အလ်-အန်အာမ် · 122/165
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အန်အာမ်
أَوَمَن كَانَ مَيْتًا فَأَحْيَيْنَاهُ وَجَعَلْنَا لَهُ نُورًا يَمْشِي بِهِ فِي النَّاسِ كَمَن مَّثَلُهُ فِي الظُّلُمَاتِ لَيْسَ بِخَارِجٍ مِّنْهَا ۚ كَذَٰلِكَ زُيِّنَ لِلْكَافِرِينَ مَا كَانُوا يَعْمَلُونَ ۝١٢٢
Awa man kaana maitan fa ahyainaahu wa ja`alnaa lahoo noorany yamshee bihee fin naasi kamamm masaluhoo fiz zulumaati laisa bikhaarijim minhaa; kazaalika zuyyina lilkaafireena maa kaanoo ya`maloon
📖 မြန်မာဘာသာ
အကြင်သူသည် သူသေဖြစ်ခဲ့၏။ ထို့နောက်ငါအရှင်မြတ်သည် ထိုသူအား ရှင်စေတော်မူခဲ့၏။ ငါအရှင်မြတ်သည် ထိုသူ၏အဖို့ ‘အီမာန်’ တည်း ဟူသော လင်းရောင်ခြည်ကို ပြုပေးတော်မူခဲ့၏။ ထိုသူသည် ထိုလင်းရောင်ခြည်နှင့်တကွ လူတို့တွင် သွားလာလျက်ရှိ၏။ ထိုသူသည် အမှောင်ထု၌နစ်မွန်း၍ ထိုအမှောင်ထုထဲမှ မထွက်နိုင်ပဲလျက် ရှိနေသောသူနှင့် တူနိုင်ပါမည်လော။ ဤနည်းအတိုင်းပင် ကာဖိရ် မယုံမကြည်သွေဖည်ငြင်းပယ်သောသူတို့၏ အမြင်၌ ၎င်းတို့၏ အပြုအမူတို့ကို လှပတင့်တယ်အောင် ပြုထားပြီးဖြစ်ချေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ ကမ္မသဒ္ဒါအနက်ဖွင့်ဆိုချက်များ

  • مَيْتًا (မိုင်တန်) — သေနေသူ။ ဤနေရာတွင် ကုဖ်ရ် (မယုံကြည်မှု) နှင့် မောဟအမှောင်ထဲ၌ ရှိနေသူကို ဆိုလိုသည်။
  • فَأَحْيَيْنَاهُ (ဖအဟ်ယိုင်နာဟု) — ငါအရှင်မြတ်သည် သူ့ကို အသက်ရှင်စေခဲ့သည်။ ဆိုလိုသည်မှာ ဣမာန် (ယုံကြည်မှု) ဖြင့် စိတ်နှလုံးကို အသက်ရှင်စေခြင်းဖြစ်သည်။
  • نُورًا (နူရန်) — အလင်း။ ဤနေရာတွင် ဟိဒါယသ် (လမ်းညွှန်မှု) နှင့် ဣမာန်ကို ဆိုလိုသည်။
  • يَمْشِي بِهِ (ယမ်ရှီ ဗိဟိ) — ထိုအလင်းဖြင့် လျှောက်သွားသည်။ ဆိုလိုသည်မှာ ထိုအလင်းဖြင့် အမှန်တရားကို မြင်နိုင်သည်၊ မှန်ကန်သောလမ်းကို လျှောက်နိုင်သည်။
  • الظُّلُمَاتِ (ဇွလုမာသ်) — အမှောင်များ။ ကုဖ်ရ်၊ မောဟနှင့် အပြစ်များ၏ အမှောင်ကို ဆိုလိုသည်။
  • زُيِّنَ (ဇုယ်ယိန) — လှပစွာ ပြသခြင်းခံရသည်။ ဆိုလိုသည်မှာ မိမိတို့၏ မကောင်းသောလုပ်ရပ်များကို ကောင်းသည်ဟု ထင်မြင်လာအောင် ရှိုင်သွာန်က လှည့်ဖြားခြင်းခံရသည်။

၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

ဤအာယသ်တော်သည် ကုဖ်ရ်၏အမှောင်ထဲတွင် သေနေသူတစ်ဦးကို အလ္လာဟ်အရှင်မြတ်က ဣမာန်၏အလင်းဖြင့် အသက်ရှင်စေတော်မူခဲ့သည့်အခါ သူသည် ထိုအလင်းဖြင့် လူအကြားတွင် မှန်ကန်စွာ လျှောက်လှမ်းနိုင်သူ ဖြစ်လာသည်။ ထိုသူနှင့် အမှောင်ထဲတွင် ကျန်ရစ်နေပြီး ထိုအမှောင်မှ မည်သည့်အခါမျှ ထွက်နိုင်ခြင်းမရှိသူသည် လုံးဝမတူညီနိုင်ပါ။ အလ္လာဟ်အရှင်မြတ်သည် ကာဖိရ်များ၏ မကောင်းသောလုပ်ရပ်များကို သူတို့အတွက် လှပစွာ ပြသထားတော်မူသည်။ ထို့ကြောင့် သူတို့သည် မိမိတို့၏ ရှိခ်ရ် (အလ္လာဟ်နှင့် တွဲဖက်ကိုးကွယ်မှု)၊ တားမြစ်ထားသော အစားအစာများ စားသုံးခြင်း၊ မှားယွင်းသော ငြင်းခုံမှုများ ပြုလုပ်ခြင်းစသည့် လုပ်ရပ်များကို ကောင်းသည်ဟု ထင်မြင်လာကြပြီး ထိုလုပ်ရပ်များကို ဆက်လက်ပြုလုပ်ကြသည်။ ဤသည်မှာ သူတို့အတွက် ကိယာမသ်နေ့တွင် ပြင်းထန်သော အပြစ်ဒဏ်ကို ခံစားရမည့် အကြောင်းရင်း ဖြစ်လာသည်။

၃။ ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ

  • အလ္လာဟ်အရှင်မြတ်သည် မိမိအလိုတော်ရှိသူကို ဣမာန်၏အလင်းဖြင့် အသက်ရှင်စေတော်မူသည်။ ဤအလင်းသည် လူသားအား မှန်ကန်သောလမ်းကို မြင်နိုင်စေပြီး ကောင်းမှုကုသိုလ်မျ


📜 အာယာသ် 120-124 — စူရာ အလ်-အန်အာမ်

120وَذَرُوا ظَاهِرَ الْإِثْمِ وَبَاطِنَهُ ۚ إِنَّ الَّذِينَ يَكْسِبُونَ الْإِثْمَ سَيُجْزَوْنَ بِمَا كَانُوا يَقْتَرِفُونَ
အသင်တို့သည် ထင်ရှားသော ပြစ်မှုဒုစရိုက်ကိုလည်းကောင်း၊ ဖုံးအုပ်လျက်ရှိသော ပြစ်မှုဒုစရိုက်ကိုလည်းကောင်း၊(တစ်နည်း)ထင်ရှားစွာပြုသော အပြစ်ကိုလည်းကောင်း၊ လျှို့ဝှက် စွာပြုသောအပြစ်များကိုလည်းကောင်း၊(တစ်နည်း)အပြစ်ထင်ရှား သောဒုစရိုက်များကို လည်းကောင်း၊အပြစ်မထင်ရှားသောဒုစရိုက်များကိုလည်း ကောင်း၊(တစ်နည်း) ကာယဝစီဒုစရိုက်ကိုလည်းကောင်း၊မနော ဒုစရိုက်ကိုလည်းကောင်း၊ စွန့်လွှတ်ကြလေကုန်။ ဧကန်စင်စစ် ပြစ်မှုဒုစရိုက်တို့ကို ဆည်းပူးကြကုန်သောသူတို့သည်မကြာမြင့်မီ၊ မိမိတို့ပြုလုပ်ကျူးလွန်စုဆောင်းခဲ့သည်တို့၏အကျိုးကို ခံစားကြရလတ္တံ့။
121وَلَا تَأْكُلُوا مِمَّا لَمْ يُذْكَرِ اسْمُ اللَّهِ عَلَيْهِ وَإِنَّهُ لَفِسْقٌ ۗ وَإِنَّ الشَّيَاطِينَ لَيُوحُونَ إِلَىٰ أَوْلِيَائِهِمْ لِيُجَادِلُوكُمْ ۖ وَإِنْ أَطَعْتُمُوهُمْ إِنَّكُمْ لَمُشْرِكُونَ
၎င်းပြင် အသင်တို့သည် အကြင်(တိရစ္ဆာန်များ)အနက်မှစားသုံးခြင်း မပြုကြကုန်လင့်။ ထို(တိရစ္ဆာန် များ)၏အပေါ်ဝယ် အလ္လာဟ်အရှင်မြတ်၏ နာမံတော်သည် တသခြင်းမရှိခဲ့ချေ။ ဤသည်(ကိုစားသုံးခြင်း)ကား အမိန့်တော်ကို သွေဖည်ခြင်းပင်တည်း။ ထိုမှတစ်ပါး မလွဲဧကန် ‘ရှိုင်တွာန်’တို့သည် အသင်တို့နှင့် အချေအတင် ပြောဆိုငြင်းခုံကြရန် အလို့ငှာ၊ မိမိတို့၏ အဆွေခင်ပွန်းများထံ ပြင်ပ ပယောဂ (ဒွိဟသံသယများ)ကို သွင်းပေးကြလေသည်။ သို့ဖြစ်ပေရာ အသင်တို့သည် အကယ်၍ ၎င်းတို့၏ ပြောစကားကို လိုက်နာကြပါမူ၊မုချစင်စစ် အသင်တို့သည်လည်း အခြားအရာများကို အလ္လာဟ်အရှင်မြတ်နှင့်တွဲဖက်ကိုးကွယ်သူတို့တွင် အပါအဝင်ဖြစ်ကြလတ္တံ့။ (ရကူ)
122أَوَمَن كَانَ مَيْتًا فَأَحْيَيْنَاهُ وَجَعَلْنَا لَهُ نُورًا يَمْشِي بِهِ فِي النَّاسِ كَمَن مَّثَلُهُ فِي الظُّلُمَاتِ لَيْسَ بِخَارِجٍ مِّنْهَا ۚ كَذَٰلِكَ زُيِّنَ لِلْكَافِرِينَ مَا كَانُوا يَعْمَلُونَ
အကြင်သူသည် သူသေဖြစ်ခဲ့၏။ ထို့နောက်ငါအရှင်မြတ်သည် ထိုသူအား ရှင်စေတော်မူခဲ့၏။ ငါအရှင်မြတ်သည် ထိုသူ၏အဖို့ ‘အီမာန်’ တည်း ဟူသော လင်းရောင်ခြည်ကို ပြုပေးတော်မူခဲ့၏။ ထိုသူသည် ထိုလင်းရောင်ခြည်နှင့်တကွ လူတို့တွင် သွားလာလျက်ရှိ၏။ ထိုသူသည် အမှောင်ထု၌နစ်မွန်း၍ ထိုအမှောင်ထုထဲမှ မထွက်နိုင်ပဲလျက် ရှိနေသောသူနှင့် တူနိုင်ပါမည်လော။ ဤနည်းအတိုင်းပင် ကာဖိရ် မယုံမကြည်သွေဖည်ငြင်းပယ်သောသူတို့၏ အမြင်၌ ၎င်းတို့၏ အပြုအမူတို့ကို လှပတင့်တယ်အောင် ပြုထားပြီးဖြစ်ချေသတည်း။
123وَكَذَٰلِكَ جَعَلْنَا فِي كُلِّ قَرْيَةٍ أَكَابِرَ مُجْرِمِيهَا لِيَمْكُرُوا فِيهَا ۖ وَمَا يَمْكُرُونَ إِلَّا بِأَنفُسِهِمْ وَمَا يَشْعُرُونَ
၎င်းပြင် ထိုနည်းနှင်နှင် ငါအရှင်မြတ်သည် မြို့ရွာတိုင်းတွင် ထိုမြို့ရွာများ၏ အကြီးအကဲများကို မကောင်းကြံစည်ကြရန် ပြစ်မှုကျူးလွန်သူများ ဖြစ်စေတော်မူခဲ့၏။အမှန်သော်ကား ယင်းသူတို့သည် မိမိတို့ ကိုယ်နှင့်ဆန့်ကျင်၍သာ မကောင်းကြံစည်ကြသည်။ သို့ရာတွင် ယင်းသူတို့သည်(ဤသည်ကိုပင်) မသိ နားမလည်ကြချေ။
124وَإِذَا جَاءَتْهُمْ آيَةٌ قَالُوا لَن نُّؤْمِنَ حَتَّىٰ نُؤْتَىٰ مِثْلَ مَا أُوتِيَ رُسُلُ اللَّهِ ۘ اللَّهُ أَعْلَمُ حَيْثُ يَجْعَلُ رِسَالَتَهُ ۗ سَيُصِيبُ الَّذِينَ أَجْرَمُوا صَغَارٌ عِندَ اللَّهِ وَعَذَابٌ شَدِيدٌ بِمَا كَانُوا يَمْكُرُونَ
ထိုမှတစ်ပါး ၎င်းတို့ထံ သက်သေလက္ခဏာတစ်စုံတစ်ရာ ရောက်ရှိလာသောအခါ ၎င်းတို့က ငါတို့သည်အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်များ ချီးမြှင့်ခြင်းခံကြရသကဲ့သို့ ချီးမြှင့်ပေးသနားတော်မူခြင်း မခံကြရသမျှကာလပတ်လုံးငါတို့သည် အလျင်းအီမာန်သက်ဝင်ယုံကြည်ကြမည်မဟုတ်ပေ ဟု ပြောဆိုကြကုန်သည်။ (အမှန်စင်စစ်သော်ကား) အလ္လာဟ်အရှင်မြတ်သည်သာလျှင် မိမိ၏ရစူလ်တမန်တော်ဂုဏ်ကို မည်သူ့အား ချီးမြှင့်ရမည်ကို အသိဆုံးပင်ဖြစ်တော်မူပေသည်။ (ထိုမှတစ်ပါး)ပြစ်မှုကျူးလွန်သောသူတို့သည် မကြာမြင်မီ အလ္လာဟ်အရှင်မြတ်အထံတော်၌ မိမိတို့မကောင်းကြံစည်မှုများ၏အစား ဂုဏ်ရည်သေးသိမ်ခြင်းနှင့်ပြင်းထန်သော ပြစ်�ဏ်တို့ကို ခံစားကြရလတ္တံ့။
အလ်-အန်အာမ်ကုရ်အာန် ညွှန်းကိန်း
165အာယာသ်
MeccanRevelation
122အာယာသ်

ဘာသာပြန် — အလ်-အန်အာမ် 122

စူရာ အလ်-အန်အာမ် အာယာသ် 122 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အကြင်သူသည် သူသေဖြစ်ခဲ့၏။ ထို့နောက်ငါအရှင်မြတ်သည် ထိုသူအား ရှင်စေတော်မူခဲ့၏။ ငါအရှင်မြတ်သည် ထိုသူ၏အဖို့ ‘အီမာန်’ တည်း ဟူသော…

စူရာ အာယာသ် 122/165 — စူရာ အလ်-အန်အာမ် الأنعام (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အန်အာမ် နားထောင်, စူရာ အလ်-အန်အာမ် ဘာသာပြန်, စူရာ အလ်-အန်အာမ် mp3, စူရာ အလ်-အန်အာမ် pdf. အာယာသ် 120–124. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Saturday, October 3, 2026

Don't forget us in your sincere prayers