အလ်-အန်အာမ် · 109/165
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အန်အာမ်
وَأَقْسَمُوا بِاللَّهِ جَهْدَ أَيْمَانِهِمْ لَئِن جَاءَتْهُمْ آيَةٌ لَّيُؤْمِنُنَّ بِهَا ۚ قُلْ إِنَّمَا الْآيَاتُ عِندَ اللَّهِ ۖ وَمَا يُشْعِرُكُمْ أَنَّهَا إِذَا جَاءَتْ لَا يُؤْمِنُونَ ۝١٠٩
Wa aqsamoo billaahi jahda aimaanihim la`in jaaa`at hum Aayatul la yu`minunna bihaa; qul innamal Aayaatu `indal laahi wa maa yush`irukum annahaaa izaa jaaa`at laa yu`minoon
📖 မြန်မာဘာသာ
ထို့ပြင် ၎င်းတို့သည် အကယ်၍သာ ၎င်းတို့ထံသက်သေလက္ခဏာ တစ်စုံတစ်ရာ ရောက်ရှိခဲ့ ပါမူ၊ ၎င်းတို့သည်မုချ သက်ဝင်ယုံကြည်ကြမည်ဟု အလ္လာဟ်အရှင်မြတ်အား တိုင်တည်၍ အစွမ်းကုန် ကျိန်ဆိုကြလေ၏။ (အို-နဗီတမန်တော်)အသင်သည် (၎င်းတို့အား ဤသို့ပြောကြားပါလေ။ သက်သေလက္ခဏာ တို့သည် အလ္လာဟ်အရှင်မြတ် အထံတော်၌သာရှိကုန်၏။ ၎င်းပြင် အသင်တို့သိကြပါသလော။ မုချဧကန်ထိုသက်သေလက္ခဏာတော်များ ကျရောက်ရှိလာသည့် တိုင်အောင် ထိုသူတို့သည် ယုံကြည်ကြမည်မဟုတ်ပေ။)

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ

  • وَأَقْسَمُوا — သူတို့သည် ကျမ်းကျိန်ခဲ့ကြသည်။
  • جَهْدَ أَيْمَانِهِمْ — မိမိတို့၏ ကျမ်းကျိန်မှုများကို အစွမ်းကုန် ကြိုးစား၍ ကျိန်ဆိုခြင်း။
  • آيَةٌ — သက်သေလက္ခဏာ၊ အံ့ဖွယ်နိမိတ်။
  • وَمَا يُشْعِرُكُمْ — သင်တို့ကို အဘယ်အရာက သိစေသနည်း။
  • أَنَّهَا — ထို (သက်သေလက္ခဏာ) သည်။

၂။ အာယသ်တော်၏ အဓိပ္ပာယ် ရှင်းလင်းချက်

(တမန်တော်မုဟမ္မဒ် ﷺ ထံတော်သို့) မယုံကြည်သူ မုရှ်ရိကူန်များသည် အလ္လာဟ်အရှင်မြတ်ကို အစွမ်းကုန် ကျမ်းကျိန်ဆို၍ “အကယ်၍ မုဟမ္မဒ်သည် ငါတို့တောင်းဆိုသည့် အံ့ဖွယ်သက်သေလက္ခဏာတစ်ခုခုကို ယူဆောင်လာပါက ငါတို့သည် ဧကန်အမှန်ပင် ယုံကြည်ကြမည်” ဟု ဆိုကြ၏။

အို တမန်တော်၊ သူတို့အား ပြန်လည်ဖြေကြားလော့ — “အံ့ဖွယ်သက်သေလက္ခဏာများသည် ကျွန်ုပ်ထံတွင် မရှိပါ။ ယင်းတို့သည် အလ္လာဟ်အရှင်မြတ်ထံတော်၌သာ ရှိသည်။ အရှင်မြတ်သည် အလိုရှိတော်မူသည့်အခါ ယင်းတို့ကို ချပေးတော်မူမည်။”

ထို့နောက် အလ္လာဟ်အရှင်မြတ်သည် မုအ်မင်န်များကို မိန့်တော်မူသည် — “အို မုအ်မင်န်တို့၊ သင်တို့ကို အဘယ်အရာက သိစေသနည်း။ ထို သက်သေလက္ခဏာများသည် သူတို့တောင်းဆိုသည့်အတိုင်း ရောက်လာခဲ့ပါက သူတို့သည် ယုံကြည်ကြမည်ဟု သင်တို့ ထင်မှတ်နေကြသည်။ အမှန်မှာ သူတို့သည် ယုံကြည်ကြမည် မဟုတ်ပါ။ အကြောင်းမှာ သူတို့သည် လမ်းညွှန်မှုကို အလိုမရှိကြဘဲ ခေါင်းမာမာဖြင့် ငြင်းပယ်နေကြမည်သာ ဖြစ်သည်။”

ဤအာယသ်တော်သည် မက္ကာမြို့၏ ကုရိုင်ရှ်လူမျိုးများက တမန်တော် ﷺ ထံ မလာအိကဟ်များ ဆင်းသက်လာရန်၊ သေသူများကို ရှင်ပြန်ထစေရန်၊ ဆွဖာတောင်ကို ရွှေဖြစ်စေရန် စသည့် အံ့ဖွယ်နိမိတ်များကို တောင်းဆိုခဲ့ကြပြီး “ယင်းတို့ ရောက်လာပါက ငါတို့ ယုံကြည်ကြမည်” ဟု ကျမ်းကျိန်ခဲ့ကြသည့် အခါဝယ် ထိုအကြောင်းအရာကို ရည်ညွှန်း၍ ချပေးခဲ့ခြင်း ဖြစ်သည်။ မုအ်မင်န်များကလည်း မုရှ်ရိကူန်များ ယုံကြည်လာစေရန် ထိုအံ့ဖွယ်နိမိတ်များ ဆင်းသက်လာစေရန် နှစ်သက်မျှော်လင့်နေခဲ့ကြသည်။ သို့သော် အလ္လာဟ်အရှင်မြတ်သည် မိမိ၏ ရှေးဦးအသိပညာတော်အားဖြင့် ထိုသူတို့သည် ထိုအံ့ဖွယ်နိမိတ်များ ရ



📜 အာယာသ် 107-111 — စူရာ အလ်-အန်အာမ်

107وَلَوْ شَاءَ اللَّهُ مَا أَشْرَكُوا ۗ وَمَا جَعَلْنَاكَ عَلَيْهِمْ حَفِيظًا ۖ وَمَا أَنتَ عَلَيْهِم بِوَكِيلٍ
(အမှန်စင်စစ်သော်ကား အကယ်သာ အလ္လာဟ်အရှင်မြတ် အလိုရှိတော်မူခဲ့ပါလျှင် ထိုသူများသည် ရှစ်ရ်က်တွဲဖက်ကိုးကွယ်ခြင်းကို ပြုလုပ်ကြမည်မဟုတ်ပေ။ ၎င်းပြင်ငါအရှင်မြတ်သည် အသင့်အား ထိုသူတို့အပေါ်၌ ကြီးကြပ်အုပ်ထိန်းသူအဖြစ် ခန့်အပ်ထားတော်သည် မဟုတ်ပေ။ အသင်သည် ထိုသူတို့အဖို့ တာဝန်ခံလည်း) မဟုတ်ချေ။
108وَلَا تَسُبُّوا الَّذِينَ يَدْعُونَ مِن دُونِ اللَّهِ فَيَسُبُّوا اللَّهَ عَدْوًا بِغَيْرِ عِلْمٍ ۗ كَذَٰلِكَ زَيَّنَّا لِكُلِّ أُمَّةٍ عَمَلَهُمْ ثُمَّ إِلَىٰ رَبِّهِم مَّرْجِعُهُمْ فَيُنَبِّئُهُم بِمَا كَانُوا يَعْمَلُونَ
၎င်းပြင် အသင်တို့သည် အကြင်(မှားယွင်းသော) ကိုးကွယ်ရာများကို ကဲ့ရဲ့ရှုတ်ချခြင်း မပြုကြလင့်။ ထို(မုရှ်ရစ်က်)များသည် အလ္လာဟ်အရှင်မြတ်အား စွန့်ပယ်၍ကိုးကွယ်ကြ၏။ အဘယ်ကြောင့်ဆိုသော် (အသင်တို့ဤသို့ပြုလုပ် ကြလျှင်) ထိုသူများသည်လည်း အသိတရား မရှိ သဖြင့်စည်းကမ်းကျူးလွန်ကာ အလ္လာဟ်အရှင်မြတ်အား ကဲ့ရဲ့ရှုတ်ချခြင်း ပြုကြပေမည်။ ငါအရှင်သည် ဤနည်းအတိုင်းပင် အုပ်စုတိုင်း၏အမြင်တွင် ၎င်းတို့၏ပြုမူချက်တို့ကို လှပတင့်တယ်အောင် ပြုလုပ်ထားတော်မူခဲ့လေသည်။ ထို့နောက် ၎င်းတို့အားလုံးသည်မိမိတို့အား မွေးမြူတော်မူသောအရှင်မြတ်အထံတော်သို့ ပြန်ကြရမည်။ ထိုအခါ အရှင်မြတ်သည် ၎င်းတို့အား ၎င်းတို့ပြုလုပ်ခဲ့ကြသည်များကို ထုတ်ဖော်မိန့်ကြားတော်မူမည်။
109وَأَقْسَمُوا بِاللَّهِ جَهْدَ أَيْمَانِهِمْ لَئِن جَاءَتْهُمْ آيَةٌ لَّيُؤْمِنُنَّ بِهَا ۚ قُلْ إِنَّمَا الْآيَاتُ عِندَ اللَّهِ ۖ وَمَا يُشْعِرُكُمْ أَنَّهَا إِذَا جَاءَتْ لَا يُؤْمِنُونَ
ထို့ပြင် ၎င်းတို့သည် အကယ်၍သာ ၎င်းတို့ထံသက်သေလက္ခဏာ တစ်စုံတစ်ရာ ရောက်ရှိခဲ့ ပါမူ၊ ၎င်းတို့သည်မုချ သက်ဝင်ယုံကြည်ကြမည်ဟု အလ္လာဟ်အရှင်မြတ်အား တိုင်တည်၍ အစွမ်းကုန် ကျိန်ဆိုကြလေ၏။ (အို-နဗီတမန်တော်)အသင်သည် (၎င်းတို့အား ဤသို့ပြောကြားပါလေ။ သက်သေလက္ခဏာ တို့သည် အလ္လာဟ်အရှင်မြတ် အထံတော်၌သာရှိကုန်၏။ ၎င်းပြင် အသင်တို့သိကြပါသလော။ မုချဧကန်ထိုသက်သေလက္ခဏာတော်များ ကျရောက်ရှိလာသည့် တိုင်အောင် ထိုသူတို့သည် ယုံကြည်ကြမည်မဟုတ်ပေ။)
110وَنُقَلِّبُ أَفْئِدَتَهُمْ وَأَبْصَارَهُمْ كَمَا لَمْ يُؤْمِنُوا بِهِ أَوَّلَ مَرَّةٍ وَنَذَرُهُمْ فِي طُغْيَانِهِمْ يَعْمَهُونَ
၎င်းပြင် ထိုသူတို့ ပထမအကြိမ် ယင်း (ကုရ်အာန်ကျမ်းတော်မြတ်)ကို သက်ဝင်ယုံကြည်ခြင်း မရှိကြသကဲ့သို့ပင်၊ ငါအရှင်မြတ်သည်လည်း ထိုသူတို့၏စိတ်နှလုံးများကိုလည်းကောင်း၊ မျက်စိများကိုလည်းကောင်း၊ လှည့်ပေးတော်မူအံ့။ ထို့အပြင် ငါအရှင်မြတ်သည် 4င်းတို့အား ၎င်းတို့၏ခေါင်းမာမှု၌ပင် တဝဲလည်လည် လွှတ်ထားတော်မူအံ့။(ရကူ-19)(တစ်နည်း။)၎င်းပြင် (ထိုသူများ မယုံကြည်ကြသည့်အတွက်) ငါအရှင်မြတ်သည်လည်း ထိုသူများ၏ စိတ်နှလုံးများကို (အမှန်တရားရှာဖွေရန် ဆန္ဒထားခြင်းမှ)လည်းကောင်း၊ထိုသူများ၏မျက်စိများကို (အမှန်တရားမြင်ခြင်းမှ)လည်းကောင်း၊ လှည့်ထားတော်မူမည်ဖြစ်သည်။ ယခု ထိုသူများ၏မယုံကြည်ခြင်းမှာ)ထိုသူများသည် ထို(ကုရ်အာန်ကျမ်းမြတ်) ကိုပထမအကြိမ် မယုံကြည်ကြသကဲ့သို့ပင်ဖြစ်သည်။ (အထူးအဆန်းမဟုတ်ပေ၊) ၎င်းပြင် ငါအရှင်မြတ်သည် ထိုသူများအား၎င်းတို့၏ မောက်မာပလွှားမှု၌ပင် တဝဲလည်လည် လွှတ်ထားတော်မူမည်။
111۞ وَلَوْ أَنَّنَا نَزَّلْنَا إِلَيْهِمُ الْمَلَائِكَةَ وَكَلَّمَهُمُ الْمَوْتَىٰ وَحَشَرْنَا عَلَيْهِمْ كُلَّ شَيْءٍ قُبُلًا مَّا كَانُوا لِيُؤْمِنُوا إِلَّا أَن يَشَاءَ اللَّهُ وَلَٰكِنَّ أَكْثَرَهُمْ يَجْهَلُونَ
အကယ်၍ ငါအရှင်မြတ်သည်၊ ၎င်းတို့ထံ မလာအိကဟ် ကောင်းကင်တမန်များကို စေလွှတ်တော်မူခဲ့သည်ဖြစ်စေ၊ ထို့ပြင် သူသေများသည် ၎င်းတို့နှင့် စကားပြောဆိုခဲ့ကြသည်ဖြစ်စေ၊ ထိုမှတစ်ပါး ငါအရှင်မြတ်သည် ခပ်သိမ်းကုန်သော အရာများကို ၎င်းတို့၏ရှေ့မှောက်တွင် စုပေးတော်မူခဲ့သည်ဖြစ်စေ၊ ၎င်းတို့သည် အလ္လာဟ်အရှင်မြတ် အလိုရှိတော်မမူဘဲ အီမာန် သက်ဝင်ယုံကြည်ကြမည် မဟုတ်ပေ။ သို့ရာတွင် ၎င်းတို့အနက် မြောက်များစွာသော သူတို့ကားအသိတရား ကင်းမဲ့ကြကုန်သတည်း။
အလ်-အန်အာမ်ကုရ်အာန် ညွှန်းကိန်း
165အာယာသ်
MeccanRevelation
109အာယာသ်

ဘာသာပြန် — အလ်-အန်အာမ် 109

စူရာ အလ်-အန်အာမ် အာယာသ် 109 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထို့ပြင် ၎င်းတို့သည် အကယ်၍သာ ၎င်းတို့ထံသက်သေလက္ခဏာ တစ်စုံတစ်ရာ ရောက်ရှိခဲ့ ပါမူ၊ ၎င်းတို့သည်မုချ သက်ဝင်ယုံကြည်ကြမည်ဟု အလ္လာဟ်အရှင်မြတ်အား…

စူရာ အာယာသ် 109/165 — စူရာ အလ်-အန်အာမ် الأنعام (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အန်အာမ် နားထောင်, စူရာ အလ်-အန်အာမ် ဘာသာပြန်, စူရာ အလ်-အန်အာမ် mp3, စူရာ အလ်-အန်အာမ် pdf. အာယာသ် 107–111. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Saturday, October 3, 2026

Don't forget us in your sincere prayers