တော်မူသော သာသနာဖြစ်ကြောင်း ထင်ရှားပြီးဖြစ်ပါလျက်နှင့်ပင်) တဖန် ယင်းသူတို့သည် အသင်နှင့် အချေအတင်ပြောဆိုငြင်းခုံကြပါမူ အသင်က(ယင်းသူတို့အား) (ဟယ်အချင်းတို့) အကျွန်ုပ်သည် မိမိမျက်နှာကို အလ္လာဟ် အရှင်မြတ်(အမိန့်တော်ကို နာခံခြင်းအားဖြင့် ထိုအရှင်မြတ်) ဖက်သို့သာလျှင် လှည့်ပြီးဖြစ်ချေပြီ။ ထိုနည်းတူစွာ အကျွန်ုပ်၏နောက်လိုက်များသည်လည်း (မိမိတို့၏ မျက်နှာများကိုအရှင်မြတ်ဖက်သို့သာလျှင်လှည့်ကြချေပြီ) ဟုပြောကြားပါလေ။ထိုမှတစ်ပါးတုံ အသင်သည် ကျမ်းဂန် (တော်ရာတ်နှင့်အီန်ဂျီလ်)ကို ရရှိပြီးဖြစ်သောသူတို့ ကိုလည်းကောင်း၊စာပေမတတ် အသိပညာကင်းမဲ့သော (အရဗ်မုရှ်ရိတ်) တို့ကိုလည်းကောင်း၊(ဟယ်-အချင်းတို့) အသင်တို့သည် (အလ္လာဟ်အရှင်မြတ်၏) အမိန့်တော်ကိုနာခံ�ော မုစ်လင်မ်များဖြစ်ကြပါသလောဟု မေးမြန်းပါလေ။ တစ်ဖန် အကယ်၍သာယင်းသူတို့သည် အမိန့်တော်ကိုနာခံသော မုစ်လင်မ်များဖြစ်ကြပါလျှင် ယင်းသူတို့သည်လည်း တရားလမ်းမှန်ကို ရရှိကြလတ္တံ့။ သို့ရာတွင် အကယ်၍ ယင်းသူတို့သည် (အစ္စလာမ်သာသနာကို) မျက်နှာလွှဲရှောင်ကျောခိုင်း၍ သွားကြပါလျှင်အသင့်အပေါ်ဝယ် (အလ္လာဟ်အရှင်မြတ်၏) အမိန့်ဗျာဒိတ်တော်များကို ဟောကြားပို့ဆောင်ရုံမျှသာ တာဝန်ရှိပေသည်။အကြောင်းသော်ကား အလ္လာဟ်အရှင်မြတ်သည် (မိမိ)၏ကျွန်များကို ခွဲခြား၍သိမြင်တော်မူသောအရှင်မြတ် ဖြစ်တော်မူပေသတည်း။
21إِنَّ الَّذِينَ يَكْفُرُونَ بِآيَاتِ اللَّهِ وَيَقْتُلُونَ النَّبِيِّينَ بِغَيْرِ حَقٍّ وَيَقْتُلُونَ الَّذِينَ يَأْمُرُونَ بِالْقِسْطِ مِنَ النَّاسِ فَبَشِّرْهُم بِعَذَابٍ أَلِيمٍ
ဧကန်စင်စစ် အကြင်သူတို့သည် အလ္လာဟ်အရှင်မြတ်၏ တရားဒေသနာတော်များကို မနာယူ ငြင်းဆန်ပယ်ရှားကြကုန်၏။ ထို့ပြင်တဝ ယင်းသူတို့သည် နဗီတမန်တော်များကို သတ်ဖြတ်ခွင့်မရှိဘဲလျက် (တရားမဲ့)သတ်ဖြတ်ကြကုန်၏။ ထိုနည်းတူစွာ ယင်း သူတို့သည် လူသားတို့အနက်မှ တရားမျှတစွာပြုလုပ်ရန် ညွှန်ကြားသူတို့ကိုလည်းသတ်ဖြတ်ကြကုန်၏။ သို့ဖြစ်ပေရာ အသင်သည် ယင်းကဲ့သို့သောသူတို့အား အလွန်နာကျင်ဖွယ်ဖြစ်သော အပြစ်ဒဏ်(ခံကြရမည့်အကြောင်း) သတင်းကောင်း ကျေညာပါလေ။
22أُولَٰئِكَ الَّذِينَ حَبِطَتْ أَعْمَالُهُمْ فِي الدُّنْيَا وَالْآخِرَةِ وَمَا لَهُم مِّن نَّاصِرِينَ
ဤသူများသည် အကြင်သူများပင်တည်း။ယင်းသူတို့ ဆည်းပူးခဲ့သမျှသော (ကောင်းမှု)တို့သည် ဤပစ္စုပ္ပန်ဘဝ၌လည်းကောင်း၊ နောင်တမလွန်ဘဝ၌လည်းကောင်း အချည်းနှီးအကျိုးမဲ့ဖြစ်ချေပြီ။ ထို့ပြင်တဝ ယင်းသူတို့ကို (အလ္လာဟ်အရှင်မြတ်၏) အပြစ်ဒဏ်မှ လွတ်မြောက်စေရန် ကယ်ဆယ်စောင်မမည့်သူဟူ၍ လည်းတစ်ဦးတစ်ယောက်မျှ ရှိမည်မဟုတ်ချေ။
23أَلَمْ تَرَ إِلَى الَّذِينَ أُوتُوا نَصِيبًا مِّنَ الْكِتَابِ يُدْعَوْنَ إِلَىٰ كِتَابِ اللَّهِ لِيَحْكُمَ بَيْنَهُمْ ثُمَّ يَتَوَلَّىٰ فَرِيقٌ مِّنْهُمْ وَهُم مُّعْرِضُونَ
(အို-နဗီ)ကျမ်းဂန်များအနက်မှ တစ်စိတ်တစဒေသ ချီးမြှင့်ခြင်းခံရသော အကြင်သူတို့(၏အဖြစ်)ကိုအသင်စဉ်းစားဆင်ခြင် မမြင်မိပါသလော၊ ထိုသူတို့သည်၎င်းတို့၏စပ်ကြားဝယ် အချင်းချင်း (အငြင်းပွားလျက်ရှိသောပြဿနာကို) စီရင်ဆုံးဖြတ် ပေးရန်အလို့ငှာ အလ္လာဟ်အရှင်မြတ်၏ကျမ်းဂန် (၏အဆုံးအဖြတ်)ကို ခံယူကြရန်ဘိတ်ခေါ်ခြင်း ခံကြရလေသည်။ (သို့ ဖိတ်ခေါ်ခြင်းခံကြရသည့်) နောက်တွင် ယင်းသူတို့အနက် (အကြီးအကဲဖြစ်သော)လူတစ်စုသည် သွေဖည်ကျောခိုင်း၍ သွားကြလေသည်။အမှန်သော်ကား ထိုသူများသည် (အမြဲတစေ) မျက်နှာလွှဲဖယ်သူများပင် ဖြစ်ကြကုန်သတည်း။
အာလ်-အိမရာန်ကုရ်အာန် ညွှန်းကိန်း
200အာယာသ်
MedinanRevelation
21အာယာသ်

ဘာသာပြန် — အာလ်-အိမရာန် 21

စူရာ အာလ်-အိမရာန် အာယာသ် 21 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ဧကန်စင်စစ် အကြင်သူတို့သည် အလ္လာဟ်အရှင်မြတ်၏ တရားဒေသနာတော်များကို မနာယူ ငြင်းဆန်ပယ်ရှားကြကုန်၏။ ထို့ပြင်တဝ ယင်းသူတို့သည် နဗီတမန်တော်များကို သတ်ဖြတ်ခွင့်မရှိဘဲလျက်…

စူရာ အာယာသ် 21/200 — စူရာ အာလ်-အိမရာန် آل عمران (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အာလ်-အိမရာန် နားထောင်, စူရာ အာလ်-အိမရာန် ဘာသာပြန်, စူရာ အာလ်-အိမရာန် mp3, စူရာ အာလ်-အိမရာန် pdf. အာယာသ် 19–23. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers