အန်-နီဆာ · 49/176
ဘာသာပြန် အသံနိုင်ငံ — စူရာ အန်-နီဆာ
أَلَمْ تَرَ إِلَى الَّذِينَ يُزَكُّونَ أَنفُسَهُم ۚ بَلِ اللَّهُ يُزَكِّي مَن يَشَاءُ وَلَا يُظْلَمُونَ فَتِيلًا ۝٤٩
Alam tara ilal lazeena yuzakkoona anfusahum; balil laahu yuzakkee mai yashaaa`u wa laa yuzlamoona fateelaa
📖 မြန်မာဘာသာ
(အို- နဗီတမန်တော်) အသင်သည် မိမိတို့ကိုယ်ကို မိမိတို့ သန့်ရှင်းစင်ကြယ်ကြောင်း ပြောဆို (ကြွားဝါ) သောသူတို့ (၏ဖြစ်အင်) ကို မတွေ့မမြင်ပါလေသလော။ ထိုသို့အလျင်းမဟုတ်၊ အမှန်စင်စစ် သော်ကား အလ္လာဟ်အရှင်မြတ်သည်သာလျှင် မိမိအလိုရှိတော်မူသောသူအား သန့်ရှင်းစင်ကြယ်စေတော်မူလေ၏။ သို့ရာတွင် ၎င်းတို့သည် (အပြစ်ပေးတော်မူခြင်းကိုခံကြရာ၌) ဆံခြည်တစ်မျှင်ခန့်မျှပင် မတရား နှိပ်စက်ညှဉ်းပန်းခြင်းကို ခံကြရလိမ့်မည်မဟုတ်ပေ။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 47-51 — စူရာ အန်-နီဆာ

47يَا أَيُّهَا الَّذِينَ أُوتُوا الْكِتَابَ آمِنُوا بِمَا نَزَّلْنَا مُصَدِّقًا لِّمَا مَعَكُم مِّن قَبْلِ أَن نَّطْمِسَ وُجُوهًا فَنَرُدَّهَا عَلَىٰ أَدْبَارِهَا أَوْ نَلْعَنَهُمْ كَمَا لَعَنَّا أَصْحَابَ السَّبْتِ ۚ وَكَانَ أَمْرُ اللَّهِ مَفْعُولًا
အို- ကျမ်းဂန်ကို ခြီးမြှင့်ပေးသနားတော်မူခြင်းခံကြရကုန်သောသူအပေါင်းတို့၊ ငါအရှင်သည် (အသင်တို့၏) မျက်နှာများကိုဖျက်ဆီး၍ ကျောဘက်သို့ ပြန်လှည့်တော်မမူမီအလျင်၊ သို့တည်းမဟုတ် ငါအရှင်မြတ်သည် ‘စဗ်တ်’ ခေါ် ဥပုသ်နေ့ကို ကျူးလွန်ဖောက်ဖျက်သောသူတို့အား (မိမိ) ကရုဏာတော်မှ ကင်းဝေးစေတော်မူဘိသကဲ့သို့ပင် ယင်း (‘အီမာန်’ သက်ဝင်ယုံကြည်မှုမရှိသော) သူတို့အားလည်း (မိမိ) ကရုဏာတော်မှ ကင်းဝေးစေတော်မ�ူမီအလျင်၊ အသင်တို့သည် ငါအရှင်မြတ်ချပေးသနားတော်မူသော အကြင်ကျမ်းဂန် (ကုရ်အာန်) ကို (ဆောလျင်စွာ) သက်ဝင်ယုံကြည်ကြလေကုန်။ ထိုကျမ်းဂန် (ကုရ်အာန်) သည် အသင်တို့ထံ၌ရှိလေသော (မူရင်း) ကျမ်းဂန်များကို ထောက်ခံလျက်ရှိပေသည်။ အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင် မြတ်၏အမိန့်တော်သည် ပြီးမြောက်အောင်မြင်ပြီး ဖြစ်သည်သာတည်း။
48إِنَّ اللَّهَ لَا يَغْفِرُ أَن يُشْرَكَ بِهِ وَيَغْفِرُ مَا دُونَ ذَٰلِكَ لِمَن يَشَاءُ ۚ وَمَن يُشْرِكْ بِاللَّهِ فَقَدِ افْتَرَىٰ إِثْمًا عَظِيمًا
ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် တစ်စုံတစ်ရာကို မိမိနှင့် တွဲဘက်ယှဉ်ပြိုင်ကိုးကွယ်ခြင်းကို လွတ်ငြိမ်းချမ်းသာခွင့် အလျင်း ပေးတော်မူမည်မဟုတ်ပေ။ သို့ရာတွင် ထိုတွဲဖက်ယှဉ်ပြိုင် ကိုးကွယ်မှုမှတစ်ပါး အခြား ပြစ်မှုဒုစရိုက်တို့ကိုမူကား မိမိအလိုရှိတော်မူသောသူအား လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူအံ့။ အမှန်စင်စစ်သော်ကား မည်သူမဆို တစ်စုံတစ်ရာကို အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်နှိုင်းယှဉ်ကိုးကွယ်ပါမူ ထိုသူသည် ဧကန်မလွဲ အလွန်ကြီးလေးလှစွာသော ပြစ်မှုဒုစရိုက်ကို ကျူးလွန်ခဲ့လေသတည်း။
49أَلَمْ تَرَ إِلَى الَّذِينَ يُزَكُّونَ أَنفُسَهُم ۚ بَلِ اللَّهُ يُزَكِّي مَن يَشَاءُ وَلَا يُظْلَمُونَ فَتِيلًا
(အို- နဗီတမန်တော်) အသင်သည် မိမိတို့ကိုယ်ကို မိမိတို့ သန့်ရှင်းစင်ကြယ်ကြောင်း ပြောဆို (ကြွားဝါ) သောသူတို့ (၏ဖြစ်အင်) ကို မတွေ့မမြင်ပါလေသလော။ ထိုသို့အလျင်းမဟုတ်၊ အမှန်စင်စစ် သော်ကား အလ္လာဟ်အရှင်မြတ်သည်သာလျှင် မိမိအလိုရှိတော်မူသောသူအား သန့်ရှင်းစင်ကြယ်စေတော်မူလေ၏။ သို့ရာတွင် ၎င်းတို့သည် (အပြစ်ပေးတော်မူခြင်းကိုခံကြရာ၌) ဆံခြည်တစ်မျှင်ခန့်မျှပင် မတရား နှိပ်စက်ညှဉ်းပန်းခြင်းကို ခံကြရလိမ့်မည်မဟုတ်ပေ။
50انظُرْ كَيْفَ يَفْتَرُونَ عَلَى اللَّهِ الْكَذِبَ ۖ وَكَفَىٰ بِهِ إِثْمًا مُّبِينًا
(အို- နဗီတမန်တော်) ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်အပေါ်၌ မုသားကို မည်ကဲ့သို့ ကြံဖန်လီဆယ်ပြောဆိုဝံ့ကြသည်ကို အသင်ရှုပါလေ။ အမှန်စင်စစ် ယင်း (ကဲ့သို့) လီဆယ်ပြောဆိုခြင်းသည်ပင်လျှင် (၎င်းတို့၏) ထင်ရှားလှစွာသော ပြစ်မှုဒုစရိုက်အဖြစ် လုံလောက်ပေသတည်း။
51أَلَمْ تَرَ إِلَى الَّذِينَ أُوتُوا نَصِيبًا مِّنَ الْكِتَابِ يُؤْمِنُونَ بِالْجِبْتِ وَالطَّاغُوتِ وَيَقُولُونَ لِلَّذِينَ كَفَرُوا هَٰؤُلَاءِ أَهْدَىٰ مِنَ الَّذِينَ آمَنُوا سَبِيلًا
(အို- နဗီ) အသင်သည် ကျမ်းဂန်အနက်မှ တစ်စိတ်တစ်ဒေသကို ရရှိခဲ့သူတို့ (၏ဖြစ်အင်) ကို မတွေ့ မမြင်ပါလေသလော။ ထိုသူတို့သည် ရုပ်ပွားဆင်းတုများကိုလည်းကောင်း၊ ရှိုင်တွာန်ကိုလည်းကောင်း ယုံကြည်ကြ၏။ ၎င်းပြင် ထိုသူတို့က ကာဖိရ်များနှင့်စပ်လျဉ်း၍ ‘ဤသူများသည် မုအ်မင်န်များထက် ပိုမို၍ တရားလမ်းမှန်ရသောသူများ ဖြစ်ကြသည်’ ဟူ၍ ပြောဆိုကြ၏။
အန်-နီဆာကုရ်အာန် ညွှန်းကိန်း
176အာယာသ်
MedinanRevelation
49အာယာသ်

ဘာသာပြန် — အန်-နီဆာ 49

စူရာ အန်-နီဆာ အာယာသ် 49 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (အို- နဗီတမန်တော်) အသင်သည် မိမိတို့ကိုယ်ကို မိမိတို့ သန့်ရှင်းစင်ကြယ်ကြောင်း ပြောဆို (ကြွားဝါ) သောသူတို့ (၏ဖြစ်အင်)…

စူရာ အာယာသ် 49/176 — စူရာ အန်-နီဆာ النساء (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အန်-နီဆာ နားထောင်, စူရာ အန်-နီဆာ ဘာသာပြန်, စူရာ အန်-နီဆာ mp3, စူရာ အန်-နီဆာ pdf. အာယာသ် 47–51. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Tuesday, September 29, 2026

Don't forget us in your sincere prayers