မုဟမ္မဒ် · 36/38
ဘာသာပြန် အသံနိုင်ငံ — စူရာ မုဟမ္မဒ်
إِنَّمَا الْحَيَاةُ الدُّنْيَا لَعِبٌ وَلَهْوٌ ۚ وَإِن تُؤْمِنُوا وَتَتَّقُوا يُؤْتِكُمْ أُجُورَكُمْ وَلَا يَسْأَلْكُمْ أَمْوَالَكُمْ ۝٣٦
Innamal hayaatud dunyaa la`ibunw wa lahw; wa in to`minoo wa tattaqoo yu`tikum ujoorakum wa laa yas`alkum amwaalakum
📖 မြန်မာဘာသာ
(ဤ) ပစ္စုပ္ပန်လောကီဘဝမှာ ကစားပွဲ၊ ပျော်ရွှင်ပွဲမျှသာ ဖြစ်၏။ သို့ရာတွင် အကယ်၍ အသင်တို့သည် သက်ဝင် ယုံကြည်ကြသည်ရှိသော် ၎င်းပြင်(ပြစ်မှုဒုစရိုက်တို့မှ)ကြဉ်ရှောင်ကြသည်ရှိသော် ထိုအရှင်မြတ်သည် အသင်တို့၏ ကုသိုလ်အကျိုးများကို ချီးမြှင့်ပေးသနားတော်မူပေမည်။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် အသင်တို့ထံမှ အသင်တို့၏ ပစ္စည်းများကို တောင်းဆိုမည်လည်း မဟုတ်ပေ။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္ဘာ့ဘဝသည် ကစားခြင်းနှင့် ပျော်ရွှင်မှုသာဖြစ်သည်။ သင်တို့သည် ယုံကြည်ပြီး ကောင်းမှုကို ပြုကြပါက သင်တို့၏ အကျိုးကို ပေးတော်မူမည်။ သင်တို့၏ ဥစ္စာများကို တောင်းခံတော်မူမည် မဟုတ်ပါ။
  2. ဤကမ္ဘာ့ဘဝသည် ကစားခြင်း၊ ပျော်ရွှင်ခြင်း၊ လှည့်ဖြားခြင်းသာဖြစ်သည်။ တည်ငြိမ်မှုမရှိပါ။ ထို့ကြောင့် ပညာရှိသူသည် ဤဘဝ၏ ပျော်ရွှင်မှုများဖြင့် နောင်တမလွန်ဘဝအတွက် လုပ်ဆောင်ရမည့်အရာများကို မမေ့မလျော့သင့်ပါ။ အကယ်၍ သင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့် တမန်တော်ကို ယုံကြည်ပြီး အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကို လိုက်နာ၍ တားမြစ်ထားသည်များကို ရှောင်ကြဉ်ကြပါက အလ္လာဟ်အရှင်မြတ်သည် သင်တို့၏ ကောင်းမှုများ၏ အကျိုးကို အပြည့်အဝ ပေးတော်မူမည်။ အလ္လာဟ်အရှင်မြတ်သည် သင်တို့၏ ဥစ္စာပစ္စည်းအားလုံးကို တောင်းခံတော်မူမည် မဟုတ်ပါ။ သင်တို့အပေါ် ဖြစ်သင့်သည့် ဇကာသ် (ဆွဒကာ) ကိုသာ တောင်းခံတော်မူခြင်းဖြစ်သည်။
  3. ဤကမ္ဘာ့ဘဝသည် ကစားခြင်းနှင့် ပျော်ရွှင်မှုသာဖြစ်ကြောင်း၊ လှည့်ဖြားမှုသာဖြစ်ကြောင်း သိရှိရသည်။ ထို့ကြောင့် ဤဘဝ၏ ပျော်ရွှင်မှုများကြောင့် စစ်မှန်သော လမ်းစဉ်မှ မလွဲသင့်ပါ။ ယုံကြည်မှုနှင့် ကောင်းမှုကို ပြုခြင်းဖြင့် အလ္လာဟ်အရှင်မြတ်ထံမှ ကြီးမားသော အကျိုးကို ရရှိမည်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် သင်တို့၏ ဥစ္စာများကို အလုံးစုံ တောင်းခံတော်မူခြင်းမရှိဘဲ သင်တို့ ပေးသင့်သည့် ဇကာသ်ကိုသာ တောင်းခံတော်မူခြင်းဖြစ်သည်။ ဤအရာသည် အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်နှင့် သနားတော်မူခြင်း၏ လက္ခဏာဖြစ်သည်။

ဤအာယသ်မှ ရရှိသော အကျိုးများ။ ။

  • ဤကမ္ဘာ့ဘဝသည် ယာယီသာဖြစ်ကြောင်း သိရှိရသည်။ ထို့ကြောင့် နောင်တမလွန်ဘဝအတွက် ကြိုးစားသင့်သည်။
  • အလ္လာဟ်အရှင်မြတ်သည် မိမိအား ယုံကြည်သူများကို အကျိုးပေးတော်မူသည်။ ထို့ကြောင့် ယုံကြည်မှုနှင့် ကောင်းမှုကို မပြတ်လုပ်ဆောင်သင့်သည်။
  • အလ္လာဟ်အရှင်မြတ်သည် မိမိအား ယုံကြည်သူများအပေါ် ကရုဏာထားတော်မူသည်။ သူတို့၏ ဥစ္စာများကို အလုံးစုံတောင်းခံတော်မူခြင်းမရှိဘဲ ပေးသင့်သည့်အရာကိုသာ တောင်းခံတော်မူသည်။
  • ဤအရာသည် အစ္စလာမ်သာသနာ၏ လွယ


📜 အာယာသ် 34-38 — စူရာ မုဟမ္မဒ်

34إِنَّ الَّذِينَ كَفَرُوا وَصَدُّوا عَن سَبِيلِ اللَّهِ ثُمَّ مَاتُوا وَهُمْ كُفَّارٌ فَلَن يَغْفِرَ اللَّهُ لَهُمْ
ဧကန်စင်စစ် အကြင်သူတို့သည် သွေဖည်ငြင်းပယ်ခဲ့ကြကုန်၏။ ထို့ပြင် ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်၏လမ်းမှ တားဆီး ပိတ်ပင်ခဲ့ကြကုန်၏။ ထို့နောက် ၎င်းတို့သည် ကာဖိရ်သွေဖည်ငြင်းပယ်သူတို့အဖြစ်နှင့်ပင် သေဆုံးသွားခဲ့ကြကုန်၏။ သို့ဖြစ်လျှင် အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား အလျှင်း ခွင့်လွှတ်ချမ်းသာပေးတော်မူမည် မဟုတ်ပေ။
35فَلَا تَهِنُوا وَتَدْعُوا إِلَى السَّلْمِ وَأَنتُمُ الْأَعْلَوْنَ وَاللَّهُ مَعَكُمْ وَلَن يَتِرَكُمْ أَعْمَالَكُمْ
သို့ဖြစ်ပေရာ (အို-’မုအ်မင်န်’ သက်ဝင်ယုံကြည်သူအပေါင်းတို့၊)အသင်တို့သည် အားလျှော့ခြင်း မပြုကြကုန်လင့်။(၎င်းတို့အား) စစ်ပြေငြိမ်းရေးသို့ ဖိတ်ခေါ်ခြင်းလည်း မပြုကြကုန်လင့်၊ အမှန်သော်ကား အသင်တို့သည်သာလျှင် အောင်မြင်သူများ ဖြစ်ကြကုန်၏။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့နှင့်အတူ ရှိတော်မူ၏။ ၎င်းပြင် ထိုအရှင်မြတ်သည် အသင်တို့၏ ပြုမူဆောင်ရွက်ချက်များ(၏အကျိုး)ကို အလျှင်း လျော့နည်းစေတော်မူမည် မဟုတ်ပေတကား။
36إِنَّمَا الْحَيَاةُ الدُّنْيَا لَعِبٌ وَلَهْوٌ ۚ وَإِن تُؤْمِنُوا وَتَتَّقُوا يُؤْتِكُمْ أُجُورَكُمْ وَلَا يَسْأَلْكُمْ أَمْوَالَكُمْ
(ဤ) ပစ္စုပ္ပန်လောကီဘဝမှာ ကစားပွဲ၊ ပျော်ရွှင်ပွဲမျှသာ ဖြစ်၏။ သို့ရာတွင် အကယ်၍ အသင်တို့သည် သက်ဝင် ယုံကြည်ကြသည်ရှိသော် ၎င်းပြင်(ပြစ်မှုဒုစရိုက်တို့မှ)ကြဉ်ရှောင်ကြသည်ရှိသော် ထိုအရှင်မြတ်သည် အသင်တို့၏ ကုသိုလ်အကျိုးများကို ချီးမြှင့်ပေးသနားတော်မူပေမည်။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် အသင်တို့ထံမှ အသင်တို့၏ ပစ္စည်းများကို တောင်းဆိုမည်လည်း မဟုတ်ပေ။
37إِن يَسْأَلْكُمُوهَا فَيُحْفِكُمْ تَبْخَلُوا وَيُخْرِجْ أَضْغَانَكُمْ
အကယ်၍ ထိုအရှင်မြတ်သည် အသင်တို့ထံမှ ယင်းပစ္စည်းဥစ္စာများကို တောင်းဆိုတော်မူသည်ရှိသော်၊တစ်ဖန် ထိုအရှင်မြတ်သည် အသင်တို့ထံ အပူတပြင်း တောင်းဆိုတော်မူသည်ရှိသော်၊ အသင်တို့သည် စေးနှဲကြပေမည်။ ၎င်းပြင် ထိုအရှင်မြတ်သည်လည်း အသင်တို့၏ စက်ဆုပ်မှုများကို ထုတ်ဖော်တော်မူပေမည်။
38هَا أَنتُمْ هَٰؤُلَاءِ تُدْعَوْنَ لِتُنفِقُوا فِي سَبِيلِ اللَّهِ فَمِنكُم مَّن يَبْخَلُ ۖ وَمَن يَبْخَلْ فَإِنَّمَا يَبْخَلُ عَن نَّفْسِهِ ۚ وَاللَّهُ الْغَنِيُّ وَأَنتُمُ الْفُقَرَاءُ ۚ وَإِن تَتَوَلَّوْا يَسْتَبْدِلْ قَوْمًا غَيْرَكُمْ ثُمَّ لَا يَكُونُوا أَمْثَالَكُم
ဟယ်-(အချင်းတို့၊) အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏လမ်း၌ သုံးစွဲရန် ဖိတ်ခေါ်ခြင်းကို ခံကြရသောသူများပင်။ သို့ရာတွင် အသင်တို့အနက် အချို့မှာ စေးနှဲသောသူများဖြစ်ကြကုန်၏။ အမှန်သော်ကား မည်သူမဆို စေးနှဲပါမူ ထိုသူသည် မိမိကိုယ်နှင့်ပတ်သက်၍ စေးနှဲသည်သာတည်း။ စင်စစ်သော်မူကား အလ္လာဟ်အရှင်မြတ်သည် လိုလားတောင့်တခြင်း ကင်းမဲ့တော်မူသောအရှင် ဖြစ်တော်မူ၏။ သို့ရာတွင် အသင်တို့သည် လိုလားတောင့်တသူများပင် ဖြစ်ကြကုန်၏။၎င်းပြင် အကယ်၍ အသင်တို့သည် မျက်နှာလွှဲကြပါမူ ထိုအရှင်မြတ်သည် (အသင်တို့အား) အသင်တို့၏နေရာတွင် အခြားသောအမျိုးသားတို့ဖြင့် လဲလှယ်တော်မူပေမည်။ ထိုအမျိုးသားတို့မှာကား အသင်တို့နှင့် တူကြမည် မဟုတ်ပေ။
မုဟမ္မဒ်ကုရ်အာန် ညွှန်းကိန်း
38အာယာသ်
MedinanRevelation
36အာယာသ်

ဘာသာပြန် — မုဟမ္မဒ် 36

စူရာ မုဟမ္မဒ် အာယာသ် 36 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (ဤ) ပစ္စုပ္ပန်လောကီဘဝမှာ ကစားပွဲ၊ ပျော်ရွှင်ပွဲမျှသာ ဖြစ်၏။ သို့ရာတွင် အကယ်၍ အသင်တို့သည် သက်ဝင် ယုံကြည်ကြသည်ရှိသော်…

စူရာ အာယာသ် 36/38 — စူရာ မုဟမ္မဒ် محمد (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ မုဟမ္မဒ် နားထောင်, စူရာ မုဟမ္မဒ် ဘာသာပြန်, စူရာ မုဟမ္မဒ် mp3, စူရာ မုဟမ္မဒ် pdf. အာယာသ် 34–38. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers