အလ်-အာအ်ရာဖ် · 162/206
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အာအ်ရာဖ်
فَبَدَّلَ الَّذِينَ ظَلَمُوا مِنْهُمْ قَوْلًا غَيْرَ الَّذِي قِيلَ لَهُمْ فَأَرْسَلْنَا عَلَيْهِمْ رِجْزًا مِّنَ السَّمَاءِ بِمَا كَانُوا يَظْلِمُونَ ۝١٦٢
Fabaddalal lazeena zalamoo minhum qawlan ghairal lazee qeela lahum fa arsalnaa `alaihim rijzam minas samaaa`i bimaa kaanoo yazlimoon
📖 မြန်မာဘာသာ
သို့ရာတွင် ထို(အမျိုးသား)တို့အနက် (မတရား)ကျူးလွန်(လေ့ရှိ)သူတို့သည် မိမိတို့အား မိန့်ကြား တော်မူသောစကားရပ်ကို အခြား(မလျော်ကန်သော) စကားဖြင့် ပြောင်းလဲ(၍ ပြောဆို)ခဲ့ကြလေသည်။ သို့ဖြစ်ပေရာ ငါအရှင်မြတ်သည်ထို(အမျိုးသား) တို့အပေါ်၌ (၎င်းတို့သည် မိမိတို့ကိုယ်ကို) နှိပ်စက်ညှဉ်းပန်းလေ့ရှိခဲ့ကြသည့်အတွက် ရောဂန္တရကပ်ကိုမိုးကောင်းကင်မှ သက်ရောက်စေတော်မူခဲ့လေသတည်း။(ရကူ)

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ
  • فَبَدَّلَ (ဖဗဒ်ဒလာ) — ပြောင်းလဲခဲ့ကြသည်၊ အစားထိုးခဲ့ကြသည်။
  • الَّذِينَ ظَلَمُوا (အလ်လဇီန ဇလမု) — မတရားပြုလုပ်ခဲ့ကြသော သူများ၊ ကိုယ်ကိုကိုယ် မတရားကျူးလွန်ခဲ့ကြသော သူများ။
  • قَوْلًا غَيْرَ الَّذِي قِيلَ لَهُمْ (ကောင်လန် ဂိုင်ရလ္လဇီ ကီလ လဟွမ်) — သူတို့အား မိန့်ကြားထားသည့် စကားမှ မဟုတ်သော အခြားစကားတစ်ခုကို။
  • رِجْزًا (ရိဂျ်ဇန်) — ပြင်းထန်သော ပြစ်ဒဏ်၊ ဘေးအန္တရာယ်။
  • مِنَ السَّمَاءِ (မိနသ္စမာအ်) — ကောင်းကင်မှ။
  • بِمَا كَانُوا يَظْلِمُونَ (ဗိမာ ကာနူ ယဇ်လိမూఔန်) — သူတို့ မတရားပြုလုပ်ခဲ့ကြသည့်အတွက်ကြောင့်။

  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

အစ္စရာအီလ်လူမျိုးအနက် မတရားပြုလုပ်ခဲ့ကြသော သူများသည် အလ္လာဟ်အရှင်မြတ် သူတို့အား မိန့်ကြားတော်မူခဲ့သည့် စကားကို အခြားစကားတစ်ခုဖြင့် ပြောင်းလဲလိုက်ကြသည်။ အရှင်မြတ်က သူတို့အား "ဟိတ္တသျှာ" (အပြစ်များကို ခွင့်လွှတ်မှု တောင်းခံပါ) ဟု မိန့်တော်မူခဲ့သော်လည်း သူတို့က "ဟဗ္ဗသွန်ဖီ ရှာအ်ရသွန်" (ဂျုံစေ့တစ်စေ့သည် အမှုန်အမွှားတစ်ခုအတွင်းတွင် ရှိပါစေ) စသည်ဖြင့် လှောင်ပြောင်သော စကားဖြင့် ပြောင်းလဲပြောဆိုခဲ့ကြသည်။ ထို့အပြင် သူတို့အား မြို့တံခါးဝသို့ ဦးခေါင်းကို ငုံ့၍ နှိမ့်ချစွာ ဝင်ရောက်ရန် အမိန့်ပေးခဲ့သော်လည်း သူတို့သည် မာန်မာနထောင်လွှားစွာဖြင့် နောက်ကျောဖြင့် တွားသွားဝင်ရောက်ခဲ့ကြသည်။ ဤသို့ဖြင့် သူတို့သည် အရှင်မြတ်၏ အမိန့်တော်ကို လှောင်ပြောင်ရယ်မောကာ ပြောင်းလဲခဲ့ကြသောကြောင့် အလ္လာဟ်အရှင်မြတ်သည် သူတို့၏ မတရားပြုလုပ်မှုနှင့် မနာခံမှုကြောင့် ကောင်းကင်မှ ပြင်းထန်သော ပြစ်ဒဏ်တစ်ခုကို သူတို့အပေါ် စေလွှတ်တော်မူခဲ့သည်။ ထိုပြစ်ဒဏ်သည် သူတို့အား ဖျက်ဆီးပစ်ခဲ့သည်။


  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ
  • အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကို လှောင်ပြောင်ရယ်မောခြင်း၊ ပြောင်းလဲခြင်းသည် အလွန်ကြီးလေးသော အပြစ်ဖြစ်သည်။ ထိုသို့ပြုလုပ်သူများသည် ပြစ်ဒဏ်မှ လွတ်မြောက်မည် မဟုတ်ပေ။
  • အရှင်မြတ်၏ အမိန့်တော


📜 အာယာသ် 160-164 — စူရာ အလ်-အာအ်ရာဖ်

160وَقَطَّعْنَاهُمُ اثْنَتَيْ عَشْرَةَ أَسْبَاطًا أُمَمًا ۚ وَأَوْحَيْنَا إِلَىٰ مُوسَىٰ إِذِ اسْتَسْقَاهُ قَوْمُهُ أَنِ اضْرِب بِّعَصَاكَ الْحَجَرَ ۖ فَانبَجَسَتْ مِنْهُ اثْنَتَا عَشْرَةَ عَيْنًا ۖ قَدْ عَلِمَ كُلُّ أُنَاسٍ مَّشْرَبَهُمْ ۚ وَظَلَّلْنَا عَلَيْهِمُ الْغَمَامَ وَأَنزَلْنَا عَلَيْهِمُ الْمَنَّ وَالسَّلْوَىٰ ۖ كُلُوا مِن طَيِّبَاتِ مَا رَزَقْنَاكُمْ ۚ وَمَا ظَلَمُونَا وَلَٰكِن كَانُوا أَنفُسَهُمْ يَظْلِمُونَ
ထို့ပြင် ငါအရှင်မြတ်သည် ၎င်းတို့အား မျိုးနွယ်ဆယ့်နှစ်သွယ်ခွဲ၍ အုပ်စုအသီးသီးသီး ပြုလုပ်ပေးတော်မူခဲ့လေသည်။ ၎င်းပြင် (နဗီတမန်တော်)မူစာ၏ထံသို့ ထို(နဗီတမန်တော်)မူစာ၏ အမျိုးသားတို့က (သောက်သုံးရန်)ရေကိုတောင်းကြသောအခါ၊ ငါအရှင်မြတ်သည် မူစာထံသို့ (အိုမူစာ)အသင်သည် မိမိလှင်ကန်ဖြင့် ကျောက်တုံးကို ရိုက်ခတ်လော့ ဟူ၍ အမိန့်တော်ထုတ်ပြန်တော်မူခဲ့လေသည်။ သို့(အမိန့်တော်နှင့်အညီ နဗီတမန်တော်မူစာသည် ကျောက်တုံးကို)ရိုက်ခတ်လေသည်။ ထိုကျောက်တုံးမှ စမ်းရေချောင်း(ထိုအခါ ယင်းမျိုးနွယ်တို့သည် မိမိတို့ သောက်သုံးရာဌာနကိုအသီးသီး (ကောင်းမွန်စွာ) မှတ်သား၍ထားခဲ့ကြလေသည်။ထိုမှတပါး ငါအရှင်မြတ်သည် ယင်းအမျိုးသားတို့အပေါ်၌မိုးတိမ်များကို အရိပ်အာဝါသပြု၍ ပေးတော်မူခဲ့၏။ ထို့ပြင်ငါအရှင်မြတ်သည်(မွတ်သိပ်ဆာလောင်ခြင်းမှကင်းစိမ့်သောငှာ)မန္န (ဟူသောစားဖွယ်)ကိုလည်းကောင်း၊ စလ်ဝါ (ခေါ်ငုံးသတ္တဝါ)ကိုလည်းကောင်း၊ ထိုသူတို့အပေါ်၌ ချပေးသနားတော်မူခဲ့၏။ အသင်တို့သည် ငါအသျှင်မြတ် ပေးသနား တော်မူသည့်ကောင်းမြတ်သန့်စင်သော စားသုံးဖွယ် များကိုစားသုံးကြလေကုန်။ အမှန်သော်ကား ၎င်းတို့ သည် ငါအရှင်မြတ်အားညှဉ်းပန်းနှိပ်စက်ခဲ့ကြသည် မဟုတ်ပေ။ စင်စစ်သော်ကား ၎င်းတို့သည် မိမိတို့ကိုယ်ကို မိမိတို့သာလျှင် နှိပ်စက်ညှဉ်းပန်းခဲ့ကြလေသတည်း။
161وَإِذْ قِيلَ لَهُمُ اسْكُنُوا هَٰذِهِ الْقَرْيَةَ وَكُلُوا مِنْهَا حَيْثُ شِئْتُمْ وَقُولُوا حِطَّةٌ وَادْخُلُوا الْبَابَ سُجَّدًا نَّغْفِرْ لَكُمْ خَطِيئَاتِكُمْ ۚ سَنَزِيدُ الْمُحْسِنِينَ
၎င်းပြင် (ပြန်လည်အောက်မေ့ သတိရကြလေကုန်) တစ်ရံရောအခါ ထို(နဗီတမန်တော်မူစာ၏) အမျိုးသားတို့ထံ (ဤသို့) အမိန့်တော်ကျရောက်ခဲ့လေသည်။ အသင်တို့သည်ဤမြို့၌နေထိုင်ကြကာ ထိုမြို့တွင် မိမိတို့နှစ်သက်ရာနေရာများမှ စားသုံးကြလေကုန်။ ၎င်းပြင် အသင်တို့သည် ဟစ်တ်တွတွန် (ကျွန်တော်မျိုးတို့အား အပြစ်မှချမ်းသာခွင့် ပေးသနားတော်မူပါ)ဟု ရွတ်ဆိုကာ (ငါအရှင်မြတ်အား ခယ ရိုကျိုးသောအားဖြင့်) မြို့၏တံခါးပေါက်သို့ ဝပ်တွား၍ ဝင်ကြလေကုန်။(အသင်တို့သည် ဤ အမိန့်တော်အတိုင်း လိုက်နာကြပါမူဧကန်စင်စစ်) ငါအသျှင်မြတ်သည် အသင်တို့အဖို့ အသင်တို့၏မှားယွင်းမှုများကို ခွင့်လွှတ်တော်မူသည့်ပြင် (အသင်တို့အနက်)ကောင်းမှု ပြုသူတို့ကိုမူကား ဆထက်တိုး၍ပင် ချီးမြှင့်တော်မူအံ့။
162فَبَدَّلَ الَّذِينَ ظَلَمُوا مِنْهُمْ قَوْلًا غَيْرَ الَّذِي قِيلَ لَهُمْ فَأَرْسَلْنَا عَلَيْهِمْ رِجْزًا مِّنَ السَّمَاءِ بِمَا كَانُوا يَظْلِمُونَ
သို့ရာတွင် ထို(အမျိုးသား)တို့အနက် (မတရား)ကျူးလွန်(လေ့ရှိ)သူတို့သည် မိမိတို့အား မိန့်ကြား တော်မူသောစကားရပ်ကို အခြား(မလျော်ကန်သော) စကားဖြင့် ပြောင်းလဲ(၍ ပြောဆို)ခဲ့ကြလေသည်။ သို့ဖြစ်ပေရာ ငါအရှင်မြတ်သည်ထို(အမျိုးသား) တို့အပေါ်၌ (၎င်းတို့သည် မိမိတို့ကိုယ်ကို) နှိပ်စက်ညှဉ်းပန်းလေ့ရှိခဲ့ကြသည့်အတွက် ရောဂန္တရကပ်ကိုမိုးကောင်းကင်မှ သက်ရောက်စေတော်မူခဲ့လေသတည်း။(ရကူ)
163وَاسْأَلْهُمْ عَنِ الْقَرْيَةِ الَّتِي كَانَتْ حَاضِرَةَ الْبَحْرِ إِذْ يَعْدُونَ فِي السَّبْتِ إِذْ تَأْتِيهِمْ حِيتَانُهُمْ يَوْمَ سَبْتِهِمْ شُرَّعًا وَيَوْمَ لَا يَسْبِتُونَ ۙ لَا تَأْتِيهِمْ ۚ كَذَٰلِكَ نَبْلُوهُم بِمَا كَانُوا يَفْسُقُونَ
ထိုမှတစ်ပါး (အို-နဗီတမန်တော်) အသင်သည်၎င်းတို့အား သမုဒ္ဒရာပင်လယ်ဆိပ်ကမ်းရှိ မြို့ရွာ(နေလူတို့)နှင့်ပတ်သက်၍ မေးမြန်းပါလေ။ အကြင် အခါဝယ် ထိုသူတို့သည်စဗ်တ် နေ့နှင့်စပ်လျဉ်း၍ စည်းကမ်းကို ကျူးလွန်ကြလေသည်။အကြင်အခါဝယ် ၎င်းတို့၏ (သမုဒ္ဒရာမှ) ငါးများသည် ၎င်းတို့ထံသို့ ၎င်းတို့၏ စဗ်တ်နေ့တွင် (ရေပေါ်သို့) ထွက်ပြူ၍လာကြလေသည်။ သို့ရာတွင် စဗ်တ် မဟုတ်သောနေ့တွင်မူထိုငါးများသည် ၎င်းတို့ ထံသို့လာကြသည်မရှိချေ။ ထိုကဲ့သို့ပင်ငါအရှင်မြတ် သည် ၎င်းတို့အား ၎င်းတို့ ဖီဆန်လေ့ရှိခဲ့ကြသည့်အတွက် စမ်းသပ်တော်မူခဲ့လေသတည်း။
164وَإِذْ قَالَتْ أُمَّةٌ مِّنْهُمْ لِمَ تَعِظُونَ قَوْمًا ۙ اللَّهُ مُهْلِكُهُمْ أَوْ مُعَذِّبُهُمْ عَذَابًا شَدِيدًا ۖ قَالُوا مَعْذِرَةً إِلَىٰ رَبِّكُمْ وَلَعَلَّهُمْ يَتَّقُونَ
တဖန် အကြင်အခါဝယ် ၎င်းတို့အနက်မှ လူတစ်စုသည် (၎င်းတို့အား ဆုံးမဩဝါဒပေးသူတို့ကို) အသင်တို့သည် အကြင်အမျိုးသားတို့အား အဘယ်ကြောင့် ဆုံးမဩဝါဒပေးလျက် ရှိကြပါသနည်း။ အလ္လာဟ်အရှင်မြတ်သည် ထိုအမျိုးသားတို့အား ပျက်စီးစေတော်မူမည်ဖြစ်သည်။ သို့မဟုတ် (ထိုအရှင်မြတ်သည်) ၎င်းတို့အား (အခြားတစ်စုံတစ်ရာ) ပြင်းထန်သောပြစ်ဒဏ်ကို ပေးတော်မူမည်ဖြစ်ချေ သည်ဟု ပြောကြားခဲ့လေသည်။ (ထိုအခါ) ထို (ဆုံးမဩဝါဒစကား ပြောကြားနေသူတို့က (ကျွန်ုပ်တို့သည်) အသင်တို့အား ဖန်ဆင်း မွေးမြူတော်မူသော အရှင်မြတ်အထံတော်တွင် အပြစ် လွတ်ရာလွတ်ကြောင်း ဖြစ်စေခြင်းငှာလည်းကောင်း၊ ထို(ဆုံးမဩဝါဒစကားပြောခြင်းခံကြရသော)သူတို့သည် အပြစ်မှ ကြဉ်ရှောင်ကြမည်ကို မျှော်လင့်၍လည်းကောင်း၊ (ဆုံးမဩဝါဒ ပေးခြင်းပင်ဖြစ်သည်) ဟူ၍ ဖြေကြားကြလေသတည်း။
အလ်-အာအ်ရာဖ်ကုရ်အာန် ညွှန်းကိန်း
206အာယာသ်
MeccanRevelation
162အာယာသ်

ဘာသာပြန် — အလ်-အာအ်ရာဖ် 162

စူရာ အလ်-အာအ်ရာဖ် အာယာသ် 162 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : သို့ရာတွင် ထို(အမျိုးသား)တို့အနက် (မတရား)ကျူးလွန်(လေ့ရှိ)သူတို့သည် မိမိတို့အား မိန့်ကြား တော်မူသောစကားရပ်ကို အခြား(မလျော်ကန်သော) စကားဖြင့် ပြောင်းလဲ(၍ ပြောဆို)ခဲ့ကြလေသည်။…

စူရာ အာယာသ် 162/206 — စူရာ အလ်-အာအ်ရာဖ် الأعراف (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အာအ်ရာဖ် နားထောင်, စူရာ အလ်-အာအ်ရာဖ် ဘာသာပြန်, စူရာ အလ်-အာအ်ရာဖ် mp3, စူရာ အလ်-အာအ်ရာဖ် pdf. အာယာသ် 160–164. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers