အလ်-ဟရှ်ရ် · 3/24
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ဟရှ်ရ်
وَلَوْلَا أَن كَتَبَ اللَّهُ عَلَيْهِمُ الْجَلَاءَ لَعَذَّبَهُمْ فِي الدُّنْيَا ۖ وَلَهُمْ فِي الْآخِرَةِ عَذَابُ النَّارِ ۝٣
Wa law laaa an katabal laahu `alaihimul jalaaa`a la`azzabahum fid dunyaa wa lahum fil Aakhirati `azaabun Naar
📖 မြန်မာဘာသာ
စင်စစ်သော်ကား အကယ်၍သာ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့နှင့်ပတ်သက်၍ ပြည်နှင်ဒဏ် ပေးခြင်းကို ရေးမှတ်ပြဋ္ဌာန်းတော်မူခဲ့သည် မရှိပါလျှင် အမှန်ပင် ထိုအရှင်မြတ်သည် ပစ္စုပ္ပန်ဘဝ၌ ၎င်းတို့အား (ကွပ်မျက်သတ်ဖြတ်၍) ပြစ်ဒဏ်ခတ်တော်မူခဲ့ပေမည်။ စင်စစ်သော်ကား’အာခိရတ်’ တမလွန်ဘဝ၌မူ ငရဲ၏ပြစ်ဒဏ်သည် ၎င်းတို့၌ရှိပေမည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 1-5 — စူရာ အလ်-ဟရှ်ရ်

1سَبَّحَ لِلَّهِ مَا فِي السَّمَاوَاتِ وَمَا فِي الْأَرْضِ ۖ وَهُوَ الْعَزِيزُ الْحَكِيمُ
မိုးကောင်းကင်များ၌ ရှိသမျှတို့သည်လည်းကောင်း၊ပထဝီမြေဝယ်ရှိသမျှတို့သည်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ် စင်ကြယ်သန့်ရှင်းတော်မူကြောင်း မြွက်ဆိုကြကုန်၏။စင်စစ်သော်ကား ထိုအရှင်မြတ်သည် လွန်စွာ နိုင်နင်းလွှမ်းမိုးတော်မူသောအရှင်၊ နူးညံ့သိမ်မွေ့သော ဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသောအရှင်၊ ဖြစ်တော်မူ၏။
2هُوَ الَّذِي أَخْرَجَ الَّذِينَ كَفَرُوا مِنْ أَهْلِ الْكِتَابِ مِن دِيَارِهِمْ لِأَوَّلِ الْحَشْرِ ۚ مَا ظَنَنتُمْ أَن يَخْرُجُوا ۖ وَظَنُّوا أَنَّهُم مَّانِعَتُهُمْ حُصُونُهُم مِّنَ اللَّهِ فَأَتَاهُمُ اللَّهُ مِنْ حَيْثُ لَمْ يَحْتَسِبُوا ۖ وَقَذَفَ فِي قُلُوبِهِمُ الرُّعْبَ ۚ يُخْرِبُونَ بُيُوتَهُم بِأَيْدِيهِمْ وَأَيْدِي الْمُؤْمِنِينَ فَاعْتَبِرُوا يَا أُولِي الْأَبْصَارِ
ထိုအရှင်မြတ်သည်ပင် ရှေးကျမ်းဂန်ရရှိသူတို့အနက် သွေဖည်ငြင်းပယ်ခဲ့ကြသော သူတို့အား ပထမအကြိမ် စုရုံးကြစဉ်အခါ၌ပင် ၎င်းတို့၏နေအိမ်များမှ နှင်ထုတ်တော်မူခဲ့သောအရှင် ဖြစ်တော်မူ၏။ အသင်တို့သည် ၎င်းတို့ ထွက်သွားကြလိမ့်မည်ဟူ၍ပင် ထင်မြင်ခဲ့ကြသည် မဟုတ်ပေ။ ၎င်းတို့ကိုယ်တိုင်ကလည်း မိမိတို့အား မိမိတို့၏ခံတပ်များသည် အလ္လာဟ်အရှင် မြတ်(၏ပြစ်ဒဏ်)မှ ကွယ်ကာ စောင့်ရှောက်ကြလိမ့် မည်ဟူ၍ပင် ထင်မြင်နေခဲ့ကြကုန်၏။ သို့တစေလည်း အလ္လာဟ်အရှင်မြတ်(၏ ပြစ်ဒဏ်)သည် ၎င်းတို့ထံ ၎င်းတို့ မထင်မြင် မယူဆခဲ့ကြသောနေရာမှ ရောက်ရှိ၍လာခဲ့၏။ထိုမှတစ်ပါး ထိုအရှင်မြတ်သည် ၎င်းတို့၏ စိတ်နှလုံးများတွင် ကြောက်ရွံ့စိုးရိမ်မှုကို သက်ရောက်စေတော်မူခဲ့ရာ ထိုသူတို့မှာ မိမိတို့၏နေအိမ်များကို မိမိတို့၏လက်များဖြင့် လည်းကောင်း၊ မုအ်မင်န်သက်ဝင် ယုံကြည်သူတို့၏ လက်များဖြင့်လည်း ကောင်း၊ ဖျက်ဆီးလျက် ရှိခဲ့ကြကုန်၏။ သို့ဖြစ်ပေရာ အို-ဉာဏ်(ပညာ)မျက်စိရှင်အပေါင်းတို့၊ အသင်တို့သည် သင်ခန်းစာယူကြလေကုန်။
3وَلَوْلَا أَن كَتَبَ اللَّهُ عَلَيْهِمُ الْجَلَاءَ لَعَذَّبَهُمْ فِي الدُّنْيَا ۖ وَلَهُمْ فِي الْآخِرَةِ عَذَابُ النَّارِ
စင်စစ်သော်ကား အကယ်၍သာ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့နှင့်ပတ်သက်၍ ပြည်နှင်ဒဏ် ပေးခြင်းကို ရေးမှတ်ပြဋ္ဌာန်းတော်မူခဲ့သည် မရှိပါလျှင် အမှန်ပင် ထိုအရှင်မြတ်သည် ပစ္စုပ္ပန်ဘဝ၌ ၎င်းတို့အား (ကွပ်မျက်သတ်ဖြတ်၍) ပြစ်ဒဏ်ခတ်တော်မူခဲ့ပေမည်။ စင်စစ်သော်ကား’အာခိရတ်’ တမလွန်ဘဝ၌မူ ငရဲ၏ပြစ်ဒဏ်သည် ၎င်းတို့၌ရှိပေမည်။
4ذَٰلِكَ بِأَنَّهُمْ شَاقُّوا اللَّهَ وَرَسُولَهُ ۖ وَمَن يُشَاقِّ اللَّهَ فَإِنَّ اللَّهَ شَدِيدُ الْعِقَابِ
ယင်းသို့ ဖြစ်ရခြင်းမှာ ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်အားလည်းကောင်း၊ ဆန့်ကျင်ဖီလာ ပြုလုပ်ခဲ့ကြသောကြောင့်ပင်။ စင်စစ်သော်ကား မည်သူမဆို အလ္လာဟ်အရှင်မြတ်အား ဆန့်ကျင်ဖီလာပြုလုပ်ခဲ့မူ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် ပြင်းထန်စွာ ပြစ်ဒဏ်ခတ်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။
5مَا قَطَعْتُم مِّن لِّينَةٍ أَوْ تَرَكْتُمُوهَا قَائِمَةً عَلَىٰ أُصُولِهَا فَبِإِذْنِ اللَّهِ وَلِيُخْزِيَ الْفَاسِقِينَ
စွန်ပလွံပင်များကို အသင်တို့ ခုတ်လှဲဖြတ်တောက်ခဲ့ကြခြင်း၊ သို့မဟုတ် ယင်းစွန်ပလွံပင်များကို ၎င်းတို့၏ အောက်ခြေအမြစ်များပေါ်၌ ရပ်တည်လျက် ချန်ထားခဲ့ကြခြင်းသည် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်နှင့်အညီပင် ဖြစ်သည်။ ထို့ပြင်တစ်ဝ ထိုအရှင်မြတ်သည် အမိန့်တော်ကို သွေဖည်သောသူတို့အား အရှက်တကွဲ ဖြစ်စေတော်မူအံ့သောငှာ ဖြစ်ပေသတည်း။
အလ်-ဟရှ်ရ်ကုရ်အာန် ညွှန်းကိန်း
24အာယာသ်
MedinanRevelation
3အာယာသ်

ဘာသာပြန် — အလ်-ဟရှ်ရ် 3

စူရာ အလ်-ဟရှ်ရ် အာယာသ် 3 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : စင်စစ်သော်ကား အကယ်၍သာ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့နှင့်ပတ်သက်၍ ပြည်နှင်ဒဏ် ပေးခြင်းကို ရေးမှတ်ပြဋ္ဌာန်းတော်မူခဲ့သည် မရှိပါလျှင် အမှန်ပင် ထိုအရှင်မြတ်သည်…

စူရာ အာယာသ် 3/24 — စူရာ အလ်-ဟရှ်ရ် الحشر (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဟရှ်ရ် နားထောင်, စူရာ အလ်-ဟရှ်ရ် ဘာသာပြန်, စူရာ အလ်-ဟရှ်ရ် mp3, စူရာ အလ်-ဟရှ်ရ် pdf. အာယာသ် 1–5. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Monday, September 28, 2026

Don't forget us in your sincere prayers