အလ်-မာအိဒ · 38/120
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-မာအိဒ
وَالسَّارِقُ وَالسَّارِقَةُ فَاقْطَعُوا أَيْدِيَهُمَا جَزَاءً بِمَا كَسَبَا نَكَالًا مِّنَ اللَّهِ ۗ وَاللَّهُ عَزِيزٌ حَكِيمٌ ۝٣٨
Wassaariqu qassaariqatu faqta`oo aidiyahumma jazaaa`am bimaa kasabaa nakaalam minal laah; wallaahu `Azeezun hakeem
📖 မြန်မာဘာသာ
၎င်းအပြင် (အို- တရားသူကြီးအပေါင်းတို့) ခိုးသူယောက်ျားပင်ဖြစ်စေ၊ ခိုးသူမိန်းမပင်ဖြစ်စေ၊ အသင်တို့သည် ၎င်းတို့နှစ်ဦးလုံး၏လက်များကို ဖြတ်တောက်ကြလေကုန်။ (ဤသည်) ထိုသူတို့နှစ်ဦး ပြုမူခဲ့ကြသော ပြုမူချက်၏ ပြစ်ဒဏ်လည်းဖြစ်၏။ အလ္လာဟ်အရှင်မြတ်အထံတော်မှ (အခြားသူများ) သတိသံဝေဂရစေရန် ဆုံးမချက်တစ်ရပ်လည်းဖြစ်၏။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် တန်ခိုးအာနုဘော်နှင့် ပြည့်စုံတော်မူသောအရှင်၊ ဉာဏ်အမြော်အမြင်နှင့်ပြည့်စုံတော်မူသော အရှင်မြတ်ပင်တည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ခက်ခဲသောဝေါဟာရများ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်
  • السَّارِقُ (အစ်စာရိက်) — ခိုးသူယောက်ျား။
  • السَّارِقَةُ (အစ်စာရိကဟ်) — ခိုးသူမိန်းမ။
  • فَاقْطَعُوا (ဖက်သွတ်အု) — ဖြတ်ကြလော့။
  • أَيْدِيَهُمَا (အိုင်ဒီယဟူမာ) — သူတို့နှစ်ဦး၏ လက်များ။
  • جَزَاءً (ဂျဇာအန်) — အပြစ်ဒဏ်၊ အကျိုးအမြတ်။
  • كَسَبَا (ကက်စဗာ) — သူတို့နှစ်ဦး ရှာဖွေကျူးလွန်ခဲ့သည်။
  • نَكَالًا (နကာလန်) — သတိပေးအပြစ်ဒဏ်၊ ရှောင်ကြဉ်စေသော ပြစ်ဒဏ်။
  • عَزِيزٌ (အဇီဇွန်) — တန်ခိုးကြီးမြတ်တော်မူသော။
  • حَكِيمٌ (ဟကီမွန်) — ဉာဏ်ပညာနှင့်ပြည့်စုံတော်မူသော။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

ခိုးသူယောက်ျားနှင့် ခိုးသူမိန်းမတို့သည် ခိုးမှုကို ကျူးလွန်ကြသောအခါ အုပ်ချုပ်သူများအနေဖြင့် သူတို့နှစ်ဦး၏ လက်ယာလက်များကို ဖြတ်ကြရမည်။ ဤသည် သူတို့နှစ်ဦး ကျူးလွန်ခဲ့သော ခိုးမှုအတွက် အပြစ်ဒဏ်ဖြစ်ပြီး အလ္လာဟ်အရှင်မြတ်ထံတော်မှ ချမှတ်ထားသော သတိပေးပြစ်ဒဏ်လည်းဖြစ်သည်။ ဤပြစ်ဒဏ်သည် သူတို့ကိုယ်တိုင်နှင့် အခြားသူများအား ထိုကဲ့သို့သော မကောင်းမှုကို ပြုလုပ်ခြင်းမှ ရှောင်ကြဉ်စေရန် ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် တန်ခိုးတော်ဖြင့် အနိုင်ယူခြင်းခံရမည်မဟုတ်သော အရှင်ဖြစ်တော်မူပြီး မိမိ၏ စီမံခန့်ခွဲမှုနှင့် ပညတ်တော်များတွင် ဉာဏ်ပညာအပြည့်အဝရှိတော်မူသည်။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများ
  • အစ္စလာမ်သည် လူ့အဖွဲ့အစည်း၏ လုံခြုံရေးနှင့် ပိုင်ဆိုင်မှုကို ကာကွယ်ရန် ပညတ်ချက်များကို ချမှတ်ပေးသည်။
  • အလ္လာဟ်အရှင်မြတ်၏ ပညတ်တော်များသည် တရားမျှတမှုနှင့် ဉာဏ်ပညာအပေါ် အခြေခံထားသည်။
  • ပြစ်ဒဏ်များသည် လူတို့အား မကောင်းမှုမှ ရှောင်ကြဉ်စေရန် သတိပေးချက်ဖြစ်သည်။
  • အလ္လာဟ်အရှင်မြတ်သည် တန်ခိုးကြီးမြတ်တော်မူပြီး ဉာဏ်ပညာနှင့် ပြည့်စုံတော်မူသောအရှင်ဖြစ်သည်။
  • အစ္စလာမ်သည် လူသားတို့၏ ကောင်းကျိုးအတွက် ပညတ်တော်များကို ချမှတ်ပေးသော သန့်ရှင်းသောဘာသာတရားဖြစ်သည်။


📜 အာယာသ် 36-40 — စူရာ အလ်-မာအိဒ

36إِنَّ الَّذِينَ كَفَرُوا لَوْ أَنَّ لَهُم مَّا فِي الْأَرْضِ جَمِيعًا وَمِثْلَهُ مَعَهُ لِيَفْتَدُوا بِهِ مِنْ عَذَابِ يَوْمِ الْقِيَامَةِ مَا تُقُبِّلَ مِنْهُمْ ۖ وَلَهُمْ عَذَابٌ أَلِيمٌ
ဧကန်စင်စစ် သွေဖည်ငြင်းပယ်သောသူတို့သည် (မည်သည့်အခါမျှ မိမိတို့၏အပြစ်များမှ ချမ်းသာခွင့်ရရှိကြလိမ့်မည်မဟုတ်ပေ) ။ အကယ်၍ ကိယာမတ်ရှင်ပြန်ထမည့်နေ့၏ ပြစ်ဒဏ်များမှ လျော်ကြေးပေး၍ လွတ်မြောက်ခြင်းငှာ ၎င်းတို့ထံ၌ ကမ္ဘာလောက၌ ရှိရှိသမျှသော ဥစ္စာပစ္စည်းအားလုံးရှိသည့်ပြင် ၎င်းနှင့်တကွ ထိုမျှလောက်သောဥစ္စာပစ္စည်း နောက်ထပ်ရှိသော်လည်း ထိုပစ္စည်းများကို (လျော်ကြေးပေးကြသည့်တိုင်) ၎င်းတို့ထံမှ သဘောတူ လက်ခံတော်မူလိမ့်မည်မဟုတ်ပေ။ အမှန်သော်ကား ထိုသူတို့အဖို့ အလွန်ပြင်းပြနာကျင်ဖွယ်ဖြစ်သော အပြစ်ဒဏ်သည် အဆင့်သင့်ရှိပေသည်။
37يُرِيدُونَ أَن يَخْرُجُوا مِنَ النَّارِ وَمَا هُم بِخَارِجِينَ مِنْهَا ۖ وَلَهُمْ عَذَابٌ مُّقِيمٌ
၎င်းတို့သည် ဂျဟန္နမ်ငရဲမီးမှ ထွက်လိုကြကုန်အံ့။ သို့ရာတွင်မူကား ၎င်းတို့သည် (မည်သည့်အခါမျှ) ထို (ဂျဟန္နမ်) ငရဲမီးမှ ထွက်ကြရမည့်သူများမဟုတ်ပေ။ အမှန်စင်စစ်သော်ကား ၎င်းတို့အဖို့ အမြဲတ�်တံ့သောပြစ်ဒဏ်သည် (အဆင့်သင့်) ရှိနေမည်သာတည်း။
38وَالسَّارِقُ وَالسَّارِقَةُ فَاقْطَعُوا أَيْدِيَهُمَا جَزَاءً بِمَا كَسَبَا نَكَالًا مِّنَ اللَّهِ ۗ وَاللَّهُ عَزِيزٌ حَكِيمٌ
၎င်းအပြင် (အို- တရားသူကြီးအပေါင်းတို့) ခိုးသူယောက်ျားပင်ဖြစ်စေ၊ ခိုးသူမိန်းမပင်ဖြစ်စေ၊ အသင်တို့သည် ၎င်းတို့နှစ်ဦးလုံး၏လက်များကို ဖြတ်တောက်ကြလေကုန်။ (ဤသည်) ထိုသူတို့နှစ်ဦး ပြုမူခဲ့ကြသော ပြုမူချက်၏ ပြစ်ဒဏ်လည်းဖြစ်၏။ အလ္လာဟ်အရှင်မြတ်အထံတော်မှ (အခြားသူများ) သတိသံဝေဂရစေရန် ဆုံးမချက်တစ်ရပ်လည်းဖြစ်၏။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် တန်ခိုးအာနုဘော်နှင့် ပြည့်စုံတော်မူသောအရှင်၊ ဉာဏ်အမြော်အမြင်နှင့်ပြည့်စုံတော်မူသော အရှင်မြတ်ပင်တည်း။
39فَمَن تَابَ مِن بَعْدِ ظُلْمِهِ وَأَصْلَحَ فَإِنَّ اللَّهَ يَتُوبُ عَلَيْهِ ۗ إِنَّ اللَّهَ غَفُورٌ رَّحِيمٌ
တစ်ဖန် မည်သူမဆို မိမိ ပြစ်မှုကျုးလွန်ပြီးသည့်နောက် (သတိသံဝေဂ နောင်တတရားရရှိကာ အလ္လာဟ်အရှင်မြတ်အထံတော်၌) ဝန်ချတောင်းပန်ပြီး (မိမိကိုယ်ကို မိမိ) ပြုပြင်ခဲ့ပါမူ မလွဲဧကန် အလ္လာဟ်အရှင်မြတ်သည် ထိုသူ၏ဘက်သို့ ကရုဏာတော်နှင့် ပြန်လှည့်တော်မူအံ့။ အလ္လာဟ်အရှင်မြတ်သည် စင်စစ်ဧကန် အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊ အလွန်တရာ သနားကြင်နာ ညှာတာတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသည်။
40أَلَمْ تَعْلَمْ أَنَّ اللَّهَ لَهُ مُلْكُ السَّمَاوَاتِ وَالْأَرْضِ يُعَذِّبُ مَن يَشَاءُ وَيَغْفِرُ لِمَن يَشَاءُ ۗ وَاللَّهُ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ
ဧကန်စင်စစ် မိုးကောင်းကင်များနှင့် ပထဝီမြေကို စိုးမိုးအုပ်ချုပ်မှုအာဏာသည် အလ္လာဟ်အရှင်မြတ်၌သာရှိသည်ကို အသင်သည် မသိလေသလော။ ထိုအရှင်သည် မိမိအလိုရှိတော်မူသောသူအား ပြစ်ဒဏ်ပေးတော်မူ၏။ ထိုနည်းတူစွာ မိမိအလိုရှိတော်မူသောသူအား ချမ်းသာခွင့်ပေးသနားတော်မူ၏။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို စွမ်းဆောင်နိုင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
အလ်-မာအိဒကုရ်အာန် ညွှန်းကိန်း
120အာယာသ်
MedinanRevelation
38အာယာသ်

ဘာသာပြန် — အလ်-မာအိဒ 38

စူရာ အလ်-မာအိဒ အာယာသ် 38 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ၎င်းအပြင် (အို- တရားသူကြီးအပေါင်းတို့) ခိုးသူယောက်ျားပင်ဖြစ်စေ၊ ခိုးသူမိန်းမပင်ဖြစ်စေ၊ အသင်တို့သည် ၎င်းတို့နှစ်ဦးလုံး၏လက်များကို ဖြတ်တောက်ကြလေကုန်။ (ဤသည်) ထိုသူတို့နှစ်ဦး…

စူရာ အာယာသ် 38/120 — စူရာ အလ်-မာအိဒ المائدة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-မာအိဒ နားထောင်, စူရာ အလ်-မာအိဒ ဘာသာပြန်, စူရာ အလ်-မာအိဒ mp3, စူရာ အလ်-မာအိဒ pdf. အာယာသ် 36–40. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Friday, October 23, 2026

Don't forget us in your sincere prayers