ယာစီး · 8/83
ဘာသာပြန် အသံနိုင်ငံ — စူရာ ယာစီး
إِنَّا جَعَلْنَا فِي أَعْنَاقِهِمْ أَغْلَالًا فَهِيَ إِلَى الْأَذْقَانِ فَهُم مُّقْمَحُونَ ۝٨
Innaa ja`alnaa feee a`naaqihim aghlaalan fahiya ilal azqaani fahum muqmahoon
📖 မြန်မာဘာသာ
ဧကန်အမှန် ငါအရှင်မြတ်သည် ၎င်းတို့၏ လည်ကုပ်များ၌ လည်ကွင်းများကို စွပ်ထားတော်မူခဲ့ရာ ယင်းလည်ကွင်းများမှာ (၎င်းတို့၏)မေးစေ့များအထိ ရောက်ရှိ၍ နေကုန်၏။ထို့ကြောင့် ၎င်းတို့သည် ဦးခေါင်းမော့လျက်ပင် ရှိနေကြကုန်၏။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 6-10 — စူရာ ယာစီး

6لِتُنذِرَ قَوْمًا مَّا أُنذِرَ آبَاؤُهُمْ فَهُمْ غَافِلُونَ
(ယင်း ကုရ်အာန်ကျမ်းတော်မြတ်ကို ချပေးသနားတော်မူခြင်းမှာ) အသင်သည် (ဦးစွာ ပထမသော်)အကြင်အမျိုးသားတို့အား သတိပေးနှိုးဆော် ရန်ဖြစ်သည်။ ထိုအမျိုးသားတို့၏ အဘ၊ ဘိုး၊ ဘေးတို့မှာ သတိပေးနှိုးဆော်ခြင်း မခံခဲ့ရကြပေ၊ သို့ဖြစ်ပေရာ ထိုအမျိုးသားတို့သည် (တရားလမ်းမှန်ကို) မသိသူများပင် ဖြစ်ကြကုန်သည်။
7لَقَدْ حَقَّ الْقَوْلُ عَلَىٰ أَكْثَرِهِمْ فَهُمْ لَا يُؤْمِنُونَ
ဧကန်မလွဲ ၎င်းတို့အနက် မြောက်မြားစွာသော သူတို့အပေါ်၌ အမိန့်တော်သည် အတည်ဖြစ်ခဲ့ပေရာ ၎င်းတို့မှာ "အီမာန်" သက်ဝင်ယုံကြည်ကြမည် မဟုတ်ပေတကား။
8إِنَّا جَعَلْنَا فِي أَعْنَاقِهِمْ أَغْلَالًا فَهِيَ إِلَى الْأَذْقَانِ فَهُم مُّقْمَحُونَ
ဧကန်အမှန် ငါအရှင်မြတ်သည် ၎င်းတို့၏ လည်ကုပ်များ၌ လည်ကွင်းများကို စွပ်ထားတော်မူခဲ့ရာ ယင်းလည်ကွင်းများမှာ (၎င်းတို့၏)မေးစေ့များအထိ ရောက်ရှိ၍ နေကုန်၏။ထို့ကြောင့် ၎င်းတို့သည် ဦးခေါင်းမော့လျက်ပင် ရှိနေကြကုန်၏။
9وَجَعَلْنَا مِن بَيْنِ أَيْدِيهِمْ سَدًّا وَمِنْ خَلْفِهِمْ سَدًّا فَأَغْشَيْنَاهُمْ فَهُمْ لَا يُبْصِرُونَ
ထို့ပြင် ငါအရှင်မြတ်သည် ထိုသူတို့ရှေ့၌ အကာအဆီးတစ်ခုကိုလည်းကောင်း၊ ထိုသူတို့၏ နောက်၌ အကာအဆီးတစ်ခုကိုလည်းကောင်း၊ ပြုလုပ်တော်မူခဲ့၏။ ထို့နောက် ငါအရှင်မြတ်သည် ၎င်းတို့အား (အထက်မှလည်း)ဖုံးလွှမ်းထားတော်မူခဲ့ရာ (တစ်နည်း) ထိုသို့အားဖြင့် ငါအရှင်မြတ်သည် ၎င်းတို့အား (အဖက်ဖက်မှ) ဝိုင်းဝန်းထားတော်မူခဲ့ရာ၊ ၎င်းတို့မှာ မြင်နိုင်ကြတော့သည် မဟုတ်ပြီ။
10وَسَوَاءٌ عَلَيْهِمْ أَأَنذَرْتَهُمْ أَمْ لَمْ تُنذِرْهُمْ لَا يُؤْمِنُونَ
စင်စစ် (အို-နဗီတမန်တော်၊) အသင်သည် ၎င်းတို့အား သတိပေး နှိုးဆော်ခဲ့သည်ဖြစ်စေ၊ သတိပေး နှိုးဆော်ခြင်းမပြုခဲ့သည်ဖြစ်စေ၊ ၎င်းတို့အဖို့ အကြောင်းမထူးပြီ၊ ၎င်းတို့သည် "အီမာန်" သက်ဝင် ယုံကြည်ကြတော့မည် မဟုတ်ပေတကား။
ယာစီးကုရ်အာန် ညွှန်းကိန်း
83အာယာသ်
MeccanRevelation
8အာယာသ်

ဘာသာပြန် — ယာစီး 8

စူရာ ယာစီး အာယာသ် 8 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ဧကန်အမှန် ငါအရှင်မြတ်သည် ၎င်းတို့၏ လည်ကုပ်များ၌ လည်ကွင်းများကို စွပ်ထားတော်မူခဲ့ရာ ယင်းလည်ကွင်းများမှာ (၎င်းတို့၏)မေးစေ့များအထိ ရောက်ရှိ၍ နေကုန်၏။ထို့ကြောင့်…

စူရာ အာယာသ် 8/83 — စူရာ ယာစီး يس (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ ယာစီး နားထောင်, စူရာ ယာစီး ဘာသာပြန်, စူရာ ယာစီး mp3, စူရာ ယာစီး pdf. အာယာသ် 6–10. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Monday, September 28, 2026

Don't forget us in your sincere prayers