အလ်-ဂျာစီယာ · 33/37
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ဂျာစီယာ
وَبَدَا لَهُمْ سَيِّئَاتُ مَا عَمِلُوا وَحَاقَ بِهِم مَّا كَانُوا بِهِ يَسْتَهْزِئُونَ ۝٣٣
Wa badaa lahum saiyiaatu maa `amiloo wa haaqa bihim maa kaanoo bihee yastahzi`oon
📖 မြန်မာဘာသာ
၎င်းပြင် (ထိုနေ့တွင်) ၎င်းတို့ရှေ့ဝယ် ၎င်းတို့ပြုမူခဲ့ကြကုန်သော မကောင်းမှုများ၏ ဆိုးယုတ်မှုများသည် ပေါ်လွင်၍လာခဲ့ပေမည်။ ထို့ပြင် ၎င်းတို့ ပြက်ရယ်ပြောင်လှောင်ခဲ့ကြသော အရာများသည်လည်း ၎င်းတို့အား ဝန်းဝိုင်းလျက်ရှိပေမည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. စကားလုံးများ၏ အဓိပ္ပာယ်ရှင်းလင်းချက်
  • ဝါဗဒါ (وَبَدَا) — ပေါ်လာသည်၊ ထင်ရှားလာသည်။
  • ဆိုင်ယိအာသ် (سَيِّئَاتُ) — မကောင်းမှုများ၊ ဆိုးကျိုးများ။
  • ဟာကာ (حَاقَ) — ဝန်းရံလာသည်၊ ကျရောက်လာသည်။
  • ယက်စ်သဟ်ဇိအွန်န (يَسْتَهْزِئُونَ) — ပြောင်လှောင်ကြသည်၊ လှောင်ပြောင်ကြသည်။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

ဤအာယသ်တော်သည် ကိယာမသ်နေ့တွင် အလ္လာဟ်အရှင်မြတ်၏ အာယသ်တော်များကို မဟုတ်မမှန်ဟု ငြင်းပယ်ခဲ့ကြသူများ၏ အခြေအနေကို ဖော်ပြထားပါသည်။ ထိုနေ့တွင် သူတို့သည် လောကီဘဝ၌ ပြုလုပ်ခဲ့ကြသော မကောင်းမှုဆိုးကျိုးများ—ဥပမာ ကုဖ်ရ် (မယုံကြည်မှု) နှင့် အပြစ်များ—ကို မျက်မှောက်တွင် ထင်ရှားစွာ တွေ့မြင်ကြရမည်ဖြစ်သည်။ ထို့အပြင် သူတို့သည် လောကီဘဝ၌ သတိပေးခံခဲ့ရစဉ် ပြောင်လှောင်သရော်ခဲ့ကြသော ပြစ်ဒဏ်သည် သူတို့အပေါ်သို့ ကျရောက်ဝန်းရံလာမည်ဖြစ်သည်။ ဆိုလိုသည်မှာ သူတို့ပြောင်လှောင်ခဲ့သော ပြစ်ဒဏ်ကိုယ်တိုင် သူတို့ထံ ရောက်ရှိလာပြီး မည်သည့်နည်းနှင့်မျှ လွတ်မြောက်နိုင်မည်မဟုတ်ပေ။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ
  • အလ္လာဟ်အရှင်မြတ်သည် တရားစီရင်တော်မူသောနေ့ကို အမှန်တကယ် ဖြစ်ပေါ်စေတော်မူမည်ဖြစ်ပြီး မည်သူမျှ လွတ်မြောက်နိုင်မည်မဟုတ်ပါ။
  • လောကီဘဝတွင် ပြုလုပ်ခဲ့သော မကောင်းမှုတိုင်း၏ ဆိုးကျိုးကို ထိုနေ့တွင် မျက်မှောက်တွေ့မြင်ရမည်ဖြစ်သည်။
  • ဒီန်ကို ပြောင်လှောင်သရော်ခြင်းသည် အလွန်အန္တရာယ်ကြီးသော အပြစ်ဖြစ်ပြီး ထိုသူတို့သည် မိမိတို့ပြောင်လှောင်ခဲ့သော ပြစ်ဒဏ်ဖြင့်ပင် အပြစ်ပေးခံရမည်ဖြစ်သည်။
  • ဤအာယသ်တော်သည် လူသားများအား လောကီဘဝတွင် ကောင်းမှုများ ပြုလုပ်ရန်၊ မကောင်းမှုများနှင့် ပြောင်လှောင်ခြင်းမှ ရှောင်ကြဉ်ရန် သတိပေးနှိုးဆော်ထားသည်။
  • အစ္စလာမ်နှင့် ကုရ်အာန်သည် လူသားများအား အမှန်တရားကို လက်ခံရန်၊ ကောင်းမှုကို မြတ်နိုးရန်နှင့် မကောင်းမှုကို စွန့်လွှတ်ရန် လမ်းညွှန်ပေးသော ကရုဏာတော်ဆိုင်ရာ သွန်သင်ချက်များ ဖြစ်သည်။


📜 အာယာသ် 31-35 — စူရာ အလ်-ဂျာစီယာ

31وَأَمَّا الَّذِينَ كَفَرُوا أَفَلَمْ تَكُنْ آيَاتِي تُتْلَىٰ عَلَيْكُمْ فَاسْتَكْبَرْتُمْ وَكُنتُمْ قَوْمًا مُّجْرِمِينَ
သို့ရာတွင် သွေဖည်ငြင်းပယ်ကြကုန်သော သူတို့မှာမူကား (ဤသို့ပြောဆိုခြင်းကိုခံကြရပေမည်)။ ငါအရှင်မြတ်၏ အာယတ်တော်များသည် အသင်တို့ရှေ့ဝယ် ဖတ်ကြားခြင်းခံခဲ့ရသည် မဟုတ်လော။ သို့တစေလည်း အသင်တို့သည် မာနထောင်လွှားခဲ့ကြကုန်၏။ ၎င်းပြင် အသင်တို့သည် ပြစ်မှုကျူးလွန်သူများပင် ဖြစ်ခဲ့ကြကုန်၏။ (တစ်နည်း) အမှန်သော်ကား အသင်တို့သည် ပြစ်မှုကျူးလွန်သူများပင် ဖြစ်ခဲ့ကြကုန်၏။
32وَإِذَا قِيلَ إِنَّ وَعْدَ اللَّهِ حَقٌّ وَالسَّاعَةُ لَا رَيْبَ فِيهَا قُلْتُم مَّا نَدْرِي مَا السَّاعَةُ إِن نَّظُنُّ إِلَّا ظَنًّا وَمَا نَحْنُ بِمُسْتَيْقِنِينَ
ထို့ပြင် ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်၏ ချိန်းဆိုချက်သည် မှန်ကန်သည် ဟူ၍လည်းကောင်း၊ ရှင်ပြန်ထမည့် အချိန်ကာလနှင့်စပ်လျဉ်း၍ မည်သည့် ဒွိဟသံသယမျှပင် မရှိပြီဟူ၍လည်းကောင်း၊ ပြောဆိုခြင်းခံခဲ့ရလေသောအခါ အသင်တို့က "ရှင်ပြန်ထမည့် အချိန်ကာလသည် အဘယ်နည်းဟူ၍ ကျွန်ုတို့သည် မသိကြပြီ။ ကျွန်ုပ်တို့၌ (ယင်းရှင်ပြန်ထမည့်အချိန်နှင့်စပ်လျဉ်း၍) ရမ်းဆတွေးထင်ခဲ့သော ထင်မြင်ယူဆချက် တစ်ခုသာလျှင်ရှိပေ၏။ သို့ရာတွင် ကျွန်ုပ်တို့သည် ယုံကြည်သူများမဟုတ်ပေ" ဟု ပြောဆိုခဲ့ကြသည်။
33وَبَدَا لَهُمْ سَيِّئَاتُ مَا عَمِلُوا وَحَاقَ بِهِم مَّا كَانُوا بِهِ يَسْتَهْزِئُونَ
၎င်းပြင် (ထိုနေ့တွင်) ၎င်းတို့ရှေ့ဝယ် ၎င်းတို့ပြုမူခဲ့ကြကုန်သော မကောင်းမှုများ၏ ဆိုးယုတ်မှုများသည် ပေါ်လွင်၍လာခဲ့ပေမည်။ ထို့ပြင် ၎င်းတို့ ပြက်ရယ်ပြောင်လှောင်ခဲ့ကြသော အရာများသည်လည်း ၎င်းတို့အား ဝန်းဝိုင်းလျက်ရှိပေမည်။
34وَقِيلَ الْيَوْمَ نَنسَاكُمْ كَمَا نَسِيتُمْ لِقَاءَ يَوْمِكُمْ هَٰذَا وَمَأْوَاكُمُ النَّارُ وَمَا لَكُم مِّن نَّاصِرِينَ
ထိုမှတစ်ပါး (၎င်းတို့သည် ဤသို့)ပြောဆို ခြင်းခံရပေမည်။ အသင်တို့သည် မိမိတို့၏ ဤနေ့ နှင့်တွေ့ဆုံခြင်းကို မေ့လျော့ခဲ့ကြသည့်နည်းတူ ငါအရှင်မြတ်သည်လည်း ယနေ့အသင်တို့အား မေ့လျော့တော်မူမည်။ ထို့ပြင် အသင်တို့၏ ခိုလှုံရာဌာနမှာ ငရဲမီးပင်ဖြစ်သည်။ ထိုမှတစ်ပါး အသင်တို့၌ ကူညီစောင်မအံ့သော သူများဟူ၍လည်း မရှိတော့ပြီ။
35ذَٰلِكُم بِأَنَّكُمُ اتَّخَذْتُمْ آيَاتِ اللَّهِ هُزُوًا وَغَرَّتْكُمُ الْحَيَاةُ الدُّنْيَا ۚ فَالْيَوْمَ لَا يُخْرَجُونَ مِنْهَا وَلَا هُمْ يُسْتَعْتَبُونَ
ထိုသို့ဖြစ်ရခြင်းမှာ အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏အာယတ်တော်များကို ပြက်ရယ်ပြောင်လှောင်ဖွယ်များ ပြုလုပ်ခဲ့ကြသောကြောင့်လည်းကောင်း၊ လောကီဘဝသည် အသင်တို့အား ဖြားယောင်းခဲ့သောကြောင့်လည်းကောင်း၊ ဖြစ်ပါသည်။ သို့ဖြစ်ပေရာ ယနေ့သော်ကား ၎င်းတို့သည် ယင်းငရဲမီးမှ ထွက်စေခြင်းကိုလည်း ခံကြရမည်မဟုတ်ပေ။ (အလ္လာဟ်အရှင်မြတ်အား) နှစ်သက်စေကြရန် တောင်းဆိုခြင်း ကိုလည်းခံကြရမည် မဟုတ်ချေ။
အလ်-ဂျာစီယာကုရ်အာန် ညွှန်းကိန်း
37အာယာသ်
MeccanRevelation
33အာယာသ်

ဘာသာပြန် — အလ်-ဂျာစီယာ 33

စူရာ အလ်-ဂျာစီယာ အာယာသ် 33 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ၎င်းပြင် (ထိုနေ့တွင်) ၎င်းတို့ရှေ့ဝယ် ၎င်းတို့ပြုမူခဲ့ကြကုန်သော မကောင်းမှုများ၏ ဆိုးယုတ်မှုများသည် ပေါ်လွင်၍လာခဲ့ပေမည်။ ထို့ပြင် ၎င်းတို့ ပြက်ရယ်ပြောင်လှောင်ခဲ့ကြသော…

စူရာ အာယာသ် 33/37 — စူရာ အလ်-ဂျာစီယာ الجاثية (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဂျာစီယာ နားထောင်, စူရာ အလ်-ဂျာစီယာ ဘာသာပြန်, စူရာ အလ်-ဂျာစီယာ mp3, စူရာ အလ်-ဂျာစီယာ pdf. အာယာသ် 31–35. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Friday, October 2, 2026

Don't forget us in your sincere prayers