အလ်-ဖသ် · 12/29
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ဖသ်
بَلْ ظَنَنتُمْ أَن لَّن يَنقَلِبَ الرَّسُولُ وَالْمُؤْمِنُونَ إِلَىٰ أَهْلِيهِمْ أَبَدًا وَزُيِّنَ ذَٰلِكَ فِي قُلُوبِكُمْ وَظَنَنتُمْ ظَنَّ السَّوْءِ وَكُنتُمْ قَوْمًا بُورًا ۝١٢
Bal zanantum al lany yanqalibar Rasoolu walmu`minoona ilaaa ahleehim abadanw wa zuyyina zaalika fee quloobikum wa zanantum zannnas saw`i wa kuntum qawmam booraa
📖 မြန်မာဘာသာ
စင်စစ်မှာမူကား ရစူလ်တမန်တော်မြတ်သည် လည်းကောင်း၊ ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူတို့ သည်လည်းကောင်း၊ မည်သည့်အခါမျှပင် မိမိတို့၏ အိမ်သူအိမ်သားတို့ထံ အလျှင်းပြန်လာကြမည် မဟုတ်ဟူ၍ အသင်တို့ ထင်မှတ်နေခဲ့ကြကုန်၏။ ထို့ပြင် ယင်းအတွေးအထင်သည် အသင်တို့၏ စိတ်နှလုံးများကို လှပတင့်တယ်လျက် ရှိနေစေခဲ့၏။ ၎င်းပြင် အသင်တို့သည် မကောင်းသော ထင်မြင်ချက်ကို ထင်မြင်ခဲ့ကြကုန်၏။ ထိုမှတစ်ပါး အသင်တို့သည် ပျက်စီးသော သူများပင်ဖြစ်ခဲ့ကြကုန်၏။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ:
  • ဗလ် (بَلْ): ထိုသို့မဟုတ်၊ အမှန်မှာ။ ယခင်ဖော်ပြချက်ကို ပြန်လည်ပယ်ဖျက်ပြီး အမှန်တရားကို ဖော်ပြသည့် စကားလုံးဖြစ်သည်။
  • ဇန်နန်တွမ် (ظَنَنتُمْ): သင်တို့ထင်မှတ်ခဲ့ကြသည်။
  • လန်ယန်ကလိဗာ (لَن يَنقَلِبَ): ပြန်လည်ရောက်ရှိမည် မဟုတ်ပါ။
  • ဇုယိုင်နာ (زُيِّنَ): တန်ဆာဆင်ပေးခဲ့သည်၊ လှပစွာ ထင်မြင်လာအောင် ပြုလုပ်ပေးခဲ့သည်။
  • ဇန်နသ်သွစ်ဆဝ်အိ (ظَنَّ السَّوْءِ): မကောင်းသော ထင်မှတ်ချက်၊ ဆိုးရွားသော စိတ်ကူး။
  • ဗူရာ (بُورًا): ပျက်စီးသူများ၊ အကျိုးမရှိသူများ၊ ကောင်းမှုမှန်သမျှနှင့် မထိုက်တန်သူများ။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်:

အမှန်မှာ သင်တို့၏ ဆင်ခြေပေးမှုသည် ဥစ္စာပစ္စည်းနှင့် သားသမီးများကို ထိန်းသိမ်းစောင့်ရှောက်ရခြင်းကြောင့် မဟုတ်ပေ။ အမှန်စင်စစ် သင်တို့သည် တမန်တော်မြတ်နှင့် မုအ်မင်န်များသည် ရန်သူများထံမှ လုံးဝပျက်စီးခြင်းခံရပြီး မိမိတို့၏ မိသားစုများထံသို့ ဘယ်တော့မှ ပြန်လည်ရောက်ရှိတော့မည် မဟုတ်ဟု သင်တို့ ထင်မှတ်ခဲ့ကြသည်။ ရှိုင်သွာန်သည် ထိုထင်မှတ်ချက်ကို သင်တို့၏ စိတ်နှလုံးများတွင် လှပကောင်းမွန်သည့်အရာအဖြစ် ထင်မြင်လာအောင် ပြုလုပ်ပေးခဲ့သည်။ ထို့နောက် သင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့် ပတ်သက်၍ ဆိုးရွားသော ထင်မှတ်ချက်ကို ထင်မှတ်ခဲ့ကြသည်။ ဆိုလိုသည်မှာ အလ္လာဟ်အရှင်မြတ်သည် မိမိ၏ တမန်တော်မြတ်နှင့် အသက်တော်ဆက်ခံသူများကို ရန်သူများအပေါ် အောင်မြင်စေတော်မူမည် မဟုတ်ဟု ထင်မှတ်ခြင်းဖြစ်သည်။ သင်တို့သည် ကောင်းမှုမှန်သမျှနှင့် လုံးဝမထိုက်တန်သော၊ ပျက်စီးဆုံးရှုံးရမည့် လူမျိုးများ ဖြစ်ခဲ့ကြသည်။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ:
  • အလ္လာဟ်အရှင်မြတ်နှင့် ပတ်သက်၍ ကောင်းသော ထင်မှတ်ချက် (ဟွတ်စနုဇ်ဇန်န်) ထားရှိရမည်။ အရှင်မြတ်သည် မိမိ၏ ဘာသာတရားနှင့် ယုံကြည်သူများကို အမြဲအောင်မြင်စေတော်မူမည်ဖြစ်သည်။
  • ရှိုင်သွာန်သည် မကောင်းသော ထင်မှတ်ချက်များနှင့် စိုးရိမ်ပူပန်မှုများကို လှပကောင်းမွန်သည့်အရာအဖြစ် ထင်မြင်လာအောင် ပြုလုပ်ပေးတတ်သည်။ ထို့ကြောင့် မိမိတို့၏ စိတ်နှလုံးကို အမြဲသတ


📜 အာယာသ် 10-14 — စူရာ အလ်-ဖသ်

10إِنَّ الَّذِينَ يُبَايِعُونَكَ إِنَّمَا يُبَايِعُونَ اللَّهَ يَدُ اللَّهِ فَوْقَ أَيْدِيهِمْ ۚ فَمَن نَّكَثَ فَإِنَّمَا يَنكُثُ عَلَىٰ نَفْسِهِ ۖ وَمَنْ أَوْفَىٰ بِمَا عَاهَدَ عَلَيْهُ اللَّهَ فَسَيُؤْتِيهِ أَجْرًا عَظِيمًا
(အို-နဗီတမန်တော်၊) စင်စစ်ဧကန် အသင်နှင့်’ဗိုင်အတ်’ (ပဋိညာဉ်) ပြုကြကုန်သော သူတို့မှာ အလ္လာဟ်အရှင်မြတ်နှင့် ‘ဗိုင်အတ်’ပဋိညာဉ် ပြုကြသည် သာတည်း။ အလ္လာဟ်အရှင်မြတ်၏ လက်တော်ကား ၎င်းတို့၏လက်များပေါ်၌ ရှိတော်မူ၏။ သို့ဖြစ်ပေရာ �ည်သူမဆို ပဋိညာဉ်ကို ချိုးဖျက်ခဲ့ပါလျှင် ထိုသူသည် မိမိကိုယ်နှင့် ဆန့်ကျင်၍ ပဋိညာဉ်ကို ချိုးဖျက်ခြင်းပင် ဖြစ်ပေသည်။ သို့ရာတွင် မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့် ပဋိညာဉ်ပြုခဲ့သော အချက်တို့ကိုထိန်းသိမ်း စောင့်ရှောက်ခဲ့ပါလျှင် မကြာမြင့်မီပင် ထိုအရှင်မြတ်သည် ၎င်းအား ကြီးကျယ်လှစွာသော အကျိုးကို ချီးမြှင့် ပေးသနားတော်မူအံ့ သတည်း။
11سَيَقُولُ لَكَ الْمُخَلَّفُونَ مِنَ الْأَعْرَابِ شَغَلَتْنَا أَمْوَالُنَا وَأَهْلُونَا فَاسْتَغْفِرْ لَنَا ۚ يَقُولُونَ بِأَلْسِنَتِهِم مَّا لَيْسَ فِي قُلُوبِهِمْ ۚ قُلْ فَمَن يَمْلِكُ لَكُم مِّنَ اللَّهِ شَيْئًا إِنْ أَرَادَ بِكُمْ ضَرًّا أَوْ أَرَادَ بِكُمْ نَفْعًا ۚ بَلْ كَانَ اللَّهُ بِمَا تَعْمَلُونَ خَبِيرًا
(အို-နဗီတမန်တော်၊) မကြာမီပင် နောက်ကျန်ရစ်ခဲ့ကြလေသော ကန္တာရတွင် လှည့်လည်နေထိုင်ကြသော အရဗ်တောကျေးသားတို့သည် အသင့်အား(လာရောက်) ပြောဆိုကြပေမည်။ ကျွန်ုပ်တို့အား ကျွန်ုပ်တို့၏ ပစ္စည်းဥစ္စာများသည်လည်းကောင်း၊ ကျွန်ုပ်တို့၏ အိမ်ထောင်စုသားများသည်လည်းကောင်း၊ အလုပ်များစေခဲ့ကြပါသည်။ သို့ပါ၍ အသင် တမန်တော်မြတ်သည် ကျွန်ုပ်တို့အဖို့ (အရှင်မြတ်အထံတော်တွင်)လွတ်ငြိမ်းခွင့်ကို ပန်ကြား၍ပေးပါလေ။ (စင်စစ်မှာကား) ၎င်းတို့သည် မိမိတို့စိတ်တွင်း၌မရှိသော အရာများကို မိမိတို့၏ နှုတ်လျှာများဖြင့် ပြောဆိုနေကြကုန်၏။ (အိုနဗီတမန်တော်)အသင်သည် (၎င်းတို့အား ဤသို့)ပြောဆို (မေးမြန်း)ပါလေ။ (အချင်းတို့) သို့ဖြစ်လျှင် အလ္လာဟ်အရှင်မြတ်၏ ရှေ့တော်မှောက်တွင် အကယ်၍ ထိုအရှင်မြတ်သည် အသင်တို့၌ ဘေးအန္တရာယ် တစ်စုံတစ်ရာကို သက်ရောက်စေရန် ကြံရွယ်တော်မူပါလျှင်၊ သို့တည်းမဟုတ် ထိုအရှင်မြတ်သည် အကျိုးအာနိသင် တစ်စုံတစ်ရာကို အသင်တို့၌ သက်ရောက်စေရန် ကြံရွယ်တော်မူပါလျှင် မည်သူသည် အသင်တို့နှင့်ပတ်သက်၍ အခွင့်အာဏာ တစ်စုံတစ်ရာကို ပိုင်ဆိုင်ပါသနည်း။ စင်စစ်မှာမူကား အလ္လာဟ်အရှင်မြတ်သည် အသင်တို့ ကျင့်မူလျက် ရှိကြသည်တို့ကို အကြွင်းမဲ့သိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။
12بَلْ ظَنَنتُمْ أَن لَّن يَنقَلِبَ الرَّسُولُ وَالْمُؤْمِنُونَ إِلَىٰ أَهْلِيهِمْ أَبَدًا وَزُيِّنَ ذَٰلِكَ فِي قُلُوبِكُمْ وَظَنَنتُمْ ظَنَّ السَّوْءِ وَكُنتُمْ قَوْمًا بُورًا
စင်စစ်မှာမူကား ရစူလ်တမန်တော်မြတ်သည် လည်းကောင်း၊ ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူတို့ သည်လည်းကောင်း၊ မည်သည့်အခါမျှပင် မိမိတို့၏ အိမ်သူအိမ်သားတို့ထံ အလျှင်းပြန်လာကြမည် မဟုတ်ဟူ၍ အသင်တို့ ထင်မှတ်နေခဲ့ကြကုန်၏။ ထို့ပြင် ယင်းအတွေးအထင်သည် အသင်တို့၏ စိတ်နှလုံးများကို လှပတင့်တယ်လျက် ရှိနေစေခဲ့၏။ ၎င်းပြင် အသင်တို့သည် မကောင်းသော ထင်မြင်ချက်ကို ထင်မြင်ခဲ့ကြကုန်၏။ ထိုမှတစ်ပါး အသင်တို့သည် ပျက်စီးသော သူများပင်ဖြစ်ခဲ့ကြကုန်၏။
13وَمَن لَّمْ يُؤْمِن بِاللَّهِ وَرَسُولِهِ فَإِنَّا أَعْتَدْنَا لِلْكَافِرِينَ سَعِيرًا
စင်စစ်သော်ကား မည်သူမဆို အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်အားလည်းကောင်း၊ သက်ဝင်ယုံကြည် ခြင်းမရှိခဲ့မူ ဧကန်မလွဲ ငါအရှင်မြတ်သည် ‘ကာဖိရ်’ သွေဖည် ငြင်းပယ်ကြကုန်သောသူတို့အဖို့ ‘ဂျဟန္နမ်’ ငရဲဘုံကို အဆင်သင့် ပြုလုပ်ထားတော်မူ၏။
14وَلِلَّهِ مُلْكُ السَّمَاوَاتِ وَالْأَرْضِ ۚ يَغْفِرُ لِمَن يَشَاءُ وَيُعَذِّبُ مَن يَشَاءُ ۚ وَكَانَ اللَّهُ غَفُورًا رَّحِيمًا
စင်စစ်တမူကား မိုးကောင်းကင်များကို စိုးမိုးအုပ်ချုပ်မှု အာဏာသည်လည်းကောင်း၊ ကမ္ဘာမြေကို စိုးမိုးအုပ်ချုပ်မှု အာဏာသည်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်၌သာရှိ၏။ ထိုအရှင်မြတ်သည် မိမိအလိုရှိတော်မူသောသူအား ခွင့်လွှတ်ချမ်းသာ ပေးသနားတော်မူ၍ မိမိအလိုရှိတော်မမူသောသူအား ပြစ်ဒဏ်ပေးတော်မူသည်။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အလွန်တရာခွင့်လွှတ်ချမ်းသာ ပေးသနားတော်မူသောအရှင်၊ အလွန်တရာ သနားကြင်နာ ညှာတာတော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။
အလ်-ဖသ်ကုရ်အာန် ညွှန်းကိန်း
29အာယာသ်
MedinanRevelation
12အာယာသ်

ဘာသာပြန် — အလ်-ဖသ် 12

စူရာ အလ်-ဖသ် အာယာသ် 12 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : စင်စစ်မှာမူကား ရစူလ်တမန်တော်မြတ်သည် လည်းကောင်း၊ ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူတို့ သည်လည်းကောင်း၊ မည်သည့်အခါမျှပင် မိမိတို့၏ အိမ်သူအိမ်သားတို့ထံ အလျှင်းပြန်လာကြမည်…

စူရာ အာယာသ် 12/29 — စူရာ အလ်-ဖသ် الفتح (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဖသ် နားထောင်, စူရာ အလ်-ဖသ် ဘာသာပြန်, စူရာ အလ်-ဖသ် mp3, စူရာ အလ်-ဖသ် pdf. အာယာသ် 10–14. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Friday, October 2, 2026

Don't forget us in your sincere prayers