အလ်-အာ့ကာဖ် · 30/35
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အာ့ကာဖ်
قَالُوا يَا قَوْمَنَا إِنَّا سَمِعْنَا كِتَابًا أُنزِلَ مِن بَعْدِ مُوسَىٰ مُصَدِّقًا لِّمَا بَيْنَ يَدَيْهِ يَهْدِي إِلَى الْحَقِّ وَإِلَىٰ طَرِيقٍ مُّسْتَقِيمٍ ۝٣٠
Qaaloo yaa qawmanaaa innaa sami`naa Kitaaban unzila mim ba`di Moosa musaddiqal limaa baina yadihi yahdeee ilal haqqi wa ilaa Tareeqim Mustaqeem
📖 မြန်မာဘာသာ
၎င်းတို့က ပြောဆိုခဲ့ကြသည်မှာ "အို-ကျွန်ုပ်တို့၏အမျိုးသားတို့၊ ဧကန်မလွဲ ကျွန်ုပ်တို့သည်(နဗီတမန်တော်)မူစာ၏နောက်တွင် ချပေးခြင်းခံခဲ့ရလေသော ကျမ်းဂန်တစ်စောင်ကို ကြားနားခဲ့ကြရကုန်၏။ (ယင်းကျမ်းဂန်သည်) ၎င်း၏အလျင်ရှိခဲ့သော ကျမ်းဂန်တို့ကို ထောက်ခံလျက်ရှိ၏။ အမှန်တရားကိုလည်းကောင်း၊ ဖြောင့်မတ်သောတရားလမ်းကိုလည်းကောင်း၊ ညွှန်ပြ၏။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ ကလိမဟ် (စကားလုံး) အဓိပ္ပာယ်ရှင်းလင်းချက်။ ။

  • ယာ ကောင်မနာ = အို ကျွန်ုပ်တို့၏လူမျိုး။
  • ကီတာဗန် = ကျမ်းတစ်ကျမ်း။
  • အုန်ဇိလာ = ချပေးအပ်ခဲ့သည်။
  • မုဆဒ္ဒိကန် = ထောက်ခံအတည်ပြုသည်။
  • လိမာ ဗိုင်နာ ယဒိုင်ဟိ = သူ့ရှေ့တွင်ရှိခဲ့သော (ကျမ်းများ) အတွက်။
  • ယဟ်ဒီ = လမ်းညွှန်သည်။
  • အလ်ဟက္က် = အမှန်တရား။
  • သရီကိန် မုစ္စတကီမ် = ဖြောင့်မတ်သောလမ်း။

၂။ ဤအာယသ်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်။ ။

ဂျင်န်အုပ်စုတစ်စုသည် တမန်တော်မုဟမ္မဒ် (ဆွ) ထံသို့ ရောက်ရှိလာပြီး ကုရ်အာန်ကို နားထောင်ခဲ့ကြသည်။ ထို့နောက် သူတို့သည် မိမိတို့၏လူမျိုးထံသို့ ပြန်သွားကာ ဤသို့ပြောဆိုကြသည်။ အို ကျွန်ုပ်တို့၏လူမျိုး၊ ကျွန်ုပ်တို့သည် တမန်တော်မူစာ (အလိုင်ဟိစ်စလာမ်) နောက်ပိုင်းတွင် ချပေးအပ်ခဲ့သော ကျမ်းတစ်ကျမ်းကို နားထောင်ခဲ့ရသည်။ ထိုကျမ်းသည် မိမိအလျင်ရှိခဲ့သော ကျမ်းများဖြစ်သည့် တောင်ရသ် (တော်ရာ) စသည့် အလ္လာဟ်အရှင်မြတ်၏ ကျမ်းများကို ထောက်ခံအတည်ပြုပေးသည်။ ထိုကျမ်းသည် အမှန်တရားဆီသို့လည်းကောင်း၊ ဖြောင့်မတ်သောလမ်းဖြစ်သည့် အစ္စလာမ်လမ်းစဉ်ဆီသို့လည်းကောင်း လမ်းညွှန်ပေးသည်။ ဤကျမ်းသည် လူသားတို့အား အမှားမှ အမှန်သို့၊ မှောင်မိုက်မှ အလင်းသို့ ပို့ဆောင်ပေးသော လမ်းညွှန်ကျမ်းဖြစ်သည်။

၃။ ဤအာယသ်မှ ရရှိသော အကျိုးကျေးဇူးများ။ ။

  • ကုရ်အာန်သည် ယခင်ကျမ်းများကို ထောက်ခံအတည်ပြုသော ကျမ်းဖြစ်ကြောင်း သိရသည်။
  • ကုရ်အာန်သည် အမှန်တရားဆီသို့ လမ်းညွှန်ပေးသော ကျမ်းဖြစ်သည်။
  • အစ္စလာမ်လမ်းစဉ်သည် ဖြောင့်မတ်သောလမ်းဖြစ်ကြောင်း သိရသည်။
  • ဂျင်များပင်လျှင် ကုရ်အာန်ကို နားထောင်ပြီး လမ်းညွှန်ခံခဲ့ကြကြောင်း သိရသည်။
  • ကုရ်အာန်သည် လူသားအားလုံးအတွက် လမ်းညွှန်ကျမ်းဖြစ်ကြောင်း သိရသည်။
  • ကုရ်အာန်ကို နားထောင်ခြင်းနှင့် လိုက်နာခြင်းသည် ကယ်တင်ခြင်းသို့ ရောက်စေကြောင်း သိရသည်။


📜 အာယာသ် 28-32 — စူရာ အလ်-အာ့ကာဖ်

28فَلَوْلَا نَصَرَهُمُ الَّذِينَ اتَّخَذُوا مِن دُونِ اللَّهِ قُرْبَانًا آلِهَةً ۖ بَلْ ضَلُّوا عَنْهُمْ ۚ وَذَٰلِكَ إِفْكُهُمْ وَمَا كَانُوا يَفْتَرُونَ
ထို့နောက် ၎င်းတို့ အလ္လာဟ်အရှင်မြတ်အား စွန့်၍ (မိမိတို့)ချဉ်းကပ်ရန်အလို့ငှာ ကိုးကွယ်ရာများအဖြစ် သတ်မှတ်ခဲ့ကြသော ဘုရားများသည် ၎င်းတို့အား အဘယ်ကြောင့် မကူညီခဲ့ကြသနည်း။ စင်စစ်မှာကား ယင်းကိုးကွယ်ရာများသည် ၎င်းတို့ထံမှ ပျောက်ကွယ်၍ သွားခဲ့ကြကုန်၏။ အမှန်စင်စစ် ဤသည် ထိုသူတို့၏ လီဆယ်မှုနှင့် ထိုသူတို့ ကြံစည်ဖန်တီးခဲ့သောအရာပင် ဖြစ်ပေသတည်း။
29وَإِذْ صَرَفْنَا إِلَيْكَ نَفَرًا مِّنَ الْجِنِّ يَسْتَمِعُونَ الْقُرْآنَ فَلَمَّا حَضَرُوهُ قَالُوا أَنصِتُوا ۖ فَلَمَّا قُضِيَ وَلَّوْا إِلَىٰ قَوْمِهِم مُّنذِرِينَ
(အို-နဗီတမန်တော်၊ ပြန်လည်၍ ပြောပြပါလေ)တစ်ရံရောအခါဝယ် ငါအရှင်မြတ်သည် ဂျင်န်တစ်စုကို အသင်ရှိရာသို့ ရောက်ရှိစေတော်မူခဲ့ရာ ၎င်းတို့သည် ကုရ်အာန်ကျမ်းတော်မြတ်ကို နားထောင်ကြကုန်၏။ သို့ဖြစ်ပေရာ ၎င်းတို့သည် ထိုတမန်တော်မြတ်ရှိရာသို့ ရောက်ရှိခဲ့ကြသောအခါ ၎င်းတို့က (မိမိတို့အချင်းချင်း)အသင်တို့သည် ဆိတ်ဆိတ်နေကြလေကုန်ဟု ပြောဆိုခဲ့ကြကုန်၏။ ထို့နောက် ယင်းကုရ်အာန်ကျမ်းတော်မြတ် (ဖတ်ကြား၍)ပြီးဆုံးသွားသောအခါ ၎င်းတို့သည် မိမိတို့အမျိုးသားတို့ထံ သတိပေး နှိုးဆော်သူတို့အဖြစ် လှည့်ပြန်ခဲ့ကြကုန်၏။
30قَالُوا يَا قَوْمَنَا إِنَّا سَمِعْنَا كِتَابًا أُنزِلَ مِن بَعْدِ مُوسَىٰ مُصَدِّقًا لِّمَا بَيْنَ يَدَيْهِ يَهْدِي إِلَى الْحَقِّ وَإِلَىٰ طَرِيقٍ مُّسْتَقِيمٍ
၎င်းတို့က ပြောဆိုခဲ့ကြသည်မှာ "အို-ကျွန်ုပ်တို့၏အမျိုးသားတို့၊ ဧကန်မလွဲ ကျွန်ုပ်တို့သည်(နဗီတမန်တော်)မူစာ၏နောက်တွင် ချပေးခြင်းခံခဲ့ရလေသော ကျမ်းဂန်တစ်စောင်ကို ကြားနားခဲ့ကြရကုန်၏။ (ယင်းကျမ်းဂန်သည်) ၎င်း၏အလျင်ရှိခဲ့သော ကျမ်းဂန်တို့ကို ထောက်ခံလျက်ရှိ၏။ အမှန်တရားကိုလည်းကောင်း၊ ဖြောင့်မတ်သောတရားလမ်းကိုလည်းကောင်း၊ ညွှန်ပြ၏။
31يَا قَوْمَنَا أَجِيبُوا دَاعِيَ اللَّهِ وَآمِنُوا بِهِ يَغْفِرْ لَكُم مِّن ذُنُوبِكُمْ وَيُجِرْكُم مِّنْ عَذَابٍ أَلِيمٍ
အို-ကျွန်ုပ်တို့၏ အမျိုးသားတို့၊ အသင်တို့ သည် အလ္လာဟ်အရှင်မြတ်ဘက်သို့ ဖိတ်ခေါ်သူ၏ ဖိတ်ခေါ်ချက်ကို နာယူလက်ခံကြလေကုန်။ ထို့ပြင် အသင်တို့သည် ထိုဖိတ်ခေါ်သူအား သက်ဝင်ယုံကြည်ကြလေကုန်။ ထိုအရှင်မြတ်သည် အသင်တို့အဖို့ အသင်တို့၏ ပြစ်မှုတို့ကို ခွင့်လွှတ်ချမ်းသာ ပေးသနားတော်မူပေမည်။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် အသင်တို့အား နာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်မှလည်း ကာကွယ် စောင့်ရှောက်တော်မူပေမည်။
32وَمَن لَّا يُجِبْ دَاعِيَ اللَّهِ فَلَيْسَ بِمُعْجِزٍ فِي الْأَرْضِ وَلَيْسَ لَهُ مِن دُونِهِ أَوْلِيَاءُ ۚ أُولَٰئِكَ فِي ضَلَالٍ مُّبِينٍ
သို့ရာတွင် မည်သူမဆို အလ္လာဟ်အရှင်မြတ်ဘက်သို့ ဖိတ်ခေါ်သူ၏ ဖိတ်ခေါ်ချက်ကို နာယူလက်ခံခြင်းမပြုခဲ့မူ ထိုသူသည် (အလ္လာဟ်အရှင်မြတ်အား) ကမ္ဘာမြေဝယ် မစွမ်းဆောင်နိုင်အောင် ပြုစွမ်းနိုင်သူမဟုတ်ပြီ။ ထိုမှတစ်ပါး အလ္လာဟ်အရှင်မြတ်အပြင် ထိုသူ၌ ကာကွယ်စောင့်ရှောက်အံ့သော သူဟူ၍လည်း တစ်ဦးတစ်ယောက်မျှပင် ရှိလိမ့်မည်မဟုတ်ပြီ။ ထိုသူတို့ကား ထင်ရှားစွာသော လမ်းမှားမှု၌ ပင်ရှိနေကြကုန်သတည်း။
အလ်-အာ့ကာဖ်ကုရ်အာန် ညွှန်းကိန်း
35အာယာသ်
MeccanRevelation
30အာယာသ်

ဘာသာပြန် — အလ်-အာ့ကာဖ် 30

စူရာ အလ်-အာ့ကာဖ် အာယာသ် 30 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ၎င်းတို့က ပြောဆိုခဲ့ကြသည်မှာ "အို-ကျွန်ုပ်တို့၏အမျိုးသားတို့၊ ဧကန်မလွဲ ကျွန်ုပ်တို့သည်(နဗီတမန်တော်)မူစာ၏နောက်တွင် ချပေးခြင်းခံခဲ့ရလေသော ကျမ်းဂန်တစ်စောင်ကို ကြားနားခဲ့ကြရကုန်၏။ (ယင်းကျမ်းဂန်သည်) ၎င်း၏အလျင်ရှိခဲ့သော…

စူရာ အာယာသ် 30/35 — စူရာ အလ်-အာ့ကာဖ် الأحقاف (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အာ့ကာဖ် နားထောင်, စူရာ အလ်-အာ့ကာဖ် ဘာသာပြန်, စူရာ အလ်-အာ့ကာဖ် mp3, စူရာ အလ်-အာ့ကာဖ် pdf. အာယာသ် 28–32. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers