အန်-နီဆာ · 48/176
ဘာသာပြန် အသံနိုင်ငံ — စူရာ အန်-နီဆာ
إِنَّ اللَّهَ لَا يَغْفِرُ أَن يُشْرَكَ بِهِ وَيَغْفِرُ مَا دُونَ ذَٰلِكَ لِمَن يَشَاءُ ۚ وَمَن يُشْرِكْ بِاللَّهِ فَقَدِ افْتَرَىٰ إِثْمًا عَظِيمًا ۝٤٨
Innal laaha laa yaghfiru ai yushraka bihee wa yaghfiru maa doona zaalika limai yashaaa`; wa mai yushrik billaahi faqadif taraaa isman `azeemaa
📖 မြန်မာဘာသာ
ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် တစ်စုံတစ်ရာကို မိမိနှင့် တွဲဘက်ယှဉ်ပြိုင်ကိုးကွယ်ခြင်းကို လွတ်ငြိမ်းချမ်းသာခွင့် အလျင်း ပေးတော်မူမည်မဟုတ်ပေ။ သို့ရာတွင် ထိုတွဲဖက်ယှဉ်ပြိုင် ကိုးကွယ်မှုမှတစ်ပါး အခြား ပြစ်မှုဒုစရိုက်တို့ကိုမူကား မိမိအလိုရှိတော်မူသောသူအား လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူအံ့။ အမှန်စင်စစ်သော်ကား မည်သူမဆို တစ်စုံတစ်ရာကို အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်နှိုင်းယှဉ်ကိုးကွယ်ပါမူ ထိုသူသည် ဧကန်မလွဲ အလွန်ကြီးလေးလှစွာသော ပြစ်မှုဒုစရိုက်ကို ကျူးလွန်ခဲ့လေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ:
  • ရှိရ်က် (အလ္လာဟ်နှင့် တွဲဖက်ကိုးကွယ်ခြင်း): အလ္လာဟ်အရှင်မြတ်နှင့်အတူ အခြားသူတစ်ဦးဦးကို ကိုးကွယ်ဆည်းကပ်ခြင်း၊ သို့မဟုတ် အရှင်မြတ်၏ ဂုဏ်တော်များတွင် အခြားသူတစ်ဦးဦးကို ပါဝင်စေခြင်း။
  • မာ ဒူန ဇာလိက (ထိုအရာမှ အောက်သော အရာများ): ရှိရ်က် (တွဲဖက်ကိုးကွယ်ခြင်း) မှလွဲ၍ ကျန်သော အပြစ်များအားလုံးကို ဆိုလိုသည်။
  • လိ မာန် ယရှာ (အရှင်မြတ် အလိုရှိတော်မူသောသူများအတွက်): အလ္လာဟ်အရှင်မြတ်၏ ဆန္ဒတော်အရ ခွင့်လွှတ်တော်မူမည့်သူများကို ဆိုလိုသည်။
  • ဣဖ်သရာ (လုပ်ကြံဖန်တီးခြင်း): မရှိသောအရာကို ရှိသည်ဟု ဖန်တီးပြောဆိုခြင်း၊ သို့မဟုတ် ကြီးလေးသော အပြစ်တစ်ခုကို ကျူးလွန်ခြင်း။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်:

ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မိမိနှင့် အခြားသူတစ်ဦးဦးကို တွဲဖက်ကိုးကွယ်ခြင်း (ရှိရ်က်) ကို ခွင့်လွှတ်တော်မူမည် မဟုတ်ပါ။ သို့သော် ထိုရှိရ်က်မှလွဲ၍ ကျန်သော အပြစ်များကို မိမိအလိုရှိတော်မူသော သူများအတွက် ခွင့်လွှတ်တော်မူမည် ဖြစ်သည်။ ဤအချက်သည် သေဆုံးချိန်အထိ ရှိရ်က်အပေါ်၌ ရှိနေပြီး တောင်းပန်အသနားခံခြင်း မပြုဘဲ သေဆုံးသွားသူများနှင့် သက်ဆိုင်သည်။ အကြောင်းမှာ ရှိရ်က်မှ တောင်းပန်အသနားခံပြီးသူအတွက် အလ္လာဟ်အရှင်မြတ်သည် ခွင့်လွှတ်တော်မူသည်။ ထို့အတူ ရှိရ်က်မှလွဲ၍ ကျန်သော အပြစ်များကိုလည်း တောင်းပန်အသနားခံသူအတွက် ခွင့်လွှတ်တော်မူသည်။ သို့သော် တောင်းပန်အသနားခံခြင်း မပြုဘဲ သေဆုံးသွားသော ရှိရ်က်မှလွဲ၍ ကျန်အပြစ်ရှိသူများ၏ ကိစ္စမှာ အလ္လာဟ်အရှင်မြတ်၏ ဆန္ဒတော်အပေါ် မူတည်သည်။ အရှင်မြတ်အလိုရှိပါက ခွင့်လွှတ်တော်မူမည်။ အလိုရှိပါက အပြစ်နှင့်အညီ ပြစ်ဒဏ်ပေးတော်မူမည်။ ထို့နောက် အလ္လာဟ်အရှင်မြတ်သည် ရှိရ်က်ပြုသူများကို သတိပေးတော်မူသည်မှာ မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့် အခြားသူတစ်ဦးဦးကို တွဲဖက်ကိုးကွယ်ပါက ထိုသူသည် အလွန်ကြီးလေးသော အပြစ်ကို လုပ်ကြံဖန်တီးလိုက်ခြင်း ဖြစ်သည်။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ:
  • အလ္လ


📜 အာယာသ် 46-50 — စူရာ အန်-နီဆာ

46مِّنَ الَّذِينَ هَادُوا يُحَرِّفُونَ الْكَلِمَ عَن مَّوَاضِعِهِ وَيَقُولُونَ سَمِعْنَا وَعَصَيْنَا وَاسْمَعْ غَيْرَ مُسْمَعٍ وَرَاعِنَا لَيًّا بِأَلْسِنَتِهِمْ وَطَعْنًا فِي الدِّينِ ۚ وَلَوْ أَنَّهُمْ قَالُوا سَمِعْنَا وَأَطَعْنَا وَاسْمَعْ وَانظُرْنَا لَكَانَ خَيْرًا لَّهُمْ وَأَقْوَمَ وَلَٰكِن لَّعَنَهُمُ اللَّهُ بِكُفْرِهِمْ فَلَا يُؤْمِنُونَ إِلَّا قَلِيلًا
ယဟူဒီဖြစ်ကြကုန်သောသူတို့အနက် အချို့သည် (ကျမ်းဂန်လာမူရင်း) စကားရပ်များကို ၎င်းတို့၏မူရင်းနေရာများမှ ရွှေ့ပြောင်းကြသည်သာမက ယင်းသူတို့သည် (အသင်နှင့် လာရောက်တွေ့ဆုံကြသောအခါများတွင်) ‘စမစ်အ်နာဝအဆွိုင်နာ’ဟူ၍လည်းကောင်း၊ ‘အစ္စမအ်၊ ဂိုင်ရမွတ်စ်မအင်န်’ ဟူ၍လည်းကောင်း၊ မိမိတို့၏လျှာများကို လိပ်ခေါက်ကာ ‘ရာအိနာ’ ဟူ၍လည်းကောင်း၊ ‘ဒီန်’ သာသနာကို ပုတ်ခတ်ထိပါးစေခြင်းအားဖြင့် ပြောဆိုလေသည်။ စင်စစ်သော်ကား အကယ်၍သာ ထိုသူတို့သည် ‘စမစ်အ်နာ၊ ဝအတွာအ်နာ’ဟူ၍လည်းကောင်း၊ ‘အစ္စမအ်’၊ ‘ဝါန်ဇုရ်နာ’ ဟူ၍လည်းကောင်း၊ ပြောဆို ခဲ့ကြပါမူ၊ မချွတ်ဧကန် ထိုသူတို့အဖို့ အကောင်းဆုံးနှင့် အမှန်အကန်ဆုံးပင် ဖြစ်ခဲ့ပေအံ့။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့အား ၎င်းတို့၏ သွေဖည်ငြင်းပယ်မှုကြောင့်ပင် (မိမိ) ကရုဏာတော်မှ ကင်းဝေးစေတော်မူခဲ့လေပြီ။ သို့ဖြစ်ပေရာ (ယင်းသူတို့အနက်မှ) အနည်းငယ်မျှသောသူတို့မှတစ်ပါး ကျန်ရှိသောသူတို့မှာမူကား သက်ဝင်ယုံကြည်ကြမည် မဟုတ်ချေ။
47يَا أَيُّهَا الَّذِينَ أُوتُوا الْكِتَابَ آمِنُوا بِمَا نَزَّلْنَا مُصَدِّقًا لِّمَا مَعَكُم مِّن قَبْلِ أَن نَّطْمِسَ وُجُوهًا فَنَرُدَّهَا عَلَىٰ أَدْبَارِهَا أَوْ نَلْعَنَهُمْ كَمَا لَعَنَّا أَصْحَابَ السَّبْتِ ۚ وَكَانَ أَمْرُ اللَّهِ مَفْعُولًا
အို- ကျမ်းဂန်ကို ခြီးမြှင့်ပေးသနားတော်မူခြင်းခံကြရကုန်သောသူအပေါင်းတို့၊ ငါအရှင်သည် (အသင်တို့၏) မျက်နှာများကိုဖျက်ဆီး၍ ကျောဘက်သို့ ပြန်လှည့်တော်မမူမီအလျင်၊ သို့တည်းမဟုတ် ငါအရှင်မြတ်သည် ‘စဗ်တ်’ ခေါ် ဥပုသ်နေ့ကို ကျူးလွန်ဖောက်ဖျက်သောသူတို့အား (မိမိ) ကရုဏာတော်မှ ကင်းဝေးစေတော်မူဘိသကဲ့သို့ပင် ယင်း (‘အီမာန်’ သက်ဝင်ယုံကြည်မှုမရှိသော) သူတို့အားလည်း (မိမိ) ကရုဏာတော်မှ ကင်းဝေးစေတော်မ�ူမီအလျင်၊ အသင်တို့သည် ငါအရှင်မြတ်ချပေးသနားတော်မူသော အကြင်ကျမ်းဂန် (ကုရ်အာန်) ကို (ဆောလျင်စွာ) သက်ဝင်ယုံကြည်ကြလေကုန်။ ထိုကျမ်းဂန် (ကုရ်အာန်) သည် အသင်တို့ထံ၌ရှိလေသော (မူရင်း) ကျမ်းဂန်များကို ထောက်ခံလျက်ရှိပေသည်။ အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင် မြတ်၏အမိန့်တော်သည် ပြီးမြောက်အောင်မြင်ပြီး ဖြစ်သည်သာတည်း။
48إِنَّ اللَّهَ لَا يَغْفِرُ أَن يُشْرَكَ بِهِ وَيَغْفِرُ مَا دُونَ ذَٰلِكَ لِمَن يَشَاءُ ۚ وَمَن يُشْرِكْ بِاللَّهِ فَقَدِ افْتَرَىٰ إِثْمًا عَظِيمًا
ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် တစ်စုံတစ်ရာကို မိမိနှင့် တွဲဘက်ယှဉ်ပြိုင်ကိုးကွယ်ခြင်းကို လွတ်ငြိမ်းချမ်းသာခွင့် အလျင်း ပေးတော်မူမည်မဟုတ်ပေ။ သို့ရာတွင် ထိုတွဲဖက်ယှဉ်ပြိုင် ကိုးကွယ်မှုမှတစ်ပါး အခြား ပြစ်မှုဒုစရိုက်တို့ကိုမူကား မိမိအလိုရှိတော်မူသောသူအား လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူအံ့။ အမှန်စင်စစ်သော်ကား မည်သူမဆို တစ်စုံတစ်ရာကို အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်နှိုင်းယှဉ်ကိုးကွယ်ပါမူ ထိုသူသည် ဧကန်မလွဲ အလွန်ကြီးလေးလှစွာသော ပြစ်မှုဒုစရိုက်ကို ကျူးလွန်ခဲ့လေသတည်း။
49أَلَمْ تَرَ إِلَى الَّذِينَ يُزَكُّونَ أَنفُسَهُم ۚ بَلِ اللَّهُ يُزَكِّي مَن يَشَاءُ وَلَا يُظْلَمُونَ فَتِيلًا
(အို- နဗီတမန်တော်) အသင်သည် မိမိတို့ကိုယ်ကို မိမိတို့ သန့်ရှင်းစင်ကြယ်ကြောင်း ပြောဆို (ကြွားဝါ) သောသူတို့ (၏ဖြစ်အင်) ကို မတွေ့မမြင်ပါလေသလော။ ထိုသို့အလျင်းမဟုတ်၊ အမှန်စင်စစ် သော်ကား အလ္လာဟ်အရှင်မြတ်သည်သာလျှင် မိမိအလိုရှိတော်မူသောသူအား သန့်ရှင်းစင်ကြယ်စေတော်မူလေ၏။ သို့ရာတွင် ၎င်းတို့သည် (အပြစ်ပေးတော်မူခြင်းကိုခံကြရာ၌) ဆံခြည်တစ်မျှင်ခန့်မျှပင် မတရား နှိပ်စက်ညှဉ်းပန်းခြင်းကို ခံကြရလိမ့်မည်မဟုတ်ပေ။
50انظُرْ كَيْفَ يَفْتَرُونَ عَلَى اللَّهِ الْكَذِبَ ۖ وَكَفَىٰ بِهِ إِثْمًا مُّبِينًا
(အို- နဗီတမန်တော်) ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်အပေါ်၌ မုသားကို မည်ကဲ့သို့ ကြံဖန်လီဆယ်ပြောဆိုဝံ့ကြသည်ကို အသင်ရှုပါလေ။ အမှန်စင်စစ် ယင်း (ကဲ့သို့) လီဆယ်ပြောဆိုခြင်းသည်ပင်လျှင် (၎င်းတို့၏) ထင်ရှားလှစွာသော ပြစ်မှုဒုစရိုက်အဖြစ် လုံလောက်ပေသတည်း။
အန်-နီဆာကုရ်အာန် ညွှန်းကိန်း
176အာယာသ်
MedinanRevelation
48အာယာသ်

ဘာသာပြန် — အန်-နီဆာ 48

စူရာ အန်-နီဆာ အာယာသ် 48 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် တစ်စုံတစ်ရာကို မိမိနှင့် တွဲဘက်ယှဉ်ပြိုင်ကိုးကွယ်ခြင်းကို လွတ်ငြိမ်းချမ်းသာခွင့် အလျင်း ပေးတော်မူမည်မဟုတ်ပေ။ သို့ရာတွင် ထိုတွဲဖက်ယှဉ်ပြိုင်…

စူရာ အာယာသ် 48/176 — စူရာ အန်-နီဆာ النساء (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အန်-နီဆာ နားထောင်, စူရာ အန်-နီဆာ ဘာသာပြန်, စူရာ အန်-နီဆာ mp3, စူရာ အန်-နီဆာ pdf. အာယာသ် 46–50. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Tuesday, October 20, 2026

Don't forget us in your sincere prayers