အလ်-ဖသ် · 13/29
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ဖသ်
وَمَن لَّمْ يُؤْمِن بِاللَّهِ وَرَسُولِهِ فَإِنَّا أَعْتَدْنَا لِلْكَافِرِينَ سَعِيرًا ۝١٣
Wa mal lam yu`mim billaahi wa Rasoolihee fainnaaa a`tadnaa lilkaafireena sa`eeraa
📖 မြန်မာဘာသာ
စင်စစ်သော်ကား မည်သူမဆို အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်အားလည်းကောင်း၊ သက်ဝင်ယုံကြည် ခြင်းမရှိခဲ့မူ ဧကန်မလွဲ ငါအရှင်မြတ်သည် ‘ကာဖိရ်’ သွေဖည် ငြင်းပယ်ကြကုန်သောသူတို့အဖို့ ‘ဂျဟန္နမ်’ ငရဲဘုံကို အဆင်သင့် ပြုလုပ်ထားတော်မူ၏။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 11-15 — စူရာ အလ်-ဖသ်

11سَيَقُولُ لَكَ الْمُخَلَّفُونَ مِنَ الْأَعْرَابِ شَغَلَتْنَا أَمْوَالُنَا وَأَهْلُونَا فَاسْتَغْفِرْ لَنَا ۚ يَقُولُونَ بِأَلْسِنَتِهِم مَّا لَيْسَ فِي قُلُوبِهِمْ ۚ قُلْ فَمَن يَمْلِكُ لَكُم مِّنَ اللَّهِ شَيْئًا إِنْ أَرَادَ بِكُمْ ضَرًّا أَوْ أَرَادَ بِكُمْ نَفْعًا ۚ بَلْ كَانَ اللَّهُ بِمَا تَعْمَلُونَ خَبِيرًا
(အို-နဗီတမန်တော်၊) မကြာမီပင် နောက်ကျန်ရစ်ခဲ့ကြလေသော ကန္တာရတွင် လှည့်လည်နေထိုင်ကြသော အရဗ်တောကျေးသားတို့သည် အသင့်အား(လာရောက်) ပြောဆိုကြပေမည်။ ကျွန်ုပ်တို့အား ကျွန်ုပ်တို့၏ ပစ္စည်းဥစ္စာများသည်လည်းကောင်း၊ ကျွန်ုပ်တို့၏ အိမ်ထောင်စုသားများသည်လည်းကောင်း၊ အလုပ်များစေခဲ့ကြပါသည်။ သို့ပါ၍ အသင် တမန်တော်မြတ်သည် ကျွန်ုပ်တို့အဖို့ (အရှင်မြတ်အထံတော်တွင်)လွတ်ငြိမ်းခွင့်ကို ပန်ကြား၍ပေးပါလေ။ (စင်စစ်မှာကား) ၎င်းတို့သည် မိမိတို့စိတ်တွင်း၌မရှိသော အရာများကို မိမိတို့၏ နှုတ်လျှာများဖြင့် ပြောဆိုနေကြကုန်၏။ (အိုနဗီတမန်တော်)အသင်သည် (၎င်းတို့အား ဤသို့)ပြောဆို (မေးမြန်း)ပါလေ။ (အချင်းတို့) သို့ဖြစ်လျှင် အလ္လာဟ်အရှင်မြတ်၏ ရှေ့တော်မှောက်တွင် အကယ်၍ ထိုအရှင်မြတ်သည် အသင်တို့၌ ဘေးအန္တရာယ် တစ်စုံတစ်ရာကို သက်ရောက်စေရန် ကြံရွယ်တော်မူပါလျှင်၊ သို့တည်းမဟုတ် ထိုအရှင်မြတ်သည် အကျိုးအာနိသင် တစ်စုံတစ်ရာကို အသင်တို့၌ သက်ရောက်စေရန် ကြံရွယ်တော်မူပါလျှင် မည်သူသည် အသင်တို့နှင့်ပတ်သက်၍ အခွင့်အာဏာ တစ်စုံတစ်ရာကို ပိုင်ဆိုင်ပါသနည်း။ စင်စစ်မှာမူကား အလ္လာဟ်အရှင်မြတ်သည် အသင်တို့ ကျင့်မူလျက် ရှိကြသည်တို့ကို အကြွင်းမဲ့သိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။
12بَلْ ظَنَنتُمْ أَن لَّن يَنقَلِبَ الرَّسُولُ وَالْمُؤْمِنُونَ إِلَىٰ أَهْلِيهِمْ أَبَدًا وَزُيِّنَ ذَٰلِكَ فِي قُلُوبِكُمْ وَظَنَنتُمْ ظَنَّ السَّوْءِ وَكُنتُمْ قَوْمًا بُورًا
စင်စစ်မှာမူကား ရစူလ်တမန်တော်မြတ်သည် လည်းကောင်း၊ ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူတို့ သည်လည်းကောင်း၊ မည်သည့်အခါမျှပင် မိမိတို့၏ အိမ်သူအိမ်သားတို့ထံ အလျှင်းပြန်လာကြမည် မဟုတ်ဟူ၍ အသင်တို့ ထင်မှတ်နေခဲ့ကြကုန်၏။ ထို့ပြင် ယင်းအတွေးအထင်သည် အသင်တို့၏ စိတ်နှလုံးများကို လှပတင့်တယ်လျက် ရှိနေစေခဲ့၏။ ၎င်းပြင် အသင်တို့သည် မကောင်းသော ထင်မြင်ချက်ကို ထင်မြင်ခဲ့ကြကုန်၏။ ထိုမှတစ်ပါး အသင်တို့သည် ပျက်စီးသော သူများပင်ဖြစ်ခဲ့ကြကုန်၏။
13وَمَن لَّمْ يُؤْمِن بِاللَّهِ وَرَسُولِهِ فَإِنَّا أَعْتَدْنَا لِلْكَافِرِينَ سَعِيرًا
စင်စစ်သော်ကား မည်သူမဆို အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်အားလည်းကောင်း၊ သက်ဝင်ယုံကြည် ခြင်းမရှိခဲ့မူ ဧကန်မလွဲ ငါအရှင်မြတ်သည် ‘ကာဖိရ်’ သွေဖည် ငြင်းပယ်ကြကုန်သောသူတို့အဖို့ ‘ဂျဟန္နမ်’ ငရဲဘုံကို အဆင်သင့် ပြုလုပ်ထားတော်မူ၏။
14وَلِلَّهِ مُلْكُ السَّمَاوَاتِ وَالْأَرْضِ ۚ يَغْفِرُ لِمَن يَشَاءُ وَيُعَذِّبُ مَن يَشَاءُ ۚ وَكَانَ اللَّهُ غَفُورًا رَّحِيمًا
စင်စစ်တမူကား မိုးကောင်းကင်များကို စိုးမိုးအုပ်ချုပ်မှု အာဏာသည်လည်းကောင်း၊ ကမ္ဘာမြေကို စိုးမိုးအုပ်ချုပ်မှု အာဏာသည်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်၌သာရှိ၏။ ထိုအရှင်မြတ်သည် မိမိအလိုရှိတော်မူသောသူအား ခွင့်လွှတ်ချမ်းသာ ပေးသနားတော်မူ၍ မိမိအလိုရှိတော်မမူသောသူအား ပြစ်ဒဏ်ပေးတော်မူသည်။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အလွန်တရာခွင့်လွှတ်ချမ်းသာ ပေးသနားတော်မူသောအရှင်၊ အလွန်တရာ သနားကြင်နာ ညှာတာတော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။
15سَيَقُولُ الْمُخَلَّفُونَ إِذَا انطَلَقْتُمْ إِلَىٰ مَغَانِمَ لِتَأْخُذُوهَا ذَرُونَا نَتَّبِعْكُمْ ۖ يُرِيدُونَ أَن يُبَدِّلُوا كَلَامَ اللَّهِ ۚ قُل لَّن تَتَّبِعُونَا كَذَٰلِكُمْ قَالَ اللَّهُ مِن قَبْلُ ۖ فَسَيَقُولُونَ بَلْ تَحْسُدُونَنَا ۚ بَلْ كَانُوا لَا يَفْقَهُونَ إِلَّا قَلِيلًا
မကြာမီပင် နောက်ကျစ်ရစ်ခဲ့ကြသော သူတို့သည် လက်ရပစ္စည်းများကိုယူရန် အသင်တို့သွားကြသောအခါ’အသင်တို့သည် ကျွန်ုပ်တို့အား မိမိတို့နှင့်အတူလိုက်ရန် ခွင့်ပြုကြလေကုန်’ ဟူ၍ ပြောဆိုကြပေမည်။ (အို-နဗီတမန်တော်၊)အသင်သည် ပြောကြားပါလေ။ (အချင်းတို့၊) အသင်တို့သည် ကျွန်ုပ်တို့နှင့်အတူ အလျှင်းမလိုက်နိုင်ကြပေ။ ဤအတိုင်း ရှေ�ဦးမဆွကပင် အလ္လာဟ်အရှင်မြတ်က မိန့်ကြားထားတော်မူ၏။ထိုအခါ ၎င်းတို့က အလျှင်းမဟုတ်၊ စင်စစ်မှာမူကား အသင်တို့သည် ကျွန်ုပ်တို့အား မနာလိုကြသည်ဟု အမှန်ပင် ပြောဆိုကြပေမည်။ အမှန်စင်စစ်သော်ကား ၎င်းတို့သည် အနည်းငယ်မျှသာလျှင် နားလည်ကြကုန်သတည်း။
အလ်-ဖသ်ကုရ်အာန် ညွှန်းကိန်း
29အာယာသ်
MedinanRevelation
13အာယာသ်

ဘာသာပြန် — အလ်-ဖသ် 13

စူရာ အလ်-ဖသ် အာယာသ် 13 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : စင်စစ်သော်ကား မည်သူမဆို အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်အားလည်းကောင်း၊ သက်ဝင်ယုံကြည် ခြင်းမရှိခဲ့မူ ဧကန်မလွဲ ငါအရှင်မြတ်သည် ‘ကာဖိရ်’…

စူရာ အာယာသ် 13/29 — စူရာ အလ်-ဖသ် الفتح (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဖသ် နားထောင်, စူရာ အလ်-ဖသ် ဘာသာပြန်, စူရာ အလ်-ဖသ် mp3, စူရာ အလ်-ဖသ် pdf. အာယာသ် 11–15. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Monday, September 28, 2026

Don't forget us in your sincere prayers