စဗ · 31/54
ဘာသာပြန် အသံနိုင်ငံ — စူရာ စဗ
وَقَالَ الَّذِينَ كَفَرُوا لَن نُّؤْمِنَ بِهَٰذَا الْقُرْآنِ وَلَا بِالَّذِي بَيْنَ يَدَيْهِ ۗ وَلَوْ تَرَىٰ إِذِ الظَّالِمُونَ مَوْقُوفُونَ عِندَ رَبِّهِمْ يَرْجِعُ بَعْضُهُمْ إِلَىٰ بَعْضٍ الْقَوْلَ يَقُولُ الَّذِينَ اسْتُضْعِفُوا لِلَّذِينَ اسْتَكْبَرُوا لَوْلَا أَنتُمْ لَكُنَّا مُؤْمِنِينَ ۝٣١
Wa qaalal lazeena kafaroo lan nu`mina bihaazal Quraani wa laa billazee baina yadayh; wa law taraaa iziz zaalimoona mawqoofoona `inda Rabbihim yarji`u ba`duhum ilaa ba`dinil qawla yaqoolul lazeenas tud`ifoo lillazeenas takbaroo law laaa antum lakunnaa mu`mineen
📖 မြန်မာဘာသာ
၎င်းပြင် ကာဖိရ် မယုံမကြည်သွေဖည်ငြင်းပယ်သောသူတို့က ကျွန်ုပ်တို့သည် ဤကုရ်အာန် ကျမ်းမြတ်ကိုလည်းကောင်း၊ ဤကုရ်အာန်ကျမ်းမြတ် အလျင်ရှိခဲ့သော (တောင်ရာတ်၊ အင်န်ဂျီလ်စသည့်)ကျမ်း များကိုလည်းကောင်း၊ အလျဉ်းယုံကြည်မည်မဟုတ် ဟု ပြောဆိုကြကုန်၏။ စင်စစ်သော်ကားမတရားကျူးလွန်ကြကုန်သောသူတို့သည် မိမိတို့အားဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၏ရှေ့တော်မှောက်တွင် မတ်တတ်ရပ်စေခြင်းကိုခံကြရ၍ အချင်းချင်း တစ်ဦးသည်တစ်ဦး၏အပေါ်သို့ အပြစ်လှည့်ချကြသည်ကို အသင် တွေ့မြင်ရလျှင်ကောင်းလေစွ။ (ထိုအခါ) နောက်လိုက်�ယ်သားတို့က အကြီးအကဲတို့အား အကယ်၍သာ အသင်တို့မရှိခဲ့ကြလျှင် ကျွန်ုပ်တို့သည် အမှန်ပင်’မုအ်မင်န်’သက်ဝင်ယုံကြည်သူများဖြစ်ကြ မည်ဟု ပြောဆိုကြပေမည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္ဘာ့ကျမ်းတော်မြတ်ကုရ်အာန်၏ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ—
  • မုရှ်ရိကီန် (အယူမှားသူများ) ဆိုသည်မှာ အလ္လာဟ်အရှင်မြတ်ကို ငြင်းပယ်၍ တစ်ပါးတည်းကိုးကွယ်မှုကို မလက်ခံသူများဖြစ်သည်။
  • "ဤကုရ်အာန်" ဆိုသည်မှာ တမန်တော်မုဟမ္မဒ် (ဆွ) အပေါ် ချပေးခဲ့သော ကုရ်အာန်ကျမ်းတော်မြတ်ကို ရည်ညွှန်းသည်။
  • "သူ့ရှေ့တွင်ရှိသောကျမ်း" ဆိုသည်မှာ ကုရ်အာန်မတိုင်မီ ချပေးခဲ့သော တောင်ရာသ်၊ အင်ဂျီးလ်၊ ဇဗူရ် စသည့် ကျမ်းတော်များကို ရည်ညွှန်းသည်။
  • "ဇာလင်မ်များ" (မတရားသူများ) ဆိုသည်မှာ ဤနေရာတွင် အယူမှားသူများ၊ မယုံကြည်သူများကို ဆိုလိုသည်။
  • "မောင်ကွဖူန" ဆိုသည်မှာ ရပ်တန့်စေခြင်း၊ ထိန်းသိမ်းခံရခြင်း၊ စစ်ဆေးခံရန် ရပ်နေရခြင်းကို ဆိုလိုသည်။
  • "အိစ်သိသ်အ်ဖူအု" (အားနည်းသူများ) ဆိုသည်မှာ ခေါင်းဆောင်များ၏ လွှမ်းမိုးမှုအောက်တွင် အားနည်းချည့်နဲ့သူများ၊ နောက်လိုက်များကို ဆိုလိုသည်။
  • "အိစ်သက်ဗရူ" (မာန်မာနထောင်လွှားသူများ) ဆိုသည်မှာ ခေါင်းဆောင်များ၊ အကြီးအကဲများ၊ အာဏာရှင်များကို ဆိုလိုသည်။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်—

အလ္လာဟ်အရှင်မြတ်ကို ငြင်းပယ်သော အယူမှားသူများက "ကျွန်ုပ်တို့သည် ဤကုရ်အာန်ကျမ်းတော်မြတ်ကို လုံးဝမယုံကြည်ပါ။ ထို့အပြင် ဤကုရ်အာန်မတိုင်မီ ချပေးခဲ့သော တောင်ရာသ်၊ အင်ဂျီးလ် စသည့် ကျမ်းတော်များကိုလည်း မယုံကြည်ပါ" ဟု ပြောဆိုကြသည်။ သို့ဖြင့် သူတို့သည် အလ္လာဟ်အရှင်မြတ်၏ ကျမ်းတော်အားလုံးကို ငြင်းပယ်ကြလေသည်။

အို တမန်တော်မုဟမ္မဒ် (ဆွ)၊ အကယ်၍ သင်သည် မတရားသူများကို သူတို့၏ အရှင်သခင်ထံတော်တွင် စစ်ဆေးခံရန် ရပ်တန့်ထားခံရသည့် အခြေအနေကို မြင်တွေ့ရမည်ဆိုလျှင် အလွန်ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို တွေ့မြင်ရပေမည်။ ထိုအခါ သူတို့သည် အချင်းချင်း အပြစ်တင်ပြောဆိုကြမည်။ အားနည်းချည့်နဲ့သူ နောက်လိုက်များက မာန်မာနထောင်လွှားသော ခေါင်းဆောင်များအား "သင်တို့သာ မရှိခဲ့လျှင် ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်နှင့် သူ၏တမန်တော်ကို ယုံကြည်သူများ ဖြစ်ခဲ့ကြမည်" ဟု ပြောဆိုကြမည်။ အကြောင်းမှာ ခေါင်းဆောင်များက သူတ



📜 အာယာသ် 29-33 — စူရာ စဗ

29وَيَقُولُونَ مَتَىٰ هَٰذَا الْوَعْدُ إِن كُنتُمْ صَادِقِينَ
ထို့ပြင် ၎င်းတို့က အကယ်၍ အသင်တို့သည်သစ္စာဝါဒီများ ဖြစ်ခဲ့ကြလျှင် ဤချိန်းဆိုချက်သည် မည်သည့်အခါ၌ ဖြစ်မြောက်အံ့နည်း ဟု မေးမြန်းကြကုန်၏။
30قُل لَّكُم مِّيعَادُ يَوْمٍ لَّا تَسْتَأْخِرُونَ عَنْهُ سَاعَةً وَلَا تَسْتَقْدِمُونَ
အသင်သည် ဖြေကြားပါလေ၊(အချင်းတို့၊)အသင်တို့အား အထူးနေ့တစ်နေ့ကို ချိန်းချက်ထားသည်ဖြစ်ပေရာ၊အသင်တို့သည် ယင်းချိန်းချက်ထားသောနေ့မှ အချိန် အနည်းငယ်ခန့်မျှပင် နောက်ဆုတ်နိုင်ကြမည်လည်း မဟုတ်ပေ၊ ရှေ့တိုးနိုင်ကြမည်လည်း မဟုတ်ပြီတကား။
31وَقَالَ الَّذِينَ كَفَرُوا لَن نُّؤْمِنَ بِهَٰذَا الْقُرْآنِ وَلَا بِالَّذِي بَيْنَ يَدَيْهِ ۗ وَلَوْ تَرَىٰ إِذِ الظَّالِمُونَ مَوْقُوفُونَ عِندَ رَبِّهِمْ يَرْجِعُ بَعْضُهُمْ إِلَىٰ بَعْضٍ الْقَوْلَ يَقُولُ الَّذِينَ اسْتُضْعِفُوا لِلَّذِينَ اسْتَكْبَرُوا لَوْلَا أَنتُمْ لَكُنَّا مُؤْمِنِينَ
၎င်းပြင် ကာဖိရ် မယုံမကြည်သွေဖည်ငြင်းပယ်သောသူတို့က ကျွန်ုပ်တို့သည် ဤကုရ်အာန် ကျမ်းမြတ်ကိုလည်းကောင်း၊ ဤကုရ်အာန်ကျမ်းမြတ် အလျင်ရှိခဲ့သော (တောင်ရာတ်၊ အင်န်ဂျီလ်စသည့်)ကျမ်း များကိုလည်းကောင်း၊ အလျဉ်းယုံကြည်မည်မဟုတ် ဟု ပြောဆိုကြကုန်၏။ စင်စစ်သော်ကားမတရားကျူးလွန်ကြကုန်သောသူတို့သည် မိမိတို့အားဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၏ရှေ့တော်မှောက်တွင် မတ်တတ်ရပ်စေခြင်းကိုခံကြရ၍ အချင်းချင်း တစ်ဦးသည်တစ်ဦး၏အပေါ်သို့ အပြစ်လှည့်ချကြသည်ကို အသင် တွေ့မြင်ရလျှင်ကောင်းလေစွ။ (ထိုအခါ) နောက်လိုက်�ယ်သားတို့က အကြီးအကဲတို့အား အကယ်၍သာ အသင်တို့မရှိခဲ့ကြလျှင် ကျွန်ုပ်တို့သည် အမှန်ပင်’မုအ်မင်န်’သက်ဝင်ယုံကြည်သူများဖြစ်ကြ မည်ဟု ပြောဆိုကြပေမည်။
32قَالَ الَّذِينَ اسْتَكْبَرُوا لِلَّذِينَ اسْتُضْعِفُوا أَنَحْنُ صَدَدْنَاكُمْ عَنِ الْهُدَىٰ بَعْدَ إِذْ جَاءَكُم ۖ بَلْ كُنتُم مُّجْرِمِينَ
(ထိုအခါ) အကြီးအကဲတို့က နောက်လိုက်ငယ်သားတို့အား ပြောဆိုကြပေမည်။ (အချင်းတို့၊) အသင်တို့ထံတရားလမ်းမှန် ရောက်ရှိ၍လာပြီးနောက် ကျွန်ုပ်တို့သည်အသင်တို့အား ယင်းတရားလမ်းမှန်မှ ပိတ်ပင်တားဆီးခဲ့ကြပါသလော၊ ထိုသို့ အလျှင်းမဟုတ်၊ စင်စစ်မှာကား အသင်တို့သည်ပင်လျှင် ပြစ်မှုကျူးလွန်သူများ ဖြစ်ခဲ့ကြကုန်၏
33وَقَالَ الَّذِينَ اسْتُضْعِفُوا لِلَّذِينَ اسْتَكْبَرُوا بَلْ مَكْرُ اللَّيْلِ وَالنَّهَارِ إِذْ تَأْمُرُونَنَا أَن نَّكْفُرَ بِاللَّهِ وَنَجْعَلَ لَهُ أَندَادًا ۚ وَأَسَرُّوا النَّدَامَةَ لَمَّا رَأَوُا الْعَذَابَ وَجَعَلْنَا الْأَغْلَالَ فِي أَعْنَاقِ الَّذِينَ كَفَرُوا ۚ هَلْ يُجْزَوْنَ إِلَّا مَا كَانُوا يَعْمَلُونَ
ထိုအချိန်တွင် နောက်လိုက်ငယ်သားတို့ကအကြီးအကဲတို့အား ထိုသို့ အလျဉ်းမဟုတ်၊ စင်စစ်မှာကားနေ့ညဉ့်မပြတ်(ကြံစည်လျက်ရှိခဲ့ကြသောအသင်တို့၏) ကြံစည်မှုများကပင် (ပိတ်ပင်တားမြစ်ခဲ့၏)။ အကြင်အခါဝယ် ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်အား မယုံကြရန်လည်းကောင်း၊ကျွန်ုပ်တို့သည် ထိုအရှင်မြတ်၌ ဂုဏ်ရည်တူများကို ပြုလုပ်ကြရန်လည်းကောင်း၊ အသင်တို့သည် ကျွန်ုပ်တို့အားအမိန့်ပေးတိုက်တွန်းလျက် ရှိခဲ့ကြသည်ဟု ပြောဆိုကြပေမည်။ အမှန်သော်ကား ၎င်းတို့သည် ပြစ်ဒဏ်ကို မြင်ကြသောအခါ (မိမိတို့၏) နောင်တရမှုကို လျှို့ဝှက်ဖုံးအုပ်ထားကြပေမည်။ ထိုအခါငါအရှင်မြတ်သည် ကာဖိရ် မယုံမကြည်သွေဖည် ငြင်းပယ်ကြကုန်သောသူတို့၏ လည်ကုပ်များ၌ လည်ကွင်းများကို စွပ်ပေးတော်မူပေမည်။ (စင်စစ်သော်ကား) ၎င်းတို့သည် မိမိတို့ ကျင့်မူလျက်ရှိခဲ့ကြသည်နှင့်အညီ အစားပေးခြင်းကိုသာခံကြရမည်ဖြစ် ပေသတည်း။
စဗကုရ်အာန် ညွှန်းကိန်း
54အာယာသ်
MeccanRevelation
31အာယာသ်

ဘာသာပြန် — စဗ 31

စူရာ စဗ အာယာသ် 31 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ၎င်းပြင် ကာဖိရ် မယုံမကြည်သွေဖည်ငြင်းပယ်သောသူတို့က ကျွန်ုပ်တို့သည် ဤကုရ်အာန် ကျမ်းမြတ်ကိုလည်းကောင်း၊ ဤကုရ်အာန်ကျမ်းမြတ် အလျင်ရှိခဲ့သော (တောင်ရာတ်၊ အင်န်ဂျီလ်စသည့်)ကျမ်း…

စူရာ အာယာသ် 31/54 — စူရာ စဗ سبأ (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ စဗ နားထောင်, စူရာ စဗ ဘာသာပြန်, စူရာ စဗ mp3, စူရာ စဗ pdf. အာယာသ် 29–33. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers