အလ်-အန်အာမ် · 108/165
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အန်အာမ်
وَلَا تَسُبُّوا الَّذِينَ يَدْعُونَ مِن دُونِ اللَّهِ فَيَسُبُّوا اللَّهَ عَدْوًا بِغَيْرِ عِلْمٍ ۗ كَذَٰلِكَ زَيَّنَّا لِكُلِّ أُمَّةٍ عَمَلَهُمْ ثُمَّ إِلَىٰ رَبِّهِم مَّرْجِعُهُمْ فَيُنَبِّئُهُم بِمَا كَانُوا يَعْمَلُونَ ۝١٠٨
Wa laa tasubbul lazeena yad`oona min doonil laahi fa yasubbul laaha `adwam bighairi `ilm; kazaalika zaiyannaa likulli ummatin `amalahum summa ilaa Rabbihim marji`uhum fa yunabbi`uhum bimaa kaanooya`maloon
📖 မြန်မာဘာသာ
၎င်းပြင် အသင်တို့သည် အကြင်(မှားယွင်းသော) ကိုးကွယ်ရာများကို ကဲ့ရဲ့ရှုတ်ချခြင်း မပြုကြလင့်။ ထို(မုရှ်ရစ်က်)များသည် အလ္လာဟ်အရှင်မြတ်အား စွန့်ပယ်၍ကိုးကွယ်ကြ၏။ အဘယ်ကြောင့်ဆိုသော် (အသင်တို့ဤသို့ပြုလုပ် ကြလျှင်) ထိုသူများသည်လည်း အသိတရား မရှိ သဖြင့်စည်းကမ်းကျူးလွန်ကာ အလ္လာဟ်အရှင်မြတ်အား ကဲ့ရဲ့ရှုတ်ချခြင်း ပြုကြပေမည်။ ငါအရှင်သည် ဤနည်းအတိုင်းပင် အုပ်စုတိုင်း၏အမြင်တွင် ၎င်းတို့၏ပြုမူချက်တို့ကို လှပတင့်တယ်အောင် ပြုလုပ်ထားတော်မူခဲ့လေသည်။ ထို့နောက် ၎င်းတို့အားလုံးသည်မိမိတို့အား မွေးမြူတော်မူသောအရှင်မြတ်အထံတော်သို့ ပြန်ကြရမည်။ ထိုအခါ အရှင်မြတ်သည် ၎င်းတို့အား ၎င်းတို့ပြုလုပ်ခဲ့ကြသည်များကို ထုတ်ဖော်မိန့်ကြားတော်မူမည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ

  • تَسُبُّوا — ကဲ့ရဲ့ရှုတ်ချခြင်း၊ ဆဲရေးခြင်း။
  • يَدْعُونَ مِن دُونِ اللَّهِ — အလ္လာဟ်အရှင်မြတ်အား စွန့်၍ ကိုးကွယ်ဆည်းကပ်ကြသော ရုပ်တုများ၊ ကိုးကွယ်ရာများ။
  • عَدْوًا — ကျူးလွန်ခြင်း၊ ရန်လိုခြင်း၊ အတိုင်းအတာလွန်ခြင်း။
  • زَيَّنَّا — လှပစေခဲ့သည်၊ နှစ်သက်ဖွယ်ဖြစ်စေခဲ့သည်။
  • أُمَّةٍ — လူမျိုးတစ်မျိုး၊ အသိုင်းအဝိုင်းတစ်ခု။
  • مَرْجِعُهُمْ — သူတို့၏ ပြန်လည်ရောက်ရှိရာနေရာ။

၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

အို မုအ်မင်န်တို့၊ အလ္လာဟ်အရှင်မြတ်အား စွန့်၍ မုရှ်ရိက်တို့ ကိုးကွယ်ဆည်းကပ်နေကြသော ရုပ်တုများကို သင်တို့ မဆဲရေးကြနှင့်။ အကြောင်းမှာ ထိုရုပ်တုများသည် ဆဲရေးခံထိုက်သော အယုတ်ညံ့ဆုံးအရာများ ဖြစ်ကြသော်လည်း၊ သင်တို့ ဆဲရေးခြင်းကြောင့် မုရှ်ရိက်တို့သည် အသိပညာမရှိဘဲ ရန်လိုမုန်းတီးသောစိတ်ဖြင့် အလ္လာဟ်အရှင်မြတ်အား ပြန်လည်ဆဲရေးကြလိမ့်မည်။ ထိုသို့ဖြစ်လျှင် အရှင်မြတ်အား မထိုက်မတန်သော စကားများဖြင့် ကဲ့ရဲ့ရှုတ်ချခြင်းဟူသော ကြီးလေးသည့်အပြစ်သို့ ရောက်ရှိကြမည်။ ထို့ကြောင့် မကောင်းမှုကို တားဆီးရန် လမ်းကြောင်းများကို ပိတ်ဆို့ခြင်းအနေဖြင့် ဤသို့ ဆဲရေးခြင်းကို တားမြစ်တော်မူခြင်း ဖြစ်သည်။

ထို့နောက် အလ္လာဟ်အရှင်မြတ်သည် မိန့်တော်မူသည်။ ဤမုရှ်ရိက်တို့သည် မိမိတို့၏ မှားယွင်းသော လမ်းစဉ်ကို လှပကောင်းမွန်သည်ဟု ထင်မြင်ယူဆကြသကဲ့သို့၊ ငါအရှင်မြတ်သည် လူမျိုးတိုင်း၊ အသိုင်းအဝိုင်းတိုင်းအတွက် သူတို့၏ လုပ်ရပ်များကို လှပစေတော်မူခဲ့သည်။ ကောင်းမှုဖြစ်စေ၊ မကောင်းမှုဖြစ်စေ သူတို့ပြုလုပ်နေကြသည့်အတိုင်း ထင်မြင်ယူဆကြပြီး လုပ်ဆောင်ကြသည်။ ဤသည်မှာ လူသားတို့၏ စမ်းသပ်ခံရခြင်းပင် ဖြစ်သည်။ ထို့နောက် နောက်ဆုံးတွင် သူတို့အားလုံး၏ ပြန်လည်ရောက်ရှိရာသည် သူတို့၏ အရှင်သခင်ထံတော်သို့ပင် ဖြစ်သည်။ ထိုအခါ အရှင်မြတ်သည် သူတို့ပြုလုပ်ခဲ့ကြသော လုပ်ရပ်အားလုံးကို သူတို့အား အသိပေးတော်မူမည်။ ထို့နောက် သူတို့၏ လုပ်ရပ်များအတိုင်း အစားပေးတော်မူမည် ဖြစ်သည်။

၃။ ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ

  • အစ္စလ


📜 အာယာသ် 106-110 — စူရာ အလ်-အန်အာမ်

106اتَّبِعْ مَا أُوحِيَ إِلَيْكَ مِن رَّبِّكَ ۖ لَا إِلَٰهَ إِلَّا هُوَ ۖ وَأَعْرِضْ عَنِ الْمُشْرِكِينَ
(အို-နဗီတမန်တော်) အသင်သည် အသင့်အားမွေးမြူတော်မူသော အရှင်မြတ်အထံတော်မှ မိမိထံကျရောက်လာသော ဝဟ်ယ် အမိန့်တော်များကို လိုက်နာ၍နေပါလေ။ထိုအရှင်မြတ်မှတစ်ပါး ခဝပ်ကိုးကွယ်ရာဟူ၍ အလျင်းမရှိ။၎င်းပြင် အသင်သည် မုရှ်ရစ်က် များဖက်မှ မျက်နှာလွှဲထားပါလေ။
107وَلَوْ شَاءَ اللَّهُ مَا أَشْرَكُوا ۗ وَمَا جَعَلْنَاكَ عَلَيْهِمْ حَفِيظًا ۖ وَمَا أَنتَ عَلَيْهِم بِوَكِيلٍ
(အမှန်စင်စစ်သော်ကား အကယ်သာ အလ္လာဟ်အရှင်မြတ် အလိုရှိတော်မူခဲ့ပါလျှင် ထိုသူများသည် ရှစ်ရ်က်တွဲဖက်ကိုးကွယ်ခြင်းကို ပြုလုပ်ကြမည်မဟုတ်ပေ။ ၎င်းပြင်ငါအရှင်မြတ်သည် အသင့်အား ထိုသူတို့အပေါ်၌ ကြီးကြပ်အုပ်ထိန်းသူအဖြစ် ခန့်အပ်ထားတော်သည် မဟုတ်ပေ။ အသင်သည် ထိုသူတို့အဖို့ တာဝန်ခံလည်း) မဟုတ်ချေ။
108وَلَا تَسُبُّوا الَّذِينَ يَدْعُونَ مِن دُونِ اللَّهِ فَيَسُبُّوا اللَّهَ عَدْوًا بِغَيْرِ عِلْمٍ ۗ كَذَٰلِكَ زَيَّنَّا لِكُلِّ أُمَّةٍ عَمَلَهُمْ ثُمَّ إِلَىٰ رَبِّهِم مَّرْجِعُهُمْ فَيُنَبِّئُهُم بِمَا كَانُوا يَعْمَلُونَ
၎င်းပြင် အသင်တို့သည် အကြင်(မှားယွင်းသော) ကိုးကွယ်ရာများကို ကဲ့ရဲ့ရှုတ်ချခြင်း မပြုကြလင့်။ ထို(မုရှ်ရစ်က်)များသည် အလ္လာဟ်အရှင်မြတ်အား စွန့်ပယ်၍ကိုးကွယ်ကြ၏။ အဘယ်ကြောင့်ဆိုသော် (အသင်တို့ဤသို့ပြုလုပ် ကြလျှင်) ထိုသူများသည်လည်း အသိတရား မရှိ သဖြင့်စည်းကမ်းကျူးလွန်ကာ အလ္လာဟ်အရှင်မြတ်အား ကဲ့ရဲ့ရှုတ်ချခြင်း ပြုကြပေမည်။ ငါအရှင်သည် ဤနည်းအတိုင်းပင် အုပ်စုတိုင်း၏အမြင်တွင် ၎င်းတို့၏ပြုမူချက်တို့ကို လှပတင့်တယ်အောင် ပြုလုပ်ထားတော်မူခဲ့လေသည်။ ထို့နောက် ၎င်းတို့အားလုံးသည်မိမိတို့အား မွေးမြူတော်မူသောအရှင်မြတ်အထံတော်သို့ ပြန်ကြရမည်။ ထိုအခါ အရှင်မြတ်သည် ၎င်းတို့အား ၎င်းတို့ပြုလုပ်ခဲ့ကြသည်များကို ထုတ်ဖော်မိန့်ကြားတော်မူမည်။
109وَأَقْسَمُوا بِاللَّهِ جَهْدَ أَيْمَانِهِمْ لَئِن جَاءَتْهُمْ آيَةٌ لَّيُؤْمِنُنَّ بِهَا ۚ قُلْ إِنَّمَا الْآيَاتُ عِندَ اللَّهِ ۖ وَمَا يُشْعِرُكُمْ أَنَّهَا إِذَا جَاءَتْ لَا يُؤْمِنُونَ
ထို့ပြင် ၎င်းတို့သည် အကယ်၍သာ ၎င်းတို့ထံသက်သေလက္ခဏာ တစ်စုံတစ်ရာ ရောက်ရှိခဲ့ ပါမူ၊ ၎င်းတို့သည်မုချ သက်ဝင်ယုံကြည်ကြမည်ဟု အလ္လာဟ်အရှင်မြတ်အား တိုင်တည်၍ အစွမ်းကုန် ကျိန်ဆိုကြလေ၏။ (အို-နဗီတမန်တော်)အသင်သည် (၎င်းတို့အား ဤသို့ပြောကြားပါလေ။ သက်သေလက္ခဏာ တို့သည် အလ္လာဟ်အရှင်မြတ် အထံတော်၌သာရှိကုန်၏။ ၎င်းပြင် အသင်တို့သိကြပါသလော။ မုချဧကန်ထိုသက်သေလက္ခဏာတော်များ ကျရောက်ရှိလာသည့် တိုင်အောင် ထိုသူတို့သည် ယုံကြည်ကြမည်မဟုတ်ပေ။)
110وَنُقَلِّبُ أَفْئِدَتَهُمْ وَأَبْصَارَهُمْ كَمَا لَمْ يُؤْمِنُوا بِهِ أَوَّلَ مَرَّةٍ وَنَذَرُهُمْ فِي طُغْيَانِهِمْ يَعْمَهُونَ
၎င်းပြင် ထိုသူတို့ ပထမအကြိမ် ယင်း (ကုရ်အာန်ကျမ်းတော်မြတ်)ကို သက်ဝင်ယုံကြည်ခြင်း မရှိကြသကဲ့သို့ပင်၊ ငါအရှင်မြတ်သည်လည်း ထိုသူတို့၏စိတ်နှလုံးများကိုလည်းကောင်း၊ မျက်စိများကိုလည်းကောင်း၊ လှည့်ပေးတော်မူအံ့။ ထို့အပြင် ငါအရှင်မြတ်သည် 4င်းတို့အား ၎င်းတို့၏ခေါင်းမာမှု၌ပင် တဝဲလည်လည် လွှတ်ထားတော်မူအံ့။(ရကူ-19)(တစ်နည်း။)၎င်းပြင် (ထိုသူများ မယုံကြည်ကြသည့်အတွက်) ငါအရှင်မြတ်သည်လည်း ထိုသူများ၏ စိတ်နှလုံးများကို (အမှန်တရားရှာဖွေရန် ဆန္ဒထားခြင်းမှ)လည်းကောင်း၊ထိုသူများ၏မျက်စိများကို (အမှန်တရားမြင်ခြင်းမှ)လည်းကောင်း၊ လှည့်ထားတော်မူမည်ဖြစ်သည်။ ယခု ထိုသူများ၏မယုံကြည်ခြင်းမှာ)ထိုသူများသည် ထို(ကုရ်အာန်ကျမ်းမြတ်) ကိုပထမအကြိမ် မယုံကြည်ကြသကဲ့သို့ပင်ဖြစ်သည်။ (အထူးအဆန်းမဟုတ်ပေ၊) ၎င်းပြင် ငါအရှင်မြတ်သည် ထိုသူများအား၎င်းတို့၏ မောက်မာပလွှားမှု၌ပင် တဝဲလည်လည် လွှတ်ထားတော်မူမည်။
အလ်-အန်အာမ်ကုရ်အာန် ညွှန်းကိန်း
165အာယာသ်
MeccanRevelation
108အာယာသ်

ဘာသာပြန် — အလ်-အန်အာမ် 108

စူရာ အလ်-အန်အာမ် အာယာသ် 108 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ၎င်းပြင် အသင်တို့သည် အကြင်(မှားယွင်းသော) ကိုးကွယ်ရာများကို ကဲ့ရဲ့ရှုတ်ချခြင်း မပြုကြလင့်။ ထို(မုရှ်ရစ်က်)များသည် အလ္လာဟ်အရှင်မြတ်အား စွန့်ပယ်၍ကိုးကွယ်ကြ၏။ အဘယ်ကြောင့်ဆိုသော်…

စူရာ အာယာသ် 108/165 — စူရာ အလ်-အန်အာမ် الأنعام (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အန်အာမ် နားထောင်, စူရာ အလ်-အန်အာမ် ဘာသာပြန်, စူရာ အလ်-အန်အာမ် mp3, စူရာ အလ်-အန်အာမ် pdf. အာယာသ် 106–110. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Friday, October 2, 2026

Don't forget us in your sincere prayers