အရ်-ရူမ် · 33/60
ဘာသာပြန် အသံနိုင်ငံ — စူရာ အရ်-ရူမ်
وَإِذَا مَسَّ النَّاسَ ضُرٌّ دَعَوْا رَبَّهُم مُّنِيبِينَ إِلَيْهِ ثُمَّ إِذَا أَذَاقَهُم مِّنْهُ رَحْمَةً إِذَا فَرِيقٌ مِّنْهُم بِرَبِّهِمْ يُشْرِكُونَ ۝٣٣
Wa izaa massan naasa durrun da`aw Rabbahum muneebeena ilaihi summa izaaa azaqahum minhu rahmatan izaa fareequm minhum be Rabbihim yushrikoon
📖 မြန်မာဘာသာ
စင်စစ်သော်ကား လူတို့၌ ဘေးဥပဒ်တစ်စုံတစ်ရာ သက်ရောက်လေသောအခါ ၎င်းတို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ဘက်တော်သို့ ပြန်လှည့်ကြလျက် ထိုအရှင်မြတ်အား ဟစ်ခေါ် တသကြကုန်၏။ ထို့နောက် ထိုအရှင်မြတ်သည် ၎င်းတို့အား မိမိအထံတော်မှ အနည်းငယ်ကျေးဇူးတော် ရသ��ကို မြည်းစမ်းစေတော်မူသောအခါ ၎င်းတို့အနက် လူတစ်စုသည် မဆိုင်းမငံ့ ရုတ်တရက် ချက်ချင်းပင်လျှင်(အခြားအရာများကို) မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်နှင့် တွဲဖက်နှိုင်းယှဉ် ကိုးကွယ်ကြလေ၏။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 31-35 — စူရာ အရ်-ရူမ်

31۞ مُنِيبِينَ إِلَيْهِ وَاتَّقُوهُ وَأَقِيمُوا الصَّلَاةَ وَلَا تَكُونُوا مِنَ الْمُشْرِكِينَ
ထိုအရှင်မြတ်ဘက်သို့သာလျှင် ပြန်လှည့်ကြသူများအဖြစ် (အစ္စလာမ်၏ သဘာဝဓမ္မကို နာယူ ကျင့်မူကြကုန်)။ထို့ပြင် အသင်တို့သည် ထိုအရှင်မြတ်အား ကြောက်ရွံ့ ရိုသေခန့်ညားကြလေကုန်။ ထိုမှတစ်ပါး အသင်တို့သည် "ဆွလာတ်"ဝတ်ပြုမှုကို ဆောက်တည်ကြလေကုန်။ ထို့ပြင် အသင်တို့သည် "မုရှ်ရစ်က်" တစ်စုံတစ်ရာကို အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်နှိုင်းယှဉ် ကိုးကွယ်သူတို့အနက်မှ မဖြစ်ကြကုန်လင့်။
32مِنَ الَّذِينَ فَرَّقُوا دِينَهُمْ وَكَانُوا شِيَعًا ۖ كُلُّ حِزْبٍ بِمَا لَدَيْهِمْ فَرِحُونَ
အကြင် (မုရှ်ရစ်က်) တို့အနက်မှ ထိုသူတို့သည် မိမိတို့၏ "ဒီန်"သာသနာကို အစိတ်စိတ်အပိုင်းပိုင်း ပြုလုပ်ခဲ့ကြပြီးလျှင် ဂိုဏ်းဂဏအမျိုးမျိုး ဖြစ်သွားခဲ့ကြကုန်၏။ (၎င်းတို့အနက်) ဂိုဏ်းဂဏအသီးသီး အသကအသကတို့သည် မိမိတို့၌ရှိသော (ဝါဒလမ်းစဉ်များ)နှင့်ပင် ကျေနပ်ဝမ်းမြောက်လျက် ရှိကြပေသတည်း။
33وَإِذَا مَسَّ النَّاسَ ضُرٌّ دَعَوْا رَبَّهُم مُّنِيبِينَ إِلَيْهِ ثُمَّ إِذَا أَذَاقَهُم مِّنْهُ رَحْمَةً إِذَا فَرِيقٌ مِّنْهُم بِرَبِّهِمْ يُشْرِكُونَ
စင်စစ်သော်ကား လူတို့၌ ဘေးဥပဒ်တစ်စုံတစ်ရာ သက်ရောက်လေသောအခါ ၎င်းတို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ဘက်တော်သို့ ပြန်လှည့်ကြလျက် ထိုအရှင်မြတ်အား ဟစ်ခေါ် တသကြကုန်၏။ ထို့နောက် ထိုအရှင်မြတ်သည် ၎င်းတို့အား မိမိအထံတော်မှ အနည်းငယ်ကျေးဇူးတော် ရသ��ကို မြည်းစမ်းစေတော်မူသောအခါ ၎င်းတို့အနက် လူတစ်စုသည် မဆိုင်းမငံ့ ရုတ်တရက် ချက်ချင်းပင်လျှင်(အခြားအရာများကို) မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်နှင့် တွဲဖက်နှိုင်းယှဉ် ကိုးကွယ်ကြလေ၏။
34لِيَكْفُرُوا بِمَا آتَيْنَاهُمْ ۚ فَتَمَتَّعُوا فَسَوْفَ تَعْلَمُونَ
၎င်းတို့သည် ငါအရှင်မြတ် ၎င်းတို့အား ချီးမြှင့်ပေးသနားတော်မူခဲ့သော ကျေးဇူးတော်များကို ငြင်းပယ် ကျေးဇူးကန်းကြအံ့သောငှာ (တွဲဖက်ကိုးကွယ်မှုကိုပြုကြကုန်၏)။ သို့ဖြစ်ပေရာ အသင်တို့သည် (အခိုက်အတန့်အားဖြင့်) အကျိုးကျေးဇူး ခံစားကြလေကုန်။ ထို့နောက် မကြာမြင့်မီပင် အသင်တို့သည် သိရှိကြရပေမည်။
35أَمْ أَنزَلْنَا عَلَيْهِمْ سُلْطَانًا فَهُوَ يَتَكَلَّمُ بِمَا كَانُوا بِهِ يُشْرِكُونَ
အသို့ပါနည်း ငါအရှင်မြတ်သည် ၎င်းတို့အပေါ်၌ သက်သေအကိုးအကား အထောက်အထား တစ်စုံတစ်ရာကိုချပေးတော်မူခဲ့၍ ယင်းသက်သေအထောက်အထားက ပြောဆိုသောကြောင့် ၎င်းတို့သည် တွဲဖက် နှိုင်းယှဉ်ကိုးကွယ် ကြလေသလော။
အရ်-ရူမ်ကုရ်အာန် ညွှန်းကိန်း
60အာယာသ်
MeccanRevelation
33အာယာသ်

ဘာသာပြန် — အရ်-ရူမ် 33

စူရာ အရ်-ရူမ် အာယာသ် 33 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : စင်စစ်သော်ကား လူတို့၌ ဘေးဥပဒ်တစ်စုံတစ်ရာ သက်ရောက်လေသောအခါ ၎င်းတို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ဘက်တော်သို့ ပြန်လှည့်ကြလျက် ထိုအရှင်မြတ်အား…

စူရာ အာယာသ် 33/60 — စူရာ အရ်-ရူမ် الروم (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အရ်-ရူမ် နားထောင်, စူရာ အရ်-ရူမ် ဘာသာပြန်, စူရာ အရ်-ရူမ် mp3, စူရာ အရ်-ရူမ် pdf. အာယာသ် 31–35. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers