အလ်-ဖသ် · 6/29
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ဖသ်
وَيُعَذِّبَ الْمُنَافِقِينَ وَالْمُنَافِقَاتِ وَالْمُشْرِكِينَ وَالْمُشْرِكَاتِ الظَّانِّينَ بِاللَّهِ ظَنَّ السَّوْءِ ۚ عَلَيْهِمْ دَائِرَةُ السَّوْءِ ۖ وَغَضِبَ اللَّهُ عَلَيْهِمْ وَلَعَنَهُمْ وَأَعَدَّ لَهُمْ جَهَنَّمَ ۖ وَسَاءَتْ مَصِيرًا ۝٦
Wa yu`azzibal munaafiqeena walmunaafiqaati wal mushrikeena walmushrikaatiz zaaanneena billaahi zannas saw`; `alaihim daaa`iratus saw`i wa ghadibal laahu `alaihim wa la`anahum wa a`adda lahum jahannama wa saaa` at maseeraa
📖 မြန်မာဘာသာ
ထိုမှတစ်ပါး ထိုအရှင်မြတ်သည် အလ္လာဟ်အရှင်မြတ်နှင့်ပတ်သက်၍ မကောင်းသော ထင်မြင်ယူဆချက်ကို ထင်မြင်ယူဆကြကုန်သော ‘မုနာဖစ်က်’ မုစ်လင်မ်အယောင်ဆောင် ယောက်ျား၊ မိန်းမတို့အားလည်းကောင်း၊ ‘မုရှ်ရစ်က်’ တစ်စုံတစ်ရာကို အလ္လာဟ်အရှင်မြတ်နှင့်တွဲဖက် နှိုင်းယှဉ်ကိုးကွယ်ကြသော ယောက်ျား၊ မိန်းမတို့အားလည်းကောင်း၊ ပြစ်ဒဏ်ပေးတော်မူအံ့သောငှာဖြစ်၏။ ၎င်းတို့၌ ဘေးဆိုးသည် ဆိုက်ရောက်တော့မည်ဖြစ်၏။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့၏အပေါ်၌ အမျက်ထွက်တော်မူမည်။ ထို့ပြင် ၎င်းတို့အား ကရုဏာတော်မှ ကင်းဝေးစေတော်မူမည်။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် ၎င်းတို့အဖို့ ‘ဂျဟန္နမ်’ ငရဲဘုံကို အဆင်သင့်ပြုလုပ်၍ ထားတော်မူ၏။ စင်စစ်မှာမူကား ယင်းငရဲဘုံသည် လွန်စွာ ဆိုးရွားလှသော နေရာထိုင်ခင်းပင် ဖြစ်ပေသည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ

  • الْمُنَافِقِينَ وَالْمُنَافِقَاتِ — အမျိုးသား အမျိုးသမီး အယောင်ဆောင်သူများ။ ဆိုလိုသည်မှာ အပြင်ပန်း အစ္စလာမ်ကို ပြသော်လည်း အတွင်းစိတ်တွင် မယုံကြည်မှုကို ဖုံးကွယ်ထားသူများ။
  • الْمُشْرِكِينَ وَالْمُشْرِكَاتِ — အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်ကိုးကွယ်သူ အမျိုးသား အမျိုးသမီးများ။
  • ظَنَّ السَّوْءِ — ဆိုးရွားသော ထင်မြင်ချက်။ ဤနေရာတွင် အလ္လာဟ်အရှင်မြတ်သည် တမန်တော်မုဟမ္မဒ် (ဆွ) နှင့် မုအ်မင်န်များကို ကူညီမစတော်မူမည် မဟုတ်၊ ဒီန် (သာသနာ) ကို မြှင့်တင်ပေးတော်မူမည် မဟုတ်ဟု ထင်မှတ်ခြင်းကို ဆိုလိုသည်။
  • دَائِرَةُ السَّوْءِ — ဆိုးကျိုး လည်ပတ်ခြင်း။ ဆိုလိုသည်မှာ ပျက်စီးခြင်း၊ ပြစ်ဒဏ်ခံရခြင်းသည် သူတို့အပေါ်သို့သာ ပြန်လည်ကျရောက်မည်။
  • لَعَنَهُمْ — အလ္လာဟ်အရှင်မြတ်သည် သူတို့ကို ကရုဏာတော်မှ ကင်းဝေးစေတော်မူခဲ့သည်။
  • مَصِيرًا — ပြန်လည်ရောက်ရှိရမည့် နေရာ၊ နောက်ဆုံးပန်းတိုင်။

၂။ အာယသ်တော်၏ အဓိပ္ပာယ် ရှင်းလင်းချက်

အလ္လာဟ်အရှင်မြတ်သည် အယောင်ဆောင်သူ အမျိုးသား အမျိုးသမီးများနှင့် တွဲဖက်ကိုးကွယ်သူ အမျိုးသား အမျိုးသမီးများကို ပြစ်ဒဏ်ပေးတော်မူမည်။ ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်အပေါ် ဆိုးရွားသော ထင်မြင်ချက်ဖြင့် ထင်မှတ်ကြသည်။ ဆိုလိုသည်မှာ အလ္လာဟ်အရှင်မြတ်သည် မိမိ၏ တမန်တော်ကို ကူညီမစတော်မူမည် မဟုတ်၊ မိမိ၏ သာသနာတော်ကို မြှင့်တင်ပေးတော်မူမည် မဟုတ်ဟု သူတို့ ထင်မှတ်ကြခြင်း ဖြစ်သည်။ သို့သော် ဆိုးကျိုး လည်ပတ်မှုသည် သူတို့အပေါ်သို့သာ ပြန်လည်ကျရောက်မည်။ အလ္လာဟ်အရှင်မြတ်သည် သူတို့အပေါ် အမျက်တော်ရှိတော်မူပြီး ကရုဏာတော်မှ ကင်းဝေးစေတော်မူခဲ့သည်။ ထို့ပြင် သူတို့အတွက် ဂျဟန်နမ် (ငရဲမီး) ကို အသင့်ပြင်ဆင်ထားတော်မူသည်။ ထိုဂျဟန်နမ်သည် အလွန်ဆိုးရွားလှသော ပြန်လည်ရောက်ရှိရမည့် နေရာ ဖြစ်ပေသည်။

၃။ ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ

  • အလ္လာဟ်အရှင်မြတ်အပေါ် ကောင်းသော ထင်မြင်ချက်ထားရှိခြင်းသည် အီမာန်၏ အရေးကြီးသော အစိတ်အပိုင်း ဖြစ်သည်။ အရှင်မြတ်သည် မိမိ၏ သာသနာကို မြှင့်တင်ပေးတော်မူမည်၊ မိမိ၏ ကျေးကျွန်မျ


📜 အာယာသ် 4-8 — စူရာ အလ်-ဖသ်

4هُوَ الَّذِي أَنزَلَ السَّكِينَةَ فِي قُلُوبِ الْمُؤْمِنِينَ لِيَزْدَادُوا إِيمَانًا مَّعَ إِيمَانِهِمْ ۗ وَلِلَّهِ جُنُودُ السَّمَاوَاتِ وَالْأَرْضِ ۚ وَكَانَ اللَّهُ عَلِيمًا حَكِيمًا
ထိုအရှင်မြတ်သည်ပင် ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူတို့၏ စိတ်နှလုံးများတွင် ၎င်းတို့၏ ရှိရင်းစွဲ ယုံကြည်မှုအပေါ်၌ ထပ်မံ၍ ယုံကြည်မှု တိုးပွားစေရန် စိတ်တည်ငြိမ်မှုကို ချပေးသနားတော်မူခဲ့၏။ စင်စစ်သော်ကား မိုးကောင်းကင်များ၌ရှိကုန်သော စစ်တပ်တို့သည်လည်းကောင်း၊ ပထဝီမြေ၌ရှိကုန်သော စစ်တပ်တို့သည်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ် ပိုင်ဆိုင်တော်မူသော စစ်တပ်များပင်ဖြစ်ကုန်၏။ စင်စစ်တမူကား အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့သိတော်မူသောအရှင်၊ ဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူ၏။
5لِّيُدْخِلَ الْمُؤْمِنِينَ وَالْمُؤْمِنَاتِ جَنَّاتٍ تَجْرِي مِن تَحْتِهَا الْأَنْهَارُ خَالِدِينَ فِيهَا وَيُكَفِّرَ عَنْهُمْ سَيِّئَاتِهِمْ ۚ وَكَانَ ذَٰلِكَ عِندَ اللَّهِ فَوْزًا عَظِيمًا
(ထိုသို့ဖြစ်ရခြင်းမှာ) ထိုအရှင်မြတ်သည် သက်ဝင်ယုံကြည်သော ယောက်ျားများအားလည်းကောင်း၊ သက်ဝင်ယုံကြည်သော မိန်းမများအားလည်းကောင်း၊ အကြင်ဥယျာဉ်များသို့ ဝင်ရောက်စေတော်မူအံ့သောငှာဖြစ်၏။ ၎င်းတို့သည် ထိုဥယျာဉ်များထဲတွင် ထာဝစဉ် နေကြရမည်ဖြစ်သည်။ ယင်းဥယျာဉ်များ၏အောက်မှ ချောင်းများသည် စီးတွေလျက်ရှိကြပေမည်။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် ၎င်းတို့မှ ၎င်းတို့၏ပြစ်မှု၊ ဒုစရိုက်တို့ကို ပပျောက်စေတော်မူအံ့သောငှာဖြစ်၏။စင်စစ်သော်ကား ထိုသည်ပင်လျှင် အလ္လာဟ်အရှင်မြတ်အထံတော်၌ ကြီးကျယ်လှစွာသော အောင်မြင်မှုဖြစ်၏။
6وَيُعَذِّبَ الْمُنَافِقِينَ وَالْمُنَافِقَاتِ وَالْمُشْرِكِينَ وَالْمُشْرِكَاتِ الظَّانِّينَ بِاللَّهِ ظَنَّ السَّوْءِ ۚ عَلَيْهِمْ دَائِرَةُ السَّوْءِ ۖ وَغَضِبَ اللَّهُ عَلَيْهِمْ وَلَعَنَهُمْ وَأَعَدَّ لَهُمْ جَهَنَّمَ ۖ وَسَاءَتْ مَصِيرًا
ထိုမှတစ်ပါး ထိုအရှင်မြတ်သည် အလ္လာဟ်အရှင်မြတ်နှင့်ပတ်သက်၍ မကောင်းသော ထင်မြင်ယူဆချက်ကို ထင်မြင်ယူဆကြကုန်သော ‘မုနာဖစ်က်’ မုစ်လင်မ်အယောင်ဆောင် ယောက်ျား၊ မိန်းမတို့အားလည်းကောင်း၊ ‘မုရှ်ရစ်က်’ တစ်စုံတစ်ရာကို အလ္လာဟ်အရှင်မြတ်နှင့်တွဲဖက် နှိုင်းယှဉ်ကိုးကွယ်ကြသော ယောက်ျား၊ မိန်းမတို့အားလည်းကောင်း၊ ပြစ်ဒဏ်ပေးတော်မူအံ့သောငှာဖြစ်၏။ ၎င်းတို့၌ ဘေးဆိုးသည် ဆိုက်ရောက်တော့မည်ဖြစ်၏။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့၏အပေါ်၌ အမျက်ထွက်တော်မူမည်။ ထို့ပြင် ၎င်းတို့အား ကရုဏာတော်မှ ကင်းဝေးစေတော်မူမည်။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် ၎င်းတို့အဖို့ ‘ဂျဟန္နမ်’ ငရဲဘုံကို အဆင်သင့်ပြုလုပ်၍ ထားတော်မူ၏။ စင်စစ်မှာမူကား ယင်းငရဲဘုံသည် လွန်စွာ ဆိုးရွားလှသော နေရာထိုင်ခင်းပင် ဖြစ်ပေသည်။
7وَلِلَّهِ جُنُودُ السَّمَاوَاتِ وَالْأَرْضِ ۚ وَكَانَ اللَّهُ عَزِيزًا حَكِيمًا
အမှန်စင်စစ်သော်ကား မိုးကောင်းကင်များ၌ရှိကုန်သော စစ်တပ်များသည်လည်းကောင်း၊ ပထဝီမြေ၌ရှိကုန်သော စစ်တပ်များသည်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ် ပိုင်ဆိုင်တော်မူသော စစ်တပ်ပင်ဖြစ်ကုန်၏။ ထိုမှတစ်ပါး အလ္လာဟ်အရှင်မြတ်မှာမူကား ဘုန်းတန်ခိုးနှင့် ပြည့်စုံတော်မူသော အရှင်ဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။
8إِنَّا أَرْسَلْنَاكَ شَاهِدًا وَمُبَشِّرًا وَنَذِيرًا
(အို-နဗီတမန်တော်၊) ဧကန်မလွဲ ငါအရှင်မြတ်သည် အသင့်အား သက်သေအဖြစ်လည်းကောင်း၊ သတင်းကောင်း ပြောကြားသူ အဖြစ်လည်းကောင်း၊ သတိပေးနှိုးဆော်သူ အဖြစ်လည်းကောင်း၊ စေလွှတ်တော်မူခဲ့၏။
အလ်-ဖသ်ကုရ်အာန် ညွှန်းကိန်း
29အာယာသ်
MedinanRevelation
6အာယာသ်

ဘာသာပြန် — အလ်-ဖသ် 6

စူရာ အလ်-ဖသ် အာယာသ် 6 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထိုမှတစ်ပါး ထိုအရှင်မြတ်သည် အလ္လာဟ်အရှင်မြတ်နှင့်ပတ်သက်၍ မကောင်းသော ထင်မြင်ယူဆချက်ကို ထင်မြင်ယူဆကြကုန်သော ‘မုနာဖစ်က်’ မုစ်လင်မ်အယောင်ဆောင် ယောက်ျား၊ မိန်းမတို့အားလည်းကောင်း၊…

စူရာ အာယာသ် 6/29 — စူရာ အလ်-ဖသ် الفتح (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဖသ် နားထောင်, စူရာ အလ်-ဖသ် ဘာသာပြန်, စူရာ အလ်-ဖသ် mp3, စူရာ အလ်-ဖသ် pdf. အာယာသ် 4–8. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Sunday, October 18, 2026

Don't forget us in your sincere prayers