အလ်-မာအိဒ · 39/120
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-မာအိဒ
فَمَن تَابَ مِن بَعْدِ ظُلْمِهِ وَأَصْلَحَ فَإِنَّ اللَّهَ يَتُوبُ عَلَيْهِ ۗ إِنَّ اللَّهَ غَفُورٌ رَّحِيمٌ ۝٣٩
Faman taaba mim ba`di zulmihee wa aslaha fa innal laaha yatoobu `alaih; innal laaha Ghafoorur Raheem
📖 မြန်မာဘာသာ
တစ်ဖန် မည်သူမဆို မိမိ ပြစ်မှုကျုးလွန်ပြီးသည့်နောက် (သတိသံဝေဂ နောင်တတရားရရှိကာ အလ္လာဟ်အရှင်မြတ်အထံတော်၌) ဝန်ချတောင်းပန်ပြီး (မိမိကိုယ်ကို မိမိ) ပြုပြင်ခဲ့ပါမူ မလွဲဧကန် အလ္လာဟ်အရှင်မြတ်သည် ထိုသူ၏ဘက်သို့ ကရုဏာတော်နှင့် ပြန်လှည့်တော်မူအံ့။ အလ္လာဟ်အရှင်မြတ်သည် စင်စစ်ဧကန် အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊ အလွန်တရာ သနားကြင်နာ ညှာတာတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ခက်ခဲသောစကားလုံးများ၏အဓိပ္ပာယ်
  • تَابَ (တာဗာ)။ ။ အပြစ်မှ လှည့်ပြန်လာပြီး အလ္လာဟ်အရှင်မြတ်ထံ ဝန်ခံတောင်းပန်ခြင်း။
  • ظُلْمِهِ (ဇုလ်မိဟိ)။ ။ ဤနေရာတွင် ခိုးမှုကျူးလွန်ခြင်းကို ဆိုလိုသည်။
  • أَصْلَحَ (အဆ်လဟာ)။ ။ မိမိ၏လုပ်ရပ်များကို ပြုပြင်ခြင်း၊ ကောင်းမှုဖြင့် ဖြည့်ဆည်းခြင်း။
  • يَتُوبُ عَلَيْهِ (ယာတူဗု အလိုင်ဟိ)။ ။ သူ့ထံသို့ အလ္လာဟ်အရှင်မြတ်၏ ခွင့်လွှတ်မှုနှင့် လက်ခံမှု ပြန်လည်ရောက်ရှိခြင်း။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

ဤအာယသ်တော်သည် ခိုးမှုကျူးလွန်သူတစ်ဦးအတွက် မျှော်လင့်ချက်တံခါးကို ဖွင့်ပေးထားသည်။ အကြောင်းမှာ လူတစ်ဦးသည် ခိုးမှုကဲ့သို့သော မိမိကိုယ်ကို ထိခိုက်နစ်နာစေသည့် အပြစ်ကို ကျူးလွန်ပြီးနောက် စိတ်ရင်းမှန်ဖြင့် အလ္လာဟ်အရှင်မြတ်ထံ လှည့်ပြန်လာပြီး ဝန်ခံတောင်းပန်ကာ မိမိ၏လုပ်ရပ်များကို ပြုပြင်၍ ကောင်းမှုများဖြင့် ဖြည့်ဆည်းပါက အလ္လာဟ်အရှင်မြတ်သည် သူ၏တောင်းပန်မှုကို လက်ခံတော်မူသည်။ အရှင်မြတ်သည် မိမိကျေးကျွန်များ၏ အပြစ်များကို အလွန်ခွင့်လွှတ်တော်မူသောအရှင်၊ အလွန်ကရုဏာထားတော်မူသောအရှင် ဖြစ်တော်မူသည်။ သို့သော် ဤတောင်းပန်မှုသည် နောင်တရခြင်းနှင့် ပြုပြင်ခြင်းအတွက် အကျိုးရှိသော်လည်း အာဏာပိုင်များထံ အမှုရောက်ရှိပြီး ခိုးမှုနှင့်ပတ်သက်သော ပြစ်ဒဏ်ချမှတ်ရန် လိုအပ်လာပါက ထိုပြစ်ဒဏ်ကို တောင်းပန်မှုဖြင့် ပယ်ဖျက်နိုင်မည် မဟုတ်ပေ။ ဆိုလိုသည်မှာ လောကီပြစ်ဒဏ်နှင့် နောင်တရခြင်းသည် သီးခြားကိစ္စများဖြစ်ပြီး နောင်တရခြင်းဖြင့် အာခိရသ်၏ပြစ်ဒဏ်ကို ဖယ်ရှားနိုင်သော်လည်း လောကီပြစ်ဒဏ်ကို အာဏာပိုင်က ချမှတ်ပါက ခံရမည်ဖြစ်သည်။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများ
  • အလ္လာဟ်အရှင်မြတ်သည် အပြစ်များစွာကို ခွင့်လွှတ်တော်မူသောအရှင်၊ ကရုဏာထားတော်မူသောအရှင် ဖြစ်တော်မူကြောင်း သိရှိရသည်။
  • မည်သည့်အပြစ်မျှ ကြီးလွန်းသည်မဟုတ်၊ စိတ်ရင်းမှန်ဖြင့် တောင်းပန်ပါက အလ္လာဟ်အရှင်မြတ်သည် လက်ခံတော်မူသည်ကို သိရသည်။
  • အပြစ်ကျူးလွန်ပြီးနောက် စိတ်ပျက်အားလျော့မနေဘဲ အလ္လာဟ်အရှင်မြတ်ထံ လှည့်ပြန်လာရန် အားပေးမှုရ


📜 အာယာသ် 37-41 — စူရာ အလ်-မာအိဒ

37يُرِيدُونَ أَن يَخْرُجُوا مِنَ النَّارِ وَمَا هُم بِخَارِجِينَ مِنْهَا ۖ وَلَهُمْ عَذَابٌ مُّقِيمٌ
၎င်းတို့သည် ဂျဟန္နမ်ငရဲမီးမှ ထွက်လိုကြကုန်အံ့။ သို့ရာတွင်မူကား ၎င်းတို့သည် (မည်သည့်အခါမျှ) ထို (ဂျဟန္နမ်) ငရဲမီးမှ ထွက်ကြရမည့်သူများမဟုတ်ပေ။ အမှန်စင်စစ်သော်ကား ၎င်းတို့အဖို့ အမြဲတ�်တံ့သောပြစ်ဒဏ်သည် (အဆင့်သင့်) ရှိနေမည်သာတည်း။
38وَالسَّارِقُ وَالسَّارِقَةُ فَاقْطَعُوا أَيْدِيَهُمَا جَزَاءً بِمَا كَسَبَا نَكَالًا مِّنَ اللَّهِ ۗ وَاللَّهُ عَزِيزٌ حَكِيمٌ
၎င်းအပြင် (အို- တရားသူကြီးအပေါင်းတို့) ခိုးသူယောက်ျားပင်ဖြစ်စေ၊ ခိုးသူမိန်းမပင်ဖြစ်စေ၊ အသင်တို့သည် ၎င်းတို့နှစ်ဦးလုံး၏လက်များကို ဖြတ်တောက်ကြလေကုန်။ (ဤသည်) ထိုသူတို့နှစ်ဦး ပြုမူခဲ့ကြသော ပြုမူချက်၏ ပြစ်ဒဏ်လည်းဖြစ်၏။ အလ္လာဟ်အရှင်မြတ်အထံတော်မှ (အခြားသူများ) သတိသံဝေဂရစေရန် ဆုံးမချက်တစ်ရပ်လည်းဖြစ်၏။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် တန်ခိုးအာနုဘော်နှင့် ပြည့်စုံတော်မူသောအရှင်၊ ဉာဏ်အမြော်အမြင်နှင့်ပြည့်စုံတော်မူသော အရှင်မြတ်ပင်တည်း။
39فَمَن تَابَ مِن بَعْدِ ظُلْمِهِ وَأَصْلَحَ فَإِنَّ اللَّهَ يَتُوبُ عَلَيْهِ ۗ إِنَّ اللَّهَ غَفُورٌ رَّحِيمٌ
တစ်ဖန် မည်သူမဆို မိမိ ပြစ်မှုကျုးလွန်ပြီးသည့်နောက် (သတိသံဝေဂ နောင်တတရားရရှိကာ အလ္လာဟ်အရှင်မြတ်အထံတော်၌) ဝန်ချတောင်းပန်ပြီး (မိမိကိုယ်ကို မိမိ) ပြုပြင်ခဲ့ပါမူ မလွဲဧကန် အလ္လာဟ်အရှင်မြတ်သည် ထိုသူ၏ဘက်သို့ ကရုဏာတော်နှင့် ပြန်လှည့်တော်မူအံ့။ အလ္လာဟ်အရှင်မြတ်သည် စင်စစ်ဧကန် အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊ အလွန်တရာ သနားကြင်နာ ညှာတာတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသည်။
40أَلَمْ تَعْلَمْ أَنَّ اللَّهَ لَهُ مُلْكُ السَّمَاوَاتِ وَالْأَرْضِ يُعَذِّبُ مَن يَشَاءُ وَيَغْفِرُ لِمَن يَشَاءُ ۗ وَاللَّهُ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ
ဧကန်စင်စစ် မိုးကောင်းကင်များနှင့် ပထဝီမြေကို စိုးမိုးအုပ်ချုပ်မှုအာဏာသည် အလ္လာဟ်အရှင်မြတ်၌သာရှိသည်ကို အသင်သည် မသိလေသလော။ ထိုအရှင်သည် မိမိအလိုရှိတော်မူသောသူအား ပြစ်ဒဏ်ပေးတော်မူ၏။ ထိုနည်းတူစွာ မိမိအလိုရှိတော်မူသောသူအား ချမ်းသာခွင့်ပေးသနားတော်မူ၏။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို စွမ်းဆောင်နိုင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
41۞ يَا أَيُّهَا الرَّسُولُ لَا يَحْزُنكَ الَّذِينَ يُسَارِعُونَ فِي الْكُفْرِ مِنَ الَّذِينَ قَالُوا آمَنَّا بِأَفْوَاهِهِمْ وَلَمْ تُؤْمِن قُلُوبُهُمْ ۛ وَمِنَ الَّذِينَ هَادُوا ۛ سَمَّاعُونَ لِلْكَذِبِ سَمَّاعُونَ لِقَوْمٍ آخَرِينَ لَمْ يَأْتُوكَ ۖ يُحَرِّفُونَ الْكَلِمَ مِن بَعْدِ مَوَاضِعِهِ ۖ يَقُولُونَ إِنْ أُوتِيتُمْ هَٰذَا فَخُذُوهُ وَإِن لَّمْ تُؤْتَوْهُ فَاحْذَرُوا ۚ وَمَن يُرِدِ اللَّهُ فِتْنَتَهُ فَلَن تَمْلِكَ لَهُ مِنَ اللَّهِ شَيْئًا ۚ أُولَٰئِكَ الَّذِينَ لَمْ يُرِدِ اللَّهُ أَن يُطَهِّرَ قُلُوبَهُمْ ۚ لَهُمْ فِي الدُّنْيَا خِزْيٌ ۖ وَلَهُمْ فِي الْآخِرَةِ عَذَابٌ عَظِيمٌ
အို- ရစူလ်တမန်တော်၊ အကြင်သူတို့သည်‘ကုဖ်ရ်’သွေဖည်မှု၌ အပြေးအလွှားကျဆင်းလျက်ရှိသော အကြင်သူတို့သည် အသင့်အား စိတ်နှလုံးမချမ်းမမြေ့ မဖြစ်စေကြရ။ ထိုသူတို့သည် ၎င်းတို့၏ စိတ်နှလုံးများက ‘အီမာန်’ သက်ဝင်ယုံကြည်ခြင်းမရှိဘဲ မိမိတို့၏နှုတ်များဖြင့်သာ “ကျွန်ုပ်တို့သည် သက်ဝင်ယုံကြည်ကြပါပြီ” ဟု ပြောဆိုသူတို့အနက်မှပင်ဖြစ်စေ၊ ယဟူဒီများအနက်မှပင်ဖြစ်စေ ထိုထိုသောသူတို့သည် မုသားကို အလွန်တရာကြားနာသူများ၊ အသင့်ထံမလာကြသောသူတို့အဖို့ (အသင့်ထံလာရောက်၍) နားစွင့်သူများ ဖြစ်ကြကုန်၏။ ၎င်းတို့သည် မုက္ခပါဌ်တော်များကို ထိုမုက္ခပါဌ်တော်များ၏ မူရင်းနေရာများမှ ရွှေ့ပြောင်းလေ့ရှိကြသည့်ပြင် (မိမိတို့အုပ်စုဝင်များအား) အသင်တို့သည် (နဗီတမန်တော် မုဟမ္မဒ်၏ထံမှ) ဤ (ရွှေ့ပြောင်းထားသည့်) အတိုင်း အမိန့်ရရှိကြပါမူ နာယူလက်ခံကြလေကုန်။ သို့ရာတွင် ထို (ရွေ့ပြောင်းထားသည့်) အတိုင်း မရရှိကြလျှင် ဖယ်ရှောင်ကြလေကုန်ဟူ၍လည်း ပြောဆိုလေ့ရှိကြကုန်၏။ အမှန်စင်စစ်သော်ကား မည်သူ့ကိုမဆို အလ္လာဟ်အရှင်မြတ်သည် လမ်းလွဲစေတော်မူပါလျှင် အသင်သည် အလ္လာဟ်အရှင်မြတ်နှင့်ဆန့်ကျင်၍ ထိုသူအား မည်သည့်အကျိုးကိုမျှ ပြုစွမ်းနိုင်ခြင်း အလျင်းမရှိပေ။ ဤသူတို့ကား အကြင်သူများတည်း။ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့၏စိတ်နှလုံးများကို သန့်ရှင်းစင်ကြယ်စေရန် ရည်စူးတော်မူခဲ့သည်မဟုတ်ပေ။ ၎င်းတို့၌ (ဤပစ္စုပ္ပန်) လောကီဘဝတွင်လည်း ကျိုးယုတ်ရှက်ရဖြစ်ခြင်းသည်ရှိ၏။ နောင်တမလွန်ဘဝတွင်လည်း ၎င်းတို့၌ ကြီး�ေးလှစွာသော ပြစ်ဒဏ်သည် ရှိချေအံ့သတည်း။
အလ်-မာအိဒကုရ်အာန် ညွှန်းကိန်း
120အာယာသ်
MedinanRevelation
39အာယာသ်

ဘာသာပြန် — အလ်-မာအိဒ 39

စူရာ အလ်-မာအိဒ အာယာသ် 39 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : တစ်ဖန် မည်သူမဆို မိမိ ပြစ်မှုကျုးလွန်ပြီးသည့်နောက် (သတိသံဝေဂ နောင်တတရားရရှိကာ အလ္လာဟ်အရှင်မြတ်အထံတော်၌) ဝန်ချတောင်းပန်ပြီး (မိမိကိုယ်ကို မိမိ)…

စူရာ အာယာသ် 39/120 — စူရာ အလ်-မာအိဒ المائدة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-မာအိဒ နားထောင်, စူရာ အလ်-မာအိဒ ဘာသာပြန်, စူရာ အလ်-မာအိဒ mp3, စူရာ အလ်-မာအိဒ pdf. အာယာသ် 37–41. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Friday, October 23, 2026

Don't forget us in your sincere prayers