အရ်-ရူမ် · 47/60
ဘာသာပြန် အသံနိုင်ငံ — စူရာ အရ်-ရူမ်
وَلَقَدْ أَرْسَلْنَا مِن قَبْلِكَ رُسُلًا إِلَىٰ قَوْمِهِمْ فَجَاءُوهُم بِالْبَيِّنَاتِ فَانتَقَمْنَا مِنَ الَّذِينَ أَجْرَمُوا ۖ وَكَانَ حَقًّا عَلَيْنَا نَصْرُ الْمُؤْمِنِينَ ۝٤٧
Wa laqad arsalnaa min qablika Rusulan ilaa qawmihim fajaaa`oohum bil baiyinaati fantaqamnaa minal lazeena ajramoo wa kaana haqqan `alainaa nasrul mu`mineen
📖 မြန်မာဘာသာ
ထို့ပြင် မချွတ်မလွဲ ငါအရှင်မြတ်သည် အသင့်အလျင် ရစူလ်တမန်တော်များအား ၎င်းတို့၏အမျိုးသားတို့ထံ စေလွှတ်တော်မူခဲ့ရာ ထိုရစူလ်တမန်တော်များသည် ၎င်းတို့ထံ ထင်ရှားစွာသော သက်သေသာဓကများနှင့်တကွ ရောက်ရှိလာခဲ့ကြကုန်၏။ ထို့နောက် ငါအရှင်မြတ်သည် ပြစ်မှုကျူးလွန်ကြကုန်သော သူတို့အား လက်စားချေတော်မူခဲ့၏။ စင်စစ်’မုအ်မင်န်’ သက်ဝင်ယုံကြည်သူတို့အား ကူညီစောင်မတော်မူခြင်းသည် ငါအရှင်မြတ်၏ တာဝန်ပင် ဖြစ်ပေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္ဘာ့ကျမ်းတော်မြတ်ကုရ်အာန်၏ အခန်းကြီး (အရ်-ရူမ်) အခန်း ၃၀၊ အာယသ် ၄၇ တွင် ဖော်ပြထားသော စကားလုံးများအနက် ရှင်းလင်းရန်လိုအပ်သော ဝေါဟာရများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
  • ရစူလ် (رُسُلًا) ဆိုသည်မှာ အလ္လာဟ်အရှင်မြတ်က လူသားများထံ သတင်းကောင်းနှင့် သတိပေးချက်များကို ပို့ဆောင်ရန် စေလွှတ်တော်မူသော တမန်တော်များကို ဆိုလိုပါသည်။
  • အလ်-ဗိုင်ယိနာသ် (الْبَيِّنَاتِ) ဆိုသည်မှာ တမန်တော်များ၏ မှန်ကန်မှုကို ထင်ရှားစွာ သက်သေပြသော အထောက်အထားများ၊ အံ့ဖွယ်နိမိတ်လက္ခဏာများနှင့် ရှင်းလင်းသော သက်သေအထောက်အထားများကို ဆိုလိုပါသည်။
  • ဖန်သကော့နာ (فَانتَقَمْنَا) ဆိုသည်မှာ ကျွန်ုပ်တို့သည် အပြစ်ကျူးလွန်သူများကို အပြစ်ပေးတော်မူခဲ့သည်၊ ဖျက်ဆီးတော်မူခဲ့သည်ဟု ဆိုလိုပါသည်။
  • အဂျ်ရမု (أَجْرَمُوا) ဆိုသည်မှာ ကုဖ်ရ် (မယုံကြည်မှု) နှင့် တမန်တော်များကို ငြင်းပယ်ခြင်းဖြင့် ကြီးလေးသော အပြစ်များကို ကျူးလွန်ခဲ့ကြသူများကို ဆိုလိုပါသည်။
  • နဆ်ရု (نَصْرُ) ဆိုသည်မှာ ကူညီစောင်မခြင်း၊ အောင်မြင်စေခြင်း၊ ကယ်တင်ခြင်းကို ဆိုလိုပါသည်။
  1. ဤအာယသ်တော်တွင် အလ္လာဟ်အရှင်မြတ်သည် တမန်တော်မုဟမ္မဒ် (ဆွ) အား နှစ်သိမ့်စေတော်မူလျက် မိန့်တော်မူသည်မှာ အို တမန်တော်၊ သင့်အလျင်တွင်လည်း ငါအရှင်မြတ်သည် တမန်တော်များစွာကို သူတို့၏ လူမျိုးများထံ စေလွှတ်တော်မူခဲ့သည်။ ထိုတမန်တော်များသည် မိမိတို့လူမျိုးများထံသို့ ရှင်းလင်းထင်ရှားသော သက်သေအထောက်အထားများ၊ အံ့ဖွယ်နိမိတ်လက္ခဏာများနှင့်အတူ ရောက်ရှိလာခဲ့ကြသည်။ သို့သော် ထိုလူမျိုးများအနက် အများစုသည် မယုံကြည်ဘဲ ငြင်းပယ်ခဲ့ကြသည်။ ထိုအခါ အလ္လာဟ်အရှင်မြတ်သည် ထိုအပြစ်ကျူးလွန်သူများကို အပြစ်ပေးတော်မူခဲ့သည်။ သူတို့ကို ဖျက်ဆီးတော်မူခဲ့သည်။ ထို့အပြင် အီမာန်ယုံကြည်သူများကို ကူညီစောင်မခြင်း၊ ကယ်တင်ခြင်းသည် အလ္လာဟ်အရှင်မြတ်အပေါ် တာဝန်တစ်ရပ်အဖြစ် သတ်မှတ်ပြီးဖြစ်သည်။ ဆိုလိုသည်မှာ ယုံကြည်သူများကို အောင်မြင်စေခြင်း၊ ကယ်တင်ခြင်းသည် အလ္လာဟ်အရှင်မြတ်၏ ကတိတော်ဖြစ်ပြီး ဧကန်အမှန် ပြည့်စုံလာမည်ဖြစ်သည်။ ဤသည်မှာ သင့်အတွက်လည်း နှစ်သိမ့်မှုဖြစ်သည်။ သင့်ကိ


📜 အာယာသ် 45-49 — စူရာ အရ်-ရူမ်

45لِيَجْزِيَ الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ مِن فَضْلِهِ ۚ إِنَّهُ لَا يُحِبُّ الْكَافِرِينَ
သို့မှသာလျှင် ထိုအရှင်မြတ်သည် ‘အီမာန်’ သက်ဝင်ယုံကြည်၍ ကောင်းမြတ်သော အကျင့်သီလများကို ကျင့်မူတည်ဆောက် ခဲ့ကြကုန်သောသူများအား မိမိကျေးဇူးတော်ဖြင့်(ကောင်းမြတ်သော) အစားကို ပေးတော်မူအံ့။ ဧကန်စင်စစ် ထိုအရှင်မြတ်သည် သွေဖည်ငြင်းပယ်သော သူတို့အား နှစ်သက်တော်မူသည် မဟုတ်ပေတကား။
46وَمِنْ آيَاتِهِ أَن يُرْسِلَ الرِّيَاحَ مُبَشِّرَاتٍ وَلِيُذِيقَكُم مِّن رَّحْمَتِهِ وَلِتَجْرِيَ الْفُلْكُ بِأَمْرِهِ وَلِتَبْتَغُوا مِن فَضْلِهِ وَلَعَلَّكُمْ تَشْكُرُونَ
စင်စစ် ထိုအရှင်မြတ်၏ သက်သေလက္ခဏာများအနက်မှ ထိုအရှင်မြတ်သည် ရှေ့ပြေးသတင်းကောင်း အဖြစ်လည်းကောင်း၊ ထိုအရှင်မြတ်၏ ကရုဏာတော်၏ရသာကို အသင်တို့အား မြည်းစမ်းစေတော်မူအံ့ သောငှာလည်းကောင်း၊ထိုအရှင်မြတ်၏ အမိန့်တော်နှင့် ရွက်သင်္ဘောများသည် (ပင်လယ်သမုဒ္ဒရာ)၌ သွားလာနိုင်ကြအံ့သောငှာလည်းကောင်း၊အသင်တို့သည် ထိုအရှင်မြတ်၏ ကျေးဇူးတော်တည်းဟူသော စားနပ်ရိက္ခာကို ရှာဖွေနိုင်ကြအံ့သောငှာလည်းကောင်း၊ အသင်တို့သည် ကျေးဇူးတော်ကို သိတတ်ကြအံ့သောငှာလည်းကောင်း(မိုးမရွာမီ) လေများကို စေလွှတ်တော်မူခြင်းပင် ဖြစ်ပေသည်။
47وَلَقَدْ أَرْسَلْنَا مِن قَبْلِكَ رُسُلًا إِلَىٰ قَوْمِهِمْ فَجَاءُوهُم بِالْبَيِّنَاتِ فَانتَقَمْنَا مِنَ الَّذِينَ أَجْرَمُوا ۖ وَكَانَ حَقًّا عَلَيْنَا نَصْرُ الْمُؤْمِنِينَ
ထို့ပြင် မချွတ်မလွဲ ငါအရှင်မြတ်သည် အသင့်အလျင် ရစူလ်တမန်တော်များအား ၎င်းတို့၏အမျိုးသားတို့ထံ စေလွှတ်တော်မူခဲ့ရာ ထိုရစူလ်တမန်တော်များသည် ၎င်းတို့ထံ ထင်ရှားစွာသော သက်သေသာဓကများနှင့်တကွ ရောက်ရှိလာခဲ့ကြကုန်၏။ ထို့နောက် ငါအရှင်မြတ်သည် ပြစ်မှုကျူးလွန်ကြကုန်သော သူတို့အား လက်စားချေတော်မူခဲ့၏။ စင်စစ်’မုအ်မင်န်’ သက်ဝင်ယုံကြည်သူတို့အား ကူညီစောင်မတော်မူခြင်းသည် ငါအရှင်မြတ်၏ တာဝန်ပင် ဖြစ်ပေသတည်း။
48اللَّهُ الَّذِي يُرْسِلُ الرِّيَاحَ فَتُثِيرُ سَحَابًا فَيَبْسُطُهُ فِي السَّمَاءِ كَيْفَ يَشَاءُ وَيَجْعَلُهُ كِسَفًا فَتَرَى الْوَدْقَ يَخْرُجُ مِنْ خِلَالِهِ ۖ فَإِذَا أَصَابَ بِهِ مَن يَشَاءُ مِنْ عِبَادِهِ إِذَا هُمْ يَسْتَبْشِرُونَ
အလ္လာဟ်သည် အကြင်အရှင်မြတ်ပင်၊ ထို အရှင်မြတ်သည် လေများကို စေလွှတ်တော်မူ၏။ ထိုအခါ ထိုလေများသည် မိုးတိမ်များကို သယ်ဆောင်၍သွားကြ၏။ ထို့နောက် ထိုအရှင်မြတ်သည် (တစ်ခါတစ်ရံ) ယင်းမိုးတိမ်များကို မိမိ အလိုရှိတော်မူသည့်အတိုင်း မိုးကောင်းကင်၌ ဖြန့်တော်မူ၏။ (တစ်ခါတစ်ရံ) ထိုအရှင်မြတ်သည် ယင်းမိုးတိမ်များကို အစိတ်စိတ်အပိုင်းပိုင်း ပြုလုပ်တော်မူ၏။ ထို့နောက် အသင်သည် ယင်းမိုးတိမ်များ၏အကြားမှ မိုးရေ (ကျလာသည်)ကို တွေ့မြင်လေ၏။ထို့နောက် ထိုအရှင်မြတ်သည် ယင်းမိုးရေကို မိမိကျွန်များအနက် မိမိအလိုရှိတော်မူသောသူ၏ထံသို့ သက်ရောက်စေတော်မူသောအခါ ၎င်းတို့သည် ရုတ်တရက် ချက်ချင်းပင် ဝမ်းမြောက်ပျော်ရွှင်ကြကုန်၏။
49وَإِن كَانُوا مِن قَبْلِ أَن يُنَزَّلَ عَلَيْهِم مِّن قَبْلِهِ لَمُبْلِسِينَ
အမှန်စင်စစ်သော်ကား ၎င်းတို့သည် ယင်းသို့ ဝမ်းမမြောက်မီ ထိုမိုးမရွာမီက အမှန်ပင် မျှော်လင့်ချက် ကင်းမဲ့လျက် ရှိခဲ့ကြကုန်၏။
အရ်-ရူမ်ကုရ်အာန် ညွှန်းကိန်း
60အာယာသ်
MeccanRevelation
47အာယာသ်

ဘာသာပြန် — အရ်-ရူမ် 47

စူရာ အရ်-ရူမ် အာယာသ် 47 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထို့ပြင် မချွတ်မလွဲ ငါအရှင်မြတ်သည် အသင့်အလျင် ရစူလ်တမန်တော်များအား ၎င်းတို့၏အမျိုးသားတို့ထံ စေလွှတ်တော်မူခဲ့ရာ ထိုရစူလ်တမန်တော်များသည် ၎င်းတို့ထံ ထင်ရှားစွာသော…

စူရာ အာယာသ် 47/60 — စူရာ အရ်-ရူမ် الروم (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အရ်-ရူမ် နားထောင်, စူရာ အရ်-ရူမ် ဘာသာပြန်, စူရာ အရ်-ရူမ် mp3, စူရာ အရ်-ရူမ် pdf. အာယာသ် 45–49. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers