အရ်-ရူမ် · 48/60
ဘာသာပြန် အသံနိုင်ငံ — စူရာ အရ်-ရူမ်
اللَّهُ الَّذِي يُرْسِلُ الرِّيَاحَ فَتُثِيرُ سَحَابًا فَيَبْسُطُهُ فِي السَّمَاءِ كَيْفَ يَشَاءُ وَيَجْعَلُهُ كِسَفًا فَتَرَى الْوَدْقَ يَخْرُجُ مِنْ خِلَالِهِ ۖ فَإِذَا أَصَابَ بِهِ مَن يَشَاءُ مِنْ عِبَادِهِ إِذَا هُمْ يَسْتَبْشِرُونَ ۝٤٨
Allaahul lazee yursilur riyaaha fatuseeru sahaaban fa yabsutuhoo fis samaaa`i kaifa yashaaa`u wa yaj`aluhoo kisafan fataral wadqa yakhruju min khilaalihee fa izaaa asaaba bihee mai yashaaa`u min `ibaadiheee izaa hum yastabshiroon
📖 မြန်မာဘာသာ
အလ္လာဟ်သည် အကြင်အရှင်မြတ်ပင်၊ ထို အရှင်မြတ်သည် လေများကို စေလွှတ်တော်မူ၏။ ထိုအခါ ထိုလေများသည် မိုးတိမ်များကို သယ်ဆောင်၍သွားကြ၏။ ထို့နောက် ထိုအရှင်မြတ်သည် (တစ်ခါတစ်ရံ) ယင်းမိုးတိမ်များကို မိမိ အလိုရှိတော်မူသည့်အတိုင်း မိုးကောင်းကင်၌ ဖြန့်တော်မူ၏။ (တစ်ခါတစ်ရံ) ထိုအရှင်မြတ်သည် ယင်းမိုးတိမ်များကို အစိတ်စိတ်အပိုင်းပိုင်း ပြုလုပ်တော်မူ၏။ ထို့နောက် အသင်သည် ယင်းမိုးတိမ်များ၏အကြားမှ မိုးရေ (ကျလာသည်)ကို တွေ့မြင်လေ၏။ထို့နောက် ထိုအရှင်မြတ်သည် ယင်းမိုးရေကို မိမိကျွန်များအနက် မိမိအလိုရှိတော်မူသောသူ၏ထံသို့ သက်ရောက်စေတော်မူသောအခါ ၎င်းတို့သည် ရုတ်တရက် ချက်ချင်းပင် ဝမ်းမြောက်ပျော်ရွှင်ကြကုန်၏။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 46-50 — စူရာ အရ်-ရူမ်

46وَمِنْ آيَاتِهِ أَن يُرْسِلَ الرِّيَاحَ مُبَشِّرَاتٍ وَلِيُذِيقَكُم مِّن رَّحْمَتِهِ وَلِتَجْرِيَ الْفُلْكُ بِأَمْرِهِ وَلِتَبْتَغُوا مِن فَضْلِهِ وَلَعَلَّكُمْ تَشْكُرُونَ
စင်စစ် ထိုအရှင်မြတ်၏ သက်သေလက္ခဏာများအနက်မှ ထိုအရှင်မြတ်သည် ရှေ့ပြေးသတင်းကောင်း အဖြစ်လည်းကောင်း၊ ထိုအရှင်မြတ်၏ ကရုဏာတော်၏ရသာကို အသင်တို့အား မြည်းစမ်းစေတော်မူအံ့ သောငှာလည်းကောင်း၊ထိုအရှင်မြတ်၏ အမိန့်တော်နှင့် ရွက်သင်္ဘောများသည် (ပင်လယ်သမုဒ္ဒရာ)၌ သွားလာနိုင်ကြအံ့သောငှာလည်းကောင်း၊အသင်တို့သည် ထိုအရှင်မြတ်၏ ကျေးဇူးတော်တည်းဟူသော စားနပ်ရိက္ခာကို ရှာဖွေနိုင်ကြအံ့သောငှာလည်းကောင်း၊ အသင်တို့သည် ကျေးဇူးတော်ကို သိတတ်ကြအံ့သောငှာလည်းကောင်း(မိုးမရွာမီ) လေများကို စေလွှတ်တော်မူခြင်းပင် ဖြစ်ပေသည်။
47وَلَقَدْ أَرْسَلْنَا مِن قَبْلِكَ رُسُلًا إِلَىٰ قَوْمِهِمْ فَجَاءُوهُم بِالْبَيِّنَاتِ فَانتَقَمْنَا مِنَ الَّذِينَ أَجْرَمُوا ۖ وَكَانَ حَقًّا عَلَيْنَا نَصْرُ الْمُؤْمِنِينَ
ထို့ပြင် မချွတ်မလွဲ ငါအရှင်မြတ်သည် အသင့်အလျင် ရစူလ်တမန်တော်များအား ၎င်းတို့၏အမျိုးသားတို့ထံ စေလွှတ်တော်မူခဲ့ရာ ထိုရစူလ်တမန်တော်များသည် ၎င်းတို့ထံ ထင်ရှားစွာသော သက်သေသာဓကများနှင့်တကွ ရောက်ရှိလာခဲ့ကြကုန်၏။ ထို့နောက် ငါအရှင်မြတ်သည် ပြစ်မှုကျူးလွန်ကြကုန်သော သူတို့အား လက်စားချေတော်မူခဲ့၏။ စင်စစ်’မုအ်မင်န်’ သက်ဝင်ယုံကြည်သူတို့အား ကူညီစောင်မတော်မူခြင်းသည် ငါအရှင်မြတ်၏ တာဝန်ပင် ဖြစ်ပေသတည်း။
48اللَّهُ الَّذِي يُرْسِلُ الرِّيَاحَ فَتُثِيرُ سَحَابًا فَيَبْسُطُهُ فِي السَّمَاءِ كَيْفَ يَشَاءُ وَيَجْعَلُهُ كِسَفًا فَتَرَى الْوَدْقَ يَخْرُجُ مِنْ خِلَالِهِ ۖ فَإِذَا أَصَابَ بِهِ مَن يَشَاءُ مِنْ عِبَادِهِ إِذَا هُمْ يَسْتَبْشِرُونَ
အလ္လာဟ်သည် အကြင်အရှင်မြတ်ပင်၊ ထို အရှင်မြတ်သည် လေများကို စေလွှတ်တော်မူ၏။ ထိုအခါ ထိုလေများသည် မိုးတိမ်များကို သယ်ဆောင်၍သွားကြ၏။ ထို့နောက် ထိုအရှင်မြတ်သည် (တစ်ခါတစ်ရံ) ယင်းမိုးတိမ်များကို မိမိ အလိုရှိတော်မူသည့်အတိုင်း မိုးကောင်းကင်၌ ဖြန့်တော်မူ၏။ (တစ်ခါတစ်ရံ) ထိုအရှင်မြတ်သည် ယင်းမိုးတိမ်များကို အစိတ်စိတ်အပိုင်းပိုင်း ပြုလုပ်တော်မူ၏။ ထို့နောက် အသင်သည် ယင်းမိုးတိမ်များ၏အကြားမှ မိုးရေ (ကျလာသည်)ကို တွေ့မြင်လေ၏။ထို့နောက် ထိုအရှင်မြတ်သည် ယင်းမိုးရေကို မိမိကျွန်များအနက် မိမိအလိုရှိတော်မူသောသူ၏ထံသို့ သက်ရောက်စေတော်မူသောအခါ ၎င်းတို့သည် ရုတ်တရက် ချက်ချင်းပင် ဝမ်းမြောက်ပျော်ရွှင်ကြကုန်၏။
49وَإِن كَانُوا مِن قَبْلِ أَن يُنَزَّلَ عَلَيْهِم مِّن قَبْلِهِ لَمُبْلِسِينَ
အမှန်စင်စစ်သော်ကား ၎င်းတို့သည် ယင်းသို့ ဝမ်းမမြောက်မီ ထိုမိုးမရွာမီက အမှန်ပင် မျှော်လင့်ချက် ကင်းမဲ့လျက် ရှိခဲ့ကြကုန်၏။
50فَانظُرْ إِلَىٰ آثَارِ رَحْمَتِ اللَّهِ كَيْفَ يُحْيِي الْأَرْضَ بَعْدَ مَوْتِهَا ۚ إِنَّ ذَٰلِكَ لَمُحْيِي الْمَوْتَىٰ ۖ وَهُوَ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ
သို့ဖြစ်ပေရာ အသင်သည် အလ္လာဟ်အရှင်မြတ်၏ကရုဏာတော်(တည်းဟူသော မိုးရွာသွန်းခြင်း)၏ အမှတ်လက္ခဏာများကို ကြည့်လေ။ ထိုအရှင်မြတ်သည် ပထဝီမြေကို ယင်းပထဝီမြေ (သွေ့ခြောက်) သေပြီးနောက် မည်သို့ ရှင်စေတော်မူခဲ့ပါသနည်း။ ဧကန်မလွဲ ထိုအရှင်မြတ်သည်ပင် သူသေတို့အား ရှင်စေတော်မူမည့် အရှင်ဖြစ်တော်မူ၏။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် အရာခပ်သိမ်းတို့ကို စွမ်းဆောင်နိုင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသည်။
အရ်-ရူမ်ကုရ်အာန် ညွှန်းကိန်း
60အာယာသ်
MeccanRevelation
48အာယာသ်

ဘာသာပြန် — အရ်-ရူမ် 48

စူရာ အရ်-ရူမ် အာယာသ် 48 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အလ္လာဟ်သည် အကြင်အရှင်မြတ်ပင်၊ ထို အရှင်မြတ်သည် လေများကို စေလွှတ်တော်မူ၏။ ထိုအခါ ထိုလေများသည် မိုးတိမ်များကို သယ်ဆောင်၍သွားကြ၏။…

စူရာ အာယာသ် 48/60 — စူရာ အရ်-ရူမ် الروم (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အရ်-ရူမ် နားထောင်, စူရာ အရ်-ရူမ် ဘာသာပြန်, စူရာ အရ်-ရူမ် mp3, စူရာ အရ်-ရူမ် pdf. အာယာသ် 46–50. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers