အလ်-အာ့ကာဖ် · 29/35
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အာ့ကာဖ်
وَإِذْ صَرَفْنَا إِلَيْكَ نَفَرًا مِّنَ الْجِنِّ يَسْتَمِعُونَ الْقُرْآنَ فَلَمَّا حَضَرُوهُ قَالُوا أَنصِتُوا ۖ فَلَمَّا قُضِيَ وَلَّوْا إِلَىٰ قَوْمِهِم مُّنذِرِينَ ۝٢٩
Wa iz sarafinaaa ilaika nafaram minal jinni yastami`oonal Quraana falammaa hadaroohu qaalooo ansitoo falammaa qudiya wallaw ilaa qawmihim munzireen
📖 မြန်မာဘာသာ
(အို-နဗီတမန်တော်၊ ပြန်လည်၍ ပြောပြပါလေ)တစ်ရံရောအခါဝယ် ငါအရှင်မြတ်သည် ဂျင်န်တစ်စုကို အသင်ရှိရာသို့ ရောက်ရှိစေတော်မူခဲ့ရာ ၎င်းတို့သည် ကုရ်အာန်ကျမ်းတော်မြတ်ကို နားထောင်ကြကုန်၏။ သို့ဖြစ်ပေရာ ၎င်းတို့သည် ထိုတမန်တော်မြတ်ရှိရာသို့ ရောက်ရှိခဲ့ကြသောအခါ ၎င်းတို့က (မိမိတို့အချင်းချင်း)အသင်တို့သည် ဆိတ်ဆိတ်နေကြလေကုန်ဟု ပြောဆိုခဲ့ကြကုန်၏။ ထို့နောက် ယင်းကုရ်အာန်ကျမ်းတော်မြတ် (ဖတ်ကြား၍)ပြီးဆုံးသွားသောအခါ ၎င်းတို့သည် မိမိတို့အမျိုးသားတို့ထံ သတိပေး နှိုးဆော်သူတို့အဖြစ် လှည့်ပြန်ခဲ့ကြကုန်၏။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 27-31 — စူရာ အလ်-အာ့ကာဖ်

27وَلَقَدْ أَهْلَكْنَا مَا حَوْلَكُم مِّنَ الْقُرَىٰ وَصَرَّفْنَا الْآيَاتِ لَعَلَّهُمْ يَرْجِعُونَ
ထိုမှတစ်ပါး ဧကန်စင်စစ် ငါအရှင်မြတ်သည် အသင်တို့၏ ပတ်ဝန်းကျင်၌ရှိခဲ့သော မြို့ရွာ(သား) တို့အား(လည်း) ဖျက်ဆီးတော်မူခဲ့၏။ ထို့ပြင် ငါအရှင်မြတ်သည် ၎င်းတို့(တွဲဖက် ကိုးကွယ်မှုကိုစွန့် ၍) ပြန်လှည့်ကြအံ့သောငှာ (မိမိ၏)သက်သေ လက္ခဏာတော်များကို အမျိုးမျိုး ပြောင်းလဲမိန့်ကြား ပြသတော်မူခဲ့၏။
28فَلَوْلَا نَصَرَهُمُ الَّذِينَ اتَّخَذُوا مِن دُونِ اللَّهِ قُرْبَانًا آلِهَةً ۖ بَلْ ضَلُّوا عَنْهُمْ ۚ وَذَٰلِكَ إِفْكُهُمْ وَمَا كَانُوا يَفْتَرُونَ
ထို့နောက် ၎င်းတို့ အလ္လာဟ်အရှင်မြတ်အား စွန့်၍ (မိမိတို့)ချဉ်းကပ်ရန်အလို့ငှာ ကိုးကွယ်ရာများအဖြစ် သတ်မှတ်ခဲ့ကြသော ဘုရားများသည် ၎င်းတို့အား အဘယ်ကြောင့် မကူညီခဲ့ကြသနည်း။ စင်စစ်မှာကား ယင်းကိုးကွယ်ရာများသည် ၎င်းတို့ထံမှ ပျောက်ကွယ်၍ သွားခဲ့ကြကုန်၏။ အမှန်စင်စစ် ဤသည် ထိုသူတို့၏ လီဆယ်မှုနှင့် ထိုသူတို့ ကြံစည်ဖန်တီးခဲ့သောအရာပင် ဖြစ်ပေသတည်း။
29وَإِذْ صَرَفْنَا إِلَيْكَ نَفَرًا مِّنَ الْجِنِّ يَسْتَمِعُونَ الْقُرْآنَ فَلَمَّا حَضَرُوهُ قَالُوا أَنصِتُوا ۖ فَلَمَّا قُضِيَ وَلَّوْا إِلَىٰ قَوْمِهِم مُّنذِرِينَ
(အို-နဗီတမန်တော်၊ ပြန်လည်၍ ပြောပြပါလေ)တစ်ရံရောအခါဝယ် ငါအရှင်မြတ်သည် ဂျင်န်တစ်စုကို အသင်ရှိရာသို့ ရောက်ရှိစေတော်မူခဲ့ရာ ၎င်းတို့သည် ကုရ်အာန်ကျမ်းတော်မြတ်ကို နားထောင်ကြကုန်၏။ သို့ဖြစ်ပေရာ ၎င်းတို့သည် ထိုတမန်တော်မြတ်ရှိရာသို့ ရောက်ရှိခဲ့ကြသောအခါ ၎င်းတို့က (မိမိတို့အချင်းချင်း)အသင်တို့သည် ဆိတ်ဆိတ်နေကြလေကုန်ဟု ပြောဆိုခဲ့ကြကုန်၏။ ထို့နောက် ယင်းကုရ်အာန်ကျမ်းတော်မြတ် (ဖတ်ကြား၍)ပြီးဆုံးသွားသောအခါ ၎င်းတို့သည် မိမိတို့အမျိုးသားတို့ထံ သတိပေး နှိုးဆော်သူတို့အဖြစ် လှည့်ပြန်ခဲ့ကြကုန်၏။
30قَالُوا يَا قَوْمَنَا إِنَّا سَمِعْنَا كِتَابًا أُنزِلَ مِن بَعْدِ مُوسَىٰ مُصَدِّقًا لِّمَا بَيْنَ يَدَيْهِ يَهْدِي إِلَى الْحَقِّ وَإِلَىٰ طَرِيقٍ مُّسْتَقِيمٍ
၎င်းတို့က ပြောဆိုခဲ့ကြသည်မှာ "အို-ကျွန်ုပ်တို့၏အမျိုးသားတို့၊ ဧကန်မလွဲ ကျွန်ုပ်တို့သည်(နဗီတမန်တော်)မူစာ၏နောက်တွင် ချပေးခြင်းခံခဲ့ရလေသော ကျမ်းဂန်တစ်စောင်ကို ကြားနားခဲ့ကြရကုန်၏။ (ယင်းကျမ်းဂန်သည်) ၎င်း၏အလျင်ရှိခဲ့သော ကျမ်းဂန်တို့ကို ထောက်ခံလျက်ရှိ၏။ အမှန်တရားကိုလည်းကောင်း၊ ဖြောင့်မတ်သောတရားလမ်းကိုလည်းကောင်း၊ ညွှန်ပြ၏။
31يَا قَوْمَنَا أَجِيبُوا دَاعِيَ اللَّهِ وَآمِنُوا بِهِ يَغْفِرْ لَكُم مِّن ذُنُوبِكُمْ وَيُجِرْكُم مِّنْ عَذَابٍ أَلِيمٍ
အို-ကျွန်ုပ်တို့၏ အမျိုးသားတို့၊ အသင်တို့ သည် အလ္လာဟ်အရှင်မြတ်ဘက်သို့ ဖိတ်ခေါ်သူ၏ ဖိတ်ခေါ်ချက်ကို နာယူလက်ခံကြလေကုန်။ ထို့ပြင် အသင်တို့သည် ထိုဖိတ်ခေါ်သူအား သက်ဝင်ယုံကြည်ကြလေကုန်။ ထိုအရှင်မြတ်သည် အသင်တို့အဖို့ အသင်တို့၏ ပြစ်မှုတို့ကို ခွင့်လွှတ်ချမ်းသာ ပေးသနားတော်မူပေမည်။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် အသင်တို့အား နာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်မှလည်း ကာကွယ် စောင့်ရှောက်တော်မူပေမည်။
အလ်-အာ့ကာဖ်ကုရ်အာန် ညွှန်းကိန်း
35အာယာသ်
MeccanRevelation
29အာယာသ်

ဘာသာပြန် — အလ်-အာ့ကာဖ် 29

စူရာ အလ်-အာ့ကာဖ် အာယာသ် 29 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (အို-နဗီတမန်တော်၊ ပြန်လည်၍ ပြောပြပါလေ)တစ်ရံရောအခါဝယ် ငါအရှင်မြတ်သည် ဂျင်န်တစ်စုကို အသင်ရှိရာသို့ ရောက်ရှိစေတော်မူခဲ့ရာ ၎င်းတို့သည် ကုရ်အာန်ကျမ်းတော်မြတ်ကို နားထောင်ကြကုန်၏။…

စူရာ အာယာသ် 29/35 — စူရာ အလ်-အာ့ကာဖ် الأحقاف (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အာ့ကာဖ် နားထောင်, စူရာ အလ်-အာ့ကာဖ် ဘာသာပြန်, စူရာ အလ်-အာ့ကာဖ် mp3, စူရာ အလ်-အာ့ကာဖ် pdf. အာယာသ် 27–31. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers