အလ်-အန်အာမ် · 111/165
ဘာသာပြန် အသံနိုင်ငံ — အလ်-အန်အာမ်
۞ وَلَوْ أَنَّنَا نَزَّلْنَا إِلَيْهِمُ الْمَلَائِكَةَ وَكَلَّمَهُمُ الْمَوْتَىٰ وَحَشَرْنَا عَلَيْهِمْ كُلَّ شَيْءٍ قُبُلًا مَّا كَانُوا لِيُؤْمِنُوا إِلَّا أَن يَشَاءَ اللَّهُ وَلَٰكِنَّ أَكْثَرَهُمْ يَجْهَلُونَ ١١١
Transliteration
Wa law annanaa nazzal naaa ilaihimul malaaa`ikata wa kallamahumul mawtaa wa hasharnaa `alaihim kulla shai`in qubulam maa kaanoo liyu`minooo illaaa ai yashaaa`al laahu wa laakinna aksarahum yajhaloon
ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
အကယ်၍ ငါအရှင်မြတ်သည်၊ ၎င်းတို့ထံ မလာအိကဟ် ကောင်းကင်တမန်များကို စေလွှတ်တော်မူခဲ့သည်ဖြစ်စေ၊ ထို့ပြင် သူသေများသည် ၎င်းတို့နှင့် စကားပြောဆိုခဲ့ကြသည်ဖြစ်စေ၊ ထိုမှတစ်ပါး ငါအရှင်မြတ်သည် ခပ်သိမ်းကုန်သော အရာများကို ၎င်းတို့၏ရှေ့မှောက်တွင် စုပေးတော်မူခဲ့သည်ဖြစ်စေ၊ ၎င်းတို့သည် အလ္လာဟ်အရှင်မြတ် အလိုရှိတော်မမူဘဲ အီမာန် သက်ဝင်ယုံကြည်ကြမည် မဟုတ်ပေ။ သို့ရာတွင် ၎င်းတို့အနက် မြောက်များစွာသော သူတို့ကားအသိတရား ကင်းမဲ့ကြကုန်သတည်း။
Additional reference in ภาษาไทย
🎧 နားထောင်
📜 အာယာသ် 109-113 — အလ်-အန်အာမ်
109وَأَقْسَمُوا بِاللَّهِ جَهْدَ أَيْمَانِهِمْ لَئِن جَاءَتْهُمْ آيَةٌ لَّيُؤْمِنُنَّ بِهَا ۚ قُلْ إِنَّمَا الْآيَاتُ عِندَ اللَّهِ ۖ وَمَا يُشْعِرُكُمْ أَنَّهَا إِذَا جَاءَتْ لَا يُؤْمِنُونَ
ထို့ပြင် ၎င်းတို့သည် အကယ်၍သာ ၎င်းတို့ထံသက်သေလက္ခဏာ တစ်စုံတစ်ရာ ရောက်ရှိခဲ့ ပါမူ၊ ၎င်းတို့သည်မုချ သက်ဝင်ယုံကြည်ကြမည်ဟု အလ္လာဟ်အရှင်မြတ်အား တိုင်တည်၍ အစွမ်းကုန် ကျိန်ဆိုကြလေ၏။ (အို-နဗီတမန်တော်)အသင်သည် (၎င်းတို့အား ဤသို့ပြောကြားပါလေ။ သက်သေလက္ခဏာ တို့သည် အလ္လာဟ်အရှင်မြတ် အထံတော်၌သာရှိကုန်၏။ ၎င်းပြင် အသင်တို့သိကြပါသလော။ မုချဧကန်ထိုသက်သေလက္ခဏာတော်များ ကျရောက်ရှိလာသည့် တိုင်အောင် ထိုသူတို့သည် ယုံကြည်ကြမည်မဟုတ်ပေ။)
110وَنُقَلِّبُ أَفْئِدَتَهُمْ وَأَبْصَارَهُمْ كَمَا لَمْ يُؤْمِنُوا بِهِ أَوَّلَ مَرَّةٍ وَنَذَرُهُمْ فِي طُغْيَانِهِمْ يَعْمَهُونَ
၎င်းပြင် ထိုသူတို့ ပထမအကြိမ် ယင်း (ကုရ်အာန်ကျမ်းတော်မြတ်)ကို သက်ဝင်ယုံကြည်ခြင်း မရှိကြသကဲ့သို့ပင်၊ ငါအရှင်မြတ်သည်လည်း ထိုသူတို့၏စိတ်နှလုံးများကိုလည်းကောင်း၊ မျက်စိများကိုလည်းကောင်း၊ လှည့်ပေးတော်မူအံ့။ ထို့အပြင် ငါအရှင်မြတ်သည် 4င်းတို့အား ၎င်းတို့၏ခေါင်းမာမှု၌ပင် တဝဲလည်လည် လွှတ်ထားတော်မူအံ့။(ရကူ-19)(တစ်နည်း။)၎င်းပြင် (ထိုသူများ မယုံကြည်ကြသည့်အတွက်) ငါအရှင်မြတ်သည်လည်း ထိုသူများ၏ စိတ်နှလုံးများကို (အမှန်တရားရှာဖွေရန် ဆန္ဒထားခြင်းမှ)လည်းကောင်း၊ထိုသူများ၏မျက်စိများကို (အမှန်တရားမြင်ခြင်းမှ)လည်းကောင်း၊ လှည့်ထားတော်မူမည်ဖြစ်သည်။ ယခု ထိုသူများ၏မယုံကြည်ခြင်းမှာ)ထိုသူများသည် ထို(ကုရ်အာန်ကျမ်းမြတ်) ကိုပထမအကြိမ် မယုံကြည်ကြသကဲ့သို့ပင်ဖြစ်သည်။ (အထူးအဆန်းမဟုတ်ပေ၊) ၎င်းပြင် ငါအရှင်မြတ်သည် ထိုသူများအား၎င်းတို့၏ မောက်မာပလွှားမှု၌ပင် တဝဲလည်လည် လွှတ်ထားတော်မူမည်။
111۞ وَلَوْ أَنَّنَا نَزَّلْنَا إِلَيْهِمُ الْمَلَائِكَةَ وَكَلَّمَهُمُ الْمَوْتَىٰ وَحَشَرْنَا عَلَيْهِمْ كُلَّ شَيْءٍ قُبُلًا مَّا كَانُوا لِيُؤْمِنُوا إِلَّا أَن يَشَاءَ اللَّهُ وَلَٰكِنَّ أَكْثَرَهُمْ يَجْهَلُونَ
အကယ်၍ ငါအရှင်မြတ်သည်၊ ၎င်းတို့ထံ မလာအိကဟ် ကောင်းကင်တမန်များကို စေလွှတ်တော်မူခဲ့သည်ဖြစ်စေ၊ ထို့ပြင် သူသေများသည် ၎င်းတို့နှင့် စကားပြောဆိုခဲ့ကြသည်ဖြစ်စေ၊ ထိုမှတစ်ပါး ငါအရှင်မြတ်သည် ခပ်သိမ်းကုန်သော အရာများကို ၎င်းတို့၏ရှေ့မှောက်တွင် စုပေးတော်မူခဲ့သည်ဖြစ်စေ၊ ၎င်းတို့သည် အလ္လာဟ်အရှင်မြတ် အလိုရှိတော်မမူဘဲ အီမာန် သက်ဝင်ယုံကြည်ကြမည် မဟုတ်ပေ။ သို့ရာတွင် ၎င်းတို့အနက် မြောက်များစွာသော သူတို့ကားအသိတရား ကင်းမဲ့ကြကုန်သတည်း။
112وَكَذَٰلِكَ جَعَلْنَا لِكُلِّ نَبِيٍّ عَدُوًّا شَيَاطِينَ الْإِنسِ وَالْجِنِّ يُوحِي بَعْضُهُمْ إِلَىٰ بَعْضٍ زُخْرُفَ الْقَوْلِ غُرُورًا ۚ وَلَوْ شَاءَ رَبُّكَ مَا فَعَلُوهُ ۖ فَذَرْهُمْ وَمَا يَفْتَرُونَ
၎င်းပြင် ထို့ကဲ့သို့ပင် ငါအရှင်မြတ်သည် နဗီတမန်တော်အသီးသီးတို့၌ လူရှိုင်တွာန်များကလည်းကောင်း၊ဂျင်န်ရှိုင်တွာန်များကလည်းကောင်း၊ ပြုလုပ်ထားတော်မူ၏။ ထိုရှိုင်တွာန်များအနက် အချို့တို့သည် အချို့တို့(၏ စိတ်နှလုံးတွင်း)သို့ အပြင်ပန်းလှသော အရောင်တင်ထားသောစကားများကိုထည့်သွင်းလေ့ရှိကြ၏။ ၎င်းပြင် အကယ်၍သာ အသင့်အားမွေးမြူ တော်မူသောအရှင်မြတ် အလိုတော်ရှိပါလျှင် ထိုရှိုင်တွာန်များသည် ထိုသို့ပြုနိုင်ကြမည်မဟုတ်ပေ။ သို့ဖြစ်ပေရာအသင်သည် ထိုသူများကိုလည်းကောင်း၊ ထိုသူတို့ လိမ်လည်ပြောဆိုကြသည့် အရာကိုလည်းကောင်း၊ စွန့်ပယ်ထားပါလေ။
113وَلِتَصْغَىٰ إِلَيْهِ أَفْئِدَةُ الَّذِينَ لَا يُؤْمِنُونَ بِالْآخِرَةِ وَلِيَرْضَوْهُ وَلِيَقْتَرِفُوا مَا هُم مُّقْتَرِفُونَ
၎င်းပြင် (ယင်းသူတို့သည် အချင်းချင်း တစ်ဦးထံတဦး အပြင်ပန်းလှသော စကားများကို ပို့လေ့ရှိကြသည်မှာ’အာခိရတ်’ နောင်တမလွန်ဘဝကို မယုံကြည် သောသူတို့၏စိတ်နှလုံးများသည် ထို(အပြင်ပန်း လှသောစကားများ)ဘက်သို့ယိမ်းယိုင် ကိုင်းညွတ်ရန်အလို့ငှာ၎င်း၊ ထိုစကားများကိုနှစ်သက်ကြရန် အလို့ငှာလည်းကောင်း၊ ထိုသူတို့သည် (ယခု)ပြုလုပ်လျက်ရှိသည်များကို ပြုလုပ်မြဲ ပြုလုပ်ကြရန်လည်းကောင်း၊ဖြစ်ချေသတည်း။
အလ်-အန်အာမ်ကုရ်အာန် ညွှန်းကိန်း
165အာယာသ်
MeccanRevelation
111အာယာသ်
ဘာသာပြန် — အလ်-အန်အာမ် 111
စူရာ အလ်-အန်အာမ် အာယာသ် 111 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အကယ်၍ ငါအရှင်မြတ်သည်၊ ၎င်းတို့ထံ မလာအိကဟ် ကောင်းကင်တမန်များကို စေလွှတ်တော်မူခဲ့သည်ဖြစ်စေ၊ ထို့ပြင် သူသေများသည် ၎င်းတို့နှင့် စကားပြောဆိုခဲ့ကြသည်ဖြစ်စေ၊…စူရာ အာယာသ် 111/165 — အလ်-အန်အာမ် الأنعام (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: အလ်-အန်အာမ် နားထောင်, အလ်-အန်အာမ် ဘာသာပြန်, အလ်-အန်အာမ် mp3, အလ်-အန်အာမ် pdf. အာယာသ် 109–113. မြန်မာဘာသာ: ภาษาไทย.
العربية
English
Bahasa Indonesia
Türkçe
Русский
فارسی
Français
اردو
বাংলা
Deutsch
Español
中文
हिन्दी
Português
Italiano
ภาษาไทย
Polski
Nederlands
Shqip
Kiswahili
O'zbek
தமிழ்
Melayu
Bosanski
Soomaali
Azərbaycan
کوردی
한국어
日本語
Svenska
Dansk
Norsk
پښتو
മലയാളം
සිංහල
Tamazight
Hausa
አማርኛ
Български
Тоҷикӣ
Қазақша
Filipino
سنڌي
Yorùbá
Fulfulde
Татарча
ئۇيغۇرچە
Кыргызча
ਪੰਜਾਬੀ
Jawa
తెలుగు
မြန်မာ
ગુજરાતી
Oromo
मराठी
Tiếng Việt
Malagasy
Нохчийн
Wolof
ދިވެހި
ಕನ್ನಡ
Українська
Ελληνικά
ქართული
ខ្មែរ
دری
Qafar af
Maranao
नेपाली
ကုရ်အာန်ကျမ်း
Tuesday, August 18, 2026
Don't forget us in your sincere prayers








