မုဟမ္မဒ် · 20/38
ဘာသာပြန် အသံနိုင်ငံ — စူရာ မုဟမ္မဒ်
وَيَقُولُ الَّذِينَ آمَنُوا لَوْلَا نُزِّلَتْ سُورَةٌ ۖ فَإِذَا أُنزِلَتْ سُورَةٌ مُّحْكَمَةٌ وَذُكِرَ فِيهَا الْقِتَالُ ۙ رَأَيْتَ الَّذِينَ فِي قُلُوبِهِم مَّرَضٌ يَنظُرُونَ إِلَيْكَ نَظَرَ الْمَغْشِيِّ عَلَيْهِ مِنَ الْمَوْتِ ۖ فَأَوْلَىٰ لَهُمْ ۝٢٠
Wa yaqoolul lazeena aamanoo law laa nuzzilat Sooratun fa izaaa unzilat Sooratum Muhkamatunw wa zukira feehal qitaalu ra aytal lazeena fee quloobihim maraduny yanzuroona ilaika nazaral maghshiyyi `alaihi minal mawti fa`awlaa lahum
📖 မြန်မာဘာသာ
စင်စစ်သော်ကား ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူတို့က ‘စူရဟ်’ ကဏ္ဍတစ်ခုခု အဘယ်ကြောင့် မကျရောက်ပါသနည်းဟု ပြောဆို(တောင့်တ)ခဲ့ကြကုန်၏။ သို့ရာတွင် ရှင်းလင်းပြတ်သားသော ‘စူရဟ်’ကဏ္ဍ တစ်စုံတစ်ရာသည် ချပေးခြင်းကိုခံရ၍ ယင်း’စူရဟ်’ကဏ္ဍ၌ စစ်မက်တိုက်ခိုက်ရန်အကြောင်း ဖော်ပြပါရှိသောအခါ စိတ်နှလုံးများတွင် ရောဂါဝေဒနာရှိသော သူတို့သည် သေဘေးကို စိုးရိမ်သောကြောင့် မိန်းမောနေသူများ၏အကြည့်မျိုးနှင့် အသင့်ဘက်သို့ ကြည့်နေကြသည်ကို အသင်တွေ့မြင်ရပေမည်။ သို့ဖြစ်ပေရာ ၎င်းတို့၌ပျက်စီးမှုရှိပေမည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ ကမ္မသဒ္ဒါရှင်းလင်းချက်

  • لَوْلَا (လောင်လာ) — “မဖြစ်ခဲ့ဘူးလား” ဟု အဓိပ္ပာယ်ရသော အာရဗီစကားလုံးဖြစ်ပြီး၊ တစ်စုံတစ်ရာကို လိုလားတောင့်တသည့် အနက်ဖြင့် ဤနေရာတွင် အသုံးပြုထားသည်။
  • سُورَةٌ مُّحْكَمَةٌ (ဆူရဟ် မုဟ်ကမာ) — “ခိုင်မာစွာ ရှင်းလင်းထားသော ဆူရဟ်” ဟု အဓိပ္ပာယ်ရသည်။ အဓိပ္ပာယ်နှင့် ပြဋ္ဌာန်းချက်များ ရှင်းလင်းပြတ်သားပြီး၊ ပယ်ဖျက်ခြင်းမခံရသော ဆူရဟ်ကို ဆိုလိုသည်။
  • مَرَضٌ (မာရဒွန်) — “ရောဂါ” ဟု အဓိပ္ပာယ်ရသည်။ ဤနေရာတွင် စိတ်နှလုံးအတွင်း၌ သံသယနှင့် မုနာဖိက္ (အယောင်ဆောင်) ရောဂါကို ဆိုလိုသည်။
  • الْمَغْشِيِّ عَلَيْهِ (အလ်-မဂျ်ရှီယို အလိုင်ဟိ) — “မူးမေ့လဲသွားသူ” ဟု အဓိပ္ပာယ်ရသည်။ သေဘေးနှင့် ရင်ဆိုင်ရချိန်၌ ကြောက်လန့်မှုကြောင့် သတိလစ်မူးမေ့သွားသူကို ဆိုလိုသည်။
  • فَأَوْلَىٰ لَهُمْ (ဖာအောင်လာ လဟွမ်) — “သူတို့အတွက် ပျက်စီးခြင်းသည် ပို၍နီးစပ်လျက်ရှိသည်” ဟု အဓိပ္ပာယ်ရသည်။ သတိပေးခြင်းနှင့် ခြိမ်းခြောက်ခြင်း၏ အနက်ကို ဆောင်သည်။

၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

အီမာန်ယုံကြည်သူများသည် ဂျိဟာဒ် (အလ္လာဟ်၏လမ်းတော်၌ ရုန်းကန်ခြင်း) အမိန့်ပါဝင်သော ဆူရဟ်တစ်ခု ကျရောက်ပါစေဟု စိတ်အားထက်သန်စွာ တောင့်တလျက် “ဂျိဟာဒ်အကြောင်း ဖော်ပြသည့် ဆူရဟ်တစ်ခု အဘယ်ကြောင့် မကျရောက်သေးသနည်း” ဟု ဆိုကြသည်။ သို့သော် အလ္လာဟ်အရှင်မြတ်သည် ရှင်းလင်းပြတ်သားသော ပြဋ္ဌာန်းချက်များ၊ ဂျိဟာဒ်အမိန့်ပါဝင်သော ဆူရဟ်တစ်ခုကို ကျရောက်စေတော်မူသောအခါ၊ စိတ်နှလုံးအတွင်း၌ သံသယနှင့် မုနာဖိက္ ရောဂါရှိသူများသည် သေဘေးနှင့် ရင်ဆိုင်ရသူကဲ့သို့ ကြောက်လန့်တုန်လှုပ်လျက် မူးမေ့လဲခါနီးဖြစ်နေသော အကြည့်မျိုးဖြင့် အသင် (တမန်တော်မုဟမ္မဒ်) ကို ကြည့်သည်ကို တွေ့ရမည်။ ထိုသို့သော သူများအတွက် ပျက်စီးခြင်းသည် နီးစပ်လျက်ရှိသည်။ သူတို့သည် အလ္လာဟ်အရှင်မြတ်ကို နာခံပြီး၊ ရှရီအသ်နှင့်ညီညွတ်သော စကားကို ဆိုသင့်သည်။ အကယ်၍ ဂျိဟာဒ်ဝတ္တရား ပြဋ္ဌာန်းခံရသောအခါ သူတို့သည် အီမာန်နှင့် လုပ်ဆောင်မှုတွင် အလ္လာဟ်အရှင်မြတ်အား ရိုးသားစွာ သစ္စာရှိကြပါက၊ ထိုအရာသည် သူတ



📜 အာယာသ် 18-22 — စူရာ မုဟမ္မဒ်

18فَهَلْ يَنظُرُونَ إِلَّا السَّاعَةَ أَن تَأْتِيَهُم بَغْتَةً ۖ فَقَدْ جَاءَ أَشْرَاطُهَا ۚ فَأَنَّىٰ لَهُمْ إِذَا جَاءَتْهُمْ ذِكْرَاهُمْ
စင်စစ် ၎င်းတို့သည် ရုတ်တရက် မိမိတို့ထံ’ကိယာမတ်’ ရှင်ပြန်ထမည့်အချိန်ကာလ ဆိုက်ရောက်လာခြင်းကိုသာလျှင် မျှော်လင့်စောင့်ဆိုင်း၍ နေကြကုန်၏။ သို့ဖြစ်လျှင် ဧကန်မလွဲ ယင်းရှင်ပြန်ထမည့်အချိန်ကာလ၏ နိမိတ်လက္ခဏာများမှာမူကား ရောက်လာခဲ့ချေပြီ။ သို့ဖြစ်ပေရာ ယင်းရှင်ပြန်ထမည့် အချိန်ကာလသည် ၎င်းတို့ထံ ရောက်လာသောအခါ ၎င်းတို့၌ သတိရခြင်းသည် အဘယ်မှာလျှင်အကျိုးရှိတော့အံ့နည်း။
19فَاعْلَمْ أَنَّهُ لَا إِلَٰهَ إِلَّا اللَّهُ وَاسْتَغْفِرْ لِذَنبِكَ وَلِلْمُؤْمِنِينَ وَالْمُؤْمِنَاتِ ۗ وَاللَّهُ يَعْلَمُ مُتَقَلَّبَكُمْ وَمَثْوَاكُمْ
သို့ဖြစ်ပေရာ (အို-နဗီတမန်တော်၊)အလ္လာဟ်အရှင်မြတ်မှတစ်ပါး ဆည်းကပ်ကိုးကွယ်ရာအရှင်ဟူ၍ အလျင်းမရှိကြောင်း ကောင်းစွာ သိရှိယုံကြည်ထားပါလေ။ ထို့ပြင် အသင်သည် မိမိ၏ချို့တဲ့မှုနှင့် စပ်လျဉ်း၍လည်းကောင်း၊’မုအ်မင်န်’ သက်ဝင်ယုံကြည်သူ ယောက်ျား၊ မိန်းမတို့အဖို့လည်းကောင်း၊ လွတ်ငြိမ်း ချမ်းသာခွင့်ကို ပန်ကြားအသနားခံပါလေ။အမှန်စင်စစ်မှာကား အလ္လာဟ်အရှင်မြတ်သည် အသင်တို့(အားလုံးတို့)၏ လှည့်လည်သွားလာမှုကိုလည်းကောင်း၊ အသင်တို့၏ ခိုလှုံရာကိုလည်းကောင်း၊ ကောင်းစွာ သိရှိတော်မူပေသတည်း။
20وَيَقُولُ الَّذِينَ آمَنُوا لَوْلَا نُزِّلَتْ سُورَةٌ ۖ فَإِذَا أُنزِلَتْ سُورَةٌ مُّحْكَمَةٌ وَذُكِرَ فِيهَا الْقِتَالُ ۙ رَأَيْتَ الَّذِينَ فِي قُلُوبِهِم مَّرَضٌ يَنظُرُونَ إِلَيْكَ نَظَرَ الْمَغْشِيِّ عَلَيْهِ مِنَ الْمَوْتِ ۖ فَأَوْلَىٰ لَهُمْ
စင်စစ်သော်ကား ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူတို့က ‘စူရဟ်’ ကဏ္ဍတစ်ခုခု အဘယ်ကြောင့် မကျရောက်ပါသနည်းဟု ပြောဆို(တောင့်တ)ခဲ့ကြကုန်၏။ သို့ရာတွင် ရှင်းလင်းပြတ်သားသော ‘စူရဟ်’ကဏ္ဍ တစ်စုံတစ်ရာသည် ချပေးခြင်းကိုခံရ၍ ယင်း’စူရဟ်’ကဏ္ဍ၌ စစ်မက်တိုက်ခိုက်ရန်အကြောင်း ဖော်ပြပါရှိသောအခါ စိတ်နှလုံးများတွင် ရောဂါဝေဒနာရှိသော သူတို့သည် သေဘေးကို စိုးရိမ်သောကြောင့် မိန်းမောနေသူများ၏အကြည့်မျိုးနှင့် အသင့်ဘက်သို့ ကြည့်နေကြသည်ကို အသင်တွေ့မြင်ရပေမည်။ သို့ဖြစ်ပေရာ ၎င်းတို့၌ပျက်စီးမှုရှိပေမည်။
21طَاعَةٌ وَقَوْلٌ مَّعْرُوفٌ ۚ فَإِذَا عَزَمَ الْأَمْرُ فَلَوْ صَدَقُوا اللَّهَ لَكَانَ خَيْرًا لَّهُمْ
(၎င်းတို့၏) လိုက်နာမှုသည်လည်းကောင်း၊ ပြောဆိုမှုသည်လည်းကောင်း၊ သိရှိပြီးဖြစ်၏။ သို့တစေလည်း ၎င်းတို့သည် အရေးကိစ္စ အလုံးစုံပြဌာန်းပြီး ဖြစ်သောအခါ၌လည်း အကယ်၍ အလ္လာဟ်အရှင်မြတ်နှင့် ပတ်သက်၍ သစ္စာစောင့်သိကြလျှင် ၎င်းတို့အဖို့ အကောင်းဆုံးပင် ဖြစ်ခဲ့ပေမည်။
22فَهَلْ عَسَيْتُمْ إِن تَوَلَّيْتُمْ أَن تُفْسِدُوا فِي الْأَرْضِ وَتُقَطِّعُوا أَرْحَامَكُمْ
သို့ဖြစ်ပေရာ အကယ်၍ အသင်တို့သည် (စစ်မက်တိုက်ခိုက်ခြင်းမှ) လွှဲရှောင်ခဲ့ကြသည်ရှိသော် ကမ္ဘာမြေဝယ် ဆူပူသောင်းကျန်းနိုင်ကြမည် ဟူ၍လည်းကောင်း၊ မိမိတို့ အချင်းချင်း သားချင်းတော်စပ်မှုကို ဖြတ်တောက်နိုင်ကြ မည်ဟူ၍လည်းကောင်း၊ မျှော်လင့်ကြလေသလော။
မုဟမ္မဒ်ကုရ်အာန် ညွှန်းကိန်း
38အာယာသ်
MedinanRevelation
20အာယာသ်

ဘာသာပြန် — မုဟမ္မဒ် 20

စူရာ မုဟမ္မဒ် အာယာသ် 20 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : စင်စစ်သော်ကား ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူတို့က ‘စူရဟ်’ ကဏ္ဍတစ်ခုခု အဘယ်ကြောင့် မကျရောက်ပါသနည်းဟု ပြောဆို(တောင့်တ)ခဲ့ကြကုန်၏။ သို့ရာတွင် ရှင်းလင်းပြတ်သားသော…

စူရာ အာယာသ် 20/38 — စူရာ မုဟမ္မဒ် محمد (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ မုဟမ္မဒ် နားထောင်, စူရာ မုဟမ္မဒ် ဘာသာပြန်, စူရာ မုဟမ္မဒ် mp3, စူရာ မုဟမ္မဒ် pdf. အာယာသ် 18–22. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers